ခြေဆီထွက်တာကို ဇီဝကတို့ အနောက်တိုင်းဆေးပညာ အရတော့
Bromohidrosis ဘရိုမို ဟိုက်ဒြိုဆစ် လို့ခေါ်ပါတယ် ။တစ်နည်းအားဖြင့် ချွေးထွက်
လွန်တဲ့ ခြေထောက်အခြေအနေတစ်ခုပေါ့ ။
ခြေထောက်မှာ ချွေးဂလင်းလေးတွေဟာ ၂သိန်းခွဲလောက်ရှိပါတယ် ။
ထွက်ထွက်ချင်း ချွေးလေးတွေဟာ အနံ့အသက် မရှိတတ်ပါဘူး ။ဒါပေမယ့် ခြေ
ထောက်ရဲ့ အရေပြားမှာရှိတဲ့ ဘက်တီးရီးယား ပိုးလေးတွေကြောင့် ပုပ်အက်အက်
အနံ့ထွက်လာပါတယ် ။
ဘယ်သူတွေမှာပိုဖြစ်လဲ ။
-မျိုးရိုးရှိသူတွေ
-သူများထက် ချွေးအထွက်လွန်တတ်သူတွေ
-အနံ့ပြင်းတဲ့ အစားအသောက်(ကြက်သွန်ဖြူ ၊တညင်းသီး စသဖြင့်) စားသူတွေ
-အပူအစပ် အစားများသူတွေ
-တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းသူတွေ
-ခြေအိတ် ၊ရှူးဖိနပ် အစီးများသူတွေ မှာ ပိုဖြစ်နိုင်ပါတယ် ။
ဘယ်လို ကုသလို့ ရမလဲ ။အဓိက ၂ ချက်ကတော့
-အရေပြားမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေ နည်းနိုင်သမျှ နည်းအောင် နေထိုင်ရပါ့
မယ် ။တစ်ကိုယ်ရေသန့်ရှင်းဖို့ လိုပါတယ် ။အနည်းဆုံးတစ်နေ့ ၂ကြိမ်ခြေထောက်
ကို သန့်ရှင်းစွာ ဆေးကြောပါ။
-ခြေထောက်ကို ခြောက်သွေ့စွာထားပါ ။အဘယ်ကြောင့်ဆိုသော် ဘက်တီးရီးယား
ပိုးတွေသည် စိုထိုင်းသော နေရာကို ပိုကြိုက်နှစ်သက်လို့ပါ ။
-စိုထိုင်းနေသော ခြေအိတ် များကို အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း ချွတ်ပါ ။
အမြဲ သန့်ရှင်းနေအောင် လျှော်ဖွပ်ပြီးမှ သုံးပါ ။
-အနံ့အသက်ကင်းစေသော Deodorants ပါဝင်သော လိမ်းဆေးတွေ လိမ်းလို့
ရပါတယ် ။
-အပူအစပ်နဲ့ အနံ့အသက်ပြင်းတဲ့ အစားအသောက်များ လျှော့စားပါ ။
Author: ခေတ်သစ် ဇီဝက