ကလေးအစားအစာထည့်ထားတဲ့ဖန်ပုလင်းဟာ စည်သွပ်ဘူးနဲ့မတူဘူး။ ဒါပေမယ့်စည်သွပ်ဘူးဖြစ်တယ်။ ကော်ဖီမှုန့် ဘူးဟာ စည်သွပ်ဘူးနဲ့တူပေမယ့် မဟုတ်ပါဘူး။ စည်သွပ်ဘူးဟာလေလုံတဲ့ဘူးဖြစ်ပြီး အစားအစာတွေထည့်ထားတာ ၊အပူနဲ့ ပိုးသတ်ထားတယ်။ ဘူးတွေဟာအများအားဖြင့် စတီးနှင့်ပြုလုပ်ထားပြီး အတွင်းနဲ့အပြင်မှာ သံဖြူရည်နဲ့စိမ်ထားတယ်။
စည်သွပ်ဘူးကို အောက်ပါအတိုင်းပြုလုပ်ပါတယ်။ သတ္တု ဒါမှမဟုတ် ဖန်ဘူးထဲမှာ အစားအစာကိုပြည့်အောင်ဖြည့်ပါ။ လေထုတ်တဲ့နည်းအချို့နဲ့ ရှိနေတဲ့လေကိုထုတ်ပစ်ပါ။ နောက်ပြီးဘူးကိုအလုံပိတ်ပါ။ အန္တရာယ်ပြုနိုင်ပြီးပုပ်သိုးစေနိုင်တဲ့ ဇီဝရုပ်တွေ သေအောင် လိုအပ်သလောက်အပူချိန်ဖြင့် အပူပေးပါ။ ဘေးကင်းပြီး လေလုံတဲ့စည်သွပ်ဘူးကိုရပါပြီ။ ယင်းသို့ပြုလုပ်ထားသော် လည်း ဘယ်လောက်ထိဘေးကင်းနိုင်ပါသလဲ။
စည်သွပ်ဘူးထဲမှအစားအစာကိုစားပြီး အဆိပ်သင့်ကာ သေဆုံးကြသူတွေရှိတယ်လို့ ကြားဖူးပါတယ်။ အဲဒီအဆိပ်ဟာ Clostridium botulinum ရောဂါပိုးကြောင့်ဖြစ်ပြီး အဆိပ်အပြင်းဆုံးထဲမှာ တစ်ခုဖြစ်တယ်လို့သိရပါတယ်။ ကောင်းစွာပြုလုပ်မထား တဲ့တာရှည်ခံအစားအစာ၌ဖြစ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော အဆိပ်သင့်ဝေဒနာကလူကိုသေစေနိုင်တယ်လို့သိရတယ်။
Botulism ကိုထုတ်တဲ့မျိုးမှုန့်ဟာတွေ့နေကြဖြစ်ပြီး အန္တရာယ်မရှိပါ။ နေ့တိုင်းကျွနု်ပ်တို့ကစားနေပြီး ၎င်းကိုမသိပါ။ ဒါပေမယ့်(၁) ၎င်းတို့ဟာအပူကိုသိပ်ခံနိုင်စွမ်းရှိတယ်။ (၂) လေမရှိဘဲ အက်ဆစ်နည်းနဲ့ ပတ်ဝန်းကျင်မှာ ၎င်းတို့သေစေလောက်တဲ့ Botulin အဆိပ်ကိုထုတ်ပေးတယ်။ ရေဆူမှတ်အပူချိန်နဲ့ အပူပေးခြင်းဟာ အခြားသက်ရှိမျိုးပွားအများဆုံးကို ဖျက်စီးနိုင်တယ်။ ဒါပေမယ့် Botulinum မျိုးမှုန့်များမရှင်သန်ဖို့ အက်စစ်နည်းတဲ့ အစားအစာဘူးတွေကိုဖိအားနဲ့ အပူချိန်မြင့်မြင့်ဖြင့် ပိုးသတ်တယ်။
Botulinus ကဲ့သို့ Mold မှိုသည် အပူခံနိုင်ရည်ရှိမျိုးမှုန့်ဖြစ်သည်။ Botulinus နဲ့မတူတာက အချို့မှိုမျိုးစိတ်တွေဟာ အက်စစ်ပတ်ဝန်းကျင်မှာနေနိုင်တယ်။ အက်စစ်အစားအစာတွေဟာဖိအားနည်းနည်းနဲ့ ထုတ်လုပ်နိုင်လို့ လောလောလတ်လတ်ဖွင့် ထားတဲ့သစ်သီးနဲ့ ခရမ်းချဉ်သီး စည်သွပ်ဘူးထဲမှာမှိုကိုတွေ့နိုင်တယ်။ ဒီမှိုမျိုးစိတ်တွေဟာ အန္တရာယ်မရှိဘူးလို့ဆိုကြပေမယ့် ဒီအစားအစာကိုအသုံးမပြုတာပိုစိတ်ချရပါတယ်။ စည်သွပ်ဘူးမှာရှားရှားပါးပါးတွေ့ရတဲ့မှိုလိုပဲ။ ဘက်တီးရီးယားဟာ ပိုရှားပါးပါ တယ်။ ဥပမာအစာအဆိပ်သင့်တဲ့ပိုး Salmonella ဟာတွေ့နေကျပိုးဖြစ်ပြီး အသား၊ ဥများ၊ ငါးနှင့် အခြားလက်ဆတ်၍ပြုပြင်ထား တဲ့ အစားအစာတွေမှာတွေ့နိုင်တယ်။ မပြင်းထန်သည်မှ သိပ်ပြင်းထန်သည့်အစားအစာအဆိပ်သင့်မှုရောဂါ နှစ်စဉ်နှစ်သန်းအထိ ရှိခဲ့တယ်။ အများစုဟာအနည်းအကျဉ်းလောက်သာဖြစ်လို့ ဆရာဝန်ဆီတောင်သွားစရာမလိုပါ။
Salmonella , Staph နဲ့ အခြားအစာအဆိပ်သင့်စေတဲ့ ပိုးတွေဟာဘက်တီးရီးယားတွေဖြစ်ပြီး ၎င်းတို့ရှင်သန်ဖို့ လေ လိုအပ်ပြီး ပွက်ပွက်ဆူတဲ့ရေနဲ့ကျိုချက်ခြင်းဖြင့် ပိုးမွှားများကိုပျက်စီးစေနိုင်တယ်။စည်သွပ်ဘူးမှထုတ်လိုက်တဲ့အစားအစာဟာ ဘက်တီးရီးယား ပိုးခံနိုင်ရည်ပျောက်ဆုံးသွားပြီး အခြားချက်ပြီးအစားအစာ များကဲ့သို့ ကိုင်တွယ်ရမယ်။ ၎င်းကိုဖုံးပြီး ရေခဲသေတ္တာထဲထားကာစောနိုင်သမျှစောစောသုံးမယ်။
စည်သွပ်ဘူးဟာ အနာအဆာကင်းရမယ်။ တောက်ပတဲ့သတ္တုနဲ့ ပြုလုပ်ထားပြီး ဘေး၊ မျက်နှာပြင်ဟာမတ်ပြီး ပြန့်ပြူးနေ ရမယ်။ စပ်ကြောင်းကမြဲပြီး ကျပ်နေရမယ်။ ထိပ်နှစ်ဖက်မျက်နှာပြင်ဟာ ညီညာပြန့်ပြူးပြီး ၎င်းတို့ကိုဖိရင် ဖောင်းခြင်း၊ စူထွက်ခြင်း၊ ချိုင့်သွားခြင်းမရှိရပါ။ခိုင်ခိုင်လုံလုံနဲ့ သေသေချာချာထုတ်ပိုးမထားတဲ့ အစားအစာဟာ ပုပ်သိုးနေဖို့မလိုဘဲ သုံးကိုမသုံးသင့်ပါ။ ဘူးဟာလေမလုံ ရင် အပြင်မှဘက်တီးရီးယားအထဲကိုဝင်နိုင်ပြီး ဘူးဟာပိုးသတ်ထားပြီးပြီလို့ မဆိုနိုင်တော့ပါ။
သံချေးတက်နေတဲ့ စည်သွပ်ဘူကိုလက်သည်းနဲ့ ခြစ်ကြည့်လို့ အကောင်းပကတိဖြစ်တဲ့သတ္တုကို တွေ့ရင်ဒီဘူးကိုလက်ခံ နိုင်တယ်။ မတွေ့ရင်ဒီစည်သွပ်ဘူးကိုမသုံးပါနဲ့တော့။ပိန်ချိုင့်နေတာ၊ ပွန်းပဲ့နေတာတွေက သေးသေးလေးဆိုရင်အန္တရာယ်မရှိနိုင်ပါ ဘူး။ ပိန်ချိုင့်နေတာတွေက ကြီးပြီးနက်ရင် စပ်ကြောင်းကိုပျက်စီးစေပြီး သတ္တုကိုကွဲစေတယ်။ အဲ့ဒီ ကမှလေလုံခြင်းကို ပျက်စီးစေ တယ်။ လျှော့ဈေးနဲ့ရောင်းရင်လည်း မဝယ်ပါနဲ့။ ဘူးရဲ့ထိပ်ပိုင်းမှာဖောင်းနေမယ်ဆိုရင် မဝယ်ပါနဲ့။ ဝယ်မိရင်လည်းမသုံးပါနဲ့။ စည်သွပ်ဘူးကိုဖွင့်လိုက်တာနဲ့ ပုပ်သိုးနေတဲ့အနံ့ရရင် မြည်းတောင်မမြည်းကြည့်ပဲလွှင့်ပစ်လိုက်ပါ။
Author -နှင်းအေးဝေ