အချိုမကြိုက်သင့်တဲ့အချက် ၅ ချက်
အချိုဆိုတာ လူတိုင်းကြိုက်ပါတယ်။ချိုသောအစာအစားအများစုသည် သကြားနဲ့ပြုလုပ်ထားပါတယ်။အချိုကြိုက်သောသူများကို အချိုမကောင်းကြောင်းပြောလျှင် မကြိုက်ပါ။အချိုမကောင်းဘူးပြောလျှင် သကြားဘာလို့မကောင်းလဲ ဆိုသောအကြောင်းရင်းများကို ပြောပြရပါမယ်။အချိုစားလျှင်ဖြစ်နိုင်သောဆိုးကျိုးများကတော့ ကိုယ်အလေးချိန်တက်ခြင်း၊ဆီးချိုနှင့်သွားရောဂါများဖြစ်စေပါတယ်။။
အချိုသည်သဘာဝအားဖြင့် နို့ထွက်အစာအစားများ၊ချိုသောအသီးအနှံများတွင် ပါဝင်ပါတယ်။သဘာဝဖြင့်ရရှိသောအဆိုပါအစာအစားများကိုစားလျှင် ကျန်းမာရေးဆိုးကျိုးမများပါ။သို့သော ကိတ်များ၊အချိုရည်များတွင် ချိုစေရန် ထပ်ငေ်းသကြားထည့်ခြင်းသည်ကျန်းမာရေးဆိုးကျိုးများဖြစ်စေပါတယ်။ထပ်လောင်းထည့်သောအချိုများသည် အာဟာရတန်ဖိုးမရှိပါ။အချိုမကောင်းကြောင်း ၅ချက်ကိုရေးသားလိုက်ပါတယ်။
(1)အာဟာရတန်ဖိုးမရှိခြင်း
အချိုသည် ကယ်လိုရီမရှိပါ။သို့သော် အခြားအစာမစားများကိုထပ်လောင်းသကြာူထည့်ခြင်းသည်အဆိုပါအစာအစားများကယ်လိုရီကိုတက်စေပါတယ်။အဆိုပါအစာအစားများသည် အလွယ်တကူခြေဖျက်စားသုံးပြီး လျင်လျင်မြန်မြန်သောက်သုံးတတ်ကြပါတယ်။ထို့ကြောင့် ကောင်းမွန်သောစွမ်းအင်များမရရှိပါ။သဘာဝဖြင့်ပါဝင်သော ချိုသောအသီးအနှံများစားသုံးပါက ကိုယ်ခန္ဓာက ခြေဖျက်မူနှေးကာ စွမ်းအင်ကိုကြာကြာရရှိစေပါတယ်။အသီးအနံများတွင်အမျှင်ဓာတိနှင့်အခြားသောဗီတာမင်များလည်းပါဝင်ပါတယ်။ လူလတ်ပိုင်းသည်အချိုဓာတ်ကို ၃၀၈ကီလိုက်လိုရီကို ထပ်လောင်းစားသုံးကြပါတယ်။ထို့ပမာဏသည်များနေပါတယ်။
(2)ကိုယ်အလေးချိန်တိုးခြင်း
အချိုများများစားခြင်းသည် ကိုယ်အလေးချိန်ကိုသိသိသာသာတ်ုးစေပါတယ်။အများစုသည် ချိုသောအစာအစားနှင့်အချိုရည်တွင် ကယ်လိုရီများပါတယ်။ချိုသောအစာအစားများကိုလွန်ကဲစွာစားခြင်းသည် လေ့ကျင့်ခန်းပုံမှန်လုပ်သော်လည်း ကိုယ်အလေးချိန်ကို တိုးစေပါတယ်။ကိုယ်ခန္ဓာသည် အချိုများသောအစာအစားများကိုအလျင်အမြန်ခြေဖျက်သောကြောင့် ဆာလောင်ခြင်းကို မြန်မြန်ပြန်ဖြစ်စေပြီ တနေ့လုံပိုမိုစားကာ ကယ်လိုရီပိုတိုးစေပါတယ်။အချိုဓာတ်သည် ၎င်းကိုယ်တိုင်ကိုယ်အလေးချိန်မတက်စေပါ။သူပါဝင်သောအစာအစားရဲ့ကယ်လိုရီကိုတက်စေပါတယ်။
(3)ဆီးချိုရောဂါ
အချိုစားခြင်းသည် ဆီးချိုသွေးချိုရောဂါ type 2ဖြစ်စေပါတယ်။ချိုသောအစာအစားများတွင်က်လိုရီများပါတယ်။ကယ်လိုရီများလျှင် ဆီးချိုရောဂါပိုဖြစ်စေပါတယ်။ဆီးချိုသွေးချု်းရောဂါသည်များကို သုတေသနပြုချကိအရ အချိုကြိုက်သောစားသောသူများတွင်ပိုမိုအဖြစ်များကြောငိးတွေ့ရှိရပါတယ်။
(4)သွားပိုးပေါက်များ
အချိုစားခြင်းကြောင့်သွားများပျက်ဆီးကာပိုးပေါက်များဖြစ်စေပါတယ်။အချိုစားခြင်းကြောင့် ဘက်တီးရီးယားပိုးများသည်သွားအပေါိယံအလွှာကိုဖုံးအုပ်ထားလိုက်ပါတယ်။ပိုးများသည် အစာထဲရှိအချု်ကိုစားသုံးကာ သွားများကိုဖျက်ဆီးလိုက်ပါတယ်။ရေရှည်တွင် သွားများပျက်ဆီးကာ သွားကိုက်ခြင်းနှင့်အခေါင်းပေါက်များဖြစ်လာပါတယ်။
(5)နှလုံးရောဂါ
ချိုသောအစာအစားများစားသုံးခြင်းသည်နှလုံးရောဂါကိုပိုမိုဖြစ်စေပါတယ်။လေလာချက်အရ ချိုသောအအေးများအစာများစာသုံးခြင်းသညိ နှလုံးကိုပိုမိုထိခိုက်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ ထို့ကြောင့်အာဟာရပြည့်ဝသောအစာအစားစားရန် အမျိုးသားများအနေဖြင့်တနေ့လျှင် ထပ်ဆောင်းအချို ၃၆ဂရမ်ထက်မပိုစေရပါ။အမျိုးသမီးများက ၂၈ဂရမ်းထက်မပိုစေရပါ။သဘာဝတရားဖြင့်ချိုသောအစာအစားများသည် ကျန်းမာရေးနှင့်ညီညွတိသောအချိုဓာတိများဖြစ်ပြီး ထပ်ဆောင်းချိုအောင်ပြုလုပ်ထားသောအစာအစားများသည် ကျန်းမာရေးအတွက်ထိခိုက်သောအချိုများဖြစ်သောကြောင့် တံဆိပ်တွင်ရေးသားထားသောပါဝင်ပစ္စည်စများကိုသေချာလေ့လာစားသုံးရန်အထူးလိုအပ်ပါတယ်။
Dr.Pyae Shin