fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ခရမ်းသီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

566
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/04/2019
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ခရမ်းသီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ခရမ်းသီးဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူအားလုံးနီးပါး နှစ်ခြိုက်စွာစားလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်ပါတယ်။ ဈေးလည်းမကြီးဘဲ လူတန်းစားမရွေးလက်လှမ်းမီစွာ စားသောက်နိုင်သော ဟင်းသီးဟင်းရွက်တမျိုးလည်းဖြစ်ပါတယ်။

ခရမ်းသီးကို ပြုတ်ပြီး တို့စရာအဖြစ်ငပိရည်နဲ့စားတာ၊ ခရမ်းသီးမီးဖုတ်ပြီးဆီရွှဲရွှဲစမ်းစားတာ၊ ပဲတို့အသားတို့နဲ့ရောပြီး နှပ်စားတာ၊ ပေါင်းစားတာ၊ သီးစုံချဉ်ရည်ဟင်းထဲရောထည့်စားတာ၊ အစာသွပ်ချက်စားတာ၊ ကြော်စားတာ စသဖြင့် အမျိုးမျိုးလုပ်စားကြလေ့ရှိပါတယ်။

အသားစားလေ့ရှိတဲ့သူတွေ အကြောင်းကြောင်းကြောင့် သတ်သတ်လွတ်စားတဲ့အခါ တခြားဟင်းသီးဟင်းရွက်တွေအစား ခရမ်းသီးကိုပိုရွေးချယ်စားသုံးပါလို့ အကြံပြုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရမ်းသီးရဲ့ အရသာဟာ တခြားဟင်းသီးဟင်းရွက်အရသာတွေနဲ့ မတူဘဲ လေးလေးပင်ပင်ရှိကာ အသားစားရသကဲ့သို့လည်း အရသာရှိလို့ပါ။

ခရမ်းသီးရဲ့အရောင်ဟာ ခရမ်းရောင်ရှိပါတယ်။ ခရမ်းရောင်ရှိလို့ပဲ ခရမ်းသီးလို့ခေါ်တာလို့တချို့တွေကပြောကြပါတယ်။ ဒါပေမယ့် ခရမ်းသီးလို့ နာမည်တွင်လာတဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာပုံပြင်လေးတပုဒ်လည်း ရှိပါတယ်။ အတော်များများကတော့ကြားဖူးပြီးသားဖြစ်ပေမယ့် မကြားဖူးသေးတဲ့သူတွေအတွက် ထိုပုံပြင်လေးကို အကျဉ်းချုံးပြောပြချင်ပါတယ်။

ပုဂံခေတ်နှောင်းပိုင်းကာလမှာ နရသီဟပတေ့မင်း ခေါ် တရုတ်ပြေးမင်းနန်းတက်ခဲ့ပါတယ်။ ထိုနရသီဟပတေ့မင်းဟာ အစားလည်းကျူးသလို အမျက်ဒေါသလည်းကြီးပါတယ်။ ဒါ့အပြင် သူဟာ စက်တော်ခေါ်ရာမှနိုးတာနဲ့ အနီးနားမှာရှိတဲ့ မြင်မြင်သမျှ အမှုထမ်းတွေကို လက်လှမ်းမှီရာ တစုံတခုသောအရာတွေနဲ့ ကောက်ပေါက်တတ်တဲ့အကျင့်ဆိုးလည်းရှိပါတယ်။

ကြာလာသော် အမှုထမ်းတွေအားလုံးနီးပါး ထိခိုက်ဒဏ်ရာရလာတဲ့အတွက် မင်းကြီးရဲ့ မိဖုရားဖွားစောက မင်းကြီး စက်တော်ခေါ်ရာ အနီးနားမှာ ဓါး၊ လှံ၊ လက်နက်၊ ရေတကောင်း၊ ကွမ်းအစ်စတဲ့ ကောက်ပေါက်လို့ ထိမိရင် ဒဏ်ရာရစေနိုင်သော ပစ္စည်းတွေအစား လုမ္ဗနီသီးတွေကို ထားစေပါတယ်။ ဒီလိုနဲ့ နောက်နေ့ မင်းကြီးစက်တော်ခေါ်ရာမှနိုးလာတဲ့အခါ သူ့အနားမှာရှိတဲ့ မြင်မြင်သမျှ အမှုထမ်းတွေကိုပစ်ဖို့ ပစ္စည်းတစုံတရာရှာသော် အသီးများကိုသာတွေ့ပြီး ထိုအသီးများဖြင့်ပင် မြင်သမျှအနီးနားက အမှုထမ်းတွေကိုပစ်ပါတယ်။

အဲ့အခါ သူပစ်လိုက်တဲ့အသီးတွေထဲက တလုံးဟာ ဖြတ်သွားတဲ့ အပျိုတော်တဦးရဲ့ခါးကို ထိမိပြီး အပျိုတော်လည်းလန့်သွားကာ သူမရဲ့ခါးဟာလည်း သိသိသာသာလှုပ်ရမ်းသွားပါတယ်။ ထိုအဖြစ်အပျက်ကို မင်းကြီးမြင်သော် လွန်စွာသဘောကျသွားပြီး နောက်နေ့ညီလာခံမှာ လုမ္ဗနီသီးကို ခါးရမ်းသီးဟုခေါ်တွင်စေရန် အမိန့်တော်ချမှတ်ခဲ့ပါတယ်။

ခါးရမ်းသီးလို့ ခေါ်တွင်ရာမှတဆင့် နှစ်ကာလကြာလာတဲ့အခါ ခရမ်းသီးဖြစ်လာတယ်လို့သိရပါတယ်။ ခရမ်းသီးရဲ့အင်္ဂလိပ်လို Brinjal သို့မဟုတ် Aubergine လို့ခေါ်ပါတယ်။ အမေရိကန်မှာတော့ Eggplant လို့လည်းခေါ်ပါတယ်။

ခရမ်းသီးမှာ အမျှင်ဓါတ်၊ ဗီတာမင်ဘီဆစ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး၊ ဗီတာမင်ပီ (bioflavinoids)၊ သံဓါတ်၊ ပိုတက်ဆီယန်ဓါတ်၊ ပိုလီဖီနော စတဲ့အကျိုးပြုဗီတာမင်နဲ့ သတ္ထုဓါတ်တွေများစွာပါဝင်ပါတယ်။

ဒီလိုဓါတ်တွေအများကြီးပါတဲ့အတွက် ခရမ်းသီးဟာ ကျန်းမာရေးကိုများစွာအကျိုးပြုပါတယ်။ ခရမ်းသီးစားခြင်းဖြင့်ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိသလောက်တင်ပြရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ နှလုံးကိုအထောက်အကူပြုခြင်း

ခရမ်းသီးမှာပါတဲ့ ဗီတာမင်ပီ၊ ဗီတာမင်ကေနဲ့ ဗီတာမင်အီးတွေက ခန္ဓာကိုယ်ရှိသွေးကြောတွေ အကြောင်းတခုခုကြောင့် မာလာတာ၊ ကျဉ်းလာတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပြီး သွေးကြောတွေကို ပျော့ပျောင်းစေကာ ရုန်းပြန်နိုင်စွမ်းကိုလည်း တိုးစေပါတယ်။ ဒါကြောင့် ခရမ်းသီးမကြာခဏစားခြင်းဖြင့် နှလုံးသွေးကြောကျဉ်းတာ၊ သွေးကြောတွေမာလာတာမျိုးတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

၂။ သွေးမတိုးအောင်ကာကွယ်နိုင်ခြင်း

ခရမ်းသီးမှာပါတဲ့ ဗီတာမင်ပီ (Bioflavinoid) က သွေးဖိအားကိုကျစေနိုင်ကြောင်းသုတေသနတွေအရ သိရပါတယ်။ သွေးဖိအားကို မတက်အောင်ထိန်းပေးတဲ့အတွက်
လေဖြတ်တာ၊ နှလုံးရောဂါဖြစ်တာ၊ သွေးကြောမှာ သွေးခဲပိတ်တာဖြစ်နိုင်ခြေတွေလည်း လျော့နည်းသွားပါတယ်။

၃။ သွေးအားကောင်းစေခြင်း

ခရမ်းသီးမှာ သံဓါတ်နဲ့သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါရှိတာကြောင့် ခန္ဓာကိုယ်ကို အားအင်ပြည့်စေကာ သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ အရွယ်တင်နုပျိုစေပြီး သွေးတွင်းအဆီဓါတ်ကိုကျစေခြင်း

ခရမ်းသီးထဲမှာပါတဲ့ ဗီတာမင်အီးဓါတ်ဟာ အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကို နှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေပါတယ်။ သွေးတွင်းရှိမကောင်းတဲ့ အဆီဓါတ်ဖြစ်သော ကိုလက်စထေရောဓါတ်ပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။

၅။ ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေခြင်း

ခရမ်းသီးမှာပါတဲ့ ပိုလီဖီနောဓါတ်ဟာ ကင်ဆာရောဂါကာကွယ်နိုင်တဲ့အစွမ်းသတ္တိရှိပြီး အန်တိုဆိုင်ရာနင်နှင့် ကလိုရိုဂျင်းနစ်အက်စစ် ဓါတ်တွေကတော့ ဓါတ်တိုးဆန့်ကျင်တဲ့အစွမ်းသတ္တိ (Antioxidant property) တွေရှိပါတယ်။ သူတို့ဟာ အကြောင်းကြောင်းကြောင့် ကိုယ်ခန္ဓာထဲမှာစုပုံလာတဲ့ ကင်ဆာဖြစ်စေနိုင်သော ဖရီးရက်ဒီကယ် တွေကို လျှော့ချပေးပြီး ကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။

၆။ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း

သုတေသနတွေအရ ခရမ်းသီးမှာ Alpha-glucosidase နှင့် Angiotensin ဓါတ်တွေကြွယ်ဝစွာပါရှိပြီး ထိုဓါတ်တွေဟာ ကိုယ်ခန္ဓာရဲ့ ဂလူးကို့စ်ဓါတ်စုပ်ယူကို ထိန်းပေးနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် ခရမ်းသီးကို မကြာမကြာစားပါက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

ဆီးချိုရောဂါဖြစ်နေသူများဆိုရင်လည်း ခရမ်းသီးမကြာမကြာစားပေးပါက ဆီးချိုအတက်အကျ ထိန်းတဲ့နေရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ဒါတွေကတော့ ကျွန်တော်သိသလောက်ခရမ်းသီးစားခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေပါ။ တခြားကောင်းကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ ခရမ်းသီးကို တခါစားလျှင် အနည်းဆုံး ၅၀၀ ဂရမ်စားသုံးသင့်ပါတယ်။ အထူးသဖြင့် သွေးတွင်းကို လက်စထရောများတဲ့သူတွေ၊ဆီးချိုရောဂါရှိတဲ့သူတွေ၊ ဝမ်းချုပ်တတ်တဲ့သူတွေဆိုရင် ပိုစားသုံးသင့်ပါတယ်။ ရင်ကြပ်တတ်တဲ့သူတွေ၊ အစာမကြေဖြစ်တတ်တဲ့သူတွေ၊ အစာအိမ်ရောဂါရှိသူများဆိုရင်တော့ ရှောင်သင့်ပါတယ်။

Dr သီတာနွယ်

Previous Post

ဆီးခုံမွေး ရိတ်သင့်ရဲ့လား

Next Post

မနက်အိပ်ရာထမှာ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
601

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မနက်အိပ်ရာထမှာ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေခြင်း

မျက်ခမ်းစပ်ရောဂါ အကြောင်းသိကောင်းစရာ

၀က်ရူးပြန်အတက်ရောဂါအကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.