ငယ်ရွယ်သူအမျိုးသမီးများအတွက် ရင်သားကင်ဆာဖြစ်ပွားမှု အန္တရာယ်သည်အနီရောင်အသားများကို အလွန် အကျွံစားသုံးခြင်းကြောင့် နှစ်ဆဖြစ်နိုင်ကြောင်းလေ့လာမှုများအရ သိရှိရပါသည်။
သုတေသနတွေ့ရှိချက်
အမေရိကန်သုတေသီများသည် ဓမ္မတာသွေးမဆုံးမီအရွယ် အမျိုးသမီးတစ်သိန်းခန့်အား ရင်သားကင်ဆာနှင့် ပတ်သက်ပြီး သုတေသနပြုလုပ်ပါသည်။ အနီရောင်အသား တစ်ပန်းကန်ခွဲခန့်စားသုံးသူများသည် ရက်သတ္တ တစ်ပတ်လျှင် သုံးကြိမ်နှင့်အောက်စားသုံးသူများနှင့် နှိုင်းယှဉ်ပါက ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်နှစ်ဆမျှ ရှိနိုင်ပါသည်။
ရင်သားကင်ဆာနှင့်ဆက်စပ်နေသော အနီရောင်အသားများ
ရင်သားကင်ဆာနှင့် ဆက်စပ်နေသောအနီရောင်အသားများမှာ အမဲသား၊ ဝက်သားနှင့်သိုးသားများသည် အဓိ ကဖြစ်ပြီး ဝက်နံရိုးဆင်းဒဝစ်၊ ဟမ်ဘာဂါနှင့် ဟော့ဒေါ့များလည်း ပါဝင်ပါသည်။
ရင်သားကင်ဆာနှင့်အနီရောင်အသားစားသုံးမှု ဆက်စပ်နေသောအကြောင်းအရင်း အနီရောင်အသားများစားသုံးခြင်းနှင့် ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ဆက်စပ်နေပါသည်။ Heterocyclic Amines ဒြပ်ပေါင်းကဲ့သို့သော ကင်ဆာရောဂါဖြစ်ပွားစေသည့် ဓာတုပစ္စည်းများသည် အနီရောင်အသားများ ချက်ပြုတ်ခြင်းတွင်ဖြစ်ပေါ်လာတတ်ပါသည်။ ထို့အပြင် နွား၊ ဝက်၊ ကျွဲများအား ကြီးထွားဟော်မုန်းများကျွေး ထားပြီး၎င်းတို့မှရရှိသော အနီရောင်အသားများစားသုံးခြင်းသည်လည်း ရင်သားကင်ဆာနှင့်ဆက်စပ်နိုင်ပါသည်။
ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်နှင့် ဆက်စပ်နေသောအခြားအကြောင်းရင်းများ ရင်သားကင်ဆာသည် အသက်အရွယ်ကြီးမားမှုနှင့် လိင်အမျိုးအစားပေါ်တွင်လည်း မူတည်ပါသည်။ ရင်သား ကင်ဆာကိုဖြစ်စေရန်ကြိုတင်ဖန်တီးပေးသော အချက်များမှာမိသားစုတွင်ရင်သားကင်ဆာရှိခြင်း၊ ဓမ္မတာသွေး ဆင်းသောစက်ဝိုင်းသည်ကြာရှည်ခြင်း၊ ဓမ္မတာသွေးစောစီးစွာဆင်းခြင်း (သို့) သွေးဆုံးချိန်နောက်ကျခြင်း၊ အ သက် ၃၅ နှစ်နောက်ပိုင်းတွင် ပထမဆုံးကလေးယူခြင်း၊ လူမှုစီးပွားရေးအသင့်အတင့် (သို့) မြင့်မားသောလူများ တွင်ဖြစ်ပွားခြင်း၊ အိမ် (သို့) အလုပ်တွင်အမြဲတမ်းစိတ်ဖိစီးမှုများခြင်း၊ အဝလွန်ကဲခြင်း၊ မျိုးရိုးဗီဇနှင့်ဆိုင်သော သန္ဓေပြောင်းမျိုးစပ်ခြင်းတို့ဖြစ်ပါသည်။
ရင်သားကင်ဆာလက္ခဏာများ
အများဆုံးတွေ့ရသော လက္ခဏာများမှာရင်သားပေါ်တွင်အကျိတ် (သို့) အဖုကလေးတစ်ခုထွက်လာခြင်း၊ အ ကျိတ်သည်မာနေခြင်း၊ အရေပြားကသိကအောက်နှင့် ယားယံနေခြင်း၊ ရင်သားသည်နဂိုအတိုင်းမဟုတ်ဘဲ ပုံ ပျက်နေခြင်း၊ နို့သီးခေါင်းသည်နစ်မြုပ်နေခြင်း၊ အရေပြားအကြေးခွံများကွာခြင်း၊ နို့သီးခေါင်းသည်နာကျင်နေခြင်း နှင့် အလုံးအကျိတ်ကိုဖိလိုက်ပါက နာကျင်နေခြင်းတို့ဖြစ်ပါသည်။ ရင်သားကင်ဆာကုသခြင်းရင်သားကင်ဆာကိုခွဲစိပ်ကုသနိုင်ပါသည်။ ရင်သားကင်ဆာအကျိတ်ကိုခွဲထုတ်ခြင်း၊ ကင်ဆာဖြစ်နေသောရင် သားတစ်ခုလုံးကိုလှီးဖြတ်ပစ်ခြင်း၊ ရင်သားတစ်ခုလုံးကိုသာမက ချိုင်းအောက်ရှိသားနံရည်ကျိတ်ကိုပါ ခွဲစိပ်ကု သမှုပြုပြီး နောက်ကင်ဆာရောဂါလိုနိမ်နှင်းသည့်ဆေးဝါးများကို ဆက်လက်စားသုံးရပါမည်။
အကြံပြုချက်
အစားအစာနှင့် ရင်သားကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ဆက်စပ်မှုရှိကြောင်းကို သိရှိသူအလွန်နည်းပါးပါ သည်။ အစားအစာအမျိုးမျိုးကို မိမိတို့နှစ်သက်သလောက်များစွာ စားသောက်ကြပါသည်။ ထို့ကြောင့်အနီရောင် အသားများကိုအလွန်အကျွံစားသောက်ပါက ရင်သားကင်ဆာနှင့်ဆက်စပ်နေသောကြောင့် သတိထားသင့် ကြောင့် အကြံပြုအပ်ပါသည်။
Author: ဒေါက်တာကောင်းစံ (Vol-8 / No-5) Healthcare Journal