ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲစကားနှင့်အညီ ဝမ်းမှန်စေရန်ဂရုစိုက်သင့်သည်။ ဝမ်းမှန်လျှင်နေထိုင် ၍ကောင်းသည်။ ဝမ်းချုပ်ခြင်းသဘာ၀၀မ်းချုပ်ခြင်းသည် သာမန်နေ့စဉ်ဝမ်းသွားသင့်သော ပမာဏထက်နည်း၍ ၎င်း၊ နေ့စဉ်မှန်မှန်သွားသောအကြိမ်ထက် နည်း၍၎င်း၊ ဝမ်းသွားခြင်းနှင့် ဝမ်းသွားသင့်လျက် မသွားခြင်းဖြစ် သည်။
ဝမ်းချုပ်ခြင်းသည် လူတစ်ဦးစီ၏နေ့စဉ် ဝမ်းသွားသောပမာဏနှင့် အလေ့အကျင့်ပေါ်တွင်မူတည်သည်။ ကျန်းမာသောလူတစ်ယောက်သည် အနည်းဆုံးနှစ်ရက်တစ်ကြိမ်မှ အများဆုံးတစ်နေ့နှစ်ကြိမ်မှန်မှန်သွားလေ့ရှိ သည်။ သာမန်လူတစ်ယောက်သည် တစ်နေ့တွင်ဝမ်းလေးအောင်စခန့် သွားလေ့ရှိသည်။
အစာစားပြီး သုံးနာရီမှ ၁၅မိနစ်အတွင်း အူသိမ်မှလိုအပ်သောအာဟာရဓာတ်များကို စုပ်ယူပြီးနောက် ကျန်အစာနှင့်အချွဲများသည် ခြောက်ပေခန့်ရှည်သောအူမကြီးအတွင်းသို့ ရောက်ရှိလာသည်။ အူမကြီးနံရံသည် ၎င်းမှရေ၊ ဆိုဒီယမ်နှင့်ပိုတက်စီယမ်ဓာတ်ဆားများကို ပြန်လည်စုပ်ယူလေ့ရှိသည်။
အူသိမ်အတွင်းရှိအစာတို့တွင် ပိုးမွှားများအသင့်တင့်ကင်းစင်သော်လည်း အူမကြီးထဲ၌လူကို အန္တရာယ် မပြုသည့်အပြင်၊ ခန္ဓာကိုယ်အတွက်အကျိုးရှိစေမည့် ဗီတာမင်ဓာတ်များထုတ်ပေးသည့် ပိုးမွှားများရှိသည်။ အူမ ကြီးအတွင်းလေးနာရီမှ ငါးနာရီကြာပြီးနောက် အစာတို့သည်အစာဟောင်းများအဖြစ်ဖြင့် အစာဟောင်းအိမ်အ တွင်းသို့ဝင်ရောက်လာသည်။ ယင်းအစာဟောင်းများ အစာဟောင်းအိမ်အတွင်းပြည့်လာသောအခါ အစာ ဟောင်းအိမ်နံရံရှိ အာရုံကြောများကကျောရိုးအာရုံကြောမကြီးမှတစ်ဆင့် ဦးနှောက်သို့သတင်းပို့လိုက်သည်။ ထို အခါဦးနှောက်မှပြန်၍ဝမ်းသွားစေရန် လှုံ့ဆော်မှုကိုအာရုံကြောငယ်များမှတစ်ဆင့် သက်ဆိုင်ရာကြွက်သားများ ထံပို့လိုက်၏။ ထိုအခါ အစာဟောင်းအိမ်နံရံရှိ ကြွက်သားများသည်ကျုံ့၍၎င်း၊ စအိုပတ်လည်ရှိအတွင်းအပြင် ကြွက်သားများသည်ဆန့်၍၎င်း ဝမ်းဗိုက်ရှိကြွက်သားများနှင့် ရင်ခေါင်းကန့်လန့်ဖြတ်ကြွက်သားတို့သည် ကျုံ့၍ ၎င်းဝမ်းသွားခြင်းဖြစ်ပေါ်လာသည်။
ဝမ်းချုပ်ခြင်းအမျိုးမျိုး – ရုတ်တရက်ပြင်းပြင်းထန်ထန်ဝမ်းချုပ်ခြင်းမျိုးကို အစာလမ်းကြောင်းပိတ်ဆို့မှုတွင် တွေ့ရ တတ်သည်။ အဖြစ်များသော ဝမ်းသွားသင့်သလောက်မသွားသည့် ဝမ်းချုပ်မှုနှစ်မျိုးကို ခွဲခြားထားပါသည်။ ပထ မတစ်မျိုးမှာအူမကြီးတစ်လျောက် လှုပ်ရှားမှုနည်း၍၎င်း၊ အစာဟောင်းထွက်သွားရာလမ်းကြောင်း တစ်နေရာ၌ အကြောင်းတစ်ခုခုပိတ်ဆို့ထား၍၎င်း ဖြစ်ပေါ်တတ်ပြီးယင်းကို အူမကြီးဝမ်းချုပ်ခြင်းလို့ခေါ်သည်။ ရောဂါကြောင့် လည်းမဟုတ် အူမကြီးအတွင်းချွတ်ယွင်းမှုများကြောင့်လည်း မဟုတ်သောဝမ်းချုပ်ခြင်းကို အစာအိမ်ဟောင်းဝမ်း ချုပ်ခြင်းလို့ခေါ်သည်။ ယင်းဝမ်းချုပ်ခြင်းမျိုးသည် ငယ်စဉ်ကလေးဘဝမှစ၍ မှန်ကန်သောဝမ်းသွားသည့်အလေ့ အထလုပ်မထားခြင်း၊ ဟင်းသီးဟင်းရွက်အစားနည်းခြင်း၊ ရေသောက်နည်းခြင်း အသက်ကြီးလာသဖြင့် ကြွက် သားညှစ်အားနည်းခြင်း၊ ဝမ်းသွားသည့်ပုံစံမမှန်ခြင်းတို့ကြောင့်ဖြစ်ရသည်။ ခန္ဓာဗေဒအရ အရှေ့တိုင်းသားတို့သုံး သောအိမ်သာမျိုးမှ ဆောင့်ကြောင့်ထိုင်မျိုးသည် ဝမ်းသွားစေရန်ပို၍လွယ်ကူသည်။
ဝမ်းချုပ်စေခြင်းအကြောင်းအရင်းများ များပြားလှပါသည်။ အစာတွင်အဆီဓာတ်နှင့် ရေလုံလောက်စွာမ ပါခြင်း၊ လတ်ဆတ်သောဟင်းသီးဟင်းရွက် အသီးအနှံများအစားနည်းခြင်း၊ အသားများများစားခြင်း၊ ရေသောက် နည်းခြင်းတို့သည် ဝမ်းချုပ်စေသည်။ ဟင်းသီးဟင်းရွက်တို့တွင် အမျှင်ဓာတ်ပိုမိုပါရှိ၍ ဝမ်းသွားရလွယ်သည်။ အ စာစားခြင်းအလွန်နည်းလျှင်လည်း အူမကြီးလှုပ်ရှားမှုနည်းတတ်၍ ဝမ်းချုပ်တတ်သည်။ ဝမ်းသွားချင်စိတ်ပေါ် လာသောအခါအောင့်ထားခြင်း၊ အချိန်မှန်မှန်အလေ့အထ လုပ်မထားခြင်းကြောင့်လည်း ဝမ်းချုပ်တတ်သည်။ အ သက်အရွယ်ကြီးရင့်သူများတွင် အူမကြီးနှင့်အစာဟောင်းအိမ်နံရံများ၊ ဝမ်းဗိုက်ကြွက်သားများကျုံ့ညှစ်အားနည်း ခြင်းတို့ကြောင့် ဝမ်းချုပ်တတ်သည်။ ခန္ဓာကိုယ်လှုပ်ရှားမှုမရှိဘဲ ငြိမ်ငြိမ်ထိုင်၍အချိန်ကြာမြင့်စွာ အလုပ်လုပ် တတ်သောသူများသည် ဝမ်းချုပ်လေ့ရှိသည်။
Author: Dr. Lwin Thant