စပ်ဆေးတွေက ဘာတွေဆိုကျိုးပေးနိုင်သလဲ
ယနေ့ခေတ်မှာ ဆေးဆိုင်တွေများတဲ့အတွက် အချို့သော လူတွေဟာ ဆရာဝန်နဲ့ မပြကြတော့ဘဲ နီးစပ်ရာဆေးဆိုင်တွေမှာ စပ်ပြီးသောက်ကြပါတယ်။ ဒါကို စပ်ဆေးဆိုပြီး အလွယ်ပြောကြပါတယ်။
တစ်ခါတစ်ရံ နာမည်မျိုးစုံတပ်ပြီးတော့လည်း ဆေးလုံးများစွာတွဲပြီး ရောင်းချတာမျိုးတွေလဲ ဈေးကွက်မှာတွေ့လာရပါတယ်။
အဲ့ဒီ စပ်ဆေးတွေဟာ ဘာတွေ ဒုက္ခပေးနိုင်သလဲ ………
(၁) စပ်ဆေးစပ်ပေးတဲ့သူဟာ ဆရာဝန်မဟုတ်တာကြောင့် လူနာကိုစမ်းသပ်စစ်ဆေးတာတွေ မလုပ်နိုင်ပါဘူး။
လုပ်ရင်လဲ မမှန်နိုင်ပါဘူး။ နောက်ပြီး ဆေးကုသခွင့်လိုင်စင်လဲမရှိတာမို့ ဒါဟာတရားမဝင်ပါဘူး။
ဒါကြောင့် လူနာမှာ ခံစားရတဲ့ရောဂါနဲ့ ဆေးနဲ့ တည့်မတည့်ကိုလဲ ဘယ်သူမှ တာဝန်မယူတဲ့အပြင် ဆိုးကျိုးဖြစ်လာရင်လဲ လူနာကပဲ ခံစားရမှာဖြစ်ပါတယ်။
(၂) Antibiotics (ပိုးသတ်ဆေးများ) ထည့်ပြီးစပ်လေ့ရှိတာမို့ အန္တရာယ် အရမ်းများပါတယ်။ ဘာလို့လဲဆိုတော့ ဆေးပတ်လည်အောင် မသောက်ရတဲ့အတွက် ဆေးယဉ်ပါးသွားပြီဖြစ်ပါတယ်။ နောက်တကြိမ် ဒီထက်ကြီးမားတဲ့ ရောဂါဖြစ်လာတဲ့အခါ ဒီပိုးသတ်ဆေးတွေမတိုးတော့တဲ့အတွက် သုံးစွဲစရာဆေးတွေ တဖြည်းဖြည်းနည်းလာပြီး ကိုယ့်အတွက်ပဲ ဒုက္ခများစေမှာဖြစ်ပါတယ်။
(၃) အကိုက်အခဲပျောက်ဆေးတွေ ထည့်စပ်တဲ့အခါ အစာအိမ်သွေးယိုခြင်း၊ သွေးဆိပ်တက်ခြင်းကအစ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
(၄) ကျောက်ကပ်ကိုလဲ ထိခိုက်စေပြီး ကျောက်ကပ်ပျက်စီးတာ ဖြစ်နိုင်ပါတယ်။
(၅) မလိုအပ်ဘဲ အရောင်ကျဆေးတွေ ထည့်စပ်လေ့ရှိတာမို့ Cushing Syndrome ဆိုတဲ့ နာတာရှည်ရောဂါ ဖြစ်စေပါမယ်။
(၆) တစ်ချို့သောရောဂါများမှာ ကာလကြာရှည်ထိ မပျောက်ပဲရှိနေတတ်သောကြောင့် မိမိကိုယ်ကို ထိခိုက်ရုံသာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေခြင်း (အထူးအားဖြင့် ကူးစက်ရောဂါများ) ဖြစ်နိုင်ပါတယ်။
(၇) ငွေကုန်ပြီး အရာမထင်ဖြစ်နိုင်တာမို့ ရောဂါများ တာရှည်မပျောက် အာနိသင်မဲ့ ဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့အသက်ကို ဘာနကန်းတလုံးမှ ရေရေလည်လည်နားမလည်တဲ့သူတွေ ပေးတဲ့ဆေးတွေဝယ်သောက်ပြီး အဆုံးရှုံးမံဖို့ အကြံပေးလိုက်ပါရစေ။
Dr. Aubrey Lai