(Zawgyi)
တခ်ိဳ႕လူေတြက အိပ္တဲ့အခါမွာ အသက္ရႈလမ္းေၾကာင္း ပိတ္ၿပီး အသက္ရႈရပ္ရပ္သြားလို႔ လန႔္ႏိုးတတ္ပါတယ္။ အသက္ရႈက်ပ္တာအျပင္ အိပ္တဲ့အခါ ေဟာက္တာမ်ိဳး၊ ဘယ္ေလာက္အိပ္အိပ္ အိပ္လို႔ မဝတာမ်ိဳး၊ မနက္ႏိုးလာရင္လည္း လန္းဆန္းမႈမရွိပဲ ေခါင္းကိုက္ေနတတ္တာမ်ိဳး၊ ေန႔ဘက္ေတြမွာ အိပ္ငိုက္ေန တတ္တာ၊ စိတ္ဝင္စားမႈ အာ႐ုံစူးစိုက္ႏိုင္မႈ ေလ်ာ့နည္းလာတာ၊ လုပ္ေဆာင္ရည္ က်လာတာေတြ ျဖစ္လာ တတ္ပါတယ္။
မ်ားေသာအားျဖင့္ ဝတဲ့သူေတြမွာ ျဖစ္တတ္ပါတယ္။ အမ်ိဳးသားေတြမွာ ပိုျဖစ္တတ္ပါတယ္။ တျခား ကေတာ့ သိုက္႐ြက္ေဟာ္မုန္းနည္းတဲ့သူ၊ growth hormone လို႔ေခၚတဲ့ ႀကီးထြားဖို႔လိုအပ္တဲ့ ေဟာ္မုန္းမ်ား တဲ့သူေတြမွာ လွ်ာက သာမန္သူေတြထက္ ပိုႀကီးတဲ့အခါမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ အားသီးႀကီးတဲ့ သူေတြမွာ လည္း ျဖစ္တတ္ပါတယ္။ အရက္နဲ႔ အိပ္ေဆးေသာက္တတ္တဲ့သူေတြမွာလည္း ျဖစ္တတ္ပါတယ္။
ဒီလိုျဖစ္တတ္တဲ့သူေတြက ၾကာလာရင္ အဆုတ္မွာ နာတာရွည္ အဆုတ္မေကာင္းတာမ်ိဳး ျဖစ္လာႏိုင္ ပါတယ္။ ဒီေရာဂါရွိတဲ့သူေတြက ေသြးတိုးေရာဂါ ျဖစ္ေစႏိုင္ေခ် ပိုမ်ားပါတယ္။ နဂိုကတည္းက ေသြးတိုးရွိတဲ့ လူေတြမွာ ေလျဖစ္တာမ်ိဳး ႐ုတ္တရက္ အသက္ဆုံးရႈံးျခင္းေတြလည္း ျဖစ္တတ္ပါတယ္။
အသက္ရႈရပ္ရပ္သြားတိုင္း ဒီေရာဂါ ျဖစ္ၿပီလို႔ေတာ့ ေျပာမရပါ။ အိပ္တာ တစ္နာရီအတြင္းမွာ ၁၅ ခါနဲ႔အထက္ အသက္ရႈရပ္ရပ္သြားတာမ်ိဳးျဖစ္ရင္၊ တခါ အသက္ရႈရပ္သြားတာက ၁၀ စကၠန႔္နဲ႔ အထက္ၾကာလာရင္ေတာ့ ျဖစ္ႏိုင္ေခ် ရွိပါတယ္။ ဒီေရာဂါ ဟုတ္မဟုတ္ကို စစ္ေဆးၾကည့္လို႔ ရပါတယ္။ အိပ္ေနတုန္းမွာ ေအာက္ဆီဂ်င္တိုင္းၿပီး ဗီဒီယို ႐ိုက္ကူးၿပီး ျပန္ၾကည့္တာမ်ိဳး ႐ိုး႐ိုးတန္တန္း စစ္တာလည္းရွိသလို စက္ေတြအမ်ားႀကီး တပ္ၿပီး စမ္းသပ္ရတာလည္း ရွိပါတယ္။
ဒီလိုျဖစ္တတ္တဲ့သူေတြမွာ ဝလို႔ျဖစ္တာလား တျခားေရာဂါေတြေၾကာင့္လား ဆိုတာလည္း သိဖို႔လိုပါတယ္။ တျခားေရာဂါေၾကာင့္ျဖစ္ရင္ အဲဒီေရာဂါ ေတြကိုပါ ကုရမွာပါ ဝတဲ့သူေတြမွာ ဝိတ္ခ်ဖို႔လည္း လိုပါတယ္။ ညအိပ္တဲ့အခါ ေလေကာင္းေလသန႔္ ေလအဝင္အထြက္ ေကာင္းေနဖို႔လိုပါတယ္။
လိုအပ္လာရင္ အိပ္တဲ့အခါ ေအာက္ဆီဂ်င္တပ္ၿပီး ေနရတတ္ပါတယ္။ ဘယ္လိုမွ မသက္သာရင္ေတာ့ ခြဲစိတ္ကုရတာပါ။ ခြဲစိတ္မယ္ဆိုရင္လည္း လူနာသေဘာတခုတည္းနဲ႔ မဟုတ္ပါဘူး၊ လိုအပ္တဲ့ စစ္ေဆးခ်က္ေတြ လိုပါတယ္။
ဒါေၾကာင့္ ဒီေရာဂါျဖစ္တဲ့သူေတြက ရင္ေခါင္းသမားေတာ္ ျဖစ္ျဖစ္၊ အေထြေထြသမားေတာ္ျဖစ္ျဖစ္ေတာ့ ျပသၿပီး တိုင္ပင္ထားဖို႔ လိုပါတယ္။
Author – Dr. CST
တချို့လူတွေက အိပ်တဲ့အခါမှာ အသက်ရှုလမ်းကြောင်း ပိတ်ပြီး အသက်ရှုရပ်ရပ်သွားလို့ လန့်နိုးတတ်ပါတယ်။ အသက်ရှုကျပ်တာအပြင် အိပ်တဲ့အခါ ဟောက်တာမျိုး၊ ဘယ်လောက်အိပ်အိပ် အိပ်လို့ မဝတာမျိုး၊ မနက်နိုးလာရင်လည်း လန်းဆန်းမှုမရှိပဲ ခေါင်းကိုက်နေတတ်တာမျိုး၊ နေ့ဘက်တွေမှာ အိပ်ငိုက်နေ တတ်တာ၊ စိတ်ဝင်စားမှု အာရုံစူးစိုက်နိုင်မှု လျော့နည်းလာတာ၊ လုပ်ဆောင်ရည် ကျလာတာတွေ ဖြစ်လာ တတ်ပါတယ်။
များသောအားဖြင့် ဝတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ တခြား ကတော့ သိုက်ရွက်ဟော်မုန်းနည်းတဲ့သူ၊ growth hormone လို့ခေါ်တဲ့ ကြီးထွားဖို့လိုအပ်တဲ့ ဟော်မုန်းများ တဲ့သူတွေမှာ လျှာက သာမန်သူတွေထက် ပိုကြီးတဲ့အခါမျိုးလည်း ဖြစ်တတ်ပါတယ်။ အားသီးကြီးတဲ့ သူတွေမှာ လည်း ဖြစ်တတ်ပါတယ်။ အရက်နဲ့ အိပ်ဆေးသောက်တတ်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်တတ်တဲ့သူတွေက ကြာလာရင် အဆုတ်မှာ နာတာရှည် အဆုတ်မကောင်းတာမျိုး ဖြစ်လာနိုင် ပါတယ်။ ဒီရောဂါရှိတဲ့သူတွေက သွေးတိုးရောဂါ ဖြစ်စေနိုင်ချေ ပိုများပါတယ်။ နဂိုကတည်းက သွေးတိုးရှိတဲ့ လူတွေမှာ လေဖြစ်တာမျိုး ရုတ်တရက် အသက်ဆုံးရှုံးခြင်းတွေလည်း ဖြစ်တတ်ပါတယ်။
အသက်ရှုရပ်ရပ်သွားတိုင်း ဒီရောဂါ ဖြစ်ပြီလို့တော့ ပြောမရပါ။ အိပ်တာ တစ်နာရီအတွင်းမှာ ၁၅ ခါနဲ့အထက် အသက်ရှုရပ်ရပ်သွားတာမျိုးဖြစ်ရင်၊ တခါ အသက်ရှုရပ်သွားတာက ၁၀ စက္ကန့်နဲ့ အထက်ကြာလာရင်တော့ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒီရောဂါ ဟုတ်မဟုတ်ကို စစ်ဆေးကြည့်လို့ ရပါတယ်။ အိပ်နေတုန်းမှာ အောက်ဆီဂျင်တိုင်းပြီး ဗီဒီယို ရိုက်ကူးပြီး ပြန်ကြည့်တာမျိုး ရိုးရိုးတန်တန်း စစ်တာလည်းရှိသလို စက်တွေအများကြီး တပ်ပြီး စမ်းသပ်ရတာလည်း ရှိပါတယ်။
ဒီလိုဖြစ်တတ်တဲ့သူတွေမှာ ဝလို့ဖြစ်တာလား တခြားရောဂါတွေကြောင့်လား ဆိုတာလည်း သိဖို့လိုပါတယ်။ တခြားရောဂါကြောင့်ဖြစ်ရင် အဲဒီရောဂါ တွေကိုပါ ကုရမှာပါ ဝတဲ့သူတွေမှာ ဝိတ်ချဖို့လည်း လိုပါတယ်။ ညအိပ်တဲ့အခါ လေကောင်းလေသန့် လေအဝင်အထွက် ကောင်းနေဖို့လိုပါတယ်။
လိုအပ်လာရင် အိပ်တဲ့အခါ အောက်ဆီဂျင်တပ်ပြီး နေရတတ်ပါတယ်။ ဘယ်လိုမှ မသက်သာရင်တော့ ခွဲစိတ်ကုရတာပါ။ ခွဲစိတ်မယ်ဆိုရင်လည်း လူနာသဘောတခုတည်းနဲ့ မဟုတ်ပါဘူး၊ လိုအပ်တဲ့ စစ်ဆေးချက်တွေ လိုပါတယ်။
ဒါကြောင့် ဒီရောဂါဖြစ်တဲ့သူတွေက ရင်ခေါင်းသမားတော် ဖြစ်ဖြစ်၊ အထွေထွေသမားတော်ဖြစ်ဖြစ်တော့ ပြသပြီး တိုင်ပင်ထားဖို့ လိုပါတယ်။
Author – Dr. CST