fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အပြာကားနေ့စဉ်ကြည့်တဲ့သူတွေ ရင်ဆိုင်ရမဲ့ လူမှုကျန်းမာရေးဆိုးကျိုး ၉  ခု

6.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/12/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသားကျန်းမာရေး
1 min read
A A

ချစ်ခန်းကြိုက်ခန်း လင်မယားခန်းတွေကို တစ်တစ်ခွခွ ဘွင်းဘွင်းရှင်းရှင်း ရိုက်ကူးဖော်ပြထားတဲ့ကားတွေကို ဗမာပြည်မယ် အပြာကားလို့ ခေါ်ကြပါတယ်။ ဘာလို့ အပြာကားလို့ ခေါ်သလဲဆိုတာကို ရှင်းပြဖို့တော့ ပညာရှင်တွေကို မေးရမယ်ထင်တာပဲ။ ဘာကားပဲခေါ်ခေါ်ပါ။

ဗမာပြည်မှာ သာမက ကမ္ဘာအနှံ့မှာပါ ဒီလိုရုပ်ရှင်ကားတွေဟာ ခေတ်စားသထက် ခေတ်စားလာနေပြီး ဟိုးတုန်းက ယောကျာ်းလေးတွေသာ ခိုးကြောင်ခိုးဝှက် ကြည့်ခဲ့ကြရာက အခုနောက်ပိုင်းဆို မိန်းကလေးတွေပါ ကြည့်လာကြပါပြီ။

ဟာ မဟုတ်ပါဘူးလို့တော့ မငြင်းနဲ့နော်။

ကိမုချိတို့ ဂျပန်ကတုံးတို့လို့သာ မေးကြည့်ကြည့်။ ဆယ်ယောက်မှာ တစ်ယောက် မသိရင် မာစတာချက်ဖ်က မြစ်ကြီးနားသူပြောသလို လည်သာဖြတ်သွားလိုက်။ ခင်ဗျား အပြာကားကြည့်သလားလို့ ဒဲ့သွားမေးရင်တော့ ဘယ်သူကကြည့်တယ် ပြောပါ့မလဲဗျာ။ ကိုယ့်ရည်းစားက ကိုယ့်ကိုမေးရင်တောင် မကြည့်ပါဘူးလို့ ငြင်းကြတာများနိုင်ပါတယ်။ဒါပေမဲ့ အနည်းနဲ့အများတော့ ကြည့်နေကြတာပါပဲ။

တချို့က စိတ်ညစ်စရာတွေ ဖြေဖျောက်ရအောင် ကြည့်တယ်။ တချို့ကတော့ ဖျော်ဖြေမှုသဘောမျိုး ခံစားပြီးကြည့်တယ်။ တချို့ကျတော့လည်း စပ်စပ်စုစုနဲ့ ကြည့်ကြသလို တချို့ကတော့ ရည်မှန်းချက်ကြီးတယ်ဗျား။ နည်းစနစ်ပိုင်းတွေ တိုးတက်လာမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြည့်ကြတာပါတဲ့ဗျာ။ ခင်ဗျားဟာခင်ဗျား ဘာကြောင့်ကြည့်ကြည့်  ဒါတွေကြည့်တာကောင်းသလားလို့လာမေးရင်တော့ နိုး လို့ပဲ ဖြေပါရစေ။

မကောင်းတာတွေက များပါတယ်။ ဘာတွေ မကောင်းဘူးလဲ ကြည့်ရအောင်။

၁။ ကိုယ့်ချစ်ချစ် (ဒါမှမဟုတ်) ကိုယ့်အဖော်နဲ့ ဆက်ဆံတဲ့အခါ အဆင်မပြေတော့တာ

အပြာကားတွေ အများကြီး ကြည့်မိထားတဲ့လူတွေမှာ ကိုယ့်ဘာသာကိုပဲ ကျေနပ်ပြီးမြောက်တတ်တဲ့စိတ်ကြီးက အကျင့်ပါနေတတ်ပါတယ်။ ဒီကားတွေကနေ သင့်ကို စိတ်ပါလာအောင် လှုံ့ဆော်ပေးတဲ့ပုံစံတွေနဲ့ ကိုယ့်အဖော်နဲ့အတူ ရှိနေတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ လှုံ့ဆော်မှုတွေဟာ အတော်လေးကွာခြားမှုရှိနိုင်ပါတယ်။ ဒီကားတွေမှာက သာသာကဲကဲကို တွန့်ကြလိမ်ကြ ကြမ်းကြရမ်းကြဆိုတော့ကာ ကိုယ့်အဖော်နဲ့အပြင်မှာ တကယ်အတူတူနေတဲ့အခါကြတော့မှ စိတ်တော်တော်နဲ့ မလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

တချို့ဆို အပြာကားတွေအပေါ် အစွဲလမ်းကြီးစွဲလမ်းနေပြီး ရည်းစားရအိမ်ထောင်ကျတဲ့အချိန်ထိတောင် မကြည့်ရမနေနိုင် ဖြစ်တတ်ကြပါသတဲ့။ ဒါပေမဲ့ ရုပ်ရှင်တွေက တကယ့်ပြည့်ဝတဲ့ ယစ်မူးဖို့ကောင်းတဲ့ ဆက်ဆံရေးမျိုးမပေးနိုင်ဘူးဆိုတာတော့ မမေ့သင့်ဘူးပေါ့ဗျာ။

၂။ ကိုယ့်အဖော်ကို ကျေနပ်မှုမပေးနိုင်တော့တာ

အပြာကားတွေ အကြည့်များတဲ့သူတွေဟာ စိတ်အထမြန်ပြီး သုတ်လွှတ်တာလည်း မြန်မြန်ဆန်ဆန်ဖြစ်တတ်ကြပါတယ်။ ဒီတော့ ကိုယ့်အဖော်နဲ့ ချစ်ခြင်းသမှုတွေပြုကြတဲ့အခါ ကိုယ်က သူ့ထက်မြန်မြန်ပြီးမြောက် လိုရာရောက်သွားတတ်ပြီး သူ့ခမျာ ကျေနပ်မှုအပြည့်အဝ မရနိုင်တော့ပါဘူး။ အစမှာ ဘာမှမဟုတ်ပေမဲ့ ကြာလာရင်တော့ ဒီပြဿနာကလည်း စကားပြောလာနိုင်ပါတယ်။

၃။ ဒါဟာ လုံးဝ အချိန်ဖြုန်းတာပါပဲ။

ခင်ဗျားအနေနဲ့ ရိုးရိုးဇာတ်လမ်းတိုလေးတစ်ခုပဲ ကြည့်တယ်ထားဦး။ လူတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရမယ်။ Money Drop တို့ ငွေတွေဝင်တို့ Master Chef တို့ပဲကြည့်မလား။ မသိသေးတာတွေသိမယ်။ တခုခုတော့အကျိုးရှိမယ်။ နောက်ဆုံး ဟာသကား သရဲကားကြည့်ဦးမလား။ ပြောစရာမရှိရင် စကီလေးကို ပြန်ပြောပြလို့ရသေးတယ်။ အပြာကားတွေကြည့်တာကတော့ ကျိန်းသေတယ်။ ခင်ဗျား အချိန်တွေကို ပိုးစိုးပက်စပ် ဖြုန်းပစ်နေတာပဲ။

ဒီ ကိုယ်တုံးလုံးကျွတ်ကြီးတွေနဲ့ လူမှန်းသူမှန်းမသိအောင် ထန်တလန်နေတဲ့လူတွေကို ကြည့်ပြီး ခင်ဗျားဘာတွေ အကျိုးမြတ်ရမှာတဲ့လဲ။ မတော်လို့ လူမိရင် အရှက်ကကွဲဦးမယ်။

၄။ အပြာကားတွေဟာ မိန်းမတွေနဲ့ပတ်သက်ပြီး လက်တွေ့မဆန်တဲ့ အမြင်တွေကို မြင်စေတယ်။

မရှုပ်သွားပါနဲ့။ ဒီလိုပါ။ အပြာကားကြည့်တဲ့ဘဲ အတော်များများက မိန်းမတွေဟာ ချစ်ခြင်းသမှုပြုဖို့ဆို အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်သူတွေ ကိုယ်ကမစရင် သူတို့က စချင်နေသူတွေလို့ ထင်နေတတ်ကြပါတယ်။ ဒါ့အပြင် အပြာကားထဲက သရုပ်ဆောင်တွေကို ကြည့်ပြီးတော့ မိန်းမဆို ဖင်ကြီးကြီး ရင်ကြီးကြီးဖြစ်သင့်တယ်လို့လည်း အထင်ရှိတတ်ကြပါတယ်။ ဒါမျိုးကြီး စိတ်ထဲမှာမှတ်ထားပြီးတော့ တကယ်တမ်းအပြင်မှာ ကြုံတွေ့ရတဲ့ကိုယ့်အဖော်က ဒါမျိုးမဟုတ်တာလည်း ကြုံရောတိုင်တွေပတ်ကုန်ရောပေါ့။

ပြင်ပလောကက မိန်းမတွေက အပြာကားသရုပ်ဆောင်တွေမှ မဟုတ်ပဲ။ ဖင်ကြီးဖို့ ရင်ကြီးဖို့ မလိုသလို သူတို့အနေနဲ့ သံဝါမသချင်ရင် မသချင်ဘူးလို့တောင် ငြင်းကြဦးမှာဖြစ်ပါတယ်။

၅။ အပြာကားတွေ ကြည့်ခြင်းအားဖြင့် မိန်းမတွေအပေါ် တစ်ဖက်သတ် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ဆံတာကို အားပေးတဲ့လူစားမျိုးလည်း ဖြစ်သွားနိုင်ပါသေးတယ်။

ခင်ဗျား အပြာကားထဲက မင်းသမီးတွေအကြောင်း သေချာသိသလား။ တချို့က ပိုက်ဆံကြောင့် ဒါမှမဟုတ် ဝါသနာပါလို့ပဲထားပါတော့ သူ့စိတ်နဲ့သူ လုပ်ကြတာရှိပေမဲ့  အတင်းဖိအားပေးနှိပ်စက်ခံရလို့ သရုပ်ဆောင်ရတာမျိုး ပြန်ပေးဆွဲပြီး ရုပ်ရှင်ရိုက်ခံလိုက်ရတာမျိုးတွေလည်း ဒုနဲ့ဒေးပါပဲတဲ့။ တချို့အပြာကားတွေမှာလို ကြိုးတွေနဲ့တုပ်တာ ဓမ္မတာနဲ့ဆန့်ကျင်တာတွေလုပ်တာ အုပ်စုလိုက်လုပ်တာ အဲ့ဒါမျိုးတွေ ကိုယ့်ညီမ ကိုယ့်အမျိုးသမီးကို လုပ်မယ်ဆို ခင်ဗျား ဘယ်လိုနေမလဲ။

၆။ အပြာကားကြည့်တဲ့သူတွေဟာ ဒေါသကြီးပြီး ရိုင်းစိုင်းကြမ်းတမ်းလာတတ်ကြပါတယ်။

အတော်များများ အပြာကားတွေက ယောက်ျားတွေဟာ မိန်းမတွေကို လက်ခုပ်ထဲကရေလို မှောက်လိုမှောက်လှန်လိုလှန် ကြိုက်သလို ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်းဆက်ဆံလို့ရတယ်ဆိုတဲ့ မှားယွင်းတဲ့အသိကို ပေးပါတယ်။ လေ့လာချက်တွေအရ အပြာကားကြည့်တဲ့သူတွေဟာ နဂိုထက် ၆ ဆလောက် ပိုပြီး ရိုင်းစိုင်းကြမ်းတမ်းစွာ ပြုမူတတ်လာကြတယ်လို့ ဆိုပါတယ်။

၇။ အပြာကားကြည့်တဲ့သူတွေဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

နေ့တိုင်း အပြာကားကြည့်နေတဲ့ သူတစ်ယောက်ရဲ့ အခြားလူတွေအပေါ် ဆက်ဆံတဲ့ပုံစံဟာ
ပုံမှန်လူတွေနဲ့ယှဉ်ရင် အတော်လေးကွဲပြားခြားနားနေတတ်ပါတယ်။ လေ့လာမှုတွေအရလည်း အားတာနဲ့ အပြာကားကြည့်တဲ့ အကောင်တော်တော်များများဟာ လူဝင်မဆန့်ဘူးလို့ ဆိုပါတယ်။

၈။ အပြာကားကြည့်သူအများစုဟာ အကာကွယ်မပါပဲ လိင်ဆက်ဆံချင်စိတ်တွေ ပိုများလာတတ်ပါတယ်။

USA မှာ လုပ်တဲ့စစ်တမ်းတွေအရ အမေးခံရသူ ၅၀% လောက်က အပြာကားတွေကြည့်ပြီးတဲ့အခါ အကာကွယ်မယူပဲ တနည်းပြောရရင် ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံချင်စိတ်တွေများလာပါတယ်လို့ ဖြေပါတယ်။ ဒါဟာ သိပ်အန္တရာယ်များပါတယ်။ ဒီလိုလုပ်လိုက်လို့ ရလာနိုင်မဲ့ဆိုးကျိုးတွေက မနည်းမနေပါပဲ။ ကိုယ်ဝန်ရတာကအစ အေအိုင်ဒီအက်စ် အဆုံးပေါ့။

၉။ အပြာကားကြည့်တဲ့သူတွေဟာ မကောင်းတဲ့အကျင့်တွေကို ပိုလုပ်ဖြစ်လာပါတယ်။

အပြာကားကြည့်သူအများစုမှာ ရည်းစားတွေ အများကြီးရှိတတ်ကြပြီး ထည်လဲတွဲတတ်သူများလည်း ဖြစ်ကြပါတယ်။ ဒီလိုလူတွေဟာ မူးယစ်ဆေး အရက်သေစာစတာတွေနဲ့လည်း တခုမဟုတ်တခု ငြိစွန်းတတ်ကြပါသေးသတဲ့။ ဘာကိုမှ ဂရုမစိုက် ဘာကိုမှ ရေရှည်တန်ဖိုးမထားချင်ကြပဲ ဖြစ်သလိုကြုံသလိုနေထိုင်သွားတတ်ကြပါတယ်။ ကဲ ဒီတော့ ဒီလောက်ဘာတခုမှ ကောင်းကျိုးမပေးတဲ့အပြာကားတွေကို ခင်ဗျားစွဲလန်းနေခဲ့တယ်ဆိုရင် ဒီနေ့က စပြီး ဖြတ်ဖို့ ကြိုးစားလိုက်ပါ။ တိခနဲ မရရင် သတိထားပြီး ဖြေးဖြေးချင်း ဖြတ်ပါ။ မဟုတ်လို့ကတော့ ငယ်ငယ်က ကျက်ခဲ့ရတဲ့ကဗျာထဲကလို ”နင်သာလူမိုက် ဒုစရိုက်”တွေ ဖြစ်ချင်ဖြစ်သွားပါလိမ့်မယ်။

Dr.KG

Previous Post

နို့တိုက်နေတုန်း စမ်းမိတဲ့အလုံး ကင်ဆာလုံးလား

Next Post

လက်ကိုင်ဖုန်းကြောင့် ကျန်းမာရေးမထိခိုက်စေဖို့    မဖြစ်မနေလိုက်နာရမဲ့ အချက် ၆ ချက် 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
760
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်ကိုင်ဖုန်းကြောင့် ကျန်းမာရေးမထိခိုက်စေဖို့    မဖြစ်မနေလိုက်နာရမဲ့ အချက် ၆ ချက် 

ကလေးမွေးပြီးနောက် ဘယ်တော့လောက် ဗိုက်ပြန်ပိန်မလဲ ?

ရာသီလာနေချိန် လစဉ်သုံးပစ္စည်းကို တနေ့တာလုံလောက်အောင်မလဲရင် ဘာတွေဖြစ်မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.