fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရပ်ရှည်ချင်သူ

705
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/03/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

စိုးနိုင်၏ ငယ်နာမည်က ဂျပု။ သူငယ်ချင်းတွေ ကြားထဲတွင် စိုးနိုင်တစ်ယောက် အရပ်အပုဆုံးဖြစ်သည်။ ထို့ကြောင့် သူ့နာမည် ဂျပုလို့တွင်နေခြင်းဖြစ်သည်။ အရပ်ရှည်သော ကျော်ထက်ကို လန်ဘားလို့ခေါ်သည်။ ကုလားဆင် လှနိုင်ကို မာလီကုလားလို့ခေါ်ကြသည်။ မျက်နှာ ချွန်သော ပြည့်စုံကို ဖရဲသီးလို့ သူငယ်ချင်းများတစ်ယောက်နှင့် တစ်ယောက် နာမည်ပြောင်များပေးထားကြသည်။ စိုးနိုင်ကတော့ သူ၏ နာမည်ကို မကြိုက်။ နာလိုခံခက်ကြီးလို့ထင်သည်။ ဂျပုလို့ ခေါ်တိုင်း ကျော်ထက်လိုလန်ဘားကြီးမဟုတ်တောင် စိုးနိုင်တို့လောက် အနေတော် အရပ်ဖြစ်ချင်သည်။ အခုတော့ အရပ်က ၅ ပေ ၂ လက်မ လောက်ပဲရှိသည်။ တ စ်ချို့မိန်းကလေးတွေ ကိုယ့်ထက် အရပ်ရှည် ကျလျှင် အားငယ်သလို ဝမ်းနည်းသလိုနှင့် ရင်ထဲတွင် ဟာတာတာကြီး။ အရပ်ရှည်ချင်သောကြောင့် အားကစားမျိူးစုံလုပ်သည်။ ကြက်တောင်ရိုက်သည်။ ရေကူးသည်။ ဘော်လီဘော ကစားသည်။ အရပ်က ရှည်မလာ။ ရည်းစားမရတာကိုပင် အရပ်ပုလို့ ရည်းစားမရတာဟု ထင်သည်။

အခုတလော စိုးနိုင်တစ်ယောက် online တွင် ကြေငြာနေသော အရပ်ရှည်ဆေးလေးကို စိတ်ဝင်စားနေတာကြာပြီဖြစ်သည်။ အသက် ၂၅ နှစ် အထိသောက်လို့ရသည်ဟု ကြေငြာထားသည်။ ၃ လက်မကနေ ၅ လက်မအထိရှည်နိုင်သည်ဟု ရေးထားသည်။ ၃ လက်မလောက်ကလည်းနည်းသလား။ ဒါဆိုရင် အရပ်က ၅ ပေ ၅ လက်မ လောက်ဖြစ်သွားနိုင်သည်။ ၅ ပေ ၅ လက်မဆိုတဲ့ အရပ်ကိုတော့ ပုသည်ဟုတော့ မဆိုနိုင်တော့ပါ။ Chat Box ကနေ ဈေးလှမ်းမေးတော့ ဈေးကတော်တော်ကြီးနေသည်။ မုန့်ဖိုးလေး စုပြီးတော့တောင် ဝယ်မသောက်နိုင်တော့ မိဘကို ပူဆာရတော့မည်။ အမေကို မုန့်ဖိုးတောင်းရန်အတွက် အိမ်တွင် အမေ့အကြိုက်ဆောင်နေရသည်။ အဖေ မရှိတုန်းလေး အမေ့ကို အရပ်ရှည်ဆေးလေးအကြောင်းမိတ်ဆက်လိုက်သည်။

“မင်းဆေးက သေချာလို့လား” ဟု အမေက မယုံတစ်ဝက် ယုံတစ်ဝက်နှင့်ပြန်မေးသည်။
“သေချာပါတယ် အမေရဲ့။ ကိုယ့်သားလေးအရပ်ရှည်တာကို မမြင်ချင်ဘူးလား” အမေကိုစိုးနိုင်တစ်ယောက် ချုပ်လိုက်သည်။
“မင်းဆေးတွေက ဈေးကြီးတယ်။ အမေ့မှာလည်း အဲဒီလောက်ပိုက်ဆံမရှိဘူး။ မင်းအဖေ ဆီကတောင်းပေးမယ်။”
အမေက အဖေ့ကိုပြောပြီးပိုက်ဆံတောင်းပေးမယ်လို့ဆိုသည်။ အဖေ့ကိုလည်း အကျိုးအကြောင်းသေသေချာချာ ရှင်းပြရဦးမည်။ အဖေကတော့အမေလောက်စိုးနိုင်ပြောတာကို ချက်ချင်းလက်ခံမည့်ပုံမပေါ်။ ကိစ္စမရှိ။ ရှင်းပြရမည်မှာ ကိုယ်၏ တာဝန်။ ညဖက် ထမင်းစားပြီးတော့ အဖေက စိုးနိုင်ကို စကားပြောရအောင်လို့လှမ်းခေါ်သည်။ အရပ်ရှည်ဆေးကိစ္စပဲဖြစ်မည်။
“သားအရပ်ရှည်ဆေး သောက်ချင်လို့ဆို။ အဖေကို ရှင်းပြစမ်းပါဦး။ ဆေးက ဘယ်နိုင်ငံက ထုတ်တာလဲ။ မြန်မာနိုင်ငံရဲ့ ဆေးဝါးကွပ်ကဲရေး အဖွဲ့ FDA က အသိအမှတ်ပြုပြီးပြီလား”
အဖေက စိုးနိုင်ကိုလှမ်းမေးလိုက်သည်။

“ဆေးက USA made ပါ ဖေဖေ။ FDA အသိအမှတ်ပြုထားလားဆိုတာ ဘာကိုပြောတာလဲဖေဖေ။”
စိုးနိုင်တစ်ယောက် FDA ဆိုတဲ့ စကားလုံးကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။ ဖေဖေ့ မေးခွန်းကို တစ်ဝက် ဖြေ၍ တစ်ဝက်ကို ဖေဖေ့အား ပြန်မေးလိုက်သည်။
“သားက FDA တောင် မကြားဖူးဘူးလား သားရဲ့”
စိုးနိုင်တစ်ယောက် ပြန်မဖြေပဲ ခေါင်းငြိမ့်လိုက်သည်။

“ဆေးဝါးတစ်ခု ကို တင်သွင်းတော့မယ်ဆိုရင် နိုင်ငံရဲ့ FDA အဖွဲ့အစည်းက ဆေးတစ်မျိုးကို စစ်ဆေးပြီး တင်သွင်းခွင့် မတင်သွင်းခွင့်ကို ဆုံးဖြတ်တယ်။ လူထုကို အန္တရာယ်ဖြစ်စေတဲ့ ဆေးဝါးတွေကိုဆိုရင် ပေးမသွင်းဘူး။ သားအခုပြောနေတဲ့ဆေးတွေက online ကနေကြေငြာပြီးရောင်းနေတဲ့ ဆေးတွေက အဖေ သိသလောက်တော့မြန်မာနိုင်ငံရဲ့ FDA မှာ မှတ်ပုံတင်ထားပုံမရဘူး။ ဒီလိုမျိုး online ကနေ ကြေငြာနေတဲ့ဆေးတွေက စိတ်မချရဘူး။ ”
“ဟုတ်ကဲ့”
စိုးနိုင်တစ်ယောက် ခေါင်းလေးငြိမ့်လိုက်သည်။

“ပြီးတော့ သားသောက်ချင်တဲ့ဆေးက အရပ်၇ှည်ဆေး။ ဒီဆေးကိုသောက်ရင် အရပ်ရှည်လာမယ်လို့ပြောထားတယ်။ အဖေလည်း လေ့လာပြီးပြီ။ ဆေးကို ၂၅ နှစ်အထိသောက်လို့ရတယ်လို့ပြောထားတယ်။ ဟုတ်တယ်နော်”
“ဟုတ်ပါတယ် ဖေဖေ”
ဖေဖေက တိတိကျကျ နှင့်စေ့စပ်သေချာသောသူ။
“အခုသားအသက်က ၂၂ နှစ်ပြည့်တော့မယ်။ လူတစ်ယောက်ရဲ့ အရပ်ဟာ ပုံမှန် အသက်ဘယ်လောက်အထိ ထွက်သလဲဆိုရင် ၂၂ နှစ်အထိပဲရှည်တာ။ ဒါတောင် အလွန်ဆုံးပဲ သား။ ၂၂ နှစ်ထက်ကျော်သွားရင် အရပ်မရှည်တော့ဘူး။ အခုသားက ၂၂ နှစ်။ ဆေးက ၂၅ နှစ်ထိသောက်လို့ရတယ်လို့ကြေငြာထားတယ်။ သေချာတာတစ်ခုကတော့ သားသောက်လို့မရတော့ဘူး။ ”
စိုးနိုင်တစ်ယောက် မယုံသင်္ကာနှင့် အဖေကို အတွန့်တက်လိုက်သည်။

“ဟုတ်လို့လား ဖေဖေရယ် အသက် ၂၂ နှစ်အထိပဲ အရပ်က ထွက်တော့တယ်ဆိုတာ”
“စိုးနိုင်ရယ် သားလိုပဲ အဖေလည်းအရပ်ပုတာပဲလေ။ အဖေလည်း ငယ်ငယ်က မင်းလိုပဲ အရပ်ရှည်ချင်လို့ နည်းလမ်းပေါင်းစုံလုပ်ခဲ့တာပဲ။ သားလိုပဲ ရေးကူးတယ် ကြက်တောင်ရိုက်တာပဲ။ ဒါပေမဲ့ ဖေဖေတို့ထည့်စဉ်းစားရမှာတစ်ခု က အရပ်ပုတယ် အရပ်ရှည်တယ်ဆိုတာ မျိုးရိုး ဗီဇ နဲ့လည်း ဆိုင်တယ်။ ဖေဖေ့ အဖေနဲ့ အမေနဲ့ လည်းအရပ်ပုတယ်။ ဒါကြောင့် ဖေဖေ အရပ်ပုတယ်။ ဒါအပြင် ဖေဖေနဲ့ သားမေမေ အရပ်ပုတယ်။ ဒါကြောင့် သား အရပ်ပုတယ်။ မျိုးရိုးကြောင့်ဆိုပေမဲ့လည်း အစားအသောက်နဲ့ အားကစားလုပ်ရင်တော့ အနည်းအကျဉ်း အရပ်ပိုထွက်တတ်ပါတယ်။ အခုပဲကြည့်လေ မောင်နှမတွေထဲမှာ အားကစားလုပ်တဲ့ သားက အရပ်အရှည်ဆုံးပဲ မဟုတ်လား။

နဂို အရပ်၇ှည်တဲ့သူတွေနဲ့တော့ မယှဉ်နဲ့ပေါ့သားရယ်။ အခု ကိစ္စကိုလည်း ဖေဖေ က ဝယ်မတိုက်ချင်လို့ပြောနေတာမဟုတ်ဘူး။ နံပါတ် ၁ အချက်က online မှာရောင်းနေတဲ့ ဆေးဖြစ်နေတာကြောင့် နံပါတ် ၂ အချက်က အရပ်ရှည်ဖို့အတွက် အသက်၂၅ နှစ်အထိသောက်လို့ရတယ်ဆိုတာကိုပဲ။ ပုံမှန်က ၂၂ အထိပဲလေသားရဲ့။ သားမယုံရင် စာတွေလိုက်ဖတ်ကြည့်ပါဦး။ ပြီးတော့ သား မေမေ သူငယ်ချင်းတွေထဲမှာ ဆရာဝန်တွေရှိတာပဲလေရာ။ မေမေက တစ်ဆင့် ဆရာဝန်တွေကို ဒီကိစ္စ ဖေဖေပြောတာ မှန်မမှန် မေးကြည့်လိုက်ပါဦး”
“ဟုတ်ကဲ့ပါ ဖေဖေ”
စိုးနိုင်တစ်ယောက် ဖေဖေ့ကို ကတိပေးလိုက်သည်။ မေမေ့ကိုအပူထပ်ကပ်ရမည်။ ဖေဖေပြောတာတွေ မှန်မမှန်ကို မေ့မေ့သူငယ်ချင်းများကို အမြန်မေးချင်သည်။
“မေမေရေ” လို့ စိုးနိုင်တစ်ယောက် အော်ခေါ်ကာ မီးဖိုချောင်ထဲသို့ အပြေးအလွှားဝင်သွားလိုက်သည်။

Author: Dr.အေးချမ်းမိုး

Previous Post

ကလေး မျက်စိ နား၊ နှာခေါင်းလည်ချောင်းရောဂါ အကြောင်းသိကောင်းစရာ

Next Post

ကလေးများအတွက်မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
597

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများအတွက်မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်များ

အဆုတ်တီဘီရောဂါ

ကျန်းမာရေးနဲ့လှပမှုအတွက် သဘာဝတရားကိုအသုံးချမယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.