fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆံပင်ကျွတ်ခြင်းပြဿနာ

317
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/03/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

လူတိုင္းဟာ တစ္ေန႔ကို ဆံပင္အေခ်ာင္း (၁၀၀) ေလာက္ကြၽတ္တတ္ပါတယ္။အထူးသျဖင့္ အမ်ိဳးသမီးေတြက ပိုၿပီး ကြၽတ္တတ္တယ္။ ထို႔ထက္ပိုၿပီး အလြန္အကြၽံ ဆံပင္ကြၽတ္ေနရင္ သတိထားသင့္တယ္။ တစ္ေန႔ ဆံပင္ အေခ်ာင္း (၁၀၀) ေလာက္ ကြၽတ္ျခင္းဟာ ပုံမွန္ျဖစ္ေပမယ့္၊ ပိုၿပီးမ်ားရင္ ေရာဂါတစ္ခုခု     ေၾကာင့္ျဖစ္တယ္။ က်န္ေနတဲ့ ဆံပင္မေျပာင္ေသးခင္ ကြၽမ္းက်င္ဆရာဝန္နဲ႔ ပညာရွင္နဲ႔ ျပသသင့္တယ္။
မ်ိဳး႐ိုးေၾကာင့္ ဆံပင္ကြၽတ္တတ္တယ္။ စိတ္ဖိစီးလို႔ ဆံပင္ကြၽတ္ျခင္း၊ ကိုယ္ဝန္ရလာျခင္းတို႔ေၾကာင့္ ဆံပင္ကြၽတ္ျခင္းရွိတယ္။ မိမိေသာက္တဲ့ ေဆးအာနိ   သင္ေၾကာင့္ ဆံပင္ကြၽတ္တ္တယ္။ ကင္ဆာအတြက္ ဓာတ္ေရာင္ျခည္ကုသနည္းေတြေၾကာင့္ ဆံပင္ကြၽတ္ရတယ္။

ေဒါသႀကီးျခင္း၊စိတ္ႀကီးျခင္း အၿမဲလိုလိုဆံပင္ကိုထိုးဖြႏႈတ္ေနျခင္းတို႔ကလည္း ဆံပင္ကြၽတ္ေစတဲ့ အဓိကတစ္ခ်က္ပါဝင္တယ္။ဗီတာမင္ေအ လုံလုံေလာက္   ေလာက္ မရရင္ ဆံပင္ကြၽတ္တယ္။ အမ်ိဳးသမီးမ်ား ဆံပင္ကြၽတ္ျခင္းရဲ႕ (၉၀%) ဟာ မ်ိဳး႐ိုးလိုက္ျခင္းေၾကာင့္လို႔ သုေတသီေတြက ဆိုပါတယ္။

(၁) ထိပ္ေျပာင္ေအာင္ ဆံပင္ကြၽတ္ျခင္း
နဖူးထိပ္ပိုင္းကေန ေခါင္းအလယ္အထိ ဆံပင္ေတြ ပိုကြၽတ္လို႔ နဖူးျပင္က်ယ္လာကာ အေရွ႕ုပိုင္းမွာ ဆံပင္ပါးတတ္တယ္။ ဦးေခါင္းရဲ႕ ေနာက္ပိုင္းမွာ ဆံပင္ဟာ ပုံမွန္အတိုင္းသန္ေနကာ အုံထူေနတတ္တယ္။ အသက္ငါးဆယ္ေက်ာ္အမ်ိဳးသမီးမ်ားရဲ႕ သုံးပုံတစ္ပုံေလာက္အထိ ထိပ္ေျပာင္ေအာင္ ဆံပင္ကြၽတ္တတ္တယ္။

(၂) ခႏၶာကိုယ္ခုခံအားစနစ္ လြဲမွားတုံျပန္ျခင္း
ခႏၶာကိုယ္ခုခံအားစနစ္ လြဲမွားတုံျပန္ျခင္းေၾကာင့္လည္း နဖူးစပ္နားမွာ ဆံပင္ပါးလ်ားျခင္း၊ ေပါက္ႏွင့္ၿပီး သား ဆံပင္မ်ား ျမန္ျမန္ကြၽတ္ျခင္းမ်ိဳးျဖစ္တတ္တယ္။ ခုခံအားစနစ္လႊဲမွားျခင္းေၾကာင့္ ဆံပင္ကြၽတ္သူမ်ိဳးက စုစုေပါင္း အမ်ိဳးသမီးထုရဲ႕ (၂%) ရွိပါတယ္။ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ ေနာက္ပိုင္းဆံပင္ျပန္ေပါက္ တတ္ပါတယ္။

(၃) တစ္ေခါင္းလုံးအႏွံ႔ဆံပင္ကြၽတ္ျခင္း
တစ္ေခါင္းလုံးဆံပင္ကြၽတ္သူမ်ားကို အၿမဲလိုလို ဆံပင္အုံပါးသူမ်ားအေနနဲ႔ ျမင္ရေလ့ရွိပါတယ္။

(၄) ဆံပင္ကို ေနာက္လွန္ဖီးျခင္း၊ က်စ္ဆံျမည္း
ဆံပင္ကို ေနာက္လွန္ဖီးလြန္းျခင္း၊ က်စ္ဆံျမည္းကို တင္းရင္းေနေအာင္က်စ္ျခင္း၊ ဆံပင္ကို အလြန္အမင္း လိမ္ဆြဲခ်ည္ထားျခင္းတို႔ဟာလည္း လူသားပေယာဂေၾကာင့္ ဆံပင္ကြၽတ္ရတဲ့ အဓိက အေၾကာင္းရင္းျဖစ္တယ္။

(၅) ဌက္ဖ်ား
ဌက္ဖ်ားေဒသမွာ ဌက္ဖ်ားေဆးဝါးေသာက္သုံးရရင္ ဆံပင္အုံလိုက္ ကြၽတ္တာမ်ိဳးႀကဳံရတယ္။ ဌက္ဖ်ားေဆးဟာ ဆံပင္ကို အနည္းနဲ႔ အမ်ားကြၽတ္ေစတဲ့အျပင္ ထိပ္ေျပာင္ နဖူးေျပာင္တဲ့အထိျဖစ္တတ္ပါတယ္။ ကိုယ္ဝန္ပ်က္ေစႏိုင္တယ္။

မိမိက ဂ႐ုတစိုက္ေနထိုင္ေနသည့္တိုင္ ဆံပင္က ပုံမွန္ထက္ ပိုကြၽတ္ေနေသးရင္ေတာ့ ကြၽမ္းက်င္ ဆရာဝန္ထံ သြားေရာက္ျပသသင့္ပါတယ္။ အေထြေထြဆရာဝန္ (သို႔) အေရျပားဆရာဝန္ႏွင့္ ျပသသင့္တယ္။ ေနာက္ကြယ္မွာ က်န္းမာေရးျပႆနာတစ္ခုခုေၾကာင့္ ဆံပင္ကြၽတ္ရတယ္ဆိုရင္ သက္ဆိုင္ရာျပႆနာကို ကုစားျခင္း၊ အျမတ္ျပတ္ျခင္းျဖင့္ ဆံပင္ကြၽတ္တဲ့ကိစၥ ေျပလည္ႏိုင္ပါတယ္။

ဆံပင္အစားထိုးစိုက္ျခင္း၊ ဆံပင္သန္ေဆးသုံးစြဲျခင္းနဲ႔လည္း ဆံပင္အုံျပန္ေကာင္းလာေအာင္ ေမြးျမဴႏိုင္ပါတယ္။ ဆံပင္ကြၽတ္ျခင္းက စိတ္ပ်က္စရာပါ။ ဒါေပမယ့္ ေဆးသိပၸံပညာရပ္ကလည္း ဆက္တိုက္ တိုးတက္လာေနပါတယ္။ ျပႆနာကို ကိုင္တြယ္ဖို႔ ရင္းျမစ္အမ်ားအျပားလည္း လူသားတို႔ ပိုင္ဆိုင္လာလို႔  တစ္ဖက္က ျပန္ေတြးၾကည့္ရင္ အားတက္ဖြယ္ျမင္ရပါတယ္။

ဆံပင္အိတ္ကေလး (Follicles) ေတြဟာ ျပႆနာတစ္စုံတစ္ရာေၾကာင့္ သူတို႔ရဲ႕ လုပ္ငန္းေဆာင္ တာေတြ ယာယီရပ္နားလိုက္တဲ့အခါ ဆံပင္ကြၽတ္တယ္။  ျပႆနာျဖစ္တဲ့ အေၾကာင္းအရာကို ဖယ္ရွားႏိုင္ရင္ ဆံပင္ျပန္ေပါက္ႏိုင္ပါတယ္။ အစားအေသာက္ပုံစံေျပာင္းလာျခင္း၊ သတၱဳဓာတ္ပါဝင္တဲ့ ျဖည့္စြက္ေဆး ေသာက္ေပးျခင္း၊ စိတ္ဖိစီးမႈေလ်ာ့ခ်ျခင္း၊ စိတ္ကို ျပဳျပင္ေနထိုင္ျခင္း၊ ေဟာ္မုန္းအစားထိုးကုသမႈမ်ား ခံယူျခင္းတို႔နဲ႔ ကုစားႏိုင္ပါတယ္။
ေသြးတိုးေရာဂါအတြက္ ေသာက္ေဆးျဖစ္တဲ့ ရီဂိန္း (Regaine)ပါဝင္တဲ့ မင္ေနာက္ဆီေဒး (Minoxidil) ကလည္း ဆံပင္ျပန္ေပါက္ေအာင္ ကူညီႏိုင္ပါတယ္။ အသုံးျပဳတာ ရပ္လိုက္ရင္ေတာ့ ဆံပင္ေပါက္တဲ့ အက်ိဳးအာနိသင္ပါ ရပ္လိုက္ရင္ေတာ့ ဆံပင္ေပါက္တဲ့ အက်ိဳးအာနိသင္ပါ ရပ္တန႔္သြားတဲ့ အေနအထားမ်ိဳးရွိလို႔ စြဲၿပီး သုံးရမွာမ်ိဳးျဖစ္တယ္။

အဖိုေဟာ္မုန္းေၾကာင့္ ကြၽတ္ျခင္း၊ အမ်ိဳးသားမ်ား ဆံပင္ကြၽတ္ျခင္း၊ ထိပ္ေျပာင္ျခင္းဟာ ေဆးပညာအရ ေဟာ္မုန္းေၾကာင့္ ဆံပင္ကြၽတ္ျခင္း (Androgenic Alopecia) လို႔ ေခၚတယ္။ ယခုအခါ အမ်ိဳးသမီးေတြမွာပါ အျဖစ္မ်ားလာတာ ေတြ႕ရတယ္။ စိတ္ဖိစီးစရာ ေသာကေတြက အဓိကတရားခံပါ။
ဆံပင္ေတြ ေခါင္းေပၚကေန အကြက္လိုက္ကြၽတ္ၿပီး ေျပာင္းလာေစတယ္။ ကိုယ္ခံအားစနစ္ ေဖာက္ျပန္ျခင္းတို႔နဲ႔ ယွဥ္တြဲၿပီးျဖစ္တတ္ပါတယ္။ စတီး႐ြိဳက္ခရင္လိမ္းျခင္းနဲ႔ ကုသႏိုင္တယ္။

ဦးေခါင္းပိုင္း၌ အေမႊးအမွ်င္အားလုံးကြၽတ္ျခင္းသည္ ဦးေခါင္းပိုင္းသာမက မ်က္ေတာင္ေမႊး၊ မ်က္ခုံးေမႊးပါ ကြၽတ္တာပါ။ ဆြဲအားေၾကာင့္ ဆံပင္ကြၽတ္ျခင္း သည္ ဆံပင္ကို အေနာက္ကို စုဆြဲၿပီး၊ ခ်ည္တာေတြက တင္းရင္းေစကာ ဆံပင္ကြၽတ္ေစတယ္။ ကေလးမီးဖြားခ်ိန္ဆံပင္ကြၽတ္ျခင္းသည္ ကေလးမီးဖြားခ်ိန္နဲ႔ ကေလးႏို႔တိုက္ခ်ိန္ ဟိုမုန္းထုတ္လုပ္မႈမ်ားတတ္လို႔ ဆံပင္ကြၽတ္တတ္ပါတယ္။

Author: Dr.လြင္သန႔္

(Unicode)

လူတိုင်းဟာ တစ်နေ့ကို ဆံပင်အချောင်း (၁၀၀) လောက်ကျွတ်တတ်ပါတယ်။အထူးသဖြင့် အမျိုးသမီးတွေက ပိုပြီး ကျွတ်တတ်တယ်။ ထို့ထက်ပိုပြီး အလွန်အကျွံ ဆံပင်ကျွတ်နေရင် သတိထားသင့်တယ်။ တစ်နေ့ ဆံပင် အချောင်း (၁၀၀) လောက် ကျွတ်ခြင်းဟာ ပုံမှန်ဖြစ်ပေမယ့်၊ ပိုပြီးများရင် ရောဂါတစ်ခုခု     ကြောင့်ဖြစ်တယ်။ ကျန်နေတဲ့ ဆံပင်မပြောင်သေးခင် ကျွမ်းကျင်ဆရာဝန်နဲ့ ပညာရှင်နဲ့ ပြသသင့်တယ်။
မျိုးရိုးကြောင့် ဆံပင်ကျွတ်တတ်တယ်။ စိတ်ဖိစီးလို့ ဆံပင်ကျွတ်ခြင်း၊ ကိုယ်ဝန်ရလာခြင်းတို့ကြောင့် ဆံပင်ကျွတ်ခြင်းရှိတယ်။ မိမိသောက်တဲ့ ဆေးအာနိ   သင်ကြောင့် ဆံပင်ကျွတ်တ်တယ်။ ကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသနည်းတွေကြောင့် ဆံပင်ကျွတ်ရတယ်။

ဒေါသကြီးခြင်း၊စိတ်ကြီးခြင်း အမြဲလိုလိုဆံပင်ကိုထိုးဖွနှုတ်နေခြင်းတို့ကလည်း ဆံပင်ကျွတ်စေတဲ့ အဓိကတစ်ချက်ပါဝင်တယ်။ဗီတာမင်အေ လုံလုံလောက်   လောက် မရရင် ဆံပင်ကျွတ်တယ်။ အမျိုးသမီးများ ဆံပင်ကျွတ်ခြင်းရဲ့ (၉၀%) ဟာ မျိုးရိုးလိုက်ခြင်းကြောင့်လို့ သုတေသီတွေက ဆိုပါတယ်။

(၁) ထိပ်ပြောင်အောင် ဆံပင်ကျွတ်ခြင်း
နဖူးထိပ်ပိုင်းကနေ ခေါင်းအလယ်အထိ ဆံပင်တွေ ပိုကျွတ်လို့ နဖူးပြင်ကျယ်လာကာ အရှေ့ုပိုင်းမှာ ဆံပင်ပါးတတ်တယ်။ ဦးခေါင်းရဲ့ နောက်ပိုင်းမှာ ဆံပင်ဟာ ပုံမှန်အတိုင်းသန်နေကာ အုံထူနေတတ်တယ်။ အသက်ငါးဆယ်ကျော်အမျိုးသမီးများရဲ့ သုံးပုံတစ်ပုံလောက်အထိ ထိပ်ပြောင်အောင် ဆံပင်ကျွတ်တတ်တယ်။

(၂) ခန္ဓာကိုယ်ခုခံအားစနစ် လွဲမှားတုံပြန်ခြင်း
ခန္ဓာကိုယ်ခုခံအားစနစ် လွဲမှားတုံပြန်ခြင်းကြောင့်လည်း နဖူးစပ်နားမှာ ဆံပင်ပါးလျားခြင်း၊ ပေါက်နှင့်ပြီး သား ဆံပင်များ မြန်မြန်ကျွတ်ခြင်းမျိုးဖြစ်တတ်တယ်။ ခုခံအားစနစ်လွှဲမှားခြင်းကြောင့် ဆံပင်ကျွတ်သူမျိုးက စုစုပေါင်း အမျိုးသမီးထုရဲ့ (၂%) ရှိပါတယ်။ ကိစ္စတော်တော်များများမှာ နောက်ပိုင်းဆံပင်ပြန်ပေါက် တတ်ပါတယ်။

(၃) တစ်ခေါင်းလုံးအနှံ့ဆံပင်ကျွတ်ခြင်း
တစ်ခေါင်းလုံးဆံပင်ကျွတ်သူများကို အမြဲလိုလို ဆံပင်အုံပါးသူများအနေနဲ့ မြင်ရလေ့ရှိပါတယ်။

(၄) ဆံပင်ကို နောက်လှန်ဖီးခြင်း၊ ကျစ်ဆံမြည်း
ဆံပင်ကို နောက်လှန်ဖီးလွန်းခြင်း၊ ကျစ်ဆံမြည်းကို တင်းရင်းနေအောင်ကျစ်ခြင်း၊ ဆံပင်ကို အလွန်အမင်း လိမ်ဆွဲချည်ထားခြင်းတို့ဟာလည်း လူသားပယောဂကြောင့် ဆံပင်ကျွတ်ရတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်။

(၅) ဌက်ဖျား
ဌက်ဖျားဒေသမှာ ဌက်ဖျားဆေးဝါးသောက်သုံးရရင် ဆံပင်အုံလိုက် ကျွတ်တာမျိုးကြုံရတယ်။ ဌက်ဖျားဆေးဟာ ဆံပင်ကို အနည်းနဲ့ အများကျွတ်စေတဲ့အပြင် ထိပ်ပြောင် နဖူးပြောင်တဲ့အထိဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ပျက်စေနိုင်တယ်။

မိမိက ဂရုတစိုက်နေထိုင်နေသည့်တိုင် ဆံပင်က ပုံမှန်ထက် ပိုကျွတ်နေသေးရင်တော့ ကျွမ်းကျင် ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ အထွေထွေဆရာဝန် (သို့) အရေပြားဆရာဝန်နှင့် ပြသသင့်တယ်။ နောက်ကွယ်မှာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဆံပင်ကျွတ်ရတယ်ဆိုရင် သက်ဆိုင်ရာပြဿနာကို ကုစားခြင်း၊ အမြတ်ပြတ်ခြင်းဖြင့် ဆံပင်ကျွတ်တဲ့ကိစ္စ ပြေလည်နိုင်ပါတယ်။

ဆံပင်အစားထိုးစိုက်ခြင်း၊ ဆံပင်သန်ဆေးသုံးစွဲခြင်းနဲ့လည်း ဆံပင်အုံပြန်ကောင်းလာအောင် မွေးမြူနိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းက စိတ်ပျက်စရာပါ။ ဒါပေမယ့် ဆေးသိပ္ပံပညာရပ်ကလည်း ဆက်တိုက် တိုးတက်လာနေပါတယ်။ ပြဿနာကို ကိုင်တွယ်ဖို့ ရင်းမြစ်အများအပြားလည်း လူသားတို့ ပိုင်ဆိုင်လာလို့  တစ်ဖက်က ပြန်တွေးကြည့်ရင် အားတက်ဖွယ်မြင်ရပါတယ်။

ဆံပင်အိတ်ကလေး (Follicles) တွေဟာ ပြဿနာတစ်စုံတစ်ရာကြောင့် သူတို့ရဲ့ လုပ်ငန်းဆောင် တာတွေ ယာယီရပ်နားလိုက်တဲ့အခါ ဆံပင်ကျွတ်တယ်။  ပြဿနာဖြစ်တဲ့ အကြောင်းအရာကို ဖယ်ရှားနိုင်ရင် ဆံပင်ပြန်ပေါက်နိုင်ပါတယ်။ အစားအသောက်ပုံစံပြောင်းလာခြင်း၊ သတ္တုဓာတ်ပါဝင်တဲ့ ဖြည့်စွက်ဆေး သောက်ပေးခြင်း၊ စိတ်ဖိစီးမှုလျော့ချခြင်း၊ စိတ်ကို ပြုပြင်နေထိုင်ခြင်း၊ ဟော်မုန်းအစားထိုးကုသမှုများ ခံယူခြင်းတို့နဲ့ ကုစားနိုင်ပါတယ်။
သွေးတိုးရောဂါအတွက် သောက်ဆေးဖြစ်တဲ့ ရီဂိန်း (Regaine)ပါဝင်တဲ့ မင်နောက်ဆီဒေး (Minoxidil) ကလည်း ဆံပင်ပြန်ပေါက်အောင် ကူညီနိုင်ပါတယ်။ အသုံးပြုတာ ရပ်လိုက်ရင်တော့ ဆံပင်ပေါက်တဲ့ အကျိုးအာနိသင်ပါ ရပ်လိုက်ရင်တော့ ဆံပင်ပေါက်တဲ့ အကျိုးအာနိသင်ပါ ရပ်တန့်သွားတဲ့ အနေအထားမျိုးရှိလို့ စွဲပြီး သုံးရမှာမျိုးဖြစ်တယ်။

အဖိုဟော်မုန်းကြောင့် ကျွတ်ခြင်း၊ အမျိုးသားများ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းဟာ ဆေးပညာအရ ဟော်မုန်းကြောင့် ဆံပင်ကျွတ်ခြင်း (Androgenic Alopecia) လို့ ခေါ်တယ်။ ယခုအခါ အမျိုးသမီးတွေမှာပါ အဖြစ်များလာတာ တွေ့ရတယ်။ စိတ်ဖိစီးစရာ သောကတွေက အဓိကတရားခံပါ။
ဆံပင်တွေ ခေါင်းပေါ်ကနေ အကွက်လိုက်ကျွတ်ပြီး ပြောင်းလာစေတယ်။ ကိုယ်ခံအားစနစ် ဖောက်ပြန်ခြင်းတို့နဲ့ ယှဉ်တွဲပြီးဖြစ်တတ်ပါတယ်။ စတီးရွိုက်ခရင်လိမ်းခြင်းနဲ့ ကုသနိုင်တယ်။

ဦးခေါင်းပိုင်း၌ အမွှေးအမျှင်အားလုံးကျွတ်ခြင်းသည် ဦးခေါင်းပိုင်းသာမက မျက်တောင်မွှေး၊ မျက်ခုံးမွှေးပါ ကျွတ်တာပါ။ ဆွဲအားကြောင့် ဆံပင်ကျွတ်ခြင်း သည် ဆံပင်ကို အနောက်ကို စုဆွဲပြီး၊ ချည်တာတွေက တင်းရင်းစေကာ ဆံပင်ကျွတ်စေတယ်။ ကလေးမီးဖွားချိန်ဆံပင်ကျွတ်ခြင်းသည် ကလေးမီးဖွားချိန်နဲ့ ကလေးနို့တိုက်ချိန် ဟိုမုန်းထုတ်လုပ်မှုများတတ်လို့ ဆံပင်ကျွတ်တတ်ပါတယ်။

Author: Dr.လွင်သန့်

Previous Post

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းအသစ်အပေါ် သူနာပြုကျောင်းသူ ကျောင်းသားများ ကန့်ကွက်

Next Post

သင့်မျက်စိကို ဂရုစိုက်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
123

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
596

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်မျက်စိကို ဂရုစိုက်ပါ

အသက်အန္တရာယ်ထိခိုက်စေနိုင်သော သားအိမ်ပြင်ပသန္ဓေတည်ခြင်း

ကလေးများတွင်ဖြစ်တတ်သော အလေ့အထဆိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.