(Zawgyi)
ဇီဝကတို႔တေတြ မိမိတို႔ ခ်စ္သူခင္သူ ဇနီးသားမယားတို႔ႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဘဝခရီးဆက္ခ်င္ၾကပါတယ္ ။ဒါေပမယ့္ တစ္ခါတစ္ရံ မိမိတို႔မေမွ်ာ္လင့္ထားတဲ့ အေျခအေနေတြ ႀကဳံရတတ္ပါတယ္ ။ အဲ့သည္အခ်ိန္ေတြမွာ မႀကံသင့္မႀကံအပ္တာေတြ လုပ္မိတတ္ၾကပါတယ္ ။အဲ့သည္လိုမျဖစ္ေအာင္ မိမိတို႔ ဘယ္လိုႀကိဳတင္ ကာကြယ္လို႔ ရမလဲဆိုတာ ဇီဝက ေျပာျပပါ့မယ္ ။
ရက္ေရွာင္နည္း ဆိုတာ ဘာလဲ ဆိုရင္ျဖင့္ ပဋိသေႏၶတည္ႏိုင္ေသာရက္ေတြကို ေရွာင္တာေပါ့ ။ဒါဆိုရင္ ပဋိသေႏၶက အမ်ိဳးသမီးေတြမွာ ဘယ္အခ်ိန္ေတြတည္ႏိုင္လဲလို႔ ေမးခ်င္ၾကမွာေပါ့ ။အဓိက ကေတာ့ မမ်ိဳးဥေႂကြႏိုင္တဲ့အခ်ိန္ေတြမွာပါ ။ဥပမာ-ရက္ ၃၀တစ္ခါ ရာသီလာတဲ့ အမ်ိဳးသမီးေတြဆို ရာသီမလာမီ၁၂ရက္မွ ၁၄ရက္ အတြင္း မမ်ိဳးဥေႂကြတတ္တယ္ ။ၿပီးေတာ့ မမ်ိဳးဥေႂကြၿပီး အသက္ရွင္ ေနႏိုင္ေသာ ၁ ရက္ပါ ထည့္တြက္ရမယ္ ။ေနာက္တစ္ခ်က္က အမ်ိဳးသား၏သုက္ေကာင္သည္ ေယာက်ာၤးေလး၏ ခႏၶာကိုယ္ျပင္ပတြင္ ၃ ရက္မွ် အသက္ရွင္ေနႏိုင္တာကိုပါ ထည့္စဥ္းစားရပါတယ္ ။
ထို႔ေၾကာင့္ ရက္ ၃၀ ရာသီတစ္ခါလာေသာ အမ်ိဳးသမီးမ်ား အဖို႔ရာသီစလာၿပီး ၁၂ရက္ေန႔ႏွင့္ ၂၁ ရက္ေန႔ၾကား အတူေနက ကိုယ္ဝန္ရႏိုင္တယ္ ။ဒီရက္ေတြကို ေရွာင္ရပါ့မယ္ ။၁၂ရက္ေန႔ မတိုင္မီ ႏွင့္ ၂၁ရက္ေန႔ႏွင့္ေနာက္ပိုင္းဆိုစိတ္ခ်ရပါတယ္ ။
ပဋိသေႏၶရႏိုင္ေသာ ရက္မ်ားႏွင့္ စိတ္ခ်ရေသာရက္မ်ားကို အလြယ္တြက္နည္း ေျပာျပပါ့မယ္ ။၂၈ ရက္တစ္ခါရာသီလာေသာ အမ်ိဳးသမီးေတြ ဆိုရင္ရာသီလာၿပီး ပထမပိုင္းစိတ္ခ်ရေသာရက္ေတြကို တြက္ခ်င္က ၂၈ရက္ထဲက ၁၉ရက္ကို ႏႈတ္ပါ။ (၂၈-၁၉ = ၉) ၉ရက္ ရပါ့မယ္။ ဒါသည္ ရာသီလာၿပီး ၉ရက္ထိ စိတ္ခ်ရပါတယ္။ကိုယ္ဝန္မရႏိုင္ဘူးေပါ့ ။ရာသီလာၿပီး ဒုတိယပိုင္း စိတ္ခ်ရေသာရက္ေတြကိုတြက္ခ်င္က၂၈ ရက္ထဲက ၁၁ ကိုႏႈတ္ ၊ၿပီးေတာ့ ၃ေပါင္းပါ ။((၂၈-၁၁)+၃ =၂၀ ) ၂၀ရက္ ရပါတယ္ ။ရာသီလာၿပီး ၂၀ရက္မွစၿပီးေနာက္ပိုင္းရက္ေတြမွာ အတူေနက ကိုယ္ဝန္မရႏိုင္ပါ ။ေအာက္မွာ စာဖတ္သူတို႔အလြယ္ၾကည့္လို႔ရေအာင္ ဇယားနဲ႔ ေဖာ္ျပေပးထားပါတယ္။
သတိေပးခ်င္တာကေတာ့ ကေတာ့ ရက္ေရွာင္နည္းဟာခန႔္မွန္းေျခတြက္နည္းျဖစ္ပါတယ္ ။အမ်ိဳးသမီးေတြ ရာသီမွန္ ရက္မွန္လာဖို႔ လိုပါတယ္ ။ဒီနည္းသည္ ရာသီမမွန္တဲ့သူေတြ ၊ကေလးေမြးၿပီးစ အမ်ိဳးသမီးေတြမွာ မမွန္ႏိုင္ပါ ။ကေလးေမြးၿပီးစ အမ်ိဳးသမီးေတြသည္ မိခင္ႏို႔ခ်ိဳကို ကေလးကိုတိုက္ေကြၽးက၄-၆လထိ သားဥမေႂကြဘဲ ရွိတတ္တယ္ ။ဒါေပမယ့္ သားဥေႂကြ မေႂကြကို ရာသီေပၚမွ သိတတ္တာမို႔ ၾကားထဲတြင္ ကိုယ္ဝန္ဆက္ရွိက ဒီနည္းသည္ မမွန္ေတာ့ေပ ။ထပ္မံ သတိေပးခ်င္တာကေတာ့ ဒီနည္းသည္ လုံး၀ စိတ္ခ်ရေသာ နည္းမဟုတ္ပါ ။အထက္ပါ အခ်က္မ်ားအေပၚမူတည္ေနပါတယ္ ။အေကာင္းဆုံးက တျခား ပိုစိတ္ခ်ရတဲ့ နည္းလမ္းေတြကို သုံးပါ ။
ဆက္ပါဦးမည္……………………
Author: ေခတ္သစ္ ဇီဝက
(Unicode)
ဇီဝကတို့တတွေ မိမိတို့ ချစ်သူခင်သူ ဇနီးသားမယားတို့နှင့် ပျော်ပျော်ရွှင်ရွှင် ဘဝခရီးဆက်ချင်ကြပါတယ် ။ဒါပေမယ့် တစ်ခါတစ်ရံ မိမိတို့မမျှော်လင့်ထားတဲ့ အခြေအနေတွေ ကြုံရတတ်ပါတယ် ။ အဲ့သည်အချိန်တွေမှာ မကြံသင့်မကြံအပ်တာတွေ လုပ်မိတတ်ကြပါတယ် ။အဲ့သည်လိုမဖြစ်အောင် မိမိတို့ ဘယ်လိုကြိုတင် ကာကွယ်လို့ ရမလဲဆိုတာ ဇီဝက ပြောပြပါ့မယ် ။
ရက်ရှောင်နည်း ဆိုတာ ဘာလဲ ဆိုရင်ဖြင့် ပဋိသန္ဓေတည်နိုင်သောရက်တွေကို ရှောင်တာပေါ့ ။ဒါဆိုရင် ပဋိသန္ဓေက အမျိုးသမီးတွေမှာ ဘယ်အချိန်တွေတည်နိုင်လဲလို့ မေးချင်ကြမှာပေါ့ ။အဓိက ကတော့ မမျိုးဥကြွေနိုင်တဲ့အချိန်တွေမှာပါ ။ဥပမာ-ရက် ၃၀တစ်ခါ ရာသီလာတဲ့ အမျိုးသမီးတွေဆို ရာသီမလာမီ၁၂ရက်မှ ၁၄ရက် အတွင်း မမျိုးဥကြွေတတ်တယ် ။ပြီးတော့ မမျိုးဥကြွေပြီး အသက်ရှင် နေနိုင်သော ၁ ရက်ပါ ထည့်တွက်ရမယ် ။နောက်တစ်ချက်က အမျိုးသား၏သုက်ကောင်သည် ယောကျာၤးလေး၏ ခန္ဓာကိုယ်ပြင်ပတွင် ၃ ရက်မျှ အသက်ရှင်နေနိုင်တာကိုပါ ထည့်စဉ်းစားရပါတယ် ။
ထို့ကြောင့် ရက် ၃၀ ရာသီတစ်ခါလာသော အမျိုးသမီးများ အဖို့ရာသီစလာပြီး ၁၂ရက်နေ့နှင့် ၂၁ ရက်နေ့ကြား အတူနေက ကိုယ်ဝန်ရနိုင်တယ် ။ဒီရက်တွေကို ရှောင်ရပါ့မယ် ။၁၂ရက်နေ့ မတိုင်မီ နှင့် ၂၁ရက်နေ့နှင့်နောက်ပိုင်းဆိုစိတ်ချရပါတယ် ။
ပဋိသန္ဓေရနိုင်သော ရက်များနှင့် စိတ်ချရသောရက်များကို အလွယ်တွက်နည်း ပြောပြပါ့မယ် ။၂၈ ရက်တစ်ခါရာသီလာသော အမျိုးသမီးတွေ ဆိုရင်ရာသီလာပြီး ပထမပိုင်းစိတ်ချရသောရက်တွေကို တွက်ချင်က ၂၈ရက်ထဲက ၁၉ရက်ကို နှုတ်ပါ။ (၂၈-၁၉ = ၉) ၉ရက် ရပါ့မယ်။ ဒါသည် ရာသီလာပြီး ၉ရက်ထိ စိတ်ချရပါတယ်။ကိုယ်ဝန်မရနိုင်ဘူးပေါ့ ။ရာသီလာပြီး ဒုတိယပိုင်း စိတ်ချရသောရက်တွေကိုတွက်ချင်က၂၈ ရက်ထဲက ၁၁ ကိုနှုတ် ၊ပြီးတော့ ၃ပေါင်းပါ ။((၂၈-၁၁)+၃ =၂၀ ) ၂၀ရက် ရပါတယ် ။ရာသီလာပြီး ၂၀ရက်မှစပြီးနောက်ပိုင်းရက်တွေမှာ အတူနေက ကိုယ်ဝန်မရနိုင်ပါ ။အောက်မှာ စာဖတ်သူတို့အလွယ်ကြည့်လို့ရအောင် ဇယားနဲ့ ဖော်ပြပေးထားပါတယ်။
သတိပေးချင်တာကတော့ ကတော့ ရက်ရှောင်နည်းဟာခန့်မှန်းခြေတွက်နည်းဖြစ်ပါတယ် ။အမျိုးသမီးတွေ ရာသီမှန် ရက်မှန်လာဖို့ လိုပါတယ် ။ဒီနည်းသည် ရာသီမမှန်တဲ့သူတွေ ၊ကလေးမွေးပြီးစ အမျိုးသမီးတွေမှာ မမှန်နိုင်ပါ ။ကလေးမွေးပြီးစ အမျိုးသမီးတွေသည် မိခင်နို့ချိုကို ကလေးကိုတိုက်ကျွေးက၄-၆လထိ သားဥမကြွေဘဲ ရှိတတ်တယ် ။ဒါပေမယ့် သားဥကြွေ မကြွေကို ရာသီပေါ်မှ သိတတ်တာမို့ ကြားထဲတွင် ကိုယ်ဝန်ဆက်ရှိက ဒီနည်းသည် မမှန်တော့ပေ ။ထပ်မံ သတိပေးချင်တာကတော့ ဒီနည်းသည် လုံး၀ စိတ်ချရသော နည်းမဟုတ်ပါ ။အထက်ပါ အချက်များအပေါ်မူတည်နေပါတယ် ။အကောင်းဆုံးက တခြား ပိုစိတ်ချရတဲ့ နည်းလမ်းတွေကို သုံးပါ ။
ဆက်ပါဦးမည်……………………
Author: ခေတ်သစ် ဇီဝက