fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အသည်းကောင်းမှ ပွဲတောင်းနိုင်မှာနော်

26
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/11/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အသည်းကောင်းမှ ပွဲတောင်းနိုင်မှာနော်

အသည်း ဟာ ခန္ဓာကိုယ် အတွက် အလွန် အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။ ကိုယ်တွင်း ဝင်ရောက်လာတဲ့ မလိုအပ်တဲ့ အဆိပ်အတောက် နဲ့ ဓာတ်တွေကို ဖယ်ရှားပေးဖို့ အသည်းက ကူညီပေးသလို ဆေးဝါးတွေ သောက်သုံးတဲ့ အခါမှာလည်း အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ အထိ သွေးတွင်းပမာဏ တစ်ခုအထိ မြင့်တက်မလာအောင် အသည်းက ထိန်းထားပေးရပါတယ်။

လူရဲ့ ခန္ဓာကိုယ် မှာ လိုအပ်တဲ့ သွေးခဲတဲ့ ဓာတ်တွေ နဲ့ တစ်ခြား လိုအပ်သော ဓာတ်များစွာကို ရရှိဖို့ အတွက်လည်း အသည်းဟာ ဆောင်ရွက်ပေးနေရပါတယ်။ ခန္ဓာကိုယ် ရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ အတော်များများမှာ အသည်းဟာ ပါဝင် လှုပ်ရှားနေရပါတယ်။

ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက သင့်ရဲ့ အသည်းဟာ မကျန်းမာဘူး ဆိုရင် သင့်ရဲ့ ကျန်းမာရေး နဲ့ အသက်ရှည်ရေးဟာ ရင်လေးစရာပါပဲ။

အသည်းဟာ ကိုယ်အတွင်းပိုင်းမှာ ရှိတဲ့ အင်္ဂါ တစ်ခုဖြစ်တဲ့ အတွက် အသည်းမကျန်းမာခြင်းရဲ့ အစောပိုင်းလက္ခဏာ တွေကို သိရှိဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် သင့်အသည်း ကျန်းမာရေးကို ဂရုတစိုက်နဲ့ စောင့်ကြည့်နေမှသာ အသည်းကောင်းမကောင်းကို သတိထားမိမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အသည်းကျန်းမာရေးကို ဂရုစိုက်ဖို့ အတွက် သတိထားဆောင်ရွက်သင့်တဲ့ အချက်တစ်ချို့ရှိပါတယ်။

၁) အရက်ကို လျော့သောက်ပါ။

ဒီခေတ်ပိုင်းမှာ healthy alcohol drinking (ကျန်းမာရေး ကောင်းမွန်စေဖို့ အတွက် အရက်သောက်သုံးခြင်း) ဆိုတဲ့ အသုံးအနှုန်းဟာ ခေတ်စားလာပါတယ်။ ဒါကြောင့်လည်း အခမ်းအနားပွဲ တစ်ခုခုရှိတဲ့ အခါ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် အရက် ပမာဏ အနည်းငယ် ကို အလွယ်တကူ သောက်သုံးလာတတ်ကြပါတယ်။

အပန်းဖြေ အနားယူတဲ့ အချိန်တွေမှာ လည်း ကော့တေး ၊ ဘီယာ အစရှိတဲ့ အဖျော်ယာမကာတွေကို သောက်ကြပါတယ်။

Healthy alcohol drinking လို့ ဆိုရာမှာ အမျိုးသား အမျိုးသမီးတွေ အတွက် သတ်မှတ်ပေးထားတဲ့ ပမာဏ တစ်ခုရှိပါတယ်။ ဒီလို သတ်မှတ်ပေးထားတဲ့ ပမာဏ ကို ကျော်လွန်အောင် သောက်သုံးမယ် ဆိုရင်တော့ အသည်းကျန်းမာရေးကို ထိခိုက်လာစေမှာ အမှန်ပါပဲ။

 

အရက်ကို အလွန်အကျွံ သောက်သုံးမယ်ဆိုရင်တော့ အသည်းရောင်တာ ၊ အသည်းခြောက်တာတွေဟာ နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ လိုက်လာမှာပဲ ဖြစ်ပါတယ်။

၂) အသည်း ကျန်းမာဖို့ အတွက် အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတွေကို ရှောင်ရှားဖို့ လိုပါတယ်။

ကျွန်မတို့ ပတ်ဝန်းကျင်မှာ အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတွေဟာ အများအပြား ပါပဲ။

ဒီထဲကမှ အထိအတွေ့ အများဆုံးကတော့ အစားအစာတွေ နဲ့ ဆေးဝါးတွေပဲ ဖြစ်ပါတယ်။

အဆီဓာတ်များတဲ့ အစားအသောက်တွေဟာ အသည်းကို ဒုက္ခပေးတတ်တာ အမှန်ပါပဲ။ တစ်ခါတစ်ရံ စားတဲ့ အခါမှာ ပြဿနာ မရှိပေမဲ့ အမြဲတမ်း အဆီတွေကို များများ စားနေမယ်ဆိုရင်တော့ အသည်းအဆီဖုံးတာ အသည်းခြောက်တာတွေ ဖြစ်လာမှာပါပဲ။

အသည်းကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေကို ကိုယ့်သဘော နဲ့ ကိုယ် မဆင်မခြင် သောက်သုံးတာတွေဟာလည်း အသည်းကို ထိခိုက်စေပါတယ်။

စမ်းသပ်ပြီးသား ဆေးဝါးတွေကို မယုံကြည်ပဲ သဘာဝ သစ်သီးသစ်ဥ နဲ့ ဖော်စပ်ထားတယ် ဆိုတဲ့ ဆေးတွေကသာ ပိုပြီး အစွမ်းထက်တယ် အန္တရာယ် မရှိဘူး လို့ တစ်ထစ်ချ ယုံကြည်နေကြတဲ့ သူတွေ ရှိတတ်ပါတယ်။

ဒီလိုဆေးတွေထဲက ဘယ်လို သောက်သုံးရမယ်ဆိုတဲ့ ဆေးညွှန်းပါပြီး ဘေးထွက်ဆိုးကျိုးတွေကိုပါ ဖော်ပြပေးထားတဲ့ ဆေးတွေကို သောက်သုံးလို့ ရနိုင်ပေမဲ့ ဆေးအညွှန်းမပါ ဖော်စပ်တဲ့ ပစ္စည်း အတိအကျ မရေးထားတဲ့ ဆေးဝါးတွေကတော့ ခန္ဓာကိုယ် အတွက် ဘေးဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါနေနိုင်ပါတယ်။

အသည်းကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေကို သောက်မိတဲ့ အခါမှာ ချက်ချင်း အသည်းပျက်စီးပြီး အသည်းအစားထိုးဖို့ လိုအပ်တဲ့ အခြေအနေထိပါ ဖြစ်သွားနိုင်ပါတယ်။

 

၃) အသည်းရောင်အသားဝါ ပိုးများ ကူးစက်မခံရအောင် နေထိုင်ပါ။

အသည်းရောင် အသားဝါပိုးတွေကလည်း အသည်းကို ပျက်စီးစေတဲ့ တရားခံတွေပါပဲ။

အစားအသောက်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ အသည်းရောင် အသားဝါ ပိုးတွေ ရှိသလို သွေးနဲ့ လိင်လမ်းကြောင်းကနေ တစ်ဆင့် ကူးစက်တတ်တဲ့ အသည်းရောင် အသားဝါ ပိုးတွေလည်း ရှိပါတယ်။

အသည်းရောင် အသားဝါ အေပိုး နဲ့ အီးပိုးတွေဟာ အစာစားရာကတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒါကြောင့် ဒီပိုးတွေ ကူးစက်မခံရဖို့ အပြင်က မသန့်ရှင်းတဲ့ အစားအသောက်တွေကို မကြာခဏ မစားမိဖို့ လိုပါတယ်။

အသည်းရောင် အသားဝါ ဘီပိုး နဲ့ စီပိုးကတော့ သွေးနဲ့ လိင်လမ်းကြောင်းကတစ်ဆင့် ကူးစက်ပါတယ်။

ဒီပိုးတွေ ကိုယ့်မှာ ရှိမရှိကိုလည်း ကျွမ်းကျင်သူ နဲ့ စစ်ဆေးသင့်ပါတယ်။ ပိုးရှိခဲ့ရင် အစောပိုင်းကတည်းက ကုသမှုကို ဂရုတစိုက်ခံယူမှသာ ပြင်းထန်အသည်းရောဂါ တွေ ဖြစ်တာကို တားဆီးနိုင်ပါလိမ့်မယ်။

ပိုးရှိသူ နဲ့ အတူနေတဲ့ အခါမှာလည်း ကိုယ့်ကို ပိုးမကူးစက်ခံရဖို့ အတွက် ကွန်ဒုံးသုံးတာ တွေကို အမြဲ လုပ်ရပါမယ်။

အပေါ်မှာဖော်ပြပေးခဲ့တဲ့ အကြောင်းတွေဟာ အများစု ကြုံတွေ့ ရတတ်တဲ့ အသည်းကို ထိခိုက်စေတဲ့ အကြောင်းအရာ တွေ ဖြစ်ပါတယ်။ ဒီလို အရာတွေကို ဂရုစိုက်ပေးမယ် ဆိုရင်တော့ သင့်ရဲ့ အသည်းကျန်းမာရေးအတွက် တစ်စိတ်တစ်ဒေသ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

Dr.မွှေး

Previous Post

ခဏေလးအတြက္ လဲလိုက္ရတဲ့ ဘဝေလးမ်ား

Next Post

Healthy Q 1.4

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
599

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Healthy Q 1.4

ရေမွှာရည်နည်းခြင်း (Oligohydramnios)

ထမင်းစားပြီးပြီးချင်း လုံးဝမလုပ်သင့်တဲ့အချက် (၇) ချက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.