( Zawgyi)
ကြမ္းသီးတြင္ ဆိုဒီယမ္ဟိုက္ဒ႐ိုဆာလဖိုက္ပါဝင္ပါတယ္။ ကြမ္းသီးကိုဖလင္ခြၽတ္သည့္ေဆးျဖင့္ စိမ္ၿပီး ေရေဆးကာအသုံးျပဳၾကပါတယ္။ ကြမ္းေပါင္းဖိုတြင္ မႈိမတက္ေစရန္ကန႔္ (ဆာလ္ဖာ) ကိုမီးရႈိ႕ၿပီးအေငြ႕႐ိုက္ျခင္း တို႔ျဖင့္ျပဳျပင္ထားပါတယ္။ ဝမ္းသြားျခင္း၊ အသက္ရႈၾကပ္ျခင္း၊ ေသြးေပါင္ခ်ိန္က်ျခင္း၊ မူးေဝျခင္းႏွင့္ ပန္းနာရင္ ၾကပ္ျဖစ္ျခင္းစသည့္ ေဘးထြက္ဆိုးက်ိဳးမ်ားခံစားရပါတယ္။
ကြမ္းသီးမႈိဆိပ္ (အာဖလာဘီဝမ္းမႈိဆိပ္) AFLATOXIN B1
ယေန႔အခ်ိန္အခါတြင္ ကြမ္းယာစားသုံးသူမ်ားသည္ တစ္ေန႔တစ္ျခားအလြန္မ်ားျပားလာပါသည္။ ကြမ္း ယာထဲတြက္ကြမ္းသီးသည္ အဓိကပါဝင္သည္။ ကြမ္းသီးမႈိဆိပ္ (အာဖလာဘီဝမ္းမႈိဆိပ္) AFLATOXIN B1 ကိုစမ္းသပ္စစ္ေဆးရန္ လိုအပ္ပါသည္။
ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ ေဈးႏွင့္ကြမ္းယာဆိုင္မ်ားမွ ကြမ္းသီးနမူနာအခ်ိဳ႕ကိုစုေဆာင္းၿပီးဓာတ္ခြဲခန္းတြင္ အာဖလာဘီဝမ္းမႈိဆိပ္ပါဝင္ျခင္းရွိ၊ မရွိတိုင္းတာရာ၌နမူနာမ်ားသည္ ဆာလဖာဘီဝမ္းပါေနေၾကာင္းေတြ႕ရွိရပါ သည္။ သတ္မွတ္ထားေသာအျမင့္ဆုံး ပါဝင္မႈပမာဏထက္ေလးဆခန႔္ ျမင့္မားေနေၾကာင္းေတြ႕ရပါသည္။
ကြမ္းစားျခင္းအႏၲရာယ္
ကြမ္းစားျခင္းေၾကာင့္ သြားဖုံးႏွင့္ခံတြင္းကင္ဆာ၊ အစာေရမ်ိဳကင္ဆာတို႔ျဖစ္ႏိုင္ပါတယ္။ လည္ေခ်ာင္း ကင္ဆာ၊ အစာအိမ္ကင္ဆာ၊ သြားဖုံးေရာဂါႏွင့္ ႐ုပ္ဆင္းအဂၤါတင့္တယ္မႈ ေလ်ာ့နည္းျခင္းကိုျဖစ္ေစပါတယ္။ ကြမ္းယာတြင္ေဆး႐ြက္ႀကီးပါရွိပါသည္။ ေဆး႐ြက္ႀကီးတြင္ပါဝင္ေသာ နီကိုတင္းေၾကာင့္ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါ၊ ႏွလုံးေရာဂါႏွင့္ ေသြးတိုးေရာဂါမ်ာျဖစ္ပြားႏိုင္ပါတယ္။
ကြမ္းသီးအႏၲရာယ္
ဆာဖလာဘီဝမ္းမႈိဆိပ္ပါဝင္ေနေသာ ကြမ္းသီးႏွင့္ကြမ္းယာကိုစားသုံးျခင္းသည္ခံတြင္းကင္ဆာကို ျဖစ္ ေစႏိုင္ပါသည္။ ကြမ္းသီးႏွင့္ကြမ္းယာကိုေရရွည္စားသုံးျခင္းျဖင့္ စားသုံးသူမ်ားတြင္ဆဲလ္မ်ားပ်က္စီးျခင္းႏွင့္အ သည္းကင္ဆာျဖစ္ျခင္းမ်ားခံစားရႏိုင္ပါသည္။
အႀကံျပဳခ်က္
ကြမ္းသီးႏွင့္ကြမ္းယာမ်ားတြင္ ေၾကာက္စရာေကာင္းေသာ ဆာဖလာဘီဝမ္းမႈိဆိပ္ပါဝင္ေသာေၾကာင့္ ျပည္သူလူထုမ်ားအေနျဖင့္ သတိျပဳစားသုံးရမည္။ ကြမ္းေပါင္းဖိုတြင္မႈိမတက္ေစရန္ အသုံးျပဳေသာကန႔္မ်ား ေၾကာင့္က်န္းမာေရးကိုထိခိုက္ေစလို႔ကြမ္းယာကိုမစားသင့္ေၾကာင္းအႀကံျပဳအပ္ပါသည္။
Author: ေဒါက္တာမင္းသူရိန္ (Vol-8 / No-10) Healthcare Journal
( Unicode )
ကွမ်းသီးတွင် ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက်ပါဝင်ပါတယ်။ ကွမ်းသီးကိုဖလင်ချွတ်သည့်ဆေးဖြင့် စိမ်ပြီး ရေဆေးကာအသုံးပြုကြပါတယ်။ ကွမ်းပေါင်းဖိုတွင် မှိုမတက်စေရန်ကန့် (ဆာလ်ဖာ) ကိုမီးရှို့ပြီးအငွေ့ရိုက်ခြင်း တို့ဖြင့်ပြုပြင်ထားပါတယ်။ ဝမ်းသွားခြင်း၊ အသက်ရှုကြပ်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ မူးဝေခြင်းနှင့် ပန်းနာရင် ကြပ်ဖြစ်ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများခံစားရပါတယ်။
ကွမ်းသီးမှိုဆိပ် (အာဖလာဘီဝမ်းမှိုဆိပ်) AFLATOXIN B1
ယနေ့အချိန်အခါတွင် ကွမ်းယာစားသုံးသူများသည် တစ်နေ့တစ်ခြားအလွန်များပြားလာပါသည်။ ကွမ်း ယာထဲတွက်ကွမ်းသီးသည် အဓိကပါဝင်သည်။ ကွမ်းသီးမှိုဆိပ် (အာဖလာဘီဝမ်းမှိုဆိပ်) AFLATOXIN B1 ကိုစမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။
ကျွန်တော်တို့နိုင်ငံတွင် ဈေးနှင့်ကွမ်းယာဆိုင်များမှ ကွမ်းသီးနမူနာအချို့ကိုစုဆောင်းပြီးဓာတ်ခွဲခန်းတွင် အာဖလာဘီဝမ်းမှိုဆိပ်ပါဝင်ခြင်းရှိ၊ မရှိတိုင်းတာရာ၌နမူနာများသည် ဆာလဖာဘီဝမ်းပါနေကြောင်းတွေ့ရှိရပါ သည်။ သတ်မှတ်ထားသောအမြင့်ဆုံး ပါဝင်မှုပမာဏထက်လေးဆခန့် မြင့်မားနေကြောင်းတွေ့ရပါသည်။
ကွမ်းစားခြင်းအန္တရာယ်
ကွမ်းစားခြင်းကြောင့် သွားဖုံးနှင့်ခံတွင်းကင်ဆာ၊ အစာရေမျိုကင်ဆာတို့ဖြစ်နိုင်ပါတယ်။ လည်ချောင်း ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သွားဖုံးရောဂါနှင့် ရုပ်ဆင်းအင်္ဂါတင့်တယ်မှု လျော့နည်းခြင်းကိုဖြစ်စေပါတယ်။ ကွမ်းယာတွင်ဆေးရွက်ကြီးပါရှိပါသည်။ ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းကြောင့်နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါမျာဖြစ်ပွားနိုင်ပါတယ်။
ကွမ်းသီးအန္တရာယ်
ဆာဖလာဘီဝမ်းမှိုဆိပ်ပါဝင်နေသော ကွမ်းသီးနှင့်ကွမ်းယာကိုစားသုံးခြင်းသည်ခံတွင်းကင်ဆာကို ဖြစ် စေနိုင်ပါသည်။ ကွမ်းသီးနှင့်ကွမ်းယာကိုရေရှည်စားသုံးခြင်းဖြင့် စားသုံးသူများတွင်ဆဲလ်များပျက်စီးခြင်းနှင့်အ သည်းကင်ဆာဖြစ်ခြင်းများခံစားရနိုင်ပါသည်။
အကြံပြုချက်
ကွမ်းသီးနှင့်ကွမ်းယာများတွင် ကြောက်စရာကောင်းသော ဆာဖလာဘီဝမ်းမှိုဆိပ်ပါဝင်သောကြောင့် ပြည်သူလူထုများအနေဖြင့် သတိပြုစားသုံးရမည်။ ကွမ်းပေါင်းဖိုတွင်မှိုမတက်စေရန် အသုံးပြုသောကန့်များ ကြောင့်ကျန်းမာရေးကိုထိခိုက်စေလို့ကွမ်းယာကိုမစားသင့်ကြောင်းအကြံပြုအပ်ပါသည်။
Author: ဒေါက်တာမင်းသူရိန် (Vol-8 / No-10) Healthcare Journal