fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လေဖိအားအပြောင်းအလဲကြောင့်နားစည်ရောင်ရမ်းခြင်း

221
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/11/2019
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

လေဖိအားအပြောင်းအလဲကြောင့်နားစည်ရောင်ရမ်းခြင်းကို လေယာဉ်အတက်အဆင်းလုပ်တဲ့အခါ၊တောင်ပေါ်တောင်အောက်ကားနဲ့အတက်အဆင်းလုပ်တဲ့အခါ၊ရေအောက်ထဲရေငုပ်တဲ့အခါတွေမှာ ခံစားရနိုင်ပါတယ်။

လေဖိအားအပြောင်းအလဲကြောင့် နားစည်ရောင်ရမ်းခြင်းဖြစ်တာကို ဆေးပညာအရ Aeroplane ear သို့မဟုတ် ear barotrauma သို့မဟုတ် barotitis media လို့ခေါ်ပါတယ်။

ကျွန်တော်တို့ရဲ့အလယ်နား(Middle ear) မှာ Eustachian tube လို့ခေါ်တဲ့ပြွန်လေးတခုရှိပြီး ထိုပြွန်လေးဟာ အလယ်နားနဲ့ နှာခေါင်း၊လည်ချောင်းတို့ကို ဆက်သွယ်ပေးထားပါတယ်။

ဒီပြွန်လေးထဲမှာ လေအဝင်အထွက်ရှိနေပြီး ထိုသို့လေအဝင်အထွက်ရှိခြင်းဖြင့် ပြင်ပပတ်ဝန်းကျင် လေထုဖိအားနဲ့အလယ်နား(Middle ear)မှာရှိတဲ့ လေဖိအား ကွာခြားချက်ကို ထိန်းညှိပေးထားပါတယ်။

သို့သော် ရုတ်တရက် ပတ်ဝန်းကျင် လေဖိအားလျှင်မြန်စွာပြောင်းလဲသွားသောအခြေအနေများဖြစ်တဲ့ လေယာဉ်အတက်အဆင်းလုပ်တဲ့အချိန်၊တောင်ပေါ်တောင်အောက်ကားနဲ့အတက်အဆင်းလုပ်တဲ့အချိန်၊ရေအောက်ထဲငုပ်တဲ့အချိန် စတဲ့ အခြေအနေတွေမှာဆိုရင် ဒီ Eustachian tube ပြွန်လေးဟာ ရုတ်တရက်လျင်မြန်စွာပြောင်းလဲသွားတဲ့ပတ်ဝန်းကျင် လေဖိအားကို လိုက်မညှိပေးနိုင်ဘဲ ပြွန်ပိတ်သွားပါတယ်။

အဲ့လို့ပြွန်ပိတ်သွားတဲ့အခါ ပတ်ဝန်းကျင်လေဖိအားနဲ့အလယ်နားလေဖိအားကို မထိန်းညှိနိုင်တော့တဲ့အတွက် ပတ်ဝန်းကျင်လေဖိအားဟာ အလယ်နားထဲမှာရှိတဲ့လေဖိအားထက်နဲတဲ့အချိန်(ဥပမာ လေယာဉ်ပျံတက်ချိန်)မှာဆိုရင် နားစည်ဟာ အပြင်ဘက်ကိုတင်းကားလာပါတယ်။

ထို့အတူ ပတ်ဝန်းကျင်လေဖိအားဟာ အလယ်နားထဲမှာရှိတဲ့လေဖိအားထက်များတဲ့အချိန်(ဥပမာ လေယာဉ်ဆင်းတဲ့အချိန်)မှာဆိုရင် နားစည်ဟာ အတွင်းဘက်ကို ကျုံ့ဝင်သွားပါတယ်။

နားစည်ဟာ တင်းကားလိုက်ကျုံ့ဝင်လိုက်ဖြစ်တဲ့အခါ ရောင်ရမ်းလာပါတယ်။

အဲ့အခါမှာ သူ့အလုပ်သူကောင်းကောင်းမလုပ်နိုင်တော့တဲ့အတွက်

နားထဲမှာ နာကျင်တာ၊နေရခက်တာ၊နားထဲလေးလေးကြီးဖြစ်နေတာ၊အသံတွေကို သိပ်မကြားရတော့တာမျိုးတွေဖြစ်နိုင်ပါတယ်။

အရမ်းဆိုးရင် တအားနာကျင်တာ၊ဘာသံမှမကြားရတော့တာ၊နားထဲအူနေတာ၊မူးတာ၊နားထဲကသွေးထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

အများအားဖြင့်တော့ မိနစ်ပိုင်းလောက်အကြာမှာ Eustachian tube ပြွန်လေးပြန်ပွင့်သွားတတ်ပါတယ်။အဲ့အခါ နားထဲပေါက်ပေါက်ဖောက်သလို အသံမြန်လာပြီးနောက် သုံးလေးနာရီလောက်ကြာတဲ့အခါ ခံစားနေရတာတွေ သက်သာသွားလေ့ရှိပါတယ်။

တကယ်လို့ပြွန်လေးပြန်မပွင့်ရင်တော့ နားထဲပေါက်ပေါက်ဖောက်သလိုအသံကြားရမှာမဟုတ်ပါ။ပြွန်မပွင့်တဲ့အခါမှာ နားထဲအရည်တွေစုလာပြီး နားထဲပိုးဝင်တာ၊နားစည်ပေါက်ပြဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် နားထဲနာတာ၊တင်းသလိုဖြစ်တာ၊နားအူတာ တွေက တရက်နှစ်ရက်လောက်မှမသက်သာရင် နီးစပ်ရာဆေးရုံဆေးခန်းပြသဖို့လိုပါတယ်။

လေထုဖိအားလျင်မြန်စွာပြောင်းလဲခြင်းကြောင့် နားစည်ရောင်ရမ်းခြင်းဟာ ကလေးငယ်လေးတွေမှာ အဖြစ်ပိုများပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ရဲ့ Eustachian tube ပြွန်လေးဟာ ကျဉ်းပြီးသေးလို့ဖြစ်ပါတယ်။

ပတ်ဝန်းကျင် လေထုဖိအားအပြောင်းအလဲလျင်မြန်စွာဖြစ်တဲ့အခါ Eustachian tube ပြွန်လေးပိတ်မသွားအောင် ကာကွယ်နည်းတွေအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

လေယာဉ်ပျံစီးတဲ့အခါ၊တောင်ပေါ်အတက်အဆင်းကားစီးတဲ့အခါတွေမှာ ပီကေဝါးပါ။သကြားလုံးငုံပေးပါ။တံတွေးခဏခဏမျိုချပေးပါ။ခဏခဏ တဝါးဝါးသမ်းပေးပါ။

လေယာဉ်အတက်အဆင်းလုပ်ချိန်တွေမှာ အိပ်မပျော်မိပါစေနဲ့။

နှာခေါင်းပိတ်နေရင် Nasal decongestants တွေဖြစ်တဲ့ နှာခေါင်းပွင့်ဆေးရည်ထည့်တာ၊ဖြန်းဆေးဖြန်းတာ၊သောက်ဆေးသောက်တာတွေလုပ်နိုင်ပါတယ်။

ကလေးငယ်တွေမှာတော့ Nasal Decongestants တွေမသုံးသင့်ပါ။

လေယာဉ်စီးတဲ့အခါမှာကလေးငယ်လေးတွေကို ချိုလိမ်ပေးစုပ်ထားတာ၊နို့ဘူးတိုက်တာ တွေလုပ်ပေးခြင်းဖြင့် လေထုဖိအားလျင်မြန်စွာပြောင်းလဲခြင်းကြောင့်နားစည်ရောင်ခြင်း ဖြစ်နိုင်ခြေနည်းစေနိုင်ပါတယ်။

နည်းနည်းကြီးတဲ့ကလေးတွေဆိုရင်တော့ အအေးတိုက်တာ၊ပီကေဝါးတာတွေလုပ်နိုင်ပါတယ်။

Dr 528

Previous Post

ရွှေအပ်မှိုအကြောင်း

Next Post

ပျားတုပ်ခံရသော်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပျားတုပ်ခံရသော်

နှစ်ရိပ်နှစ်ထပ်မြင်ခြင်း

အိမ်ထောင်ဖက်နဲ့ချစ်ရည်လူးခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူး ၁၁ ချက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.