fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

‘သန်ချဆေး ဘယ်လိုသောက်ရမလဲ၊ ဘယ်နှလုံးသောက်ရမလဲ’

9.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/09/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

‘သန္ခ်ေဆး ဘယ္လိုေသာက္ရမလဲ၊ ဘယ္ႏွလုံးေသာက္ရမလဲ’ စတဲ့ေမခြန္းေတြ အတြက္ပါ။

သန္ေကာင္ေတြ အေၾကာင္းေျပာၾကည့္ရေအာင္ပါ။

သန္ေကာင္ေတြက မသန႔္ရွင္းတဲ့ အစားအစာေတြ၊ က်က္ေအာင္ မခ်က္တဲ့ အသားငါးေတြကတဆင့္ ကူးတတ္တာတင္ မကပါဘူး။ ဖိနပ္မပါဘဲ ေျမႀကီးေပၚ ေလွ်ာက္သြားေနရင္လည္း ျဖစ္ႏိုင္ပါတယ္။ အိမ္ေမြးတိရစာၦန္ေတြက တဆင့္လည္းကူးႏိုင္ပါတယ္။ တိရစာၦန္မ်ား ကိုင္တြယ္ၿပီး လက္မေဆးပဲ အစားအစာ ကိုင္တြယ္မိရင္၊ အညစ္အေၾကးေတြ ကိုင္ၿပီးလက္မေဆးပဲ အစားအစာကိုင္တြယ္မိရင္ ကူးႏိုင္ပါတယ္။

သန္ေကာင္ေတြ တစ္ေကာင္နဲ႔တစ္ေကာင္ မတူသလို၊ ကူးပုံကူးနည္းမတူသလို တစ္ေကာင္နဲ႔ တစ္ေကာင္ ျဖစ္လာတဲ့ ေရာဂါလကၡဏာေတြလည္း မတူ   တတ္ၾကပါဘူး။

အမ်ားစုမွာကေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာမ်ား ျဖစ္တတ္ၾကပါတယ္။ ႐ိုး႐ိုးဖ်ားတာ၊ အနီျပင္ထြက္တာ၊ ကိုယ္လက္ကိုက္ခဲတာေတြလည္း ျဖစ္တတ္ပါတယ္။ ညဘက္အိပ္တဲ့အခါ စအိုပတ္လည္ ယားတတ္တာလည္း ရွိပါတယ္။ တစ္ခ်ိဳ႕သန္ေကာင္ေတြက အေရျပားထဲ ေလွ်ာက္သြားေနတတ္ၾကၿပီး ေျခ၊လက္၊ခႏၶာကိုယ္အေရျပားေအာက္ေတြမွာေတြ႕ႏိုင္ပါတယ္။ တစ္ခ်ိဳ႕ကမ်က္စိထဲမွာ ေတြ႕ရတတ္ၿပီးမ်က္စိရဲတာ၊ နာတာမ်ိဳးကအစ ကန္းတဲ့အထိျဖစ္ႏိုင္ပါတယ္။ အဆုတ္   ေၾကာင့္ ေမာတာ၊ ရင္ဘတ္ေအာင့္တာ၊ ေခ်ာင္းဆိုးေသြးပါတာေတြ ျဖစ္ေစႏိုင္ပါတယ္။ အူလမ္းေၾကာင္းထဲမွာ သန္ေကာင္ေတြေၾကာင့္ပိတ္တာ၊ ေပါက္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။သည္းေျခႁပြန္ေတြ ပိတ္ၿပီး၊ အသားဝါျခင္း၊ အသည္းေရာင္ျခင္းမ်ားလည္း့ျဖစ္ႏိုင္ပါတယ္၊တစ္ခ်ိဳ႕သန္ေကာင္ေတြကေတာ့ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာေတြ ထိၿပီး၊ ဦးေႏွာက္အေျမႇးေရာင္ျခင္း၊ တက္ျခင္း၊ ကိုယ္တစ္ျခမ္းေသျခင္း စသျဖင့္လည္း ျဖစ္ေစႏိုင္ပါတယ္။ ႏွလုံးႏွင့္ အ႐ိုး စသျဖင့္ ေနရာအစုံမွာ ဒုကၡေပးႏိုင္ပါတယ္။ သန္ေကာင္ေတြေၾကာင့္လည္း ေသြးအားနည္းျခင္း၊ ႀကီးထြားသင့္သေလာက္ မႀကီးထြားျခင္းမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

သန္ေကာင္ေၾကာင့္ ခ်ည္းသာမဟုတ္ဘဲ သန္းဥမ်ားေၾကာင့္လည္း အထက္ပါ ေရာဂါလကၡဏာမ်ား ျဖစ္ႏိုင္ပါတယ္။
ဒါဆို သန္ခ်ေဆးေသာက္ရင္ ေပ်ာက္ၿပီလားေပါ့၊ ပုံမွန္အားျဖင့္ သန္ခ်ေဆးေသာက္လို႔ ရတယ္ဆိုေပမယ့္ တကယ္တမ္းက ျဖစ္ေစတဲ့ အေကာင္ေပၚမူတည္  ၿပီး ေသာက္ရတာပါ။အဲဒီေတာ့ဘာေကာင္ေၾကာင့္ ျဖစ္လဲဆိုတာသိဖို႔အရင္ဆုံးလိုပါတယ္။ ႐ိုး႐ိုးတမ္းတမ္း ဝမ္းစစ္႐ုံနဲ႔ သိႏိုင္တာရွိသလို ေရာဂါလကၡဏာအရ လိုအပ္တဲ့ စစ္ေဆးတာေတြကို ဆက္လုပ္မွ သိႏိုင္တာလည္း ရွိပါတယ္။

ဘာသန္ေကာင္ေၾကာင့္ ျဖစ္လဲသိခဲ့ရင္ေတာင္ သန္ေကာင္အမ်ိဳးအစား အေပၚမူတည္ၿပီး သန္ခ်ေဆးေသာက္ရပါတယ္။ တစ္ႀကိမ္တည္း ေသာက္႐ုံနဲ႔ လုံ    ေလာက္တာရွိသလို တစ္ေန႔ဘယ္ႏွစ္ႀကိမ္၊ ဘယ္ႏွစ္ရက္ ေသာက္ရမယ္ဆိုတာလည္း ရွိပါတယ္။ တကယ္လိုအပ္လာရင္ သန္ခ်ေဆးတင္မကဘဲ အျခား  ေဆးမ်ား၊ တျခားေသာ ကုသမႈမ်ားလည္း သုံးရတတ္ပါတယ္။

သန္ခ်ေဆးကို အနည္းဆုံး (၆) လတစ္ခါ ပုံမွန္ခ်ပါဆိုတာက မျဖစ္ခင္ႀကိဳတင္ကာကြယ္တာပါ။သန္ခ်ေဆးေသာက္ေန႐ုံနဲ႔မၿပီးပါဘူး။အဓိကက တကိုယ္ရည္သန႔္ရွင္းေရးပါ။ တကိုယ္ရည္သန႔္ရွင္းေရးကို အၿမဲသတိျပဳၿပီး လုပ္ေဆာင္တတ္ရင္ သန္ေကာင္ေၾကာင့္ ျဖစ္ႏိုင္တဲ့ ေရာဂါေတြကူးျခင္းမွ ႀကိဳတင္ကာကြယ္  ႏိုင္ပါတယ္။

တကိုယ္ရည္ သန႔္ရွင္းေရးက မခက္ပါဘူး။ ေျခသည္း လက္သည္း ပုံမွန္ညႇပ္ပါ။ အျပင္သြားရင္ ဖိနပ္စီးပါ။ အစားအစာမ်ားကို ယင္မနားေအာင္ထားပါ။ အစားအစာမကိုင္ခင္ မစားခင္မွာ လက္ကိုဆပ္ျပာနဲ႔ ေသခ်ာေဆးပါ။ အိမ္သာသြားၿပီးတိုင္း၊ အညစ္အေၾကးမ်ားကိုင္ၿပီးတိုင္း လက္ကိုဆပ္ျပာနဲ႔ ေသခ်ာေဆးပါ၊ အိမ္သာသြားၿပီးတိုင္း၊ အညစ္အေၾကးကိုင္ၿပီးတိုင္း၊ လက္ကိုဆပ္ျပာနဲ႔ ေသခ်ာေဆးပါ။ အိမ္ေမြးတိရစာၦန္မ်ားကိုလည္း သန႔့္ရွင္းေရးလုပ္ေပးပါ၊ သန္ခ်ေပးပါ၊ တိရစာၦန္မ်ား ကိုင္တြယ္ၿပီးတိုင္းလည္း လက္ေဆးပါ။ အျပင္က ျပန္လာတိုင္းလည္း ေျခေဆးပါ။ အိပ္ယာခင္း၊ ေစာင္ေတြကိုလည္း ပုံမွန္ေလွ်ာ္ပါ၊ ေနပူျပပါ။ ဒါေတြကို သတိေလးထားၿပီး လုပ္လာႏိုင္ရင္ သန္ေကာင္ေတြနဲ႔ ေဝးႏိုင္မွာပါ။

သန္ခ်ေဆးကို ႀကိဳတင္ကာကြယ္ဖို႔ ေသာက္မယ္ဆိုရင္လည္း ျဖစ္ႏိုင္ရင္ တစ္အိမ္သားလုံ အတူတူေသာက္ပါ။ သန္ခ်ေဆးေသာက္မယ္ဆိုရင္ အစာနဲ႔    အနည္းဆုံးတစ္နာရီ ေလာက္ျခားၿပီးမွ ေသာက္ပါ။ ေရမ်ားမ်ားနဲ႔ ေသာက္ပါ။ ဝမ္းႏႈတ္ေဆး တြဲေသာက္ဖို႔ မလိုပါဘူး၊ ဒါဆိုရင္ သန္ခ်ေဆး ‘ဘယ္လိုေသာက္ရမလဲ၊ ဘယ္ႏွလုံးေသာက္ရမလဲ အတြက္အေျဖရႏိုင္ေလာက္ပါတယ္။

Author – Dr. CST

(Unicode)

‘သန်ချဆေး ဘယ်လိုသောက်ရမလဲ၊ ဘယ်နှလုံးသောက်ရမလဲ’ စတဲ့မေခွန်းတွေ အတွက်ပါ။

သန်ကောင်တွေ အကြောင်းပြောကြည့်ရအောင်ပါ။

သန်ကောင်တွေက မသန့်ရှင်တဲ့ အစားအစာတွေ၊ ကျက်အောင် မချက်တဲ့ အသားငါးတွေကတဆင့် ကူးတတ်တာတင် မကပါဘူး။ ဖိနပ်မပါဘဲ မြေကြီးပေါ် လျှောက်သွားနေရင်လည်း ဖြစ်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေက တဆင့်လည်းကူးနိုင်ပါတယ်။ တိရစ္ဆာန်များ ကိုင်တွယ်ပြီး လက်မဆေးပဲ အစားအစာ ကိုင်တွယ်မိရင်၊ အညစ်အကြေးတွေ ကိုင်ပြီးလက်မဆေးပဲ အစားအစာကိုင်တွယ်မိရင် ကူးနိုင်ပါတယ်။

သန်ကောင်တွေ တစ်ကောင်နဲ့တစ်ကောင် မတူသလို၊ ကူးပုံကူးနည်းမတူသလို တစ်ကောင်နဲ့ တစ်ကောင် ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေလည်း မတူ   တတ်ကြပါဘူး။

အများစုမှာကတော့ ဝမ်းပျက်ဝမ်းလျှောများ ဖြစ်တတ်ကြပါတယ်။ ရိုးရိုးဖျားတာ၊ အနီပြင်ထွက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေလည်း ဖြစ်တတ်ပါတယ်။ ညဘက်အိပ်တဲ့အခါ စအိုပတ်လည် ယားတတ်တာလည်း ရှိပါတယ်။ တစ်ချို့သန်ကောင်တွေက အရေပြားထဲ လျှောက်သွားနေတတ်ကြပြီး ခြေ၊လက်၊ခန္ဓာကိုယ်အရေပြားအောက်တွေမှာတွေ့နိုင်ပါတယ်။ တစ်ချို့ကမျက်စိထဲမှာ တွေ့ရတတ်ပြီးမျက်စိရဲတာ၊ နာတာမျိုးကအစ ကန်းတဲ့အထိဖြစ်နိုင်ပါတယ်။ အဆုတ်   ကြောင့် မောတာ၊ ရင်ဘတ်အောင့်တာ၊ ချောင်းဆိုးသွေးပါတာတွေ ဖြစ်စေနိုင်ပါတယ်။ အူလမ်းကြောင်းထဲမှာ သန်ကောင်တွေကြောင့်ပိတ်တာ၊ ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။သည်းခြေပြွန်တွေ ပိတ်ပြီး၊ အသားဝါခြင်း၊ အသည်းရောင်ခြင်းများလည်း့ဖြစ်နိုင်ပါတယ်၊တစ်ချို့သန်ကောင်တွေကတော့ ဦးနှောက်နဲ့ အာရုံကြောတွေ ထိပြီး၊ ဦးနှောက်အမြှေးရောင်ခြင်း၊ တက်ခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း စသဖြင့်လည်း ဖြစ်စေနိုင်ပါတယ်။ နှလုံးနှင့် အရိုး စသဖြင့် နေရာအစုံမှာ ဒုက္ခပေးနိုင်ပါတယ်။ သန်ကောင်တွေကြောင့်လည်း သွေးအားနည်းခြင်း၊ ကြီးထွားသင့်သလောက် မကြီးထွားခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။

သန်ကောင်ကြောင့် ချည်းသာမဟုတ်ဘဲ သန်းဥများကြောင့်လည်း အထက်ပါ ရောဂါလက္ခဏာများ ဖြစ်နိုင်ပါတယ်။
ဒါဆို သန်ချဆေးသောက်ရင် ပျောက်ပြီလားပေါ့၊ ပုံမှန်အားဖြင့် သန်ချဆေးသောက်လို့ ရတယ်ဆိုပေမယ့် တကယ်တမ်းက ဖြစ်စေတဲ့ အကောင်ပေါ်မူတည်  ပြီး သောက်ရတာပါ။အဲဒီတော့ဘာကောင်ကြောင့် ဖြစ်လဲဆိုတာသိဖို့အရင်ဆုံးလိုပါတယ်။ ရိုးရိုးတမ်းတမ်း ဝမ်းစစ်ရုံနဲ့ သိနိုင်တာရှိသလို ရောဂါလက္ခဏာအရ လိုအပ်တဲ့ စစ်ဆေးတာတွေကို ဆက်လုပ်မှ သိနိုင်တာလည်း ရှိပါတယ်။

ဘာသန်ကောင်ကြောင့် ဖြစ်လဲသိခဲ့ရင်တောင် သန်ကောင်အမျိုးအစား အပေါ်မူတည်ပြီး သန်ချဆေးသောက်ရပါတယ်။ တစ်ကြိမ်တည်း သောက်ရုံနဲ့ လုံ    လောက်တာရှိသလို တစ်နေ့ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ရက် သောက်ရမယ်ဆိုတာလည်း ရှိပါတယ်။ တကယ်လိုအပ်လာရင် သန်ချဆေးတင်မကဘဲ အခြား  ဆေးများ၊ တခြားသော ကုသမှုများလည်း သုံးရတတ်ပါတယ်။

သန်ချဆေးကို အနည်းဆုံး (၆) လတစ်ခါ ပုံမှန်ချပါဆိုတာက မဖြစ်ခင်ကြိုတင်ကာကွယ်တာပါ။သန်ချဆေးသောက်နေရုံနဲ့မပြီးပါဘူး။အဓိကက တကိုယ်ရည်သန့်ရှင်းရေးပါ။ တကိုယ်ရည်သန့်ရှင်းရေးကို အမြဲသတိပြုပြီး လုပ်ဆောင်တတ်ရင် သန်ကောင်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေကူးခြင်းမှ ကြိုတင်ကာကွယ်  နိုင်ပါတယ်။

တကိုယ်ရည် သန့်ရှင်းရေးက မခက်ပါဘူး။ ခြေသည်း လက်သည်း ပုံမှန်ညှပ်ပါ။ အပြင်သွားရင် ဖိနပ်စီးပါ။ အစားအစာများကို ယင်မနားအောင်ထားပါ။ အစားအစာမကိုင်ခင် မစားခင်မှာ လက်ကိုဆပ်ပြာနဲ့ သေချာဆေးပါ။ အိမ်သာသွားပြီးတိုင်း၊ အညစ်အကြေးများကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ သေချာဆေးပါ၊ အိမ်သာသွားပြီးတိုင်း၊ အညစ်အကြေးကိုင်ပြီးတိုင်း၊ လက်ကိုဆပ်ပြာနဲ့ သေချာဆေးပါ။ အိမ်မွေးတိရစ္ဆာန်များကိုလည်း သန့်ရှင်းရေးလုပ်ပေးပါ၊ သန်ချပေးပါ၊ တိရစ္ဆာန်များ ကိုင်တွယ်ပြီးတိုင်းလည်း လက်ဆေးပါ။ အပြင်က ပြန်လာတိုင်းလည်း ခြေဆေးပါ။ အိပ်ယာခင်း၊ စောင်တွေကိုလည်း ပုံမှန်လျှော်ပါ၊ နေပူပြပါ။ ဒါတွေကို သတိလေးထားပြီး လုပ်လာနိုင်ရင် သန်ကောင်တွေနဲ့ ဝေးနိုင်မှာပါ။

သန်ချဆေးကို ကြိုတင်ကာကွယ်ဖို့ သောက်မယ်ဆိုရင်လည်း ဖြစ်နိုင်ရင် တစ်အိမ်သားလုံ အတူတူသောက်ပါ။ သန်ချဆေးသောက်မယ်ဆိုရင် အစာနဲ့    အနည်းဆုံးတစ်နာရီ လောက်ခြားပြီးမှ သောက်ပါ။ ရေများများနဲ့ သောက်ပါ။ ဝမ်းနှုတ်ဆေး တွဲသောက်ဖို့ မလိုပါဘူး၊ ဒါဆိုရင် သန်ချဆေး ‘ဘယ်လိုသောက်ရမလဲ၊ ဘယ်နှလုံးသောက်ရမလဲ အတွက်အဖြေရနိုင်လောက်ပါတယ်။

Author – Dr. CST

Previous Post

သီတင်းကျွတ်ရင်

Next Post

အပျက်သဘောဆောင် စိတ်ခံစားမှုတွေက ကျန်းမာရေးကို ဘယ်လိုသက်ရောက်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
599

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပျက်သဘောဆောင် စိတ်ခံစားမှုတွေက ကျန်းမာရေးကို ဘယ်လိုသက်ရောက်လဲ

သန္ဓေတားမည်ဆိုလျှင်

မီးယပ်သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ အပြောင်းအလဲတစ်ခု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.