fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

“တိုနာ”လို့ခေါ်တဲ့ လိင်တံတိုဝင်သွားတဲ့ရောဂါ တကယ်ရှိသလား

4.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/12/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသားကျန်းမာရေး
1 min read
A A

တိုနာရောဂါကို ဆေးပညာအရ Koro(ကိုရို) လို့ခေါ်ပါတယ်။

Koro ခေါ် တိုနာ ဟာ Culture Bound Syndrome ဆိုတဲ့အမျိုးအစားထဲမှာပါပါတယ်။

Culture Bound Syndrome ဆိုတာကတော့ ရိုးရာအစဉ်အလာယုံကြည်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကိုခေါ်တာပါ။

အကြမ်းအားဖြင့်နားလည်အောင်ပြောရရင်တော့ စိတ်အစွဲလန်းလွန်မှုကြောင့် စိတ်ကစွဲလန်းတဲ့အတိုင်း ခန္ဓာကိုယ်မှာ ဝေဒနာတွေ၊လက္ခဏာတွေပေါ်လာတာကိုပြောတာပါ။

ဥပါဒန်ကြောင့် ဥပါဒ်ရောက်တယ်လို့လည်းဆိုနိုင်ပါတယ်။

ကျွန်တော်တို့ အတော်များများအနေနဲ့ ယောက်ျားလေးတွေ တိုနာဖြစ်ရင် လိင်တံတိုဝင်သွားပြီး အဆုံးထိတိုဝင်သွားရင်သေတယ်။ဒါကြောင့် အဆုံးထိတိုဝင်မသွားအောင် လက်နဲ့ကိုင်ထားဖို့လိုတယ်။ဒါ့အပြင် အမျိုးသမီးတယောက်ရဲ့ဆီးခုံအမွှေးကို ယူပြီး မီးရှို့ကာရှုမှ သက်သာမယ်

လို့အရပ်ပြောတာတွေကိုကြားဖူးကြမှာပါ။

ဖုန်းတွေအင်တာနက်တွေတိုးတက်ပြီး ကျန်းမာရေးအသိပညာတွေအရင်ကထက်စာရင် တိုးတက်နေတဲ့ ခုခေတ်မှာ အဲ့လိုအရပ်ပြောတွေဟာ မြို့ကြီးတွေမှာတောင် ရှိနေဆဲပါ။

ရွာတွေမှာဆိုရင် ထိုအရပ်ပြောတွေကို ယုံကြည်တဲ့သူတွေအရမ်းများပါတယ်။ထိုသို့များတဲ့အထဲမှာမှ လွန်လွန်ကဲကဲ ယုံကြည်ပြီး စွဲလန်းတဲ့သူတွေလည်းရှိပါတယ်။

တိုနာဟာ အဲ့လိုအရပ်ပြောတွေကို လွန်လွန်ကဲကဲယုံကြည်ပြီး စိတ်စွဲလန်းနေတဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။

ကျွန်တော်တို့ရဲ့လိင်တံဟာ ရာသီဥတုအေးတဲ့အခါ ဘေးပတ်ဝန်းကျင်ကအေးတဲ့အခါ မိုးရေထဲမှာမိုးမိတာကြာတဲ့အခါ ကြောက်စိတ်စိုးရိမ်စိတ်ဝင်တဲ့အခါ စတဲ့အခြေအနေအချိန်ခါတွေမှာ လိင်တံဆီသွေးစီးဆင်းမှုလျော့နည်းသွားတဲ့အတွက် အရွယ်အစားလေးကသေးသွားတတ်ပါတယ်။

ဒါဟာပုံမှန်ပါပဲ။

သို့သော်

ခုနကလို စိတ်အစွဲလန်းလွန်နေတဲ့သူတွေအနေနဲ့ကျ မိုးရေထဲမှာမိုးမိတာကြာပြီးနောက် ရေချိုးလို့ ကိုယ့်အင်္ဂါကိုယ်ကြည့်မိတဲ့အခါ သို့မဟုတ် ရုပ်ရှင်ကြည့်ပြီး ရှုးပေါက်လို့ ကိုယ့်အင်္ဂါကိုယ်ကြည့်မိတဲ့အခါမျိုးတွေမှာ လိင်တံကတိုဝင်နေတာကိုတွေ့ပြီး မိမိကိုယ်မိမိ တိုနာဖြစ်ပြီလို့ ထင်ကြပါတယ်။

အဲ့အခါမှာ အရပ်ပြောတာတွေကိုစိတ်ကစွဲလန်းလွန်နေတဲ့အတိုင်း အဆုံးထိဆက်တိုဝင်သွားရင် ငါတော့သေတော့မှာပဲ ဆိုပြီး ကြောက်စိတ် စိုးရိမ်စိတ်ဝင်လာပါတယ်။

ဒီလိုကြောက်စိတ် စိုးရိမ်စိတ်ဝင်တဲ့အခါ လိင်တံဆီသွေးစီးဆင်းမှုက ပိုနည်းသွားတဲ့အတွက် လိင်တံအရွယ်အစားက ပိုသေးသွားတတ်ပါတယ်။

ဒီလိုနဲ့ ပိုကြောက်လေ ပိုသေးလေ၊ပိုသေးလေ ပိုကြောက်လေ ဖြစ်ပြီး နောက်ဆုံးမှာကြောက်စိတ်ကြောင့် Panic attack (အမောဖောက်ခြင်း)ခေါ် အသက်ရှုမမှန်တာ မြန်လာတာတွေ ဖြစ်ပြီး သတိလစ်တာ တက်တာတွေဖြစ်နိုင်ပါတယ်။

တချို့နှလုံးရောဂါအခံရှိတဲ့သူတွေဆိုရင် သတိလစ်ရာကနေ အသက်ပါပါသွားတတ်ပါတယ်။

ဒါကြောင့်ခြုံပြောရရင် တိုနာဆိုတာဟာ စိတ်အစွဲလန်းလွန်မှုကြောင့်ဖြစ်တဲ့ရောဂါ သို့မဟုတ် ဥပါဒန်ကြောင့် ဥပါဒ်ရောက်တာ ဖြစ်ပါတယ်။

ဒီနေရာမှာတချို့သူတွေအနေနဲ့ ဆရာပြောတဲ့အတိုင်းဆိုရင် တိုနာဖြစ်တဲ့အခါ အမျိုးသမီးတယောက်ယောက်ရဲ့ဆီးခုံမွှေးကို မီးရှို့ရှုလိုက်ရင် ဘာလို့သက်သာပျောက်ကင်းသွားတာလဲလို့မေးစရာရှိမှာပါ။

ဒီအဖြေအနေနဲ့လည်းသေချာစဉ်းစားကြည့်ရင် မဆန်းပါဘူး။

ဘာလို့လဲဆိုတော့ အရပ်ပြောမှာကိုက တိုနာဖြစ်ရင် အမျိုးသမီးတယောက်ရဲ့ဆီးခုံအမွှေးကိုမီးရှို့ရှုရင်သက်သာမယ်ဆိုတာပါပြီး အဲ့ဒါကိုယုံကြည်နေတဲ့စိတ်ကြောင့်ဖြစ်နိုင်သလို

မီးရှို့တဲ့အခါ အပူဓါတ်ရတာကြောင့်လည်းဖြစ်နိုင်သလို

အမျိုးသမီးတယောက်ရဲ့ဆီးခုံအမွှွေးကို ရှုနေရပါလား ဆိုတဲ့အတွေးကို မသိစိတ်ကတွေးမိပြီး လိင်စိတ်ကြွလာကာ လိင်တံဆီသွေးစီးဆင်းမှုများလာတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

တိုနာဖြစ်နေတဲ့အချိန်မှာ အမျိုးသမီးတယောက်ရဲ့ဆီးခုံအမွှေးမဟုတ်ဘဲ အမျိုးသားတယောက်ရဲ့ဆီးခုံမွှေး သို့မဟုတ် ချိုင်းမွှေးကို ယူကာ အမျိုးသမီးဆီးခုံမွှွေးပါလို့လိမ်ပြောပြီး မီးရှို့ ရှုခိုင်းရင်လည်း သက်သာတယ်လို့ လေ့လာချက်တချို့က ဆိုထားပါတယ်။

ဒါ့အပြင် တိုနာဖြစ်နေချိန်မှာ အမျိုးသမီးဆီးခုံမွေးမီးရှို့ရှုတာ မဟုတ်ဘဲ လိင်စိတ်နိုးကြားစေတဲ့ဇာတ်ကား(အပြာကား)တွေကို ကြည့်ခိုင်းပါကလည်း လိင်စိတ်ကြွလာကာ လိင်တံဆီသွေးစီးဆင်းမှုများလာစေတဲ့အတွက် တိုနာဖြစ်နေတာကို သက်သာနိုင်တယ်လို့ ဆေးပညာရှင်အချို့က သုံးသပ်ပြောကြားထားတာတွေလည်းရှိပါတယ်။

ဆေးပညာအရ ရှင်းပြရရင် လိင်တံဟာ ဆီးခုံရိုး(pubis)ကနေ Suspensory ligament အရွတ်နဲ့ဆက်ထားတာဖြစ်လို့ ခန္ဓာကိုယ်တွင်းထဲကို တဆုံးတိုဝင်သွားတာမျိုးလုံးဝမဖြစ်နိုင်ပါ။တိုဝင်သွားဖို့နေရာလွတ်လည်း တင်ပဆုံရိုးကွင်းထဲမှာမရှိပါ။

တိုနာ(Koro)ကို ကုသရာမှာ လူနာကို ဒါဟာစိတ်နဲ့ဆိုင်တဲ့ရောဂါဖြစ်ကြောင်း၊လိင်တံဟာအထဲထိ တဆုံးမတိုဝင်သွားဖို့မဖြစ်နိုင်ကြောင်း၊လိင်တံအရွယ်အစားဟာသွေးစီးဆင်းမှုအလိုက်ပြောင်းလဲတတ်ကြောင်း စသဖြင့် နားလည်အောင် ရှင်းပြကာ အားပေးနှစ်သိမ့်ပြီး စိတ်ဆေးတွေပေးရပါတယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာကတော့

လိင်တံဟာ ပတ်ဝန်းကျင်ကအေးတာ၊ကိုယ်အပူချိန်ကျတာ စတဲ့အခြေအနေတွေမှာသေးသွားတတ်လို့ လိင်တံသေးတိုင်းလည်း စိုးရိမ်စိတ်၊ကြောက်စိတ်တအားမလွန်ဖို့ ပြောချင်ပါတယ်။

ဒါ့အပြင် တိုနာဟာ စိတ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး အရပ်ပြောတွေကို စိတ်ထဲတအားစွဲလန်းယုံကြည်နေတာမျိုး မလုပ်ဖို့ နဲ့ ဆရာဝန်နဲ့ပြသဖို့ ပြောချင်ပါတယ်။

မြန်မာပြည်သူပြည်သားများ ဥပါဒန်ကြောင့် ဥပါဒ်ရောက်ခြင်း ကင်းကြပါစေလို့ ဆုတောင်းရင်း

Dr 528

Previous Post

အဖန်ငါးရာငါးကမ္ဘာကို  ဂရုမစိုက်ကြတော့သူများအကြောင်း (သို့မဟုတ်) မိမိကိုယ်ကိုအဆုံးစီရင်ခြင်း

Next Post

ကလေးငယ်လေးတွေကို ဘယ်တော့မှ မကျွေးသင့်တဲ့ အစားအစာ ၈ မျိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်လေးတွေကို ဘယ်တော့မှ မကျွေးသင့်တဲ့ အစားအစာ ၈ မျိုး

နို့တိုက်မိခင်တွေ ဆံပင်ဆေးဆိုးရင်  ကလေးမှာ အန္တရာယ်ရှိလား

ဆယ်လ်ဖီရိုက်ပြီး လူမှုမီဒီယာပေါ်ခဏခဏတင်သူများတွင် စိတ်ပိုင်းဆိုင်ရာပြဿနာတခုခုရှိနိုင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.