ရှေးဆိုရိုးစကားတစ်ခုဖြစ်သည့် သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေးဖြစ်စေနိုင်သော စကားနှင့်ပတ်သက်ပြီး လူ့လောကတွင်ရှင်သန်ရပ်တည်မှုတိုင်းတွင် ထိုစကား၏အဓိပ္ပါယ်သက်ရောက်မှုရှိနေသည်ကို တင်ပြလိုခြင်းပင် ဖြစ်ပါသည်။ လူ့ဘဝထဲတွင် အသက်ရှင်သန်ရပ်တည်ရာ၌ မည်သည့်အကြောင်းအရာမဆို စဉ်းစားချင့်ချိန်ပြီးမှ အသုံးပြုသင့်သည်ကိုလည်း သိရှိထားသင့်ပါသည်။ အစားအစာနှင့်ပတ်သက်၍သော်၎င်း၊ ဆေးဝါးနှင့်ပတ်သက် ၍သော်၎င်း၊ နည်းပညာပိုင်းဆိုင်ရာနှင့် ပတ်သက်၍၎င်း လမ်းကြောင်းအချင်းအရာမျိုးစုံရှိနေရာ အရာရာကိုသတိ နှင့်ယှဉ်ပြီး အသုံးချမှသာလျှင် မိမ၏အကျိုးဖြစ်ထွန်းမှုရှိမည်ဖြစ်ပြီး လွဲမှားစွာအသုံးပြုမိပါက ဘေးအန္တရာယ်ရှိ ကြောင်းကိုလည်းဖော်ပြလိုပါသည်။ အစာလည်းဆေး၊ ဆေးလဲအစာဖြစ်ဆိုပြီး တနင့်တပိုးစားမိပါကလည်း ဥပါဒ် ရောက်တတ်သလို ဆေးဝါးများဆိုင်ရာအသုံးချရာ၌လည်း လိုသည်ထက်ပိုပြီး သုံးစွဲမိပါကအသက်အန္တရာယ်ရှိ လာနိုင်သည်ကိုလည်း သိမှတ်ထားပြီးတိကျစွာ လိုက်နာကျင့်သုံးသင့်ပါသည်။ ထို့နည်းတူ HIV ရှိသူများ၏ အ သက်ကိုကယ်တင်နေသည့် ဆေးဝါးအမျိုးမျိုးရှိရာ မိမိနှင့်သင့်တော်မည့်ထိုဆေးများကို ဆရာဝန်မှဓာတ်ခွဲစမ်း သပ်မှုအမျိုးမျိုးပြုလုပ်ပြီးမှသာ တိုက်ကျွေးခြင်းပင်ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် မိသားစုများ၏ပြဿနာများ ကြောင့်၎င်း၊ အိမ်ထောင်ရေးပဋိပက္ခများကြောင့်၎င်း ထိုပြဿနာများကိုဖြေရှင်းရာတွင် မိမိတို့သောက်ရမည့် ဆေးအရေအတွက်ကို ပိုမိုသောက်သုံးလိုက်ခြင်းများ၊ လုံးဝမသောက်ခြင်းများပြုလုပ်ပြီး ဖြေရှင်းတတ်ကြရာ ဘေးဖြစ်လာနိုင်ပါသည်။
အချို့သည်လည်း အိပ်ဆေးများ၊ ဘာမီတွန်ဆေးများကို အလွန်အကျွံသောက်ပြီးအိပ်ပျော်အောင် ဖြေရှင်းတတ် ကြသဖြင့် မိမိအတွက်အန္တရာယ်သာကျရောက်လာနိုင်ပါသည်။ အချို့သည်လည်း မိမိတို့၏ကျန်းမာရေးကောင်း နေသားပဲဟု လက်ခံထားပြီးကြိုက်နှစ်သက်ရာ အစားအစာများကိုပိုမိုလွန်ကဲစွာ စားသောက်ခြင်းသည်လည်းမိမိ တို့၏ ကျန်းမာရေးအခြေအနေနှင့် မကိုက်ညီသည့်အစားအသောက်တို့ကို စားပြီးလျှင်ဆေးသောက်လိုက်သည် လည်းရတာပဲဟု အလွယ်တကူဆုံးဖြတ်ချက်ချရာ စားသောက်တတ်ကြရာရောဂါပြင်းထန်စေရန် တွန်းပို့နေ သည်ကိုသတိမမူဘဲရှိတတ်ကြပါသည်။ အချို့သည်လည်း ကျန်းမာရေးအတွက်ဆိုပြီး လေ့ကျင့်ခန်းမျိုးစုံပြုလုပ် တတ်ကြရာ မိမိပြုလုပ်နိုင်သည်ဆိုပြီး လိုအပ်သည်ထက်ပိုမိုကာ ပြင်းထန်စွာပြုလုပ်တတ်ကြသဖြင့် ကျန်းမာရေး အတွက်အထောက်အကူဖြစ်မလာပါ။ ကျန်းမာရေးထိခိုက်မှုများသာဖြစ်တတ်ပါသည်။ မိမိတို့၏အသက်အရွယ် နှင့်ကျန်းမာရေးထိခိုက်မှုများသာ ဖြစ်လာတတ်ပါသည်။ မိမိ၏အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေများ ကိုစောင့်ရှောက်မှုပြုလုပ်ရာတွင် ဝန်ပိလာမည့် အကြောင်းအရင်းများကိုစဉ်းစားချင့်ချိန်ပြီး ရှောင်လွဲသင့်သည် များကိုရှောင်လွဲသင့်ပါသည်။ သို့မဟုတ်ပါက ပေါ့စေလို၍ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်ကြောင့်ပိုမိုလေးလံမှု ကိုကြုံတွေ့ရတတ်ပါသည်။ မသုံးတတ်လျှင်ဘေးဖြစ်စေနိုင်သော အခြားအကြောင်းရင်းများလည်းရှိနေပါသေး သည်။
လူ့ဘဝ၊ လူ့လောကကျင်လည်ရာတွင် အသုံးချသင့်သည့်နည်းပညာရပ်များစွာ ရှိနေရာ နည်းလမ်းအားလုံးသည် လူတိုင်းအတွက်ပုံသေနည်း တစ်ထပ်တည်းကျမနေဘဲ ကွဲပြားစွာအသုံးပြုရခြင်းများလည်း ရှိတတ်ပါသည်။ နွား ထီးငါးကျပ်၊ နွားမငါးကျပ်ဟုပုံသေကားချပ်သတ်မှတ်ထား၍ မရသလို မိမိနှင့်မိမိတို့၏ မိသားစုပတ်ဝန်းကျင်အ ခြေအနေမျိုးတွင် စဉ်းစားချင့်ချိန်သုံးသပ်ပြီးမှသာ မိမိတို့နှင့်ကိုက်ညီမည့်အသုံးပြုမှုကိုသာ ပြုလုပ်သင့်ပါသည်။ ယနေ့အခြေအနေတွင် နိုင်ငံရေးအခြေအနေပွင့်လင်းမြင်သာမှုရှိလာပြီးသည့် နောက်ပိုင်း တိုင်းတစ်ပါးမှနည်းပ ညာမျိုးစုံတို့လည်း ထိုးဖောက်ဝင်ရောက်လာနေကြပါသည်။ ထိုနည်းပညာရပ်မျိုးစုံသည် လူကိုအခြေခံသည့် နည်းပညာရပ်များစွာပါဝင်နေတတ်သောကြောင့် မိမိတို့သင်ယူကြမည့် နည်းပညာကို မိမိတို့၏လူမျိုးဘာသာ ယဉ်ကျေးမှု၊ မိရိုးဖလာစသည့် အထွေထွေအရပ်ရပ်တို့ကို ဆင်ခြင်ပြီးလက်တွေ့ကျစွာ လက်ခံအကောင်အထည် ဖော်မှသာ တိုးတက်အောင်မြင်မှုရလာမည်သာဖြစ်ပါသည်။ တိုင်းတစ်ပါးမှနည်းပညာရပ်တို့သည် မည်မျှပင် ကောင်းသည်ဟုဆိုစေကာမူ ထိုသူတို့၏နောက်ခံအကြောင်းရင်းတို့ကို အခြေခံပြီး ရည်ရွယ်ထားသည်ဖြစ်သော ကြောင့်အရာအားလုံးကို ပုံတူကူးချ၍မရနိုင်သည်ကိုလည်း သတိတစ်ခုထားသင့်ပါသည်။
ထိုကဲ့သို့နည်းပညာများကို အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသားအချင်းချင်းသော်လည်းကောင်း၊ နိုင်ငံခြားသားများ မှစကားပြန်များထား၍သော်လည်းကောင်း၊ သင်တန်းများပို့ချလျှက်ရှိရာ တက်ရောက်သူများကလည်း သူတို့ပို့ချ သမျှအားလုံးကို မျက်စိပိတ်နားပိတ်ပြီးမှန်ကန်မှုရှိသည်ဟု မယူဆသင့်ပါ။ မိမိတို့၏ နိုင်ငံရေးအခြေအနေအရပ် ရပ်ကို ပြန်လည်သုံးသပ်ပြီးမှသာ မိမိတို့နှင့်လိုက်ဖက်မှုရှိသည့် အခြေအနေများကိုသာလက်ခံလိုက်နာသင့် ကြောင်းလည်းသတိမူသင့်ပါသည်။ အထူးသဖြင့် လူမှုရေးဆိုင်ရာသင်တန်းများပေးရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အခြေအနေအရပ်ရပ်များစွာပါရှိနေသောကြောင့် သတိပိုထားပြီးလေ့လာဆန်းစစ်သင့်ပါသည်။ သင်တန်းလာပေးသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသည် မိမိတို့၏ ကာယနှင့်ဉာဏကိုအခမဲ့အသုံးပြုပြီး ပရဟိ တလာရောက်နေခြင်းမဟုတ်ဘဲ ခံစားခွင့်ရပိုင်ခွင့်များရယူပြီးမှသာ လာရောက်သင်တန်းပေးခြင်းသာဖြစ်သည်။ သင်တန်းတစ်ခုပေးပြီးတိုင်း သူတို့အတွက်အောင်မြင်မှုတစ်ခုရသည်သာ ဖြစ်ပြီး သင်တန်းတက်ရောက်ခဲ့သူများ ကလည်း ဝေဖန်ပိုင်းခြားပြီး ပြန်လည်အသုံးချသင့်ပါသည်။ အားလုံးကိုဟုတ်မှန်သည်ဆိုပြီး ပြန်လည်အသုံးချရာ တွင် ပုံတူပြုလုပ်မိပါက မိမိတို့အတွက်ဆေးဖက်မဝင်လာဘဲ ဘေးအန္တရာယ်ကျရောက်လာနိုင်သည်ကိုလည်း အ စဉ်အမြဲသတိထားသင့်ပါသည်။ ထို့ကြောင့်လူ့ဘဝကြီးထဲ ကျင်လည်ရပ်တည်ရာတွင် အကြောင်းအရာအားလုံး တို့သည်သုံးတတ်လျှင်ဆေးဖက်ဝင်သကဲ့သို့ အကျိုးရှိသည်ဖြစ်သော်လည်း မသုံးတတ်ပါက မိမိနှင့်မိသားစုပတ် ဝန်းကျင်တို့အတွက် ဘေးအန္တရာယ်ရှိလာနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
Author: လှိုင် (PEER) Vol-8 / No-5 Healthcare Journal