အချို့သောသူများသည် နေ့ခင်းဘက်တွင် အလွန်အမင်း အိပ်ငိုက်တတ်ပါသည်။ အိပ်ငိုက်ခြင်းကြောင့် နေ့စဉ် လုပ်ရမည့် လုပ်ငန်းများကို ကောင်းစွာ မလုပ်နိုင်ပါ။ လူမှုဆက်ဆံရေး ပြဿနာများ ကြုံတွေ့နိုင်ပါသည်။ အလွန်အကြူး အိပ်ငိုက်သူများအနေဖြင့် ဘဝနေထိုင်မှုပုံစံ ပြောင်းလဲရပါမည်။ တက်ကျွမ်းနားလည်သူများနှင့် ဆေးကုသမှု ခံယူရန်လိုအပ်ပါသည်။
Narcolepsy ဆိုသည်မှာ
နေ့ခင်းဘက်တွင် အလွန်အကြူးအိပ်ငိုက်ပြီး ချက်ခြင်းဆိုသကဲ့သို့ ပြန်လည် နိုးကြားလာသော်လည်း မကြာခင်အချိန်၌ မကြာခင်အချိန်၌ ပြန်လည်အိပ်ငိုက်သော ပြဿနာကို Narcolepsy ဟုခေါ်ပါသည်။
Narcolepasy ဖြစ်စေသော အကြောင်းအရင်း
အလွန်အကြူး အိပ်ငိုက်သောပြဿနာကြောင့် အလုပ်လုပ်ရာတွင် ချောင်ခိုသည်ဟု အထင်အမြင်ခံရခြင်း၊ ပညာသင်ကြားရာတွင် ကြိုးစားမှုမရှိဘဲ ပျင်းရိသည်ဟု ဆရာ၊ ဆရာမများ၏ ဆူပူမှုကို ခံစားရခြင်း၊ အိပ်ငိုက်နေ၍ ရိုင်းပြသည်ဟု ထင်ခံရခြင်း၊ မည်သည့်ကိစ္စကိုမျှ စိတ်ဝင်စားမှု မရှိဘူးဟု အပြောခံရခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
ထို့အပြင် ယဉ်မောင်းရာတွင် ရုတ်တရက် အိပ်ငိုက်ခြင်းကြောင့် မတော်တဆ ထိခိုက်မှုများ ကြုံတွေ့ရခြင်း၊ ချွန်ထက်သော (သို့မဟုတ်) ထိရှတတ်သော ပစ္စည်းများ ကိုင်တွယ်ရာစဉ် အိပ်ငိုက်ပါက မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူများအား လည်းကောင်း အန္တရာယ်ရှိနိုင်ပါသည်။
ကုသခြင်း
နေ့ခင်းဘက်တွင် အလွန်အကြူး အိပ်ငိုက်ခြင်းကြောင့် မိမိ၏ နေ့စဉ်အလုပ်အကိုင်များကို ကောင်းစွာ မပြုလုပ်နိုင်ခြင်း၊ အိမ်မှုကိစ္စများကို အဆင်ပြေအောင် မဆောင်ရွက်နိုင်ခြင်းနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်းများတွင် အဆင်မပြေခြင်းများ ဖြစ်ပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ပြသရန် လိုအပ်ပါသည်။
Narcolepsy သက်သာစေရန် ဆောင်ရွက်ခြင်း
(က) အလွန်အကြူး အိပ်ငိုက်ခြင်းကို သက်သာစေရန် နေ့ခင်းပိုင်းတွင် မိနစ် ၂၀ ခန့် တစ်ရေးအိပ်ရပါမည်။ သို့မှသာ အလုပ်အကိုင်များ အဆင်ပြေနိုင်ပါမည်။
(ခ) Nacolepsy ရှိသောသူများသည် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်းများ ပြုလုပ်မှုကို ရှောင်ကြဉ်ရပါမည်။
(ဂ) Nacolepsy ရှိသောသူသည် နေ့စဉ် နေ့တိုင်းအိပ်ချိန်နှင့် ထချိန်ကို စနစ်တကျ တစ်သတ်မတ်တည်း ထားရှိရန် လိုအပ်ပါသည်။
(ဃ) နေ့ခင်းဘက်တွင် နိုးကြားပြီး ညဘက်တွင် ကောင်းစွာ အိပ်ပျော်စေရန် အိပ်ချိန်မတိုင်ခင် အနည်းဆုံးလေးနာရီ အလိုတွင် ၁၅ မိနစ်ခန့် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးရပါမည်။
အကြုံပြုချက်
Narcolepsy သက်သာစေရန် ဘ၀ နေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲရပါမည်။ စိတ်ဖိစီးမှုကို ရှောင်ကြဉ်ရပါမည်။ တရားဘာဝနာပွားများခြင်းများ ဆောင်ရွက်ရပါမည်။ မိမိဘဝထိခိုက်သည်အထိ အနှောက်အယှက်ပေးနေပါက ဆရာဝန်နှင့် ချက်ခြင်း ပြသ၊ကုသသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author – Healthcare Journal (VOL:7/PG:6) ဒေါက်တာကောင်းစံ