အက်ဆစ်ဓာတ်များခြင်းမှ ကျန်းမာရေးနှင့် ညီအောင်မြန်မြန်ပြုကျင့်ဖို့
ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်မြင့်မားတာဟာ ခန္ဓာကိုယ်တွင်း အရည်တွေထဲထိ ရှိနိုင်တယ်။ သည်လိုပဲ ခန္ဓာကိုယ်တွင်း အယ်ကာလီဓာတ် မြင့်မားလာတဲ့ စွမ်းရည်များလဲ ရှိနေနိုင်ပါတယ်။ ယင်းတို့ကို ချေဖျက်ဖို့ လိုအပ်ပါတယ်။ လူ့ခန္ဓာကိုယ်မှ တံတွေး၊ ဆီး၊ သွေး စစ်ခြင်းမှ ရိုးတွင်းချဉ်ဆီစစ်ဆေးခြင်းတို့မှ ဦးနှောက်အာရုံ ကြောသို့တိုင်၊ အောက်ဆီဂျင်မျှခြေရှိမှုတို့အထိ ကျန်းမာရေးနှင့် ညီညွှတ်အောင် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။
ငွေသိပ်မကုန်ဘဲ အလှမပျက်ဝက်ခြံ မထွက်တဲ့နည်း
အမျိုးသမီးတွေဟာ အသားအရေ၊ လက်သည်း၊ ခြေသည်းနှင့် ဆံပင်အလှပြင်ဖို့ အလှကုန်ပစ္စည်းတွေ ဈေးကြီးပေးဖြုန်းတီးနေကြတယ်။ သူတို့ရဲ့ လိုအင်ဆန္ဒပြည့်ဝဖို့ စီးပွားရေးသမားတွေက အကွက်မြင်မြင်နဲ့ အရင်းအနှီး မြှုပ်နှံလာကြတယ်။ အရေပြားကို သဘာဝအတိုင်း လှပစေဖို့လိုပါတယ်။ အချို့အထူးပြုစုစောင့်ရှောက်မှုတွေမှာ အရေပြားမှ အဆီအထွက်နည်းခြင်း စတဲ့ ကျန်းမာတဲ့အရေပြား ဖြစ်စေဖို့ မစဉ်းစားခဲ့ကြဘူး။ ငွေကုန်ကြေးကျ မကုန်တဲ့ အလှမပျက်၊ ဝက်ခြံမထွက်တဲ့နည်း ဥပမာ-နေ့စဉ် နာရီဝက်မှ တစ်နာရီ အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်ပေးသင့်ပါတယ်။
အသက်ကြီးအိုမင်းခြင်းကာကွယ်တဲ့ နုပျိုတဲ့ အရေပြားရရှိဖို့
အသက်အရွယ်ကြီးအိုမင်းလာရင် လက်များတုန်လာ၊ အရေပြားထိ လျော့ရဲဖြစ်လာတယ်။ ယင်းတွန့်ရှုံမှုကာ ကွယ်နိုင်ဖို့ သဘာဝအဆီ လိမ်းခြယ်မှုတွေရှိပါတယ်။ ယခုအခါ သံလွင်ဆီကို ဈေးသက်သာတဲ့ အရေပြားလိမ်း ဆေးမျိုးစီမံထားကြတယ်။ အချို့လူများအတွက်မူ အရေပြားအထူးစောင့်ရှောက်ဖို့ အရေပြားကျန်းမာရေးမြှင့် တင်ဖို့လူငယ်ဘ၀ ကတည်းက အချိန်မဖြုန်းဘဲ ဂရုစိုက်ပေးဖို့လိုပါတယ်။
အသားစားခြင်းရပ်ပြီး အသီးအရွက်များများစားဖို့
အသားမစားခြင်း၊ သက်သက်လွတ်စားခြင်းတို့ဟာ လူသားတွေရွေးချယ်နိုင်တဲ့ အခွင့်အရေးကိုယ်စီ၌ပါတယ်။ အချို့လူများက အသားကြိုက်တယ်။ ဆေးပညာအရ ဟင်းသီးဟင်းရွက် များများစားသူများသာ ပိုမိုကျန်းမာရေး နှင့်ပြည့်စုံတယ်ဆိုတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဲ့သို့ နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းမျးကလည်း အသားထက် ဟင်းသီးဟင်းရွက်များ ပိုမိုစားသောက်ကြဖို့ နှိုးဆော်လာကြတယ်။ အသားရပ်ပြီး အသီးအ ရွက်များများစားရင် ဝက်ခြံအထွက်နည်းသွားတယ်။
ထောပတ်စေ့ရဲ့ မမျှော်လင့်တဲ့အကျိုးရလဒ်
ထောပတ်သီးဟာ လူအများကြိုက်ကြတဲ့ ကျန်းမာရေးနဲ့ညီတဲ့ အသီးဖြစ်တယ်။ ထောပတ်သီးမှည့်ရင် အသားကိုဇွန်းနဲ့ခြစ်ယူပြီး အစေ့ကိုလွှင့်ပစ်တတ်ကြတယ်။ အစေ့မှာ နှစ်လိုဖွယ်ကောင်းတဲ့ အရသာနဲ့ ကျန်းမာရေးကောင်းမွန်မှုတွေ ရှိနေတယ်။ မက္ကဆီကိုမှာ ထောပတ်စေ့ကို ပြင်ဆင်ပြီး မျက်နှာချေ အဖြစ်အသုံးပြုသလို မျက်နှာလန်းဆန်းသွားအောင် အမှုန့်လုပ်ပြီး သောက်ကြတယ်။
လွင်သန့် (ဆေး – ၂) Vol – 7 / No – 17 (Health Care)