fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

”အိုမာ” ဖြစ်ချင်သလား

44
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/03/2019
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

”အိုမာ” ဖြစ်ချင်သလား

‘ အဲဒါပြောတာပဲ ဆရာရေ. . .အသက်ကြီးလာလို့ကတော့ ဘယ်ဟာမှ မကောင်းတော့ဘူး။ နည်းနည်းလှုပ်လိုက်တာနဲ့ ဟိုနားကနာ၊ သည်နားကနာ။ ပြီးတော့ လမ်းနည်းနည်းလျှောက်တာများသွားတာနဲ့ လူက မောနေပြီ။ မျက်စိကလည်းမှုန်လာ သတိတွေကလည်းမေ့၊ အခုလေးတင်လုပ်လိုက်တယ် အခုပြန်စဉ်းစားတာ ဟော စဉ်းစားလို့မရတော့ဘူး။ သည်ကြားထဲ အခုလို သွေးတိုး၊ ဆီးချိုရောဂါတွေကလည်း ဝင်လာသေး. . .အင်း တော်တော်မကောင်းတော့တာပဲ ဆရာရဲ့ သိရဲ့လား’

‘သိပါတယ် ဦးလေးရ..ပြောပါဦး အသက်ကြီးလို့မကောင်းတော့တာ ဒါတွေပဲလား. . အိမ်က သားသမီး မြေးမြစ်တွေ၊ ဆွေမျိုးတွေကကော ဘယ်လိုနေလဲ’

‘သြော် တွေ့လား ဆရာတောင် ကောင်းကောင်းသိနေပြီ။ အိမ်က ကလေးတွေကတော့ ပြောမနေပါနဲ့ ကျွန်တော့်ကို အဘိုးကြီးဖြစ်နေပြီ ဆိုပြီး နေရာတကာ သူတို့သိ သူတို့တတ်ကြီး ဖြစ်ကုန်ကြတာပါပဲ။ ကိုယ်ကလည်းကိုယ်ပဲလေ တစ်ခုခုဆို ဖုန်းနှိပ်မရတာဖြစ်ဖြစ်၊ တီဗွီကြည့်ချင်တာဖြစ်ဖြစ်၊ ယုတ်စွအဆုံး ဟိုနားသည်နားသွားဖို့တောင် အဖော်ခေါ်ချင်လို့ သူတို့မျက်နှာကြည့်နေရတာလေ။ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ်လူပိုကြီးလို့ အောက်မေ့မိတာပါပဲ’

‘အမှန်က ဦးလေးရဲ့၊ ဒါ. . . ပုံမှန်ပဲ’

‘ဗျာ. . ‘

‘သြော် ဒါက ပုံမှန် အသက်အရွယ်ကြီးရင့်လာသူတွေမှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေပဲလို့ပြောတာပါ။ ဦးလေးမှ မဟုတ်ဘူး ကျွန်တော်တို့ဆီက လူကြီးပိုင်းတွေလိုလိုမှာ ဖြစ်နေတဲ့ ကိစ္စတွေပဲလေ။ ခုနက ဦးလေးပြောတဲံ့ ဝေဒနာတွေက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေ အားလျော့လာတဲ့သဘာဝကြောင့်ဖြစ်လာရတာပါ။ Physiological decline လို့ခေါ်တယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ သွေးကြောနံရံတွေထူလာတယ်၊ အဆုတ်ထဲမှာလေရှူနိုင်တဲ့ပမာဏနည်းလာတယ်၊ ဦးနှောက်အတွင်းတုံ့ပြန်မှုတွေနှေးလာတယ်၊ အရိုးတွေပွလာတယ်၊ ကြွက်သားတွေကျုံ့လာတယ်၊ ကျောက်ကပ်အလုပ်လုပ်မှုလျော့လာတယ်. . .အဲဒါတွေက လူတိုင်းလိုလိုမှာ ဖြစ်လာတာပဲ။ ဒါကြောင့်မို့ ဦးလေးပြောတဲ့ ခုနကပြသ၁နာ တွေပေါ်လာတာပေါ့။ နောက်ပြီး အိမ်ကမိသားစုကိစ္စကိုလည်း ကျွန်တော်က တမင်မေးလိုက်တာပါ။ ဦးလေးဖြစ်သလို ကိုယ်ဟာအရေးမပါတော့သလို၊ အထီးကျန်သလိုခံစားလာရတာလည်း အသက်အရွယ်ကြီးရင့်ခြင်းရဲ့ အဖြစ်များတဲ့ လူမှုရေးဆိုင်ရာ နောက်ဆက်တွဲပြသ၁နာတစ်ခုပါပဲ။’

‘ဇရာပေါ့လေ။ ဇာတိ ပြီးရင် ဇရာ၊ မရဏ လာမှာပါပဲ။ ခန္ဓာကိုယ်ကြီးလည်း အို၊ စိတ်ပိုင်း လူမှုရေးအပိုင်းလည်း အို ပြီးရင် နာ သေ။ တရားသဘောတွေပါပဲလေ။ ဟုတ်ပါတယ် ဆရာပြောတာ အမှန်ပါပဲ ဖြစ်ရိုးဖြစ်စဉ်တွေပါ။ မထူးဆန်းပါဘူး’

‘မထူးဆန်းဘူးဆိုပေမယ့် ထူးဆန်းတာက ကျွန်တော်တို့ဆီမှာ သည်ကိစ္စကို သိသိကြီးနဲ့ ဒီအတိုင်းလက်ခံနေကြတာဗျ’

‘ဟင် ဆရာပဲပြောတော့ ဒါပုံမှန် ကိစ္စပဲဆို။ အဲဒါဆို ဒီအတိုင်း လက်မခံလို့ ဘယ်လိုလုပ်မလဲ။ ငြင်းပယ်လို့မှ မရတာ’

‘အင်း ကျွန်တော်မြင်သလောက် ဒီနေရာမှာ ကျွန်တော်တို့က တရားသဘောတွေကို တလွဲအသုံးချနေတာထင်တယ်ဗျ။ အသက်ကြီးရင်ပျက်စီးမှာပါပဲဆိုပြီး ဖြစ်သလိုအရှုံးပေးပြီးနေတာကတော့ လောကီအမြင် နဲ့ လောကုတ္တရာအမြင် ရောထွေးပြီး ကျန်းမာရေးအသိပညာမရှိရာရောက်ကုန်တာထင်တာဗျ’

‘ဆရာပြောချင်တာက သမုတိ နဲ့ ပရမတ္တ သစ္စာချင်းမကွဲတာလို့ဆိုချင်ပုံရတယ်။ ပြောပါဦး ဆရာရဲ့ အဲဒါဆို ဘယ်လို ကျန်းမာရေးအသိရှိရမလဲ ဆိုတာ’

‘ဒီလိုပါ ခုနက ပြောခဲ့တဲ့ ဖြစ်ရိုးဖြစ်စဉ် ပျက်စီးယိုယွင်းမှုတွေ မရှိအောင်၊ ဒါမှမဟုတ် နည်းနိုင်သမျှနည်းအောင် နေထိုင်လို့ရပါတယ်။ အဲဒါကို အောင်မြင်စွာအိုမင်းခြင်း (Successful ageing) လို့ခေါ်တယ်ဗျ။ အသက်ကြီးပေမယ့် မပျက်စီးဘူး ပေါ့။ ဒါပေမယ့် အဲဒါက ငယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားရမယ်။ ဘေးဥပါဒ်ဖြစ်တာတွေ ရှောင်နိုင်ရမယ်။ ရောဂါဘယတွေကိုလည်း ကြိုတင်ကာကွယ်မှုရှိရမယ်။ ဖြစ်လာတဲ့ ရောဂါတွေကိုလည်း မြန်မြန်ဆန်ဆန်ကုသပျောက်ကင်းနိုင်ရမယ် စတာတွေနဲ့ ပြည့်စုံဖို့လိုပါတယ်။ ဆိုတော့ တကယ်တမ်း လူအများစု အောင်မြင်ဖို့ဆိုတာ သိပ်မလွယ်ကြဘူး။ အဲသည်တော့ အဲဒီအစား ကျန်းမာစွာအသက်ကြီးခြင်း (Healthy ageing) ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်လာတာ ရှိပါတယ်။’

‘အဲ့ ဆရာ့စကားတွေကလည်း အဆန်းပါလား။ အောင်မြင်စွာအိုမင်းခြင်း၊ ကျန်းမာစွာအသက်ကြီးခြင်း ဆိုတော့’

‘ဘာသာပြန်တာကတော့ တိုက်ရိုက်ပြန်ထားတာဆိုတော့ နည်းနည်းများထောက်နေမလားမသိဘူး။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတစ်ခုတော့ လှလှပပရှိတယ်။ ‘ပျော်ရွှင်တက်ကြွ သက်ကြီးဘဝ’တဲ့၊ Active ageing ပေါ့ဗျာ’

‘အင်း စိတ်တော့ဝင်စားစရာပဲဗျ။ အသက်ရှည်လာမယ်၊ အရွယ်အိုလာမယ်။ ဒါပေမယ့် ဖြတ်လတ်ကျန်းမာစွာပဲ အသက်ရှည်အိုမင်းလာမယ် ဆိုတော့ ကျွန်တော့်အမြင် အဓိပါ္ပယ်ရှိစွာအသက်ရှည်ခြင်း လို့ ခေါ်ရင်ရမယ်ထင်တယ်’

‘အဲ ဟုတ်တယ်ဗျ Meaningful ageing ပေါ့. . ဟဲဟဲ ဘယ်သူမှတော့ အဲသလိုမသုံးသေးဘူး။ ဦးလေးနဲ့ ကျွန်တော်နဲ့ပေါင်းပြီး စထွင်လိုက်တဲ့ ဝေါဟာရအဖြစ် နာမည်ကြီးချင်ကြီးသွားနိုင်တယ်ဗျ။ အသက်ကြီးရင်ကြီးလာပလေ့စေ အိပ်ရာထဲမှာလဲမနေချင်ဘူး၊ လူပိုကြီးလို ပတ်ဝန်းကျင်နဲ့ ကင်းကွာမနေချင်ဘူး၊ ဖြတ်ဖြတ်လတ်လတ် တက်တက်ကြွကြွနဲ့ပဲ အိုမင်းခြင်းကို ရင်ဆိုင်မယ်။ ကိုယ့်လုပ်စရာရှိတာလုပ်မယ်။ တရားရှာရင်ရှာမယ်။ ခရီးသွားရင်သွားမယ်။ သူများအပေါ်မမှီခိုပဲနဲ့ အသက်ရှည်ရှည်နေမယ်။ ကောင်းတယ်ဗျ။ ကျွန်တော်ဖြစ်စေချင်တာ သည်လိုမျိုး အသက်အရွယ်ကြီးရင့်ခြင်းမျိုးပဲ။ ဒါမှ တကယ့် အဓိပါ္ပယ်ရှိသောအသက်ရှည်ခြင်း၊ ကျန်းမာသောအသက်ရှည်ခြင်း၊ အောင်မြင်စွာအိုမင်းခြင်း ပဲဗျ။ ကဲ ဦးလေးလည်း အဲသလိုမျိုးပဲ အသက်ရှည်ရှည်နေပါဗျာ။ အသက်ကြီးပြီဆိုပြီး ခုနကလို စိတ်ပျက်အားလျော့နေရင်တော့ ဘဝက အဓိပါ္ပယ်မဲ့နေမှာပဲ’

‘ဟုတ်ပါပြီဗျာ၊ ဆရာပြောတာ နားထောင်ရတော့ အကောင်းသား။ ဒါပေမယ့် ဘယ်လိုလုပ် အဲသည်လို ကျန်းမာစွာအိုမင်းအောင် နေရမှာလဲဆိုတာတော့ ပြောမပြရသေးဘူးလေ။ အဲဒါလေးလည်းလုပ်ပါဦး။ ဆရာပြောသလို ဖြတ်ဖြတ်လတ်လတ်တက်တက်ကြွကြွ အို ချင်ပါတယ်ဗျ အဟဲ’

‘ဟုတ်သား။ အဲသည်ကျန်းမာစွာအိုမင်းခြင်းအတွက်က အဓိကလိုအပ်တဲ့အချက်တွေကို ပြောရရင်…

၁) ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိပါတဲ့။ နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာ၊ အသက်ရှူလေ့ကျင့်ခန်းတွေပြုလုပ်တာတို့ ပါဝင်ပါတယ်။ တရုတ်ရိုးရာ ထိုက်ကျိကစားတာတို့၊ ခြေလက်တွေကို အသာအယာနှိပ်နှယ်မှုခံယူတာတို့လည်း ပြုလုပ်လို့ရပါတယ်

၂) အဟာရပြည့်ဝအောင် စားသုံးပါတဲ့။ အဓိကစားသုံးသင့်တာကတော့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ဟင်းသီးဟင်းရွက်တွေ နဲ့ လတ်ဆတ်တဲ့သစ်သီးဝလံ၊ အသားငါးတွေလို့ပြောပါတယ်။ ရေလည်းများများသောက်သင့်ပါတယ် (တစ်နေ့ကို အနည်းဆုံး နှစ်လီတာလောက်သောက်ဖို့လိုပါတယ်)။ အဲဒါဆို အရိုးတွေ၊ ကြွက်သားတွေအားရှိပြီး ဖြတ်လတ်တက်ကြွနိုင်ပါတယ်။

၃) ဆေးလိပ်၊ အရက်၊ ကွမ်း စတဲ့ ဘေးဥပါဒ်ပေးနိုင်တဲ့ အရာတွေကို ရှောင်ကြဉ်ဖို့၊ သုံးစွဲနေသေးရင်လည်း ဖြတ်ဖို့လိုပါတယ်။”

‘ဟာ အဲဒါကတော့ ကျွန်တော်လုံးဝမလုပ်တော့ဘူးဗျ၊ အဆင်ပြေတယ်’

‘ကောင်းတာပေါ့ ဦးလေး အသက်အရွယ်ကြီးလာရင် ဒါတွေ ဒုက္ခပိုပေးလာမှာဗျ။ နောက်ဆုံးအနေနဲ့က..

၄) နာတာရှည်ရောဂါတွေကို သေချာစစ်ဆေးကုသပါပေါ့။ သွေးတိုး၊ နှလုံး၊ ကင်ဆာ စတဲ့ရောဂါတွေအပြင် ထိခိုက်ဒဏ်ရာရတာတွေ၊ အာရုံကြောရောဂါတွေ ဒါတွေကို ဆိုလိုတာပေါ့။

‘အင်း ဆရာပြောတာတွေကို ကျန်တဲ့ ကျွန်တော်နဲ့ရွယ်တူ လူကြီးပိုင်းတွေကိုပါ ပြောပြရမယ်။ အသက်ကြီးပေမယ့် မပျက်စီးအောင် ဖြတ်လတ်တက်ကြွအောင် ဘယ်လိုနေရမလဲဆိုတာကိုပေါ့။”

‘ဟုတ်တယ် ဦးလေး။ အဲဒါအပြင် အရေးအကြီးဆုံးက ဦးလေးတို့နဲ့ အတူနေမိသားစုတွေ၊ ဝိုင်းဝန်းပြုစုစောင့်ရှောက်ပေးမယ့်လူတွေကိုလည်း ပြောပြဖို့လိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအားလုံးလုပ်နိုင်ဖို့က သက်ကြီးရွယ်အိုတွေကို လူအား၊ ငွေအား၊ စိတ်ဓါတ်အားနဲ့ ဘေးကနေ ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့ လူတွေလိုပါတယ်။ အနည်းဆုံး စကားပြောဖော်၊ ကြည့်ရှူစောင့်ရှောက်ပေးဖော် တစ်ယောက်လောက်ဘေးမှ ရှိမှ အဆင်ပြေမှာပါ။ ရုပ်ပိုင်းဆိုင်ရာအရအပြင် စိတ်ပိုင်းဆိုင်ရာရော လူမှုရေးပိုင်းဆိုင်ရာမှာပါ အထောက်အကူပြုဖို့လိုအပ်တယ်ဆိုတဲ့ သဘောပါ။’

‘ဒါကတော့ ကျွန်တော့်အမြင် တစ်ခြားအနောက်နိုင်ငံတွေထက်တော့ ကျွန်တော်တို့ကသာတယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူကြီးတစ်ယောက်ကိုတော့ အိမ်မှာခေါ်တင်ထားဖို့တော့ ဝန်မလေးကြဘူးလေ။ ကျွန်တော့်အိမ်မှာလည်း ဘယ်လောက်ပဲ ကျွန်တော်က လူပိုကြီးဖြစ်တယ်ဆိုဆို လူကြီးသူမဆိုပြီးတော့ အိမ်ဦးခန်းမှာထားပြီး ရိုရိုသေသေဆက်ဆံကြသား။ သူများနိုင်ငံတွေမှာဆိုရင် ကိုယ့်အိမ်နဲ့ကိုယ်ခွဲပြီးနေကြရတော့ အတော်အထီးကျန်ကြတယ်ကြားဖူးတယ်’

‘ဟုတ်တာပေါ့ဦးရယ်။ ကျွန်တော်တို့ဆီက ဝိုင်းဝန်းစောင့်ရှောက်ပေးတတ်တဲ့ အလေ့အကျင့်တွေနဲ့ သူများတွေဆီက တက်တက်ကြွကြွ နေတတ်တဲ့ အလေ့အကျင့်တွေ အကုန်ပေါင်းလိုက်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ အဓိပါ္ပယ်ရှိတဲ့ ပျော်ရွှင်ကျန်းမာသွက်လက်တက်ကြွတဲ့ သက်ကြီးရွယ်အိုဘဝကို လူတိုင်းပိုင်ဆိုင်နိုင်ကြမှာပေါ့ဗျာ။ အဲသည်လိုမြန်မြန် ဖြစ်ကြပါစေလို့လည်း ဆုတောင်းလိုက်ရပါတယ်ဗျာ’

ဒေါက်တာထွန်းလင်း

Ref; Standardized Health Messages 2017 (Ministry of Health and Sports, Myanmar)

https://www.who.it/ageing/healthy-ageing/en/

Previous Post

ကိုယ့်အသားရည်နဲ့ ကိုက်ညီတဲ့ skincare ပစ္စည်းတွေကို ဘယ်လို ရွေးဝယ်ကြမလဲ?

Next Post

ဆယ်ကျော်သက်နှင့် စိတ် ၂ မျိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆယ်ကျော်သက်နှင့် စိတ် ၂ မျိုး

အစားစားခြင်း အနုပညာ

ပြုံးရယ်ခြင်းနဲ့ကျန်းမာရေးကောင်းကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.