သွေးလည်ပတ်ခြင်းက လူတစ်ဦးရဲ့ကျန်းမာရေးမှာ ဘယ်လိုအရေးပါသလဲ ဆိုတာသိချင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းအောင် ဘယ်လိုဆောင်ရွက်သင့် ပါသလဲဆရာ။ဒေါ်နှင်းစိန်(ကျိုက်ထိုမြို့)
လူခန္ဓာကိုယ်မှာ သွေးလည်ပတ်မှု မကောင်းရင် ရောဂါအမျိုးမျိုး ဖြစ်နိုင် ပါတယ်။ လက်ဖျားခြေဖျားအေးခြင်း၊ ခြေထောက်မှာ အနာဖြစ်ခြင်းနဲ့ သွေးကြော ထုံးခြင်းတို့ ဖြစ်တတ်ပါတယ်။ ဦးခေါင်းအတွင်း သွေးလည်ပတ်မှု မကောင်းရင် ဆံပင်ကျွတ်နိုင်တယ်။ မှတ်ဉာဏ်ဆုံးရှုံးပြီး စိတ်ဖောက်ပြန်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အယ်လ်ဇိုင်းမားရောဂါရောဂါရတတ်တယ်။
သွေးကြောငယ်များ ကျုံ့သွားပြီး သွေးကြောပိတ်ဆို့နေနိုင်ပါတယ်။ ခြေလက်များ ရောင်ရမ်းကိုက်ခဲခြင်း၊ အဲ’ီကနေတစ်ဆင့် ခြေလက်ပုပ်တဲ့ရောဂါအထိ ဖြစ်နိုင်ပါတယ်။ သွေးလွှတ်ကြောတွေကျုံ့ပြီး ပိတ်ဆို့စေလို့ ရင်ဘတ်အောင့်ခြင်းနဲ့ မှတ်ဉာဏ်ဆုံးရှုံးပြီး စိတ်ဖောက်ပြန်ခြင်း(ရူူးသွပ်ခြင်း) ဖြစ်နိုင်တဲ့အထိ သွေးကြောတွေ မာကျောကုန်တယ်။ မဖြစ်အောင် ရှောင်သင့်တဲ့ အစားအစာတွေကတော့ တိရစ္ဆာန်က ရတဲ့အဆီ၊ ပြည့်ဝဆီ၊ မလိုင်ရှိတဲ့ နို့၊ ဒိန်ခဲနဲ့ ချောကလက် တို့ဖြစ်တယ်။ စားသုံး သင့်တဲ့ အစားအစာတွေကတော့ မရှိမဖြစ်လိုအပ်တဲ့အဆီဓာတ်ကို စားသုံးခြင်းဖြင့် သွေးကြောကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ပါတယ်။ ဒါကြောင့်အဆီ ဆူဖြိုးတဲ့ ငါးတွေနဲ့ အစေ့အဆန်တွေ မှီဝဲသင့်တယ်။
တောပတ်သီးမှာဆိုရင် မပြည့်ဝဆီ အထူး ကြွယ်ဝလို့ တစ်ပတ်မှာတစ်ကြိမ် စားသုံးသင့်ပါတယ်။ အဆီဓာတ်နည်းတဲ့ ဒိန်ခဲနဲ့ထမင်းရည်ကို အုန်းနို့နဲ့ နို့ထွက် ပစ္စည်းတွေအစား စားသုံးသင့်ပါတယ်။
နူးနပ်နေအောင် ချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကိုလည်း နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်စားမယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို နေ့စဉ်စားပေးရမယ်။ ဒါ့အပြင် ဗီတာမင်အီး ကိုနေ့စဉ် ၂၀၀ အိုင်ယူ စားသုံးပေးရင် သွေးပျစ်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဗီတာမင်စီ ၁၀၀၀ မီလီဂရမ် ငြသ်ူလေသညသငျိ စားသုံးပေးခြင်းက သွေးကြောတွေ ကြံ့ခိုင်မှုဖြစ်ပါတယ်။
ဗီတာမင်ဘီ-၃ ဓာတ်က သွေးလည်ပတ်မှုကောင်းစေပြီး အရေပြား နီမြန်းမှုတွေဖြစ်စေလို့ အစပိုင်းမှာ ၃၀ မီလီဂရမ်ကနေစပြီး ၁၀၀ မီလီဂရမ်အထိ ဖြည်းဖြည်းချင်းတိုးသောက်နိုင်တယ်။ ဗီတာမင်ဘီအုပ်စုဝင်ဆေးတွေကို မှီဝဲသင့်တယ်။ ခြေထောက်မှာ သွေးလည်ပတ်မှုကောင်းမွန်ဖို့နေ့စဉ် နာရီဝက်အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးလည်ပတ်ခြင်းကို အကောင်းဆုံး လှုံ့ဆော်မှု ဖြစ်စေနိုင်တယ်။ နေ့စဉ် နာရီဝက်ကနေ တစ်နာရီအထိ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီးလုပ်ပေးသင့်တယ်။ ရေကူးခြင်းနဲ့ ဘောလုံးကန်ခြင်း တို့ ပြုလုပ်သင့်တယ်။ မုန်ညင်းစေ့အမှုန့်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရေနွေးမှာထည့် ခြေထောက်ကိုနှစ်ထားပြီး ခြေဆေးခြင်းက သွေးလည်ပတ်မှု ကောင်းစေတယ်။ ငရုတ်ကောင်းအမည်းအဆီကိုလည်း သုံးနိုင်တယ်။ နှိပ်နယ်ပေးခြင်းနဲ့ ခြေထောက် အကြောပြင်နည်းပညာတွေ သုံးနိုင်ပါတယ်။ ဒါ့အပြင် တစ်နာရီခန့်တရားထိုင်ခြင်း၊ စင်္ကြံလျှောက်ခြင်းနဲ့ ရပ်လျက်တရားရှုမှတ်ခြင်းတို့က သွေးလည်ပတ်မှုကို ကောင်းမွန် စေပါတယ်။
Author:ဒေါက်တာလွင်သန့်