fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သွေးရည်ကြည် ကုထုံးအကြောင်း လေ့လာခြင်း

748
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/07/2019
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

PRP (Platlet Rich Plasma) Therapy လို့ခေါ်တဲ့ သွေးရည်ကြည်ကုထုံး ဆိုတာဟာ ယခုနောက်ပိုင်းမှာခေတ်စားလာတဲ့ ထူးခြားတဲ့ကုထုံးအသစ်တစ်ခု ဖြစ်ပါတယ်။ ဘယ်လိုထူးခြားတာလဲဆိုရင် လူတစ်ယောက်ဟာ ကျန်တာဘာမှမသုံးဘဲ မိမိသွေးကိုသာ ပြန်အသုံးပြုပြီး ကိုယ့်ဆီမှာရှိနေတဲ့ရောဂါတွေကို ကုသလို့ရတဲ့နည်းမို့လို့ပါပဲ။ ကိုယ့်ပစ္စည်းနဲ့ကိုယ်ကုရတာဖြစ်တဲ့အတွက် ပြင်ပကဆေးဝါးတွေ၊ ဓါတုပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေမခံစားရဘဲ စိတ်ချရတဲ့ ကုသမှုတစ်ခုလို့ယူဆလာကြပါတယ်။

အရင့်အရင်က ကုသရမလွယ်ကုတဲ့ နာတာရှည်နာကျင်ကိုက်ခဲမှုရောဂါတွေဖြစ်တဲ့ ကျီးပေါင်းရောဂါ၊ အရွတ်ဒဏ်ဖြစ်ခြင်းရောဂါတွေ၊ အသားအရေပျက်စီးလာခြင်းစတဲ့ ရောဂါတွေကို အခုဆိုရင် ဒီသွေးရည်ကြည်ကုထုံးနဲ့ ထိထိရောက်ရောက်ကုသလို့ရလာပါပြီ။ ဒါ့အပြင် ကြွက်သားပျက်စီးမှုတွေကို အစားထိုးနိုင်တဲ့ ကုထုံးအဖြစ်၊ နောက်ပြီး ကျိုးထားတဲ့အရိုးတွေကိုမြန်မြန်ပျက်ဆက်စေတဲ့ ကုထုံးအဖြစ်ထိပါ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။

ဒီကုထုံးရဲ့ သဘောသဘာဝဟာ စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် လေ့လာကြည့်စေလိုပါတယ်။ အရင်ဆုံး သွေးရည်ကြည် (Plasma) ဆိုတာ ဘာလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။ သွေးရည်ကြည်ဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးထဲက အစိတ်အပိုင်းတစ်ခုပါ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့မြင်နေရတဲ့ သွေးအနီရောင်ဆိုတာက တကယ်တော့ အနီရောင်အရည်တွေသက်သက်မဟုတ်ပါဘူး။ အကြည်ရောင်အရည်တွေထဲမှာ အနီရောင်နဲ့ အဖြူရောင်အမှုန်သေးသေးလေးတွေ အများကြီးရောပြီးပျော်ဝင်နေလို့ အနီရောင်သွေးတွေအဖြစ်မြင်နေရတာပါ။ အဲဒီလိုအမှုန်တွေအများကြီးပျော်ဝင်နေလို့သာ သွေးကပျစ်နေတာပါ။

အခု ကျွန်တော်တို့ပြောမယ့် သွေးရည်ကြည်ဆိုတာကတော့ အဲသည်လိုအမှုန်တွေပျော်ဝင်မနေတဲ့
အရည်ကြည်သက်သက်ကို ဆိုလိုတာပါ။ အမှုန်ဆိုတာကတော့ မြင်သာအောင်ပြောလိုက်တဲ့ သဘောပါ။ တကယ်ကတော့ အဲဒါက သွေးဆဲလ် (blood cells) လေးတွေဖြစ်ပါတယ်။ အနီရောင်ရှိတဲ့ ဆဲလ်တွေကို သွေးနီဥ (Red blood cells)တွေလို့ ခေါ်ပါတယ်။ သူတို့က အများစုပါ။ အဖြူရောင်အမှုန်လေးတွေလည်း ရှိပါတယ်။ သူတို့ကအနည်းစုပါ။ သူတို့ကိုတော့ သွေးဖြူဥ (white blood cells) တွေလို့ ခေါ်ပါတယ်။ အနီရောင်တွေက အဖြူရောင်တွေထက် ပါဝင်မှု ပိုများတော့ သွေးကနီနေတာပါ။

အခု ကုထုံးအနေနဲ့ သုံးမှာက အဲသည်နှစ်မျိုးမဟုတ်ပါဘူး။ သူတို့နှစ်ခုကိုဖယ်ပြီး ကျန်တဲ့ သွေးရည်ကြည် (Plasma) ကိုပဲ သုံးမှာပါ။ အဲသည် သွေးရည်ကြည်ဆိုတာမှာလည်း တကယ်တော့ အရည်ကြည်သက်သက်ထက်စာရင် အလွန်သေးငယ်တဲ့ အမှုန်လေးတွေ ထပ်ပျော်ဝင်နေပါသေးတယ်တဲ့။ အဲဒါတွေကိုတော့ သွေးဥမွှား (platelet)တွေလို့ခေါ်ပါတယ်။ အဲသည်သွေးဥမွှားတွေကိုပါ သွေးရည်ကြည်ထဲက ထပ်ခွဲထုတ်လို့ရပါတယ်။ နောက်ဆုံးကျန်တဲ့အရည်ကတော့ ဆဲလ်မပါတဲ့ လုံးဝအရည်သက်သက် (serum) ဖြစ်သွားပါပြီ။။

အခုကျွန်တော်တို့တကယ်သုံးမဲ့ PRP therapy သွေးရည်ကြည်ကုထုံးဆိုတာက သွေးနီဥ၊သွေးဖြူဥတွေကိုဖယ်၊ အရည်ကြည်သက်သက်ကိုလည်းဖယ်ပြီး သွေးဥမွှားသေးသေးလေးတွေသာ ပျော်ဝင်နေတဲ့ အရည် နည်းနည်းလေးရဲ့အာနိသင်နဲ့ ကုသရတဲ့ကုထုံးဖြစ်ပါတယ်။ Platelet တွေအများကြီးပျော်ဝင်နေတဲ့ Plasma (Platelet Rich Plasma) တစ်နည်းအားဖြင့် သွေးဥမွှားပျစ်သွေးရည်ကြည် ဆိုတာကိုသာ သုံးပြီးကုသရတာဖြစ်ပါတယ်။

ဘာဖြစ်လို့အဲသည် သွေးဥမွှား Platelet တွေ အများကြီးကိုမှ လိုချင်ရတာလဲ။ အရှင်းဆုံးပြောရရင် သူတို့ဆီကထွက်တဲ့ Platelet-derived growth factor ဆိုတဲ့ဓါတ်ကို လိုချင်လို့ပါ။ သူက နာမည်အတိုင်း growth factor ဖြစ်တဲ့အတွက် ဆဲလ်တွေကို ပွားများကြီးထွားဖွံ့ဖြိုးစေပါတယ်။ အဲသည်တော့ ပျက်စီးသွားတဲ့ဆဲလ်တွေကို ပုံမှန်အတိုင်း ပြန်လည်ဖြစ်ထွန်းနိုင်မှု အားနည်းလာတဲ့အခါ သည်ဓါတ်ကိုသုံးခြင်းအားဖြင့် အကောင်းအတိုင်းဖြစ်တဲ့ဆဲလ်တွေကို ပြန်လည်ရရှိလာမှာပါ။ ဥပမာအားဖြင့် အဆစ်ကျီးပေါင်း၊ အရွတ်ဒဏ်ရာ နောက်ပြီး အရေပြားပျက်စီးခြင်းစတဲ့ရောဂါတွေဟာ PRP ကို သုံးပြီးကုတဲ့အခါ ဆဲလ်အသစ်တွေပြန်လည်ပြည့်ဖြိုးလာလို့ ရောဂါသက်သာပျောက်ကင်းလာကြပါတယ်။

ဒါဆိုရင် ဘယ်ပုံဘယ်နည်းနဲ့ သည်ကုထုံးကို အသုံးပြုကြမှာလဲ။ စောစောကပြောခဲ့သလို ကိုယ့်သွေးနဲ့ကိုယ့်ကို ကုရမှာ ဖြစ်တဲ့အတွက် အလိုအပ်ဆုံးကတော့သွေးဖောက်ရမှာ ဖြစ်တယ်။ အရင်ဆုံး ကိုယ့်လက်မောင်းသွေးကြောကနေ သွေးနည်းနည်းထုတ်ယူရပါတယ်။ ပြီးရင် centrifuge ခေါ်တဲ့ အရှိန်မြှင့်လည်စေတဲ့စက်ထဲကို ထည့်ပြီး သွေးကိုစောစောကပြောခဲ့တဲ့ အမှုန်တွေ၊အရည်တွေသက်သက်စီ ဖြစ်အောင် ခွဲထုတ်ပစ်ရပါတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင် သွေးကိုအရှိန်မြှင့်လည်စက်နဲ့ လှည့်လိုက်တဲ့အခါ သွေးတွေဟာ အအေးဆိုင်က မစ်ရှိတ် (Milk Shake) ဖျော်ရည်လို အလွှာလိုက်လေးတွေ ဖြစ်သွားပါတယ်။

မစ်ရှိတ်ပုလင်းမှာ အပေါ်ဆုံးက နို့ရည်၊ အလယ်က အနီရောင်သို့မဟုတ် ချောကလက်ရောင်ဖျော်ရည်၊ အောက်ဆုံးကမှ ပုလဲသီးတို့၊ဂျယ်လီဖတ်တို့ ရှိနေပြီး ရောမွှေလိုက်မှ အရောင်တွေအကုန်ရောသွားသလိုပါပဲ။ သွေးပုလင်းထဲမှာကျတော့ အပေါ်ဆုံးက သွေးရည်ကြည် အလယ်မှာက သွေးဥမွှားနဲ့ သွေးဖြူဥ၊ အောက်ဆုံးမှာက အနီရောင်သွေးနီဥဆိုပြီး အလွှာသုံးလွှာ ကွဲထွက်သွားပါတယ်။ အဲဒီထဲကမှ သွေးဥမွှားပျစ်သွေးရည် (PRP)ကို စုတ်ထုတ်ပြီး ဆေးထိုးအပ်ထဲထည့်ကာ ကိုယ်ကုသချင်တဲ့နေရာကို တိုက်ရိုက်ထိုးထည့်ရတာပဲ ဖြစ်ပါတယ်။

သည်နည်းဟာ ယခုနောက်ပိုင်းမှာ ထိရောက်ကောင်းမွန်တဲ့ ရလဒ်တွေ တော်တော်များများရရှိလာပြီ ဖြစ်ပေမယ့် အားလုံးကလက်ခံသုံးစွဲတဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး။ သုတေသနတွေအများကြီးဆက်လုပ်နေကြပြီး ပိုမိုတိကျတဲ့ရလဒ်တွေ၊ နည်းစနစ်တွေ ပေါ်လာဖို့တော့ လိုပါသေးတယ်။ နောက်ပြီး သူဟာ လုံး၀ ပြီးပြည့်စုံတဲ့ကုသမှုတစ်ခုလည်း မဖြစ်သေးပါဘူး။

ဘေးထွက်ဆိုးကျိုးအနေနဲ့ မူးတာ၊ အန်ချင်တာလေးတွေ ရှိတတ်တဲ့ အပြင် ကုန်ကျစရိတ်ကလည်း အတိုင်းအတာတစ်ခုထိ ရှိပါသေးတယ်။ သို့ပေမယ့် ကုသရခက်တဲ့ရောဂါတွေကိုတော့ ကိုယ့်သွေးနဲ့ကိုယ် လွယ်လွယ်ကူကူ ကုသလို့ရလာပြီဖြစ်တယ်ဆိုတာကို အများသိရှိစေချင်တဲ့အတွက် မိတ်ဆက်ရေးသားလိုက်ခြင်းဖြစ်ပါတယ်။

ဒေါက်တာထွန်းလင်း

 

Previous Post

မိုးတွင်းကာလနှင့် ယားနာပြဿနာ

Next Post

မတ်မတ်ဗိုက်တွေအတွက် သတိထားရမဲ့ ကိုယ်အလေးချိန် အပိုင်း (၂)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မတ်မတ်ဗိုက်တွေအတွက် သတိထားရမဲ့ ကိုယ်အလေးချိန် အပိုင်း (၂)

နာမည်ဆန်းသောတုပ်ကွေးတစ်မျိုး

ခါးဆွဲခြင်းအနုပညာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.