fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆေးဘက်ဝင်ခရမ်းချဉ်သီး

110
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/10/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

၁၅ ရာစုတွင် ဥရောပရှိ ပီးရူးနိုင်ငံမှ ခရမ်းချဉ်သီးကို စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ အီတလီနာမည်အဖြစ်ပထမဆုံး ခရမ်းချဉ်သီးကို “ပိုမိုဒိုးရိုး” ဟုခေါ်တွင်ကြသည်။ ရွှေရောင်ပန်းသီးဟု အဓိပ္ပာယ်ရသည်။ အဘယ်ကြောင့်ဆိုသော် ခရမ်းချဉ်သီး၏ အရောင်ကိုကြည့်၍ ခေါ်ဆိုခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံမှ ဗြိတိန်သို့ ရောက်ရှိချိန်တွင် ၁၆ ရာစုမှစ၍ အင်္ဂလိပ်နာမည်ဟောင်းဖြစ်သော “အချစ်ပန်းသီး” ဟုခေါ်ကြလေသည်။ အဆိပ်သီးပင်နှင့် အလားတူသောကြောင့် မူလအစက ပန်းသီးကို အဆိပ်ရှိသည့် အသီးဟု ခေါ်ဆိုခဲ့ကြသည်။
ခရမ်းချဉ်သီး၏ ဂုဏ်သတ္တိ

အေးမြ၍ ငံသောအရသာ ရှိပြီးချိုမြ၏။
ခရမ်းချဉ်သီးတွင် ပါဝင်သော ဓာတ်ပစ္စည်းများ
ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီတူး၊ ဗီတာမင် ဘီစစ်၊ ဗီတာမင် ကေ၊ ဖောလစ်အက်စစ်၊ ဗိုက်တာမင်ဘီ ကွန်ပလက်စ်၊ မဲလစ်အက်စစ်၊ ခရိုမီယမ်ဓာတ်၊ စိထရစ်အက်စစ်၊ ကော့ပါး၊ ဘိုင်အိုဖလေဖန်နွိုက်၊ သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီလ်မ်၊ ဖော့စဖရတ်၊ မဂ္ဂနီစ်အပြင် အစာချေလုပ်ငန်းအား ထောက်ကူပေးသော သက်ရှိကလပ်စည်း အချို့မှ ထုတ်ပေးသည့် ဓါတ်ပြောင်းအကူ အင်ဇိုင်းတွင် ပါဝင်သော ဒြပ်စင်တစ်မျိုးဖြစ်သည်။ မိုဒလစ်ဒီနမ်ဓာတ်၊ ဗီတာမင်ကယ်ရိုတင်း၊ အဲလ်ဖါကယ်ရိုတင်း၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ ဂရိတ်ဖုသီး၊ ဖရဲသီးတိို့တွင် များစွာပါဝင်သော သစ်သီးများ၏ အရောင်ကို ဖြစ်ပေါ်စေသည်။ အင်န်တီအောက်ဆီဒင့် ဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ လိုက်ကိုပင်းဓာတ်တို့ ပါဝင်ပါသည်။
ခရမ်းချဉ်သီး၏ ဆေးဖက်ဝင် အာနိသင်နှင့် လုပ်ဆောင်ချက်

ခရမ်းချဉ်သီးတွင် ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များ လုံလောက်စွာ ပါဝင်သည်။ ၎င်းပြင် လိုင်ကိုပင်းဟုခေါ်သော အသက်ကယ်ပစ္စည်း ဖြစ်သည့် ဖီတိုနူထရီးယင့် ဓာတ်ပစ္စည်းတို့ ပါဝင်သည်။ ထို့ကြောင့် ခရမ်းချဉ်သီးသည် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များစွာကို ပေးစွမ်းနိုင်သည်။ ခရမ်းချဉ်သီးရည် တစ်ပုလင်းတွင် ပါဝင်သော သတ္တုဓာတ်သည် အားကစားသမားတစ်ယောက် တာဝေးပြေးရန်အတွက် လုံလောက်သော ခွန်အားကို ဖြည့်ဆည်းပေးနိုင်သည်။ ခရမ်းချဉ်သီးတွင် အာဟာရဓာတ်ပေါင်း ၁၀၀ ဂရမ်ပါရှိသည်။ ရုတင်းဓာတ် ပါဝင်သဖြင့် သွေးကြောမျှင်များအား အင်အားပြည့်ဝစေသည်။ လူတစ်ယောက်သည် တစ်ပတ်လျှင် ခရမ်းချဉ်သီး ၁၀ လုံးစားပေးခြင်းဖြင့် ဆီးကျိတ် ကင်ဆာရောဂါကို ၄၅ ရာခိုင်နှုန်း လျှော့ချပေးသည်။ ၎င်းတွင် ကယ်ရိုတင်းနှင့် လိုက်ကိုပင်းတို့ ပါဝင်သောကြောင့် အကျိတ်ရောဂါနှင့် နှလုံးရောဂါကို ၅၀ ရာခိုင်နှုန်း သက်သာစေသည်။ ခရမ်းချဉ်သီးသည် ကင်ဆာရောဂါကို ကာကွယ်တားဆီးပေးပါသည်။ ရောင်ရမ်းခြင်းကို ဟန့်တားလျော့ပါးစေနိုင်သည်။ နှလုံးရောဂါ မဖြစ်ပွားရန် ကာကွယ်ပေးနိုင်သည်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေး၍ အရွယ်တင်နုပျိုစေနိုင်သော အာနိသင်ရှိသည်။ အသားအရေကို စိုပြေဝင်းဝါစေသည်။

ခရမ်းချဉ်သီးဖျော်ရည် အသုံးပြုပုံ

ထမင်းမစားမီ ခရမ်းချဉ်သီး ဖျော်ရည်တစ်ခွက် သောက်သုံးခြင်းဖြင့် ခံတွင်းအရသာကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပြီး အစာချေမှုကိုလည်း အားပေးသည်။ အထူးသဖြင့် ပန်ကရိယကိုလည်း လှုံ့ဆော်ပေးသည်။ အဖျားရောဂါများအတွက် ခရမ်းချဉ်သီးဖျော်ရည်သည် ဆေးဖက်ဝင် စံပြဖျော်ရည်ဖြစ်သည်။ နလန်ထ လူနာများအတွက် အကောင်းဆုံး ဆေးဖက်ဝင် သစ်သီးဖျော်ရည်သည် ဝက်ခြံအတွက် ထိရောက်သော လိမ်းဆေးဖြစ်ပါသည်။ ခရမ်းချဉ်သီး ဖျော်ရည်တစ်ခွက်သည် မိမိအတွက် လိုအပ်သော ရေဓာတ်နှင့် ဆိုဒီယမ်ဓာတ်ကို အပြည့်အ၀ ပြန်လည်ဖြည့်တင်းပေးနိုင်သဖြင့့် ကျန်းမာရေးအတွက် များစွာအကျိုးရှိပါသည်။ ခရမ်းချဉ်သီးဖျော်ရည်တွင် သတ္တုဓာတ်များ များစွာပါဝင်သည့်အတွက် အလုပ်လုပ်ပြီး နွမ်းနယ်သွားသောအချိန်တွင် အဓိက သောက်သင့်သော အထိရောက်ဆုံးနှင့် အကောင်းမွန်ဆုံးသော ဆေးဖက်ဝင်ဖျော်ရည်ဖြစ်သည်။ ရေသောက်နည်းသူများ ရေ တစ်နေ့ ၈ ဖန်ခွက် မသောက်ဖြစ်သူများအတွက် ရေအစားသောက်သင့်သည့် ကျန်းမာ၍ အသက်ရှည်စေနိုင်သော ဆေးဖက်ဝင်ဖျော်ရည်လည်းဖြစ်သည်။ ဖျော်ရည် ၃ ခွက်ကို တစ်နေ့တည်း သောက်ခြင်းဖြင့် အဖျားရောဂါ အခြေအနေတွင် အဓိက လျော့နည်းနေသော အင်အားများကို ပြန်လည်အားဖြည့်ပေးနိုင်ပါသည်။ ထမင်းမစားမီ ခရမ်းချဉ်သီးဖျော်ရည် သောက်သုံးခြင်းဖြင့် အစာချေမှုကို အားပေးသည်။

လတ်ဆတ်သော အသီးအသုံးပြုပုံ 

လတ်ဆတ်သော ခရမ်းချဉ်သီးသည် အဆိပ်ပြင်း၍ ချဉ်သောဓာတ်ကင်းမဲ့သည့် အသီးဖြစ်သည်။ ယူရစ်အက်စစ်နှင့် အဆိပ်များကို ရှင်းလင်းပေးပါသည်။ မိုက်ခရို ဘတ်တီးရီးယားများကို သေစေနိုင်သည်။ ဆီးရွှင်စေနိုင်သည်။ နူးညံ့သော ဝမ်းပျော့ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ အစာချေ လှုံ့ဆော်မှုကို ပြုလုပ်ပေးနိုင်သည်။ သွေးထဲရှိ အက်စစ်ဓာတ်ကို လျှော့ချပေးသည်။

ခရမ်းချဉ်သီးကို ချက်ပြုတ်၍ အသုံးပြုပုံ

ခရမ်းချဉ်သီးကို ဆော့စ်အဖြစ် နေ့စဉ် စားသုံးနိုင်သလို ချက်၍ဖြစ်စေ၊ ပေါင်း၍ဖြစ်စေ စားသုံးခြင်းဖြင့် ဆီးကျိတ်ကင်ဆာနှင့် နှလုံးရောဂါအတွက် ကောင်းမွန်စေပါသည်။ အသီးကို ချက်ပြုတ်၍ စားသုံးခြင်းဖြင့် လိုက်ကိုပင်းဓာတ်ကို ရရှိစေပြီး ခရမ်းချဉ်သီးတွင် အဓိကပါဝင်သော ကယ်ရိုတင်းဓာတ်ကို လွယ်ကူစွာ ရရှိနိုင်ပါသည်။

ခရမ်းချဉ်သီးကို လိမ်းဆေးအဖြစ် အသုံးပြုပုံ

100 ml ( မီလီမီတာ) ရှိ ခရမ်းချဉ်သီး ဖျော်ရည်၊ ဗောလ်ကာအရက် 50 ml ( မီလီမီတာ ) သို့မဟုတ် အခြားပြင်းသော အရက်တစ်ခုခုနှင့် ရော၍ ကောင်းစွာမွှေပြီး ဝက်ခြံများကို လိမ်းပေးခြင်းဖြင့် ကာကွယ်ကုသ နိုင်သည်။

ဒေါက်တာစိုးမြင့်အောင် Health Care Journal (Vol-7, No-26)

Previous Post

ဆန္ဒလျော့နည်းသည့် လက္ခဏာစု

Next Post

ဝိတ်မခြင်း၏ အကျိုးကျေးဇူးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
599

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝိတ်မခြင်း၏ အကျိုးကျေးဇူးများ

ဝဲကျော်ဘဝက လွတ်မြောက်အောင်

စီးကရက်မသောက်ရနယ်မြေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.