ဇီဝကတို့တတွေ စကားပြောရင်း ခံတွင်း အနံ့ဆိုးတွေကို အနည်းနဲ့ အများကြုံဖူးကြမှာပါ ။ဆေးပညာ အခေါ်အဝေါ်အရတော့ ဟေလီတိုးဆစ် Halitosis ရယ်လို့ သမုတ်ကြတယ် ။
ဘယ်လိုကြောင့်ဖြစ်လဲ။
အဓိက ကတော့ သွားကြားတွေထဲ ညပ်နေသည့် စားကြွင်းစားကျန်တွေ
ကို ခံတွင်းထဲရှိ ဘတ်တီးရီးယား ပိုးမွှားတွေက ချေဖျက်စားရာ ခံတွင်းမှ အနံ့ဆိုး
တွေ ထွက်ပေါ်လာရခြင်းဖြစ်သည်။
ဘာအကြောင်းတွေကြောင့်ဖြစ်လဲ
- အဓိက ကတော့ သွားနှင့် ခံတွင်း မသန့်ရှင်းခြင်းကြောင့် ဖြစ်တယ် ။
 - အပူအစပ် ၊ကြက်သွန်ဖြူ
 - ဘီယာ ၊အရက်
 - လက်ဖက်ရည် ၊ကော်ဖီ
 - သွားနှင့် ခံတွင်းမှာ ပိုးဝင်တာ
 - လည်ချောင်း ပိုးဝင်နာ
 - ထိပ်ခတ်နာ အချို့
 - အဆုတ် ရောဂါအချို့
 - ဆေးတချို့
 - သွေးချို ဆီးချို ရောဂါ
 - အာခေါင်ခြောက်ခြင်း
အထက်ပါတို့ကြောင့် ပိုဖြစ်တတ်တယ် ။ 
ဘယ်အချိန်မှာ မိသားစု ဆရာဝန်နဲ့ တိုင်ပင်မလဲ
- သွားကိုက်
 - သွားဖုံးရောင်
 - ဖျားနာ ၊ချောင်းဆိုး ၊လည်ပင်းနာ
 - နေမထိ ထိုင်မသာ ခံစားရက
 - ဆီးချို သွေးချို ရောဂါရှိက
မိမိ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ 
မိမိ ဘာသာ ဘာလုပ်ထားနိုင်သလဲ
- အာခေါင် ကို မခြောက်သွေ့ပါစေနဲ့ ။ရေမကြာ မကြာ သောက်ပါ ။
 
အနည်းဆုံး တစ်နေ့လျှင် ရေကို ဖန်ခွက်နဲ့ ၈ခွက်သောက်ပါ
- ခံတွင်း အနံ့ ဆိုးစေတဲ့ အထက်ပါ အစားအသောက်များ ရှောင်ပါ ။
 - မနက် တစ်ခါ ၊ညတစ်ခါ သွားတိုက်ဆေးဖြင့် သွားပုံမှန်တိုက်ပါ ။
 - လျှာပါ တိုက်ပါ။
 - အစာစားပြီးတိုင်း အာလုတ်ကျင်းပါ။
 
ဖြစ်နိုင်လျှင် ခံတွင်းသန့်ဆေး Listerine သုံးပါ
- ခံတွင်း အနံ့ ကောင်းစေတဲ့ ပူရှိန်း ၊chewing gums တွေငုံခြင်း ၊ဝါးခြင်းလုပ်ပါ။
 - သွားတု ၊အံကပ်များ ကို သေချာဆေးကြောကာ သေချာသိမ်းပါ။
 
Author – ခေတ်သစ်ဇီဝက
	    	
    	
							

							








