fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကျန်းမာရေးနဲ့လှပမှုအတွက် သဘာဝတရားကိုအသုံးချမယ်

68
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/03/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

နေ့စဉ်စားသုံးနေတဲ့အခါတွေ၊ မီးဖိုချောင်ကနေအလွယ်တကူရနိုင်တဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ ကနေ ကိုယ်တွင်းကျန်းမာရေးနှင့်အသားအရေဆိုင်ရာ အလှအပတွေအတွက် အလွယ်တကူအသုံးချနိုင်တဲ့ အိမ် တွင်းနည်းလမ်းလေးတွေရှိနေပါတယ်။ လိမ္မော်သီး၊ မာလကာသီး၊ ကြံတို့ရဲ့ကျန်းမာရေးကိုလည်း အထောက်အ ကူပြုလှပမှုအတွက်လည်း အသုံးချနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

လိမ္မော်သီးဟာ ဆေးလိပ်နဲ့အရက်ကြောင့် အသည်းရောဂါဖြစ်ပွားသူတွေအတွက် အကျိုးပြုတဲ့အပြင်အ သည်းကင်ဆာနဲ့အသည်းကြီးခြင်း၊ အသည်းမှာရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါ့အပြင်ဆီး ကျောက်တည်ဖူးသူတွေဟာ လိမ္မော်ရည်ကိုပုံမှန်သောက်သုံးပေးရင် နောက်တစ်ခါဆီးကျောက်ပြန်မတည်နိုင် အောင်ကာကွယ်ရာရောက်ပါတယ်။ လိမ္မော်သီးအမွှာမှာကပ်နေတဲ့အမျှင်တွေဟာ အာဟာရဖိုင်ဘာမျှင်တွေဖြစ် တဲ့အတွက်ဖယ်မပစ်ဘဲစားသုံးပေးရင် သွေးတွင်းအဆီတွေကိုကျစေပြီး ဝမ်းမှန်စေပါတယ်။ အကြောအားနည်း သူတွေမှာ မှတ်ဉာဏ်အားနည်းသူတွေ လိမ္မော်သီးကိုပုံမှန်စားပေးသင့်ပါတယ်။
လိမ္မော်သီးမှာဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကြေးနီ၊ သွပ်၊ ကယ်လစီ ယမ်ဓာတ်တွေပါဝင်ပြီး ဗီတာမင်စီအထူးပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်အလွန်သင့်လျော်ကာ အစာအိမ်၊ အစာမြိုပြွန်လမ်းကြောင်းတစ်လျှောက်နဲ့ အူမကြီးတို့ကိုကောင်းမွန်စေပါတယ်။ လိမ္မော်သီးဖျော်ရည်ကလည်း ကင်ဆာရောဂါ၊ သွေးတိုးနဲ့အဆုတ်ရောဂါတွေကို ကာကွယ်ပေးပြီး မကောင်းတဲ့ကိုလက်စထရောတွေကိုကျစေ ပါတယ်။

လိမ္မော်ခွံကိုချိုးပြီးညှစ်လို့ထွက်လာတဲ့အစေးကို သနပ်ခါးကျဲကျဲနဲ့ရောပြီး ဆားအနည်းငယ်ထည့်ကာ အိပ်ရာဝင်ချိန်မှာ မျက်နှာကိုလိမ်းပေးရင်အသားအရေချောမွေ့လာစေပါတယ်။ လိမ္မော်ခွံကိုရေထဲထည့်ချိုးပေး ရင်အသားအရေကို သန့်စင်လန်းဆန်းစေပါတယ်။ လိမ္မော်ခွံကိုရေနွေးနဲ့ရောပြီး နေလောင်ခြောက်သွေ့တဲ့အ သားအရေကိုလိမ်းပေးရင် မျက်နှာပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဝက်ခြံနဲ့အမည်းစက်တွေကိုပျောက် ကင်းစေပါတယ်။

လိမ္မော်ခွံကိုနေပူထဲလှမ်းပါ။ လုံးဝခြောက်သွားရင်ပေါင်ဒါလို အမှုန့်ဖြစ်အောင်ကြိတ်ချေပြီးနွားနို့အစိမ်းနဲ့ ရော၊ ပျစ်ခဲနေအောင်ဖျော်ပြီးအရေပြားပေါ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရေနွေးနွေးနဲ့ ဆေးကြောသန့် စင်ပေးပါ။ ဒီနည်းကိုနေ့စဉ်ပြုလုပ်ပေးရင် အသားအရေကြည်လင်ပြီးဖြူဝင်းလာပါလိမ့်မယ်။

မာလကာသီးကဗီတာမင်စီပေါကြွယ်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး သတ္ထုတွေပါဝင်ကာရောဂါပိုးမွှားတွေ ကိုတုံ့ပြန်တိုက်ခိုက်ပေးတဲ့သဘာ၀ ပစ္စည်းတွေပါဝင်ပါတယ်။ မာလကာသီးဟာသွေးအားနည်းရောဂါကိုကာ ကွယ်ပေးပြီး နှုတ်ခမ်းရောင်ရမ်းတာ၊ သွားဖုံးသွေးယိုရောဂါတွေအတွက် ကောင်းမွန်ပါတယ်။ သွေးလည်ပတ်စီး ဆင်းမှုကိုကောင်းစေပြီး ကူးစက်ရောဂါတွေကိုကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါရှင်တွေအတွက် မာလကာသီး မမှည့်တမှည့်တစ်လုံးကို လေးစိတ်ခွဲကာရေသန့်ဘူးစာ ရေထည့်ပြီးပြုတ်ပါ။ ဆူပွက်လာရင်ဇကာနဲ့စစ်ချပြီး အဲဒီ ရေကိုမနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်သုံးပေးရင် ဆီးချိုရောဂါကိုသက်သာစေပါတယ်။
ရင့်မှည့်နေတဲ့မာလကာသီးကိုအခွံမခွာဘဲ နှစ်ခြမ်းခွဲပြီးအစေ့တွေကိုထုတ်ပစ်ပါ။ ပြီးရင်ကြေညက်သွား အောင်ကြိတ်ချေပြီးရလာတဲ့အနှစ်ကို နွားနို့အနည်းငယ်ရော၊ သမအောင်မွှေပြီးမျက်နှာပေါင်းတင်ဆေးအဖြစ်အ သုံးပြုနိုင်ပါတယ်။ မျက်နှာပြင်အနှံ့လိမ်းကျံပေးပါက သွေးလှည့်ပတ်စီးဆင်းမှုကောင်းစေပြီး အရေပြားရဲ့အစွမ်း အာနိသင်စုပ်ယူနိုင်မှုပိုလာဖို့ လက်ချောင်းတွေနဲ့စက်ဝိုင်းပုံစံ ၁၀ မိနစ်ခန့်လှည့်ပတ်နှိပ်နယ်ပေးပါ။ ပြီးမှရေစိုအ ဝတ်စနဲ့သန့်စင်ပေးပါ။ အဲဒီနောက်မာလကာသီးအနှစ်ကို ထူထူပိန်းပိန်းလေးထပ်မံလိမ်းကျံကာ ၁၅ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။ ပုံမှန်လေးပြုုလုပ်ပေးရင် မျက်နှာအသားအရေသန့်ရှင်းစင်ကြယ်ပြီး ဝက်ခြံ၊ တင်းတိပ်တို့ကို သက်သာစေပါတယ်။

ပူပြင်းတဲ့ရာသီဒဏ်ခံရတဲ့အချိန်မျိုးနဲ့ လှုပ်ရှားမှုများလုပ်လို့မောပန်းနွမ်းနယ်တဲ့အခါမျိုးမှာ ဆော်ဒါပါတဲ့ အချိုရည်အစား ကြံရည်သောက်တာကခန္ဓာကိုယ်မှာကုန်ခမ်းသွားတဲ့ စွမ်းအားနဲ့ရေဓာတ်ကို ပြည့်ဝစေပါတယ်။ ကာဗိုဟိုက်ဒရိတ်ဓာတ်များစွာပါဝင်လို့လည်း ခန္ဓာကိုယ်မှာစွမ်းအင်တွေပြည့်ဝစေပြီး လန်းဆန်းစေပါတယ်။

အမျိုးသားတွေအဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာနဲ့ အမျိုးသမီးတွေမှာဖြစ်လေ့ရှိတဲ့ ရင်သားကင်ဆာစတဲ့ ရောဂါတွေကိုကြံရည်ကကာကွယ်ပေးပါတယ်။ ဒါအပြင်ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ကျောက်ကပ်ရဲ့လုပ် ငန်းဆောင်တာတွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ကူညီပေးပြီး ကျောက်ကပ်ကျောက်တည်ခြင်းကိုကူညီပေး ပါတယ်။ ဗီတာမင် B1, B2, B3, B5 တို့ပါဝင်ပြီးအမျှင်ဓာတ်နဲ့ ပရိုတိန်းတို့ပါဝင်တဲ့အတွက် ဝမ်းမမှန်လို့ဝမ်းချုပ် လို့စိတ်ညစ်နေတဲ့သူတွေ ကြံကိုစားပေးသင့်ပါတယ်။ ကြံမှာပိုတက်စီယမ်ပါဝင်နှုန်းမြင့်လို့ အစာကိုကြေညက်စေ ပြီးအူလမ်းကြောင်းကိုကောင်းမွန်စေပါတယ်။
ဒါ့အပြင် အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့လိင်အင်္ဂါတွေကို ကျန်းမာသန်စွမ်းစေပါ တယ်။ လက်သည်း၊ ခြေသည်းတွေပိုမိုတောက်ပြောင်စေချင်ရင် ကြံရည်သောက်ပြီးသွားတွေ တောက်ပြောင်ပြီး ကြံ့ခိုင်စေဖို့အတွက်လည်းကြံဟာအသုံးဝင်ပါတယ်။

Author: ညီညီကျော် (Vol-8 / No-9) Healthcare Journal

Previous Post

အဆုတ်တီဘီရောဂါ

Next Post

အကျနာခဲ့လို့ဘဝသာအောင်လုပ်ကြစို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
597

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အကျနာခဲ့လို့ဘဝသာအောင်လုပ်ကြစို့

အိပ်မပျော်သူများ သတိထားရန်အချက်များ

သွေးအတွင်းအဆီဓာတ်နည်းအောင်လုပ်ဆောင်ခြင်းနှင့် ဓာတ်စာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.