စအိပ်ဖို့ ခက်ခဲသော (သို့) တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက် ခက်ခဲတာတွေကြောင့် အိပ်မပျော် ခြင်းဆိုတာ ဖြစ်လာရပါတယ်။ အဲဒီလိုအိပ်ဖို့ ခက်ခဲတဲ့အတွက်ကြောင့် လူမှုရေးပျက်ကွက်ရတာ၊ စီးပွားရေးပျက် ကွက်ရတာနဲ့ တစ်ခြားဆိုးကျိုးတွေဆက်လက်ဖြစ်ရပါတယ်။ အဲဒီလိုအိပ်ရေးပျက်တာတွေကြောင့် နေ့ခင်းဘက် မှာ နှုံးခွေတာဖြစ်ရင် ဖြစ်တတ်ပါတယ်။ အဲဒီလို ညဖက်အိပ်မပျော်လို့ နေ့ခင်းအစားဖြည့် အိပ်တာမျိုးက အမြဲမ တွေ့ရတတ်ပါဘူး။
မေး။ အိပ်မောကျတဲ့အချိန်ကို ဘယ်အကြောင်းအရာတွေက ဆုံးဖြတ်သလဲ။
ဖြေ။ (၁) ဟိုက်ပိုသတ်လမတ် ဆိုတဲ့ ဦးနှောက်ထဲက အစိတ်အပိုင်းတစ်ခုက အိပ်ခြင်း၊ နိုးခြင်းကို နာရီသံ ပတ်ပေးသလို ထိန်းထားခြင်း
(၂) ဦးနှောက်ထဲမှာ အိပ်ဖို့ တွန်းအားပေးတဲ့ ဓာတုပစ္စည်းတွေက ထိန်းချုပ်ထားခြင်း
(၃) ရုပ်နဲ့ စိတ်နှိုးထမှု လျော့ချခြင်းစတဲ့ အချက်သုံးချက်က အိပ်မောကျချိန်ကို ထိန်းထားပါတယ်။
မေး။ ပုံမှန်အိပ်ခြင်းကို နှောက်ယှက်တဲ့ အကြောင်းအရာက ဘာလဲ။
ဖြေ။ အလုပ်ပြောင်းရခြင်း၊ လုပ်နေကျ မဟုတ်တာကို လုပ်မိခြင်းတွေက အိပ်ခြင်းကို နှောက်ယှက်ပါတယ်။ အဲဒီအကြောင်းအရာတွေကို စိတ်ပိုင်းဆိုင်ရာကုသမှုနဲ့ လုပ်နိုင်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ အကြောင်း အရာတွေကို ကုသခြင်း၊ နှစ်သိမ့်အားပေးခြင်း၊ အိပ်ချိန်၊ နှိုးထချိန်မှန်အောင်လုပ်ခြင်း၊ နေ့လည်ဘက်လေ့ကျင့် ခန်းလုပ်ခြင်း၊ ညနေဘက်အရက်၊ စီးကရက်သောက်ခြင်းမှ ရှောင်ကျဉ်ခြင်း၊ အိပ်စက်ရာနေရာကို သက်တောင့် သက်သာဖြစ်အောင်လုပ်ခြင်း၊ အိပ်ရာထက်တွင် စိတ်အနှောက်အယှက်ဖြစ်စရာ တွေကိုဖယ်ရှားခြင်း၊ နောက် ဆုံးအိပ် ဆေးသောက်ခြင်း စတာတွေနဲ့ ပြုပြင်နိုင်ပါတယ်။
မေး။ ဘာတွေက အိပ်မပျော်စေသလဲ။
ဖြေ။ (၁) စိတ်ပိုင်းဆိုင်ရာ အနေနဲ့ စိတ်ဖိစီးမှု၊ မိသားစုတွင်းနေမကောင်းခြင်း၊ အလုပ်တာဝန်က အချိန်မရွေး ပေါ်ပေါက်နိုင်ခြင်း၊ (၂) စိတ်ရောဂါအနေနဲ့ စိတ်ကျရောဂါ၊ စိတ်လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာပြဿ နာ ဘဝင်မြင့် ရောဂါ၊ (၃) ဆေးဝါးအနေနဲ့ ကဖင်း၊ အရက်ကြောင့်ဖြစ်ဖြစ်၊ အရက်ဖြတ်၍ဖြစ်ဖြစ် လက်ဖက်ရည်ကော်ဖီကို သောက်၍ဖြစ်ဖြစ် စိတ်ကျရောဂါဆေးကို စတင်သောက်၍ဖြစ်ဖြစ် (၃-၄ ပတ်ကြာလျှင် မဖြစ်တော့ပါ) စိတ်ကြွ ဆေးပြားနဲ့ သွေးပေါင်ကျဆေး အမျိုးနွယ်ဝင်ဖြစ်တဲ့ ကီတာတားဆေး (အေတီနိုလော)
(၄) ရုပ်ပိုင်းဆိုင်ရာာပြဿ နာတွေဖြစ်တဲ့ နာကျင်မှုဝေဒနာ၊ ကိုယ်ဝန်ဆောင်ခြင်း၊ ချောင်းဆိုး၊ ရင်ကြပ် အဆုတ်နဲ့ နှလုံးဆိုင်ရာရောဂါများ ဆီးဆေးသောက်မိ၍ ဆီးသွားရခြင်း၊ ဦးနှောက်နှင့် ရွေ့လျားမှုအာရုံ စနစ် ပျက်စီးသူ၊ အိပ်နေစဉ် ခြေထောက်ပွတ်တာ ရိုက်တာလုပ်၍အတူ အိပ်သူက အိပ်ရေးပျက်ခြင်း၊ အိပ်နေစဉ် ခြေထောက်ဆတ်ခနဲ ဖြစ်ခြင်း စတာတွေကြောင့် ဖြစ်ရပါတယ်။
မေး။ ဘယ်လိုဆေးဝါးတွေကို သုံးကြသလဲ။
ဖြေ။ ဦးနှောက်ရဲ့ လှုပ်ရှားမှုကို တားဆီးတဲ့ဓာတ် ပစ္စည်းတွေက GAMMA AMINO BUTYRIC ACID (GABA) ဖြစ်တယ်။ အဲဒီဓာတ်ပစ္စည်း ထွက်ရင် စိတ်ငြိမ်ပြီး အိပ်ပျော်စေပါတယ်။ အဲဒီဆေးတွေက BENZODIAZPINE ဆေးဝါးတွေ ဖြစ်တဲ့လူသိများတဲ့ ဒိုင်ယာဇီပန်၊ ဘာဘီကြူရိတ်စတဲ့ ဆေးဝါး တွေပါပဲ။
မေး။ BENZODIAZPINE ဆေးဝါးအကြောင်း သိပါရစေ။
ဖြေ။ အိပ်နေစဉ် အသက်ရှုမှု ပြဿနာ အထူးသဖြင့်အိပ်ရင် အသက်ရှုဖြစ်တဲ့လူတွေမှာ မသုံးသင့်ပါဘူး။ ဒီ ဆေးက မြန်မြန်အိပ်မောကျစေပြီး အိပ်နေစဉ် နှိုးထခြင်းကိုလည်း လျှော့နည်းစေပါတယ်။ အိပ်မပျော် တော့ စိတ်လှုပ်ရှားတာ၊ အရက်ဖြတ်စဉ်၊ ကြွက်တက်ရင် စားဆေးအဖြစ်နဲ့ သုံးနိုင်သလို စိတ်ရောဂါ အခြေအနေကြောင့် မြန်မြန်ငြိမ်သက်စေ လိုလျှင်ဖြစ်ဖြစ် အသေးစားခွဲစိတ်မှုမှာ စိတ်ငြိမ်ဖို့နဲ့မေ့စေဖို့ ထိုးဆေးအနေနဲ့ လည်းသုံးနိုင်ပါတယ်။ သုံးစွဲတာ (၄-၈ ပတ်) ကြာတဲ့အခါ အိပ်မပျော်လို့ သုံးတဲ့လူတွေ မှာ ဆေးမတိုးတက်တာတွေဖြစ် တတ်ပါတယ်။ ကြာကြာသုံးရင် ဆေးစွဲတာဖြစ်တတ်ပါတယ်။ ဆေးမ ဖြတ်ရင်ဒါမျိုးတွေဖြစ်တတ်သလို ဖြတ်လိုက်ရင်လည်း အိပ်မပျော်တာတွေ ပြန်ဖြစ်တတ်ပါတယ်။ ဆေးကြာကြာသောက်ပြီး ဆေးဖြတ်လိုက်တဲ့အချက် အရင်က မဖြစ်ဘူးသေးတဲ့ ခံစားချက်တွေဖြစ်တဲ့ စိတ်ဂနာမငြိမ်တာ၊ ခေါင်းကိုက်တာ ခေါင်းမူးတာ၊ ညောင်းညာတာ၊ အသံနဲ့ အမြင်အာရုံကို မခံစားနိုင် တာ၊ ပျို့အန်တာ၊ သွေးထွက်တာ၊ ကတုန်ကယင်ဖြစ်တာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ၃ ပတ်လောက်သုံးပြီးရင် ဆေးကိုတဖြည်းဖြည်းလျော့သုံး သင့်ပါတယ်။
အခြားစိတ်ငြိမ်ဆေးဝါးတွေ အရက်၊ မေ့ဆေး၊ စိတ်ရောဂါဆေးဝါးတွေနဲ့ တွဲသုံးရင် အသက်ဆုံးရှုံးမှု ပြဿနာ တွေဖြစ်တတ်ပါတယ်။
ဆေးသောက်များလို့ ဖြေချင်ရင် FLUMAZENIL 200 မိုက်ခရိုဂရမ်ကို အကြောဆေးထဲ ၁၅စက္ကန့်ကြာ အောင်သွင်းတာ လိုအပ်ရင် ၁၀၀ မိုက်ခရိုဂရမ်ကို ၁မိနစ်ကြာအောင်သွင်းပြီး ဖြေနိုင်ပါတယ်။
မေး။ ဆေးဝါးတွေကို သုံးတဲ့အခါအဓိကကဘာလဲ။
ဖြေ။ ဆေးဝါးတွေ (၂-၄) ပတ်မှာ ထိရောက်ရမယ်။ တစ်ခါကတော့ ကြာကြာသုံးဖို့ လိုတယ်။ ဆေးကိုဖြတ် တဲ့အခါမှာ ဖြစ်တတ်တဲ့ ဆိုးကျိုးကို ကြိုသိရင် ပြဿနာမရှိပါဘူး။ ဆေးဖြတ်လိုက်ရင် (၁-၂) ညလောက်တော့ အိပ်မပျော် တတ်တာတွေ ဖြစ်တတ်ပါတယ်။
အေးကမ္ဘာဒေါက်တာချစ် (Vol – 7 / No – 10) Healthcare