လော်ကဓံ
မြန်မာ့ရိုးရာဓလေ့အလှူအတန်းများတွင် လော်စပီကာဖွင့်ကြခြင်းမှာ ယခုမှမဟုတ်။ဟိုးအရင်နှစ်များစွာကတည်းက ရှိခဲ့တဲ့အလေ့အထတစ်ခုပါပဲ။အဲဒီအချိန်တွေတုန်းကတော့ အခုလိုတစ်ရွာနဲ့တစ်ရွာ တစ်ဦးနှင့်တစ်ဦးအဆက်အသွယ်ပြုလုပ်ဖို့ရာ လမ်းပန်းဆက်သွယ်ရေးကလည်းမကောင်း၊ ဖုန်းအဆက်အသွယ်ပြုလုပ်လို့လည်းမရနိုင်တာကြောင့် ကိုယ့်အလှူကို အခြားသူများသိစေချင်သောငှာ လော်စပီကာတွေတပ်ဆင်ဆော်သြကြတယ်လို့ မှတ်ယူရပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်လို တစ်အိမ်နဲ့တစ်အိမ်ဖင်ချင်းပေါက်အောင်နီးပြီး လူနေမူအရမ်းထူထပ်လာသည့်ပတ်ဝန်းကျင်အခြေအနေမျိုးမှာ မိုးလင်းမိုးချုပ် မိုက်ကရိုဖုန်းနဲ့ တတွတ်တွတ်အော်နေတာမျိုးအပြင် သံသေးသံကြောင်သံပြဲသံကွဲ ခေတ်ပေါ်ခေတ်ဟောင်းခေတ်နောက်ခေတ်ရှေ့ ကုလားဗမာအင်္ဂလိပ်ကိုရီးယား သီချင်းမျိုးစုံကို လိုအပ်တာထက်ပိုပြီး ကျယ်ကျယ်လောင်လောင် မဟားတရားဖွင့်နေကြခြင်းဟာ ရပ်ကွက်နေလူထုရဲ့ နှလုံးကျန်းမာရေးအတွက်စိုးရိမ်စရာဖြစ်ကြောင်း ခိုင်မာတဲ့သုတေသနပြုချက်များအရ သိရှိရပါတယ်။
အမေရိက နှလုံးအဖွဲ့အစည်းတွင် တင်သွင်းခဲ့သော 2018 စာတမ်းအရ ဆူညံသံသည် လူ့ဦးနှောက်အတွင်းရှိ စိတ်ဖိဆီးမူအခြေအနေကို ပိုမိုဖြစ်စေကြောင်းတွေ့ရှိရပါတယ်။ အကျိုးဆက်အနေဖြင့် သွေးကြောများရောင်ရမ်းကာ နှလုံးတိုက်ခိုက်မူနှင့်လေဖြတ်ခြင်း အစရှိသော ပြင်းထန်သောဝေဒနာဆိုးများဖြစ်ပေါ်လာစေနိုင်ပါတယ်။လေ့လာသူများဟာ ဦးနှောက်နှင့်သွေးကြောများကို PETနှင့် CT ရိုက်ရျ် ဦးနှောက်ရဲ့ဖိစီးမှုအပေါ်တုံ့ပြန်မူများကို လေ့လာခဲ့ကြပါတယ်။လေ့လာမူ မှတ်တမ်းများအရ အသံဆူညံမူဒဏ်ခံရသောသူများရဲ့ ၁%သည် နှလုံးတိုက်ခိုက်မူနှင့်လေဖြတ်ခြင်းကို ၅နှစ်အတွင်းခံစားရကြောင်းတွေ့ရှိရပါတယ်။ထို့အပြင် အသံဆူညံမူအမြင့်ဆုံး ခံရသူများရဲ့ ဦးနှောက်ဟာ ဖိအားဒဏ်သိသာစွာခံစားရပြီး သွေးကြောများရောင်ရမ်းသည်ကို လေ့လာတွေ့ရှိရပါတယ်။ဖိအားဒဏ်ခံရသော ဦးနှောက်လူပ်ရှားမူကြောင့် နှလုံးထိခိုက်မူ သို့မဟုတ် လေဖြတ်ခြင်းသည် သုံးဆခန့်ပိုမိုမြင့်မားကြောင်းတွေ့ရှိရပါတယ်။
အသံဆူညံမူကြောင့် အခြားသောကျန်းမာရေးဆိုးကျိုးများအချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
-အကြားအာရုံပျက်င်္ဆိးခြင်း
အသံဆူညံမူကြောင့် အကြားအာရုံ ရေတိုပျက်ဆီးခြင်း သို့မဟုတ် ရေရှည်ပျက်ဆီးခြင်းဖြစ်စေနိုင်ပါတယ်။အသံဆူညံမူသည် 80 dBကျော်လွန်လျှင် နားထိခိုက်စေပါတယ်။100dBကို အချိန်အတိုင်းအတာတစ်ခုထိ ခံရသူများသည် တစ်သတ်လုံး နားမကြားသောအခြေအနေထိ ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။
-အာရုံစူးစိုက်မူလျော့ကျခြင်း
အသံဆူညံမူကြောင့် အာရုံစုးစိုက်မူ လျော့ကျသောကြောင့် မိမိအလုပ်အကိုင်။အတွေးအခေါ်များစုစည်းရျ် မရနိုင်ပါ။ကျောင်းသားများအနေဖြင့် စာဖတ်ခြင်းမပြုနိုင်သည်အထိ ထိခိုက်တတ်ပါတယ်။
-အိပ်ရေးပျက်ခြင်း
အသံဆူညံမူလွန်ကဲသောအခါ ကောင်းစွာအိပ်စက်အနားယူမူကိုအနှောက်အယှက်ပေးပါတယ်။နှစ်ခြိုက်စွာအိပ်မပျော်သောကြောင့် ကျန်းမာရေးယ်ုယွင်းကာ စွမ်းဆောင်မူလျော့ကျစေပါတယ်။အအိပ်ပျက်အစားပျက်ကာ လူတစ်ယောက်ရဲကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။
-ဆက်သွယ်မူထိခိုက်ခြင်း
အသံဆူညံမူကြောင့် ဈေးရောင်းသူ အစရှိသူများသည် တစ်ဦးနှင့်တစ်ဦးနားလည်မူ ပျက်ဆီးတတ်ပါတယ်။
-စိတ်ရောဂါရရှိခြင်း
အသံဆူညံမူကြောင့် စိတ်ဖိဆီးမူမြင့်မားကာ စိတ်ဖောက်ပြန်မူကိုဖြစ်စေပါတယ်။အသံကြောင့်ခေါင်းကိုက်ကာ စိတ်ဒေါသကိုပိုမိုထွက်စေပြီး ပြုမူလူပ်ရှားမူသည်အထိန်းအချုပ်ကင်းမဲ့သည်အထိ ဆိုးရွားစေပါတယ်။
ထို့ကြောင့်အသံဆူညံမူကြောင့် နှလုံးထိခိုက်မူအပြင် အခြားသော ကျန်းမာရေးဆိုးကျိုးများလည်း ဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါတယ်။
Dr. ပြည့်ရှင်း