fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

861
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/01/2019
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

ပျားရည်ဆိုတာဟာ ပျားလုပ်သားတွေ စုပ်ယူစုဆောင်းတဲ့ပန်းဝတ်ရည်တွေကနေဖြစ်လာတာပါ။

ဝတ်ရည်စုပ်တဲ့လုပ်သားပျားတွေဟာ ပန်းပွင့်အမျိုးမျိုးကနေ ပန်းဝတ်ရည်တွေကို လိုက်လံစုပ်ယူပါတယ်။

ပျားအုံဆီရောက်တဲ့အခါမှာ ပန်းဝတ်ရည်စုပ်လာတဲ့ လုပ်သားပျားတွေဟာ သူတို့ စုပ်ယူရရှိတဲ့ပန်းဝတ်ရည်တွေကို ပျားအုံမှာစောင့်နေတဲ့ တခြားလုပ်သားပျားတွေရဲ့ပါးစပ်ထဲကိုအန်ထုတ်ပါတယ်။

ထိုပျားအုံစောင့်လုပ်သားပျားတွေဟာ သူတို့ ဗိုက်ထဲမှာရှိတဲ့အင်ဇိုင်းတွေနဲ့ပန်းဝတ်ရည်တွေကို ရောသွားအောင်လုပ်ပြီးနောက်မှာ ပျားအုံမှာရှိတဲ့ပျားသလက်အကန့်လေးတွေထဲကို ပြန်အန်ထုတ်ပါတယ်။

ထိုပျားသလက်အကန့်လေးတွေထဲကို ပျားအုံစောင့်လုပ်သားပျားတွေ သူတို့ရဲ့အစာခြေအင်ဇိုင်းတွေနဲ့ရောပြီး အန်ထုတ်လိုက်တဲ့ပျားရည်ဟာ ရေဓါတ်အများကြီးပါနေသေးတဲ့အတွက် ကျွန်တော်တို့ အခုမြင်တွေ့နေရတဲ့ပျားရည်လို မပျစ်သေးပါဘူး။

ထိုပါနေသေးတဲ့ရေဓါတ်ကိုဖယ်ထုတ်ဖို့ရန်အတွက် လုပ်သားပျားတွေဟာ သူတို့ရဲ့အတောင်ပံတွေကိုခတ်ကာပျားသလက်အကန့်လေးတွေနားမှာပျံ့သန်းကြရပါတယ်။

အဲ့လိုနဲ့ရေဓါတ်တွေကိုဖယ်ထုတ်ပြီးလို့ ပျားရည်ရတဲ့အခါမှာတော့ လုပ်သားပျားတွေဟာ ပျားရည်အစိုပြန်ခြင်း၊အချဉ်ပေါက်ခြင်းမဖြစ်ရန်နဲ့ပြင်ပပိုးမွှားတွေမဝင်နိုင်စေရန်အတွက်ပျားရည်ရှိတဲ့ပျားသလက်အကန့်လေးတွေကို ဖယောင်းကဲ့သို့ပစ္စည်းလေးတွေထုတ်ပြီးလိုက်ဖုံးပါတယ်။

ပျားရည်ရဖို့ဆိုရင် ပျားဖွတ်တဲ့သူတွေဟာ ပျားအုံရဲ့ပျားသလက်လေးတွေထဲမှာ ပျားရည်ပြည့်တဲ့အချိန်ကိုမှန်းပြီး ပျားဖွတ်ရပါတယ်။

ပျားဖွတ်တယ်ဆိုတာဟာ သစ်ပင်တွေမှာသူ့ဘဘာဝအတိုင်းစွဲနေတဲ့ပျားအုံကို မီးခိုးမှိုင်းတိုက်ပြီး ပျားအုံမှာရှိတဲ့ပျားတွေကိုထွက်ပြေးအောင်လုပ်ကာ ကျန်တဲ့ပျားအုံ(ပျားလပို့)က ပျားသလက်တွေကို အရည်ညှစ်ပြီး ပျားရည်ယူတာပါ။


ပျားဖွတ်တာက အန္တရာယ်များပြီး အကုသိုလ်လည်းများပါတယ်။

အခုခေတ်မှာတော့ ပျားမွေးမြူရေးလုပ်ငန်းတွေလည်းပေါ်လာတဲ့အတွက် မွေးမြူရေးပျားရည်တွေလည်းရနိုင်ပါပြီ။

ပျားရည်ကို အရင်ရှေးခေတ်ကတည်းက အစားအစာဖြစ်သော်လည်းကောင်း ဆေးဝါးအဖြစ်သော်လည်းကောင်း အသုံးပြုခဲ့ကြပါတယ်။ခုနောက်ပိုင်းသုတေသနတွေအရလည်း ပျားရည်ဟာ အာဟာရဓါတ်တွေစုံလင်ပြီး ကျန်းမာရေးအတွက်အထောက်အကူပြုကြောင်းသိရပါတယ်။

ပျားရည်ရဲ့ သိသလောက် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ကင်ဆာရောဂါနဲ့နှလုံးရောဂါတွေဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေခြင်း

ပျားရည်မှာ အင်တီအောက်ဆီးဒန့်ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ Flavonoids ပါဝင်တာကြောင့် ကင်ဆာရောဂါနဲ့နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

၂။သွေးသွင်းသကြားဓါတ်ပမာဏာကိုထိန်းညှိပေးနိုင်ခြင်း

ပျားရည်မှာ Glucose နဲ့ Fructose သကြားဓါတ်နှစ်မျိုးပါဝင်တာကြောင့် သွေးသွင်းသကြားဓါတ်ပမာဏာ တက်ခြင်း ကျခြင်းမဖြစ်အောင်ထိန်းညှိပေးနိုင်ပါတယ်။

၃။ကိုယ်အလေးချိန်ကိုထိန်းညှိပေးခြင်း

ပျားရည်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီဓါတ်ဖြစ်တဲ့ ကိုလက်စထရောဓါတ်ကိုကျစေနိုင်တာကြောင့် ကိုယ်အလေးချိန်များနေသူများအနေနဲ့ ပျားရည်ပုံမှန်စားသုံးရင် ရေရှည်မှာ အနေတော်ကိုယ်အလေးချိန်ဖြစ်လာနိုင်ပါတယ်။

၄။အစာခြေစနစ်နဲ့အူလမ်းကြောင်းကိုကောင်းမွန်စေခြင်း

ပျားရည်ဟာ စားချင့်ပြန်တာ(အစာခြေရည်တွေအထက်ဆန်တာ)၊ရင်ပူတာ၊အစာအိမ်ရောင်တာတွေကိုသက်သာစေပါတယ်။

ဒါ့အပြင် ပျားရည်မှာ အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယား(Lactobacilli)တွေပါဝင်တဲ့အတွက်ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။

၅။အအေးမိ၊ချောင်းဆိုးဝေဒနာများကိုသက်သာစေခြင်း

Penn State College ကနေ ပြုလုပ်တဲ့သုတေသနအရ ချောင်းဆိုးနေတဲ့သူကို ညအိပ်ခါနီးပျားရည်တဇွန်းတိုက်ခြင်းဖြင့် ညဘက်အိပ်မရအောင် ချောင်းဆိုးခြင်းကိုသက်သာစေနိုင်ပြီး အာသီးရောင်တာ လည်ချောင်းနာတာတွေကိုသက်သာစေနိုင်တယ်လို့သိရပါတယ်။

၆။အသားအရေကိုဝင်းပစိုပြေစေခြင်း

ပျားရည်ဟာ အရေပြားပေါ်က ဝက်ခြံ၊တင်းတိပ်၊အမဲစက်တွေကိုပျောက်ကင်းသက်သာစေပြီး အသားအရေကို ဝင်းပစိုပြေစေနိုင်ပါတယ်။ပျားရည်ကိုစားသုံးတာအပြင် သံလွင်ဆီ သို့မဟုတ် အုန်းဆီတို့နဲ့ရောပြီး အရေပြားပေါ်ကိုလိမ်းပေးနိုင်ပါတယ်။

၇။အနာကျက်မြန်စေခြင်း

ပျားရည်မှာဘက်တီးရီးယားပိုးမွှားတွေ၊မှိုပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိရှိတဲ့အတွက် အရေပြားမှာအနာဖြစ်ပါက ပျားရည်လိမ်းပေးခြင်းဖြင့် ပိုးဝင်ရောက်နိုင်ခြေနည်းပြီး အနာကျက်မြန်စေနိုင်ပါတယ်။

ဒါတွေကတော့ သိသလောက်ပျားရည်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေပါ။

တခုသတိထားရမှာကတော့ တနှစ်အောက်ကလေးတွေကိုတော့ ပျားရည်လုံးဝမတိုက်သင့်ပါ။

ဘာဖြစ်လို့လဲဆိုတော့ ပျားရည်ထဲမှာ တခါတရံ အကြောင်းအမျိုးမျိုးကြောင့် Clostridium botulinum လို့ခေါ်တဲ့ အဆိပ်ထုတ်နိုင်တဲ့ ဘက်တီးရီးယားတမျိုးရဲ့မျိုးဥများပါလာတတ်လို့ပါ။

ထိုမျိုးဥတွေက တနှစ်အထက်နဲ့လူကြီးတွေမှာဆိုရင် အစာအိမ်အက်စစ်နဲ့ထိပြီးပျက်စီးသွားနိုင်ပါတယ်။

သို့သော် တနှစ်အောက်ကလေးတွေမှာတော့ သူတို့ရဲ့အစာအိမ်အက်စစ်ပမာဏက နည်းသေးတဲ့အတွက် ဘက်တီးရီးယားမျိုးဥတွေက မပျက်စီးဘဲ အူလမ်းကြောင်းမှာအကောင်ပေါက်လာပါတယ်။

အဲ့အခါမှာ ပေါက်လာတဲ့ဘက်တီးရီးယားအကောင်တွေက အဆိပ်ထုတ်တဲ့အတွက် ကလေးငယ်ဟာကြွက်သားတွေအားနည်းလာပြီး နို့မစို့နိုင်တာ၊အသက်ရှုကြပ်လာတာ တွေဖြစ်လာကာ အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။အချိန်မှီဆေးရုံတက်ကုသမှုမခံယူပါက အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။

ဒါကြောင့်တနှစ်အောက်ကလေးတွေဆိုရင်ပျားရည်မတိုက်တာအကောင်းဆုံးပါ။

Dr သီတာနွယ်(အမရပူရ)

Previous Post

ကလေးမွေးပြီးရင် အချင်းသွေးနဲ့တစ်ရှုး သိမ်းတဲ့အလေ့အထ ဘာလို့ခေတ်စားလာတာလဲ

Next Post

ခုထိကလေးမရနိုင်သေးခြင်းရဲ့   အမှား (၇) ခု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခုထိကလေးမရနိုင်သေးခြင်းရဲ့   အမှား (၇) ခု

အမေရောကလေးပါ အသက်အန္တရာယ်ရှိနိုင်တဲ့ ရေမွှာရေပိုးဝင်ခြင်း

အဆုတ်ကင်ဆာရဲ့    မသိမသာ လက္ခဏာ (၉)ခု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.