အချစ်သည် ဆေးလိပ်မဟုတ်ပါ။ အချစ်သည် အရက်မဟုတ်ပါ။ အချစ်သည် မူးယစ်ဆေးလည်း မဟုတ်ပါ။
သို့သော် အချစ်သည် ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးများသကဲ့သို့ စွဲလန်းစေတတ်ပါသည်။ “You can be addicted to love” အချစ်သည် စွဲလန်းစိတ်ကို မည်သည့်အတွက်ဖြစ်စေသည်ဆိုခြင်းကို သိပ္ပံနည်းကျဖြေရှင်းချက် ပေးနိုင်ပါသည်။
စိတ်ဝေဒနာ တစ်မျိုးဖြစ်သော Obessive-compulsive Disorders အကြောင်းအနည်းငယ် တင်ပြလိုသည်။ “Obession” ဆိုသည်မှာ စိတ်အာရုံ၌ တစ်စုံတစ်ခုသော အတွေးကို မဖျောက်နိုင်ခြင်းဖြစ်သည်။ “Com-pulsion” ဆိုသည် တစ်စုံတစ်ခုသော အပြုအမူကို မလုပ်ရလျှင် မနေနိုင်ခြင်းဖြစ်၍ ထပ်ခါထပ်ခါ ပြုမူတတ်ခြင်းဖြစ်သည်။ ထို့ကြောင့် Obses-sive- compulsive Disorder သည် တစ်စုံတစ်ခုသော အတွေးလို ဖျောက်ဖျက်မရသဖြင့် အပြုအမူတစ်ခုကို အကြိမ်ကြိမ်ပြုလုပ်တတ်သော စိတ်ဝေဒနာဖြစ်သည်။ အဆိုပါ စိတ်ဝေဒနာဖြစ်သည်။ အဆိုပါ စိတ်ဝေဒနာတွင် ဦးနှောက်၌ ဆီရိုတိုနင် Serotonin ပမာဏ လျော့နည်းကျဆင်းသွားကြောင်း တွေ့ရသည်။
ဆီရိုတိုနင်သည် ဆေးပညာအရ Neurotransmitter တစ်မျိုးဖြစ်သည်။ အာရုံကြောတစ်ခုမှ တစ်ခုသို့ သတင်းပေးပို့ရာတွင် လိုအပ်သော ပစ္စည်းတစ်မျိုးဖြစ်သည်။ အချစ်သည် ဦးနှောက်၌ Obessive-com-pulsive disorder ကဲ့သို့ပင် ဆီရိုတိုနင်ပမာဏကို ကျဆင်းသွားစေနိုင်သည်။ အချစ်ကို စွဲလန်းစေခြင်းမှာ ဦးနှောက်၌ ဆီရိုတိုနင်ကျဆင်းသွားမှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။
ဆီရိုတိုနင် ကျဆင်းမှုကြောင့် အချစ်ကို စွဲလန်စိတ်ဖြစ်နိုင်သော်လည်း ဆီရိုတိုနင် အလွန်အကျွံကျဆင်းပြန်လျှင်လည်း Obessive-com-pulsive disorder စိတ်ဝေဒနာ ဖြစ်စေနိုင်ပါသည်။ ဆီရိုတိုနင်ကျလျှင် မနာလိုဝန်တိုမှုမျိုးပင် ဖြစ်နိုင်ကြောင်း တွေ့ရသည်။
ဆီရိုတိုနင်ကို ပြန်လည်မြင့်တက်အောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများရှိသည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပိုမိုဆောင်ရွက်ပေးလျှင် ဦးနှောက်၌ ဆီရိုတိုနင်ပမာဏ ပြန်လည် မြင့်တက်လာနိုင်သည်။ ကစီဓာတ်ကြွယ်ဝစွာပါသော အစားအစာများ ပိုမိုစားသုံးခြင်းလည်း ဆီရိုတိုနင် ပမာဏကို မြင့်တက်စေနိုင်သည်။ တစ်ဦးတစ်ယောက်တည်း ဆန်သော၊ အတ္တဆန်သော အတွေးအခေါ်များကို ဖယ်ရှားနိုင်လျှင်လည်း ဦးနှောက်၌ ဆီရိုတိုနင် မြင့်တက်လာမည်ဖြစ်သည်။
အချစ်အပေါ် စွဲလန်းခြင်းသည် ကောင်း၏၊ မကောင်း၏ဆိုခြင်းမှာ လူတစ်ဦးနှင့်တစ်ဦး လက်ခံမှုခြင်းတူမည် မဟုတ်ပေ။ စွဲလန်းစိတ်သည် အရာရာတိုင်း၌ ကောင်းမည်တော့ မဟုတ်ပေ။ တချို့သော စွဲလန်းမှုကို ဖယ်ရှားပစ်ဖို့လိုသည်။ အချစ်အပေါ်၌ စွဲလန်းမှုကို ဖယ်ရှားလိုသူများ ရှိနိုင်သကဲ့သို့ အချစ်အပေါ်စွဲလန်းမှုကို ကျေနပ်နေသူများလည်း ရှိနိုင်ပါသည်။
မည်သို့ပင်ဆိုစေ စွဲလန်းစေသော စိတ်မှာ ဦးနှောက်၌ ဆီရိုတိုနင်လျော့နည်းမှုနှင့် ဆက်နွယ်ကြောင်းနှင့် အချစ်ကို စွဲလန်းစေသည်မှာလည်း ဆီရိုတိုနင် လျော့နည်းမှုကြောင့်ဖြစ်ကြောင်း တွေ့ရှိရပေသည်။
Author – ဒေါက်တာအေးကျော်