နှလုံးအောင့်ခြင်း
ရုတ်တရက်နှလုံး အတိုက်အခိုက်ခံရခြင်းဟာ နှလုံးသွေးကြောထဲကို ကိုလက်စထရော ဝင်ရောက်ပိတ်ဆို့ကာ ကျဉ်းမြောင်းလာတဲ့အတွက် သွေးကြော တွေထဲစီးဆင်းမယ့် သွေးပမာဏ လျော့နည်းလာတာဖြစ်တယ်။ နှလုံး ကြက်သား အတွက် လိုအပ်တဲ့ အောက်စီဂျင် အပြည့်အ၀ မရတော့သလို၊ ကိုလက်စထရော စုပုံလာခြင်းနှင့် သွေးခဲရောကာ ထွက်ပေါ်လာတဲ့ အစအနတွေကြောင့် သွေးကြော ကျဉ်းမြောင်းလာရတာဖြစ်တယ်။
နှလုံးအောင့်ခြင်းဟာ တစ်ခါတစ်ရံ ပြင်းထန်ပြီး ထိတ်လန့်ဖို့ကောင်းပေးမယ့် လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာပေါ်လာပြီး၊ ခဏလောက်ပြန်နားရင် သက်သာ သွားတယ်။ အဓိကလက္ခဏာက နှလုံးရဲ့အပေါ်ဘက်မှာ တင်းကျပ်ပြီး ဖျစ်ညှစ် ထားသလို၊ ခံစားရလို့ပဲ ဖြစ်တယ်။ နှလုံးကနေ ရင်ဘတ်၊ ရင်ဘတ်အောင့်တာကနေ အပေါ်ထိ ပျံနှံပြီး၊ ဘယ်ဘက်လက်မောင်းထိ၊ အောင့်လာတတ်တယ်။ အမျိုးသား တွေမှာ နှလုံးအောင့်ခြင်း ပိုဖြစ်ပြီး၊ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ဖြစ်ပွားတတ်တယ်။
သွေးပေါင်ချိန်တက်ခြင်း
နှလုံးသွေးကြော ရောဂါတို့ကြောင့် နှလုံးအောင့်ခြင်းဖြစ်တယ်။ ဆေးလိပ် သောက်ခြင်း၊ ကိုယ်အလေးချိန် များခြင်းနဲ့ ကိုလက်စထရော ပမဏမြင့်မားခြင်းတို့နဲ့ ဆက်နွယ်နေတယ်။ နှလုံးအောင့်ခံစားရရင် နေထိုင်မှုပုံစံပြောင်းဖို့ လိုသလို၊ ရောဂါ ဖြစ်စေတဲ့ အခြေခံအကြောင်းရင်းကို ကုသဖို့လိုပါတယ်။
သွေးပေါင်ချိန်တက်တာ ထိန်းချုပ်ဖို့ သွေးကြောကျယ်စေတဲ့ ဆေးဝါး အသုံးပြုသင့်တယ်။ ယင်းဆေးက နှလုံးဆီသွားတဲ့ သွေးလွှတ်ကြောတွေကို ဖွင့်ပေးပြီး တင်းကျပ်မှု ပြေလျော့စေတယ်။ အက်စပရင်က သွေးခဲမှု လျော့ချပေးတယ်။ ရုတ်တရက် နှလုံးတိုက်ခိုက် မခံရအောင် ကာကွယ်ပေးတယ်။ ခွဲစိတ်ကုသတဲ့ နည်းလမ်းက နှလုံးအောင့်ခြင်း ကုသလို့ရတယ်။ ပန်သေးသေးနဲ့ကြည့်ခြင်း က ကျဉ်းမြောင်းတဲ့ နှလုံးသွေးလွှတ်ကြောကို ချဲ့စေတဲ့နည်းလမ်း ပါဝင် တယ်။ သွေးကြောပြောင်းခြင်း က ခွဲစိတ်ခြင်းနဲ့ ကုသပေးတာပါ။
ဓာတ်ဆား
သွေးလွှတ်ကြောတွေရဲ့ အတွင်းနံရံမှာ အဆီတွေစုပုံခြင်းကြောင့် နှလုံးအောင့် တာလို့ ကျွမ်းကျင်သူများက သဘောတူကြတယ်။ နှလုံးအောင့်ခြင်း သက်သာဖို့ မှန်ကန်တဲ့ အစားအသောက်စားရမယ်။ နှလုံးသွေးကြော ကာကွယ်ပေးရမည်။
နှလုံးအောင့်ခြင်းအတွက် အသင့်တော်ဆုံးအစာမှာ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ စားသုံးပေးခြင်းဖြစ်တယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့ပါဝင်လို့ ယင်းဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ပျက်စီးစေတဲ့ အန္တရာယ်ပြု မော်လီကျူးဖြစ်တဲ့ ပမာဏ လျော့ချပေးနိုင်တယ်။ မကောင်းတဲ့ ကိုလက်စထရောဓာတ်တိုးခြင်း မြှင့်တင်ပေးတဲ့ ဖောလစ်အက်ဆစ် သောက်ရမယ်။
ဗီတာမင်ဘီဓာတ်
ဗီတာမင်ဘီဓာတ်ပါတဲ့အစာတွေ စားသုံးပေးသင့်တယ်။ ဖောလစ်အက်ဆစ် ရနိုင်တာက ကျောက်ကပ်၊ ကွေကာနဲ့ ဥအမျိုးမျိုးပါတယ်။ ဗီတာမင်စီ၀၀ပါတဲ့ အစာ တွေက ငါး၊ ကြက်ဥ၊ ဘဲဥအနှစ်၊ ဂျုံမှုန့်ပါတဲ့ကွေကာ ငှက်ပျောသီး၊ ထောပတ်သီး၊ အခွံမာသီးနဲ့ အစေ့အဆန်များဖြစ်တယ်။ ဗီတာမင်စီ ကို ရနိုင်တဲ့အစာတွေက တောရိုင်းဂျုံ၊ အညှောင့်ပေါက်နေတဲ့ပဲစေ့၊ ပဲခြောက်၊ ဥအမျိုးမျိုး၊ ကျောက်ကပ်၊ အသည်း နဲ့ နွားနို့တို့ဖြစ်တယ်။
အဆီစားသုံးမှု လျော့ချမယ်စိတ်ကူးရင်၊ တိရစ္ဆာန်ကရတဲ့ အဆီလွှာကို စားနိုင်တယ်။ မာဂျရင်း ဘီစကစ်၊ ကိတ်မုန့်နဲ့ အသင့်အမြန်အစားအစာ ဆင်း’ဝစ်၊ ဟမ်ဘာဂါ၊ပီဇာများရှောင်ရမယ်။ သံလွင်ဆီ၊နေကြာ၊ မြေပဲဆီတို့နဲ့စီမံထားရမယ်။
အစားအတွက်အကြံပြုခြင်း
အိုမီဂါစတိုး၊ ဖက်တီးအက်ဆစ်ပါတဲ့ အစားအစာတွေက သွေးလွှတ်ကြော နံရံမှာ အဆီစုပုံခြင်း ကာကွယ်ပေးတယ်။ ပင်လယ်ငါးစားရမယ်။ ကြက်သွန်နီ၊ဖြူ ဟာ ခန္ဓာကိုယ်ထဲ၌ ကောင်းတဲ့ကိုလက်စထရော ထိန်းညှိပေးတယ်။
Author:ဒေါက်တာလွင်သန့်