အချိုမှုန့်ကို ၁၉၀၈ခုနှစ်လောက်က ဂျပန်သိပ္ပံပညာရှင်က ရှာဖွေတွေ့ရှိခဲ့ရာမှ ဟင်းခတ်မှုန့်အဖြစ် ယနေ့ခေတ်ထျိ တွင်တွင်ကျယ်ကျယ် အသုံး
ပြုလာကြပါတယ် ။တကယ်တော့ အချိုမှုန့်ဟာ မိုနိုစိုဒီယမ် ဂလူတမိတ်ဒြပ်ပေါင်း(Monosodium Glutamate) ပါ ။အမှန်က sodium salt လို့ခေါ်တဲ့ အငန်ဓာတ်ရယ် glutamate လို့ခေါ်တဲ့ အချိုဓာတ်ရယ်ပေါင်းစပ်ထားတာပါ ။သဘာဝအားဖြင့်ခရမ်းချဉ်သီးတွေရယ် ချိစ်တွေရယ်မှာ တွေ့ရတတ်ပါတယ် ။
မိုနိုစိုဒီယမ် ဂလူတမိတ်ဟာ ပင်ကိုအားဖြင့် အရသာထူးခြားမှု မရှိပါ ။အရသာရနံ့ဓာတ် ထည့်သွင်းပါမှ အချိုမှုန့်ဆိုပြီး ဟင်းရနံ့တွေ ချိုလာတာပါ ။ ဘာလို့လဲဆိုရင် မိုနိုစိုဒီယမ် ဂလူတမိတ်ဟာ ထည့်သွင်းလိုက်တဲ့ အရသာရနံ့ဓာတ်ကို ဟင်းချက်တဲ့အခါ အရသာဓာတ်ပိုကြွလာစေလို့ပါ ။အချိုမှုန့်မှာ ၁၂ ရာခိုင်နှုန်းလောက်ဟာ အငန်ဓာတ် စိုဒီယမ်ဓာတ်ပါ ။အချိုမှုန့်တွေဟာ ဟင်းချက်တဲ့အခါပြိုကွဲခြင်းမရှိပါ ။သို့သော်လည်း ရေမှာတော့ ပျော်ဝင်နိုင်စွမ်းရှိပါတယ် ။
ကျန်းမာရေးရှူထောင့်ကကြည့်လျှင် လေ့လာစမ်းသပ်ထားချက်များ အရ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် အချိုမှုန့် ၁၅ ဂရမ်ကနေ ဂရမ် ၂၀ထိ စားသုံးလျှင် ကြွက်တွေမှာ သေဆုံးနိုင်တဲ့ ရလာဒ်တွေ တွေ့ထားပါတယ် ။ဒါကြောင့်အလွန်အကျွံစားသုံးက အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ် ။
အချို့သောလူတွေမှာ အချိုမှုန့်စားပြီး မသက်မသာ ခံစားရပါတယ် ။ ထိုသို့ခံစားရတာကို တရုတ်စားသောက်ဆိုင် ဝေဒနာလက္ခဏာစု ၊Chinese Restaurant Syndrome ၊တစ်နည်း MSG syndrome ရယ်လို့ သမုတ်ထားပါတယ်။ လေ့လာထားချက်များအရ အချိုမှုန့်ချည်း သက်သက် ဟင်းထဲ မထည့်ဘဲ ၃ဂရမ်နဲ့ အထက်စားလျှင် ထိုဝေဒနာလက္ခဏာစုကို ခံစားရတတ်လေ့ရှိပါတယ် ။
တချို့ကျတော့လည်း ပမာဏာအထက်ပါလောက် မများဘဲလည်း ဖြစ်နိုင်ပါတယ် ။
ဘယ်လိုလက္ခဏာတွေလဲ ဆိုရင်ဖြင့်
-နားထင်တွေ ၊နားဖူးကြောတွေ ထိုးကိုက်တာ
-ခေါင်းကိုက်တာ
-ဇက်ကြောထိုးတာ
-မျက်နှာတို့ ၊ကျောတို့ တဖျင်းဖျင်းဖြစ်တာ
-ရင်ပူတာ
-အသက်ရှူကြပ်တာ
-ရင်တုန်တာ
စတာတွေ ခံစားရတတ်ပါတယ် ။
ဒါက ဘာဖြစ်လို့ ဖြစ်ရတာလဲဆိုတော့ MSG လို့ သိကြတဲ့ အချိုမှုန့် (Monosodium Glutamate) ဟာ လူ့ခန္ဓာကိုယ် အဂါၤအစိတ်အပိုင်းတွေရဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ ဒြပ်ပေါင်း (neurotransmitter)တစ်မျိုးဖြစ်တဲ့ Glutamate နဲ့ ဓာတုဖွဲ့စည်းပုံချင်း သွားပြီး ဆင်တူနေလို့ပါပဲ ။ ဒီတော့ အစားအစာက အချိုမှုန့်ပါဝင်မှု လွန်ကဲနေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ Glutamate ဒြပ်ပေါင်းတွေများလာပြီး အာရုံကြောတွေကို လှုံ့ဆော်လို့ အရှေ့မှာပြောခဲ့သလို လက္ခဏာတွေခံစားရတာပါ။ဒါကြောင့်ရင်ကြပ်ပန်းနာသမားတွေ အထူးသတိထားသင့်ပါတယ်။
ဒါ့အပြင် အငန်ဓာတ်ပါတဲ့အတွက် သွေးတိုးသမားများ ၊အချိုဓာတ်ပါတဲ့အတွက် သွေးချို ဆီးချိုသမားများ ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါ ။
Author: ခေတ်သစ် ဇီဝက