ပိန်ချင်ရင် “အာဘွား” မှန်မှန်ပေးပါ
တစ်ဦးနဲ့ တစ်ဦး အနမ်းပေးခြင်းသည် ကျန်းမာရေးကောင်းကျိုးများ ရှိသည်ကို လက်တို့လိုက်ပါရစေ။ ချစ်သူများအတွက် ဝမ်းမြောက်ဖွယ် အားပေးစကားလို့မှတ်ယူပြီး ရှေ့ဆက်အနမ်း ဝေနိုင်ကြပါတယ်။ အနမ်းပေးခြင်းဖြင့်ရရှိနိုင်သော ကောင်းကျိုးများများကို ရေးသားလိုက်ပါတယ်။
အနမ်းပေးစဉ် စိတ်ဖိစီးမှုလျော့စေပြီး သွေးထဲသို့ epinephrine ထုတ်ပေးသောကြောင့် သွေးတွင်းကိုလက်စထရော လျော့ကျစေပါတယ်။
(1) သွေးပေါင်လျော့ကျစေခြင်း
အနမ်းပေးခြင်းသည် သွေးကြောများကို ကျယ်စေသောကြောင့် သွေးပေါင်ကျခြင်းကို ဖြစ်စေပါတယ်။
(2) နာကျင်မှု၊ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း
သွေးကြောကျယ်စေခြင်းကြောင့် နာကျင်မှုကို သက်သာစေပါတယ်။ အထူးသဖြင့် ခေါင်းကိုက်ခြင်းနှင့် ရာသီလာစဉ်ကိုက်ခဲမှုကို သက်သာစေပါတယ်။
(3) သွားအခေါင်းပေါက်ဖြစ်ခြင်းကို လျော့ကျခြင်း
အနမ်းပေးခြင်းကြောင့် တံထွေးများ ပိုမိုထွက်စေပြီး အခေ့င်းပေါက်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေး မကောင်းသူများဖြစ်လျှင် အခေါင်းပေါက်ဖြစ်စေသော ဘက်တီးရီးယားများ ကူးစက်စေပါတယ်။
(4) ပျော်ရွှင်မှု ဟော်မုန်းများထွက်စေခြင်း
အနမ်းပေးခြင်သည် ဦးနှောက်ကို စိတ်ချမ်းသာမူဖြစ်စေသော serotonin.dopamine နှင့် oxytocin ဟော်မုန်းများ ထွက်စေပါတယ်။ အဆိုပါ ဟော်မုန်းများကြောင့် ပျော်ရွှင်မှု ဖြစ်စေသာမက ချစ်သူ ၂ ဦး ဆက်ဆံရေး ကောင်းစေပါတယ်။ အနမ်းပေးခြင်းဖြင့် တစ်ဦးနဲ့ တစ်ဦး ချစ်ခြင်းမေတ္တာ ဆက်ဆံရေး ရေရှည်ခိုင်မြဲစေပါတယ်။
(5) ကယ်လိုရီများ လောင်ကျွမ်းစေခြင်း
အနမ်းပေးခြင်းဖြင့် ကယ်လိုရီ ၈ မှ ၁၆ ထိ ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အနမ်းပေးဖို့ မရှက်ပါနဲ့။
(6) ခွန်အားပေးခြင်း
အမျိုသားများ အလုပ်မသွားခင် အနမ်းပေးခြင်းသည် ပျော်ရွှင်မှု၊ ယုံကြည်မှုကို တိုးစေပြီး အလုပ်အဆင်ပြေစေရန် တွန်းအား ဖြစ်စေပါတယ်။
(7) မျက်နှာကြွက်သား အားကောင်းခြင်း
အနမ်းပေးခြင်းသည် မျက်နှာကြွက်သားများကို လႈပ်ရှားစေသောကြောင့် ကြွက်သားများအားကောင်းစေပါတယ်။
အနမ်းပေးခြင်းသည် ကိုယ်ခံအားကောင်းစေပြီး စိတ်ဖိဆီးမႈ သိသာစွာလျော့ကျစေသောကြောင့် လူတစ်ဦးသည် သက်တမ်းတလျောက် ၂၀၀၀၀ မိနစ်ခန့် အနမ်းပေးသင့်ပါတယ်။
အထက်ပါ အနမ်းပေခြင်းအကျိုးအပြင် ခုခံမႈအားကောင်းစေပြီ ဓာတ်မတည့်မႈများလည်း သက်သာစေပါတယ်။ ၆ ပတ်ခန့်အချိန်ယူ သုတေသနပြုချက်များအရ အဆိုပါ လူများသည် အနမ်းပေးခြင်းကြောင့် ရောဂါခံစားမႈများ သိသာစွာလျော့ကျပြီး စိတ်ဖိစီးမူလျော့ပါးစေပါတယ်ဟု ဆိုကြပါတယ်။
အနမ်းပေးခြင်းကို ထုံးတမ်းအစဉ်အလာအရ လက်မခံနိုင်သော်လည်း စုံတွဲများသာမဟုတ် မိခင်နှင့် ကလေးလည်း ပြုလုပ်နိုင်ပါတယ်။
ထို့ကြောင့် အနမ်းပေးခြင်းကြောင့် ရောဂါအချို့ကူးစက်မႈရှိနိုင်သော်လည်း ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲတတ်သော သဘောတရားအရ ကောင်းကျိုးများကို ရေးသားလိုက်ပြီ မိမိတို့ချစ်သူနှစ်ဦး သေတပန်တသက်ဆုံး အနမ်းမိုးများရွာသွန်းနိုင်ကြပါစေ။
Dr.Kyaw