(Zawgyi)
မိသားစုထဲတြင္ အႀကီးဆုံးျဖစ္ေသာ ကြၽန္မ မိသားစုအတြက္အေထာက္အပံံတစ္ခုရေအာင္ ဝင္ေငြရေသာ အလုပ္တစ္ခု လုပ္ေနရသည္မွာ ၁၀တန္းေျဖၿပီးကတည္းက။
အေဝးသင္ တက္ၿပီး ရန္ကုန္တြင္ အေရာင္းစေရးလာလုပ္ေနသည္ တစ္ႏွစ္ေက်ာ္ၿပီ။ နယ္ထက္စာလွ်င္ေတာ့ ရန္ကုန္က အလုပ္ေပါသည္။ လုပ္ခလစာလည္းပိုမ်ားသည္။ ရန္ကုန္တြင္ အလုပ္လုပ္ရင္း အိမ္ကို ပိုက္ဆံျပန္ပို႔ေပးေနသည္။ ကြၽန္မေအာက္တြင္ ေမာင္ ၂ ေယာက္ႏွင့္ ညီမ ၂ ေယာက္ရွိသည္။ သူတို႔၏ ေက်ာင္းစရိတ္က ႀကီးသည္။ သူတို႔ေလးေတြကို ပညာတတ္ျဖစ္ေစခ်င္သည္။ အေဖႏွင့္ အေမကို တစ္ဖက္တစ္လမ္းမွ ဝင္ေငြရွာၿပီးေထာက္ပံေပးရသည္ကိုလည္း ေက်နပ္သည္။ မိဘေက်းဇူးဆပ္ေနသည္ဟု ထင္သည္။ အေမကလည္း ဖုန္းဆက္တိုင္း ကြၽန္မကို သမီးလိမၼာေလးဆိုၿပီး ခ်ီးက်ဴးေျပာဆိုသည္။ သမီးအႀကီးဆုံးျဖစ္ေသာ ကြၽန္မႏွင့္ အေမက တျခားသူေတြထက္ ပိုရင္းႏွီးသည္။ အိမ္တြင္ အေဖႏွင့္ အေမက သားသမီးေတြကို ဆူပူႀကိမ္းေမာင္းျခင္းလည္းမရွိ။ အေမတို႔ႏွင့္ အတူေနခဲ့ရေသာ အခ်ိန္မ်ားကို သတိရတတ္သည္။ အလုပ္ထဲတြင္ အထက္လူႀကီးမ်ား ဆူပူႀကိမ္းေမာင္းလွ်င္ အေမ့အိမ္ကို အၿမဲသတိရသည္။ အေမသာဆိုလွ်င္ ငါတို႔ကို ဒီလိုမ်ိဳးဆူမွာ မဟုတ္။ နားလည္ေအာင္ ရွင္းျပမွာလို႔ပဲ အေမ့အိမ္ကို လြမ္းတတ္သည္။
အလုပ္ထဲတြင္ သူငယ္ခ်င္းေတြ အမ်ားႀကီးရေနၿပီ။ ကိုယ္လိုပဲ နယ္မွေန၍ ရန္ကုန္ၿမိဳ႕ႀကီးတြင္ အလုပ္လာလုပ္ေနၾကေသာ မိန္းကေလးေတြအမ်ားႀကီးမို႔ ဆိုးတိုင္ပင္ေကာင္းတိုင္ပင္ႏွင့္ ခင္ခင္မင္မင္ေနၾကသည္။ နီနီႏွင့္ ကြၽန္မက အေဆာင္တြင္ အခန္းတူ သူငယ္ခ်င္း။ကိုယ္ႏွင့္သူႏွင့္ က အခန္းတူေပမဲ့ အလုပ္သြားရခ်ိန္ခ်င္းမတူၾကသည္ကမ်ားသည္။။ ကြၽန္မက ညဆိုင္းဆင္းခ်ိန္တြင္ သူက ေန႔ဆိုင္းဆင္းေနတတ္သည္။ တစ္ခန္းထဲခ်င္းမို႔ သူငယ္ခ်င္း ၂ ေယာက္ခင္ၾကသည္။
တစ္ေန႔ အလုပ္နားရက္တြင္ ကုတင္ေပၚတြင္နားေနရင္း သူငယ္ခ်င္း၂ ေယာက္ ေရာက္တက္ရာရာ ေျပာေနမိသည္။
“အိမ္ျပန္ခ်င္တယ္ကြာ ဒီအခ်ိန္ဆို နယ္မွာ အလႉေတြလုပ္ေနမွာ။ ေပ်ာ္ဖို႔အရမ္းေကာင္းမွာပဲ။ သၾကၤန္ပိတ္ ရင္ေတာ့ အိမ္ျပန္မယ္ ” ကြၽန္မ မ်က္လုံးေလးမွိတ္ၿပီးၿငီးလိုက္မိသည္။ အေမ့ႏွင့္ ေမာင္ႏွမေတြကို လႊမ္းလွၿပီ။
” ငါကေတာ့ မျပန္ဘူး။ ငါရန္ကုန္ေရာက္ကတည္းက အိမ္ကိုမျပန္တာ ၂ ႏွစ္ေက်ာ္ၿပီ ” နီနီက ကြၽန္မကို ျပန္ေျပာလိုက္သည္။ ကြၽန္မ အံေၾသာ္ရသည္။ ကြၽန္မဆိုလွ်င္ အိမ္ကို အလုပ္ပိတ္ရက္တိုင္းျပန္ေျပးတတ္သည္။ အေမ့အိမ္တြင္ တစ္ညပဲ အိပ္ရ အိပ္ရ အေမ့အိမ္တြင္ အနားယူခ်င္ပါသည္။ အေမ့၏ ေႏြးေထြးေသာ အိမ္ကေလးကားကြၽန္မအတြက္ေတာ့ နိဗၺာန္ဘုံေလးတစ္ခုအလား။
” နင္က ျပန္ရင္ နင့္အေမက နင့္ကို ဆီးႀကိဳမွာ ေမာင္ေတြ ညီမေတြကလည္း နင့္ကို ဝမ္းပန္းတသာနဲ႔ျဖစ္ေနမွာေလ။ ငါက အိမ္ကထြက္လာကတည္းက အိမ္ကိုမျပန္ေတာ့ဘူးလို႔ေတြးထားၿပီးသား။ ငါရတဲ့ လခကို ငါ့အိမ္ကိုမွန္မွန္ပို႔တယ္ သူငယ္ခ်င္း။ ငါျပန္မလာလဲ ငါ့ကို ဘယ္သူကမွ ငါ့ကို ေမွ်ာ္မေနဘူး”
“ဘာျဖစ္လို႔ မျပန္ခ်င္ရတာလဲ သူငယ္ခ်င္းရယ္ ” ၾကည္ျပာတစ္ေယာက္ သူငယ္ခ်င္းအား စာနာစိတ္ႏွင့္ ျပန္ေမးလိုက္သည္။
“ငါက မိသားစုထဲမွာ အလတ္။ ငါ့အထက္မွာ အကိုတစ္ေယာက္နဲ႔ အမတစ္ေယာက္ရွိတယ္။ ငါ့ေအာက္မွာ ေမာင္တစ္ေယာက္ရွိတယ္။ အေဖက အမကို သိပ္ခ်စ္တယ္။ အေမက အကိုနဲ႔ ေမာင္ေလးကို အရမ္းခ်စ္တယ္။ငါ ကအလတ္ဆိုေတာ့ ငါ့ကို အေဖနဲ႔ အေမက သိပ္မခ်စ္ၾကဘူး။ ” နီနီတစ္ေယာက္ မ်က္ရည္ေလးဝိုင္းကာေျပာေနသည္ကို ျမင္ေတာ့လည္း ကြၽန္မသနားမိသည္။ နီနီကိုယ္တိုင္လည္းေျပာေနရင္း မ်က္ရည္ေတြ ဝဲေနသည္ဟုထင္မိသည္။
” ငါက မိသားစု စားဝတ္ေနေရးအတြက္ ထြက္လာတာမဟုတ္ဘူး။ အိမ္မွာကို မေနခ်င္ေတာ့လို႔ထြက္လာတာ။ ငါရန္ကုန္မွာ အလုပ္လုပ္ရင္း အေဝးသင္တက္မယ္ဆိုၿပီး ထြက္လာတာ။ ငါ အိမ္မွာေနရတာမေပ်ာ္လို႔ကို ထြက္လာတာ သူငယ္ခ်င္း။ အိမ္မွာဆိုရင္ အလတ္ျဖစ္တဲ့ငါက အၿမဲ လစ္လပ္ေနတာပါ။ ငါ့ကိုဆို ဘယ္သူမွ ဦးစားမေပးဘူး ။ အေဖကလည္း အမကို သိပ္ဦးစားေပးတယ္။ အမကလည္း အႀကီးဆုံးဆိုေတာ့ အငယ္ေတြအေပၚမွာ တစ္ခါတစ္ေလ ဆရာသိပ္လုပ္ခ်င္တယ္။ ရန္ျဖစ္ရင္လည္း အေဖနဲ႔အေမက အမဖက္ကပဲ။ ငါ့ဖက္က ဘယ္သူမွ မပါဘူး။ အကိုနဲ႔ေမာင္ကိုေတာ့ အေမက ဦးစားေပးတယ္။ အမွားတစ္ခုကို အတူတူလုပ္ခဲ့ၾကတယ္ဆိုရင္ေတာင္ အေမက ငါ့ကိုပဲ ဆူတယ္။ ငါတို႔ဆိုရင္ ဒီအ႐ြယ္ႀကီးေရာက္တဲ့အထိ ႐ိုက္ခံေနရတုန္းပဲ။ ငါဝမ္းနည္းလြန္းလို႔ပါဟာ။ ဒါေၾကာင့္ ငါအိမ္ကေနထြက္လာတာ။ အိမ္ကို ပိုက္ဆံမွန္မွန္ပို႔ေပးတယ္။ အေဖက အရက္ေသာက္ေတာ့ အေမနဲ႔ အေဖက အၿမဲရန္ျဖစ္ၾကတယ္။ ငါ တစ္ေန႔တစ္ေန႔ အေဖနဲ႔ အေမရန္ျဖစ္ရင္ ဝမ္းနည္းတယ္ဟာ။ အခုဆိုရင္ ငါတစ္ေယာက္တည္းရန္ကုန္မွာ ပင္ပန္းတယ္ဆိုေပမဲ့ ငါ ေနရတာအဆင္ေျပတယ္ သူငယ္ခ်င္း။ စိတ္ညစ္စရာေတြ အလုပ္ထဲမွာရွိတယ္ဆိုေပမဲ့လည္း ငါ့အိမ္မွာ ငါသိမ္ငယ္ရတာ ဝမ္းနည္းရတာေလာက္ မဆိုးပါဘူးကြာ”
နီနီေျပာတာကိုနားေထာင္ရင္း ကြၽန္မ နီနီ႔ကိ ုသနားသြားသည္။ ကြၽန္မတို႔အိမ္တြင္ အေမႏွင့္အေဖက ကြၽန္မတို႔ေ မာင္ႏွမေတြေရွ႕တြင္ စကားမ်ားရန္မျဖစ္ၾက။ အေဖေရာ အေမေရာက ကြၽန္မတို႔ကို ခ်ိဳခ်ိဳုသာသာႏွင့္ နားဝင္ေအာင္ ဆုံးမၾကသည္။ ကြၽန္မတို႔ေမာင္ႏွမေတြဆိုလွ်င္ တစ္ခါမွမ႐ိုက္ခံဖူးၾက။ အေမ့အိမ္ကို ျပန္ခ်င္ေနေသာ ကြၽန္မ အိမ္မျပန္ခ်င္ဘူးလို႔ စြတ္ျငင္းေနေသာ သူငယ္ခ်င္းအား သနားဂ႐ုဏသက္မိသည္။
“နင့္ကို ျပန္လာခဲ့ပါလို႔ မေျပာဖူးလား ”
” တစ္ခါမွ ျပန္လာပါလို႔မေျပာဘူး သူငယ္ခ်င္း။ ငါအခုအလုပ္ပိတ္ရက္ျပန္သြားလည္း ႀကိဳမဲ့သူက နည္းနည္းပါ။ ”
” သားသမီးကို မခ်စ္တဲ့မိဘဆိုတာ မရွိပါဘူး။ မခ်စ္တတ္တာနဲ႔ ခ်စ္တတ္တာပဲကြာတာပါ” နီနီအား ကြၽန္မ တတ္သိသေလာက္ နားလည္ေအာင္ ရွင္းျပေနရသည္။ နီနီေျပာတာေတြကို နားေထာင္ရင္းႏွင့္ပင္ နီနီကို သနားမိသည္။
” နင့္အေမဆိုရင္ နင့္ကို ဘယ္ေလာက္ခ်စ္လဲ နင္မေျပာလဲငါသိတယ္။ နင့္အတြက္ တစ္လတစ္ႀကိမ္ နင္ႀကိဳက္တဲ့အစားအစာေတြပို႔ေပးတယ္။ ဖုန္းဆိုရင္လည္း ခဏခဏ ဆက္တယ္။ နင့္အေမ နင့္ကို သိပ္ခ်စ္တယ္။ ေခ်ာက္ကေန ရန္ကုန္ထိ ပို႔ရတာ ဘယ္ေလာက္ေဝးလဲ။ ငါဆိုရင္ သာယာဝတီ သုံးဆယ္မွာေနတာ ရန္ကုန္နဲ႔နီးနီးေလးပါ။ ငါဆီလည္းမ လာၾကဘူး။ ငါလည္း မသြားဘူးသူငယ္ခ်င္း။ သားသမီးေတြထဲမွ အလတ္ဆိုတာ အလယ္မွာေနၿပီး လစ္လပ္ေနတာလို႔ေျပာတဲ့စကား သိပ္မွန္တယ္ သူငယ္ခ်င္း။ မိဘေတြ က သားသမီးေတြကို တန္းတူညီတူခ်စ္တာပါဆိုတာ တျခားမိသားစုေတြမွာေတာ့ ဟုတ္ခ်င္ဟုတ္မယ္ သူငယ္ခ်င္း။ မင္းတို႔မိသားစုထဲမွာလည္း ျဖစ္ခ်င္ျဖစ္မယ္။ ငါ့မိသားစုထဲမွာေတာ့မဟုတ္ဘူး။”
ကြၽန္မ နီနီေျပာေသာ စကားမ်ားကို နားေထာင္ၿပီး အေဖႏွင့္ အေမကို ေက်းဇူးတင္မိသည္။ ယခုအခ်ိန္ထိ သားေတြ သမီးေတြကို စိတ္ဒဏ္ရာေတြ မေပးပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနႏိုင္ေအာင္ ေစာင့္ေရွာက္ခဲ့ေသာ အေဖႏွင့္ အေမကို ရင္ထဲမွ လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ေနမိသည္။ မိသားစုတစ္ခုတြင္ ခ်စ္ျခင္းေမတၱာ ဘယ္ေလာက္ အေရးႀကီးသည္ဆိုတာကို ကြၽန္မ ခံစားမိလာသည္။ မိဘႏွင့္ ေဝးမွ မိဘတန္ဖိုးကို ပိုသိလာေသာ ကြၽန္မ အိမ္ျပန္ရမည္ကို စိုး႐ြံ႕ထိတ္လန႔္ေနေသာ နီနီ ကို စာနာ နားလည္ႏိုင္ဖို႔ အမ်ားႀကီး ႀကိဳးစားရေပဦးမည္။ နီနီလို သားသမီးမ်ိဳးေတြ ဘယ္ေလာက္မ်ား မ်ားေနသလဲလို႔ စဥ္းစားရင္း အေဖႏွင့္ အေမ၏ ေက်းဇူးတရားမ်ားကို အျပန္ျပန္အလွန္လွန္ ေတြးေတာေနမိေတာ့သည္။
Author: Dr.ေအးခ်မ္းမိုး
(Unicode)
မိသားစုထဲတွင် အကြီးဆုံးဖြစ်သော ကျွန်မ မိသားစုအတွက်အထောက်အပံံတစ်ခုရအောင် ဝင်ငွေရသော အလုပ်တစ်ခု လုပ်နေရသည်မှာ ၁၀တန်းဖြေပြီးကတည်းက။
အဝေးသင် တက်ပြီး ရန်ကုန်တွင် အရောင်းစရေးလာလုပ်နေသည် တစ်နှစ်ကျော်ပြီ။ နယ်ထက်စာလျှင်တော့ ရန်ကုန်က အလုပ်ပေါသည်။ လုပ်ခလစာလည်းပိုများသည်။ ရန်ကုန်တွင် အလုပ်လုပ်ရင်း အိမ်ကို ပိုက်ဆံပြန်ပို့ပေးနေသည်။ ကျွန်မအောက်တွင် မောင် ၂ ယောက်နှင့် ညီမ ၂ ယောက်ရှိသည်။ သူတို့၏ ကျောင်းစရိတ်က ကြီးသည်။ သူတို့လေးတွေကို ပညာတတ်ဖြစ်စေချင်သည်။ အဖေနှင့် အမေကို တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာပြီးထောက်ပံပေးရသည်ကိုလည်း ကျေနပ်သည်။ မိဘကျေးဇူးဆပ်နေသည်ဟု ထင်သည်။ အမေကလည်း ဖုန်းဆက်တိုင်း ကျွန်မကို သမီးလိမ္မာလေးဆိုပြီး ချီးကျူးပြောဆိုသည်။ သမီးအကြီးဆုံးဖြစ်သော ကျွန်မနှင့် အမေက တခြားသူတွေထက် ပိုရင်းနှီးသည်။ အိမ်တွင် အဖေနှင့် အမေက သားသမီးတွေကို ဆူပူကြိမ်းမောင်းခြင်းလည်းမရှိ။ အမေတို့နှင့် အတူနေခဲ့ရသော အချိန်များကို သတိရတတ်သည်။ အလုပ်ထဲတွင် အထက်လူကြီးများ ဆူပူကြိမ်းမောင်းလျှင် အမေ့အိမ်ကို အမြဲသတိရသည်။ အမေသာဆိုလျှင် ငါတို့ကို ဒီလိုမျိုးဆူမှာ မဟုတ်။ နားလည်အောင် ရှင်းပြမှာလို့ပဲ အမေ့အိမ်ကို လွမ်းတတ်သည်။
အလုပ်ထဲတွင် သူငယ်ချင်းတွေ အများကြီးရနေပြီ။ ကိုယ်လိုပဲ နယ်မှနေ၍ ရန်ကုန်မြို့ကြီးတွင် အလုပ်လာလုပ်နေကြသော မိန်းကလေးတွေအများကြီးမို့ ဆိုးတိုင်ပင်ကောင်းတိုင်ပင်နှင့် ခင်ခင်မင်မင်နေကြသည်။ နီနီနှင့် ကျွန်မက အဆောင်တွင် အခန်းတူ သူငယ်ချင်း။ကိုယ်နှင့်သူနှင့် က အခန်းတူပေမဲ့ အလုပ်သွားရချိန်ချင်းမတူကြသည်ကများသည်။။ ကျွန်မက ညဆိုင်းဆင်းချိန်တွင် သူက နေ့ဆိုင်းဆင်းနေတတ်သည်။ တစ်ခန်းထဲချင်းမို့ သူငယ်ချင်း ၂ ယောက်ခင်ကြသည်။
တစ်နေ့ အလုပ်နားရက်တွင် ကုတင်ပေါ်တွင်နားနေရင်း သူငယ်ချင်း၂ ယောက် ရောက်တက်ရာရာ ပြောနေမိသည်။
“အိမ်ပြန်ချင်တယ်ကွာ ဒီအချိန်ဆို နယ်မှာ အလှူတွေလုပ်နေမှာ။ ပျော်ဖို့အရမ်းကောင်းမှာပဲ။ သင်္ကြန်ပိတ် ရင်တော့ အိမ်ပြန်မယ် ” ကျွန်မ မျက်လုံးလေးမှိတ်ပြီးငြီးလိုက်မိသည်။ အမေ့နှင့် မောင်နှမတွေကို လွှမ်းလှပြီ။
” ငါကတော့ မပြန်ဘူး။ ငါရန်ကုန်ရောက်ကတည်းက အိမ်ကိုမပြန်တာ ၂ နှစ်ကျော်ပြီ ” နီနီက ကျွန်မကို ပြန်ပြောလိုက်သည်။ ကျွန်မ အံသြော်ရသည်။ ကျွန်မဆိုလျှင် အိမ်ကို အလုပ်ပိတ်ရက်တိုင်းပြန်ပြေးတတ်သည်။ အမေ့အိမ်တွင် တစ်ညပဲ အိပ်ရ အိပ်ရ အမေ့အိမ်တွင် အနားယူချင်ပါသည်။ အမေ့၏ နွေးထွေးသော အိမ်ကလေးကားကျွန်မအတွက်တော့ နိဗ္ဗာန်ဘုံလေးတစ်ခုအလား။
” နင်က ပြန်ရင် နင့်အမေက နင့်ကို ဆီးကြိုမှာ မောင်တွေ ညီမတွေကလည်း နင့်ကို ဝမ်းပန်းတသာနဲ့ဖြစ်နေမှာလေ။ ငါက အိမ်ကထွက်လာကတည်းက အိမ်ကိုမပြန်တော့ဘူးလို့တွေးထားပြီးသား။ ငါရတဲ့ လခကို ငါ့အိမ်ကိုမှန်မှန်ပို့တယ် သူငယ်ချင်း။ ငါပြန်မလာလဲ ငါ့ကို ဘယ်သူကမှ ငါ့ကို မျှော်မနေဘူး”
“ဘာဖြစ်လို့ မပြန်ချင်ရတာလဲ သူငယ်ချင်းရယ် ” ကြည်ပြာတစ်ယောက် သူငယ်ချင်းအား စာနာစိတ်နှင့် ပြန်မေးလိုက်သည်။
“ငါက မိသားစုထဲမှာ အလတ်။ ငါ့အထက်မှာ အကိုတစ်ယောက်နဲ့ အမတစ်ယောက်ရှိတယ်။ ငါ့အောက်မှာ မောင်တစ်ယောက်ရှိတယ်။ အဖေက အမကို သိပ်ချစ်တယ်။ အမေက အကိုနဲ့ မောင်လေးကို အရမ်းချစ်တယ်။ငါ ကအလတ်ဆိုတော့ ငါ့ကို အဖေနဲ့ အမေက သိပ်မချစ်ကြဘူး။ ” နီနီတစ်ယောက် မျက်ရည်လေးဝိုင်းကာပြောနေသည်ကို မြင်တော့လည်း ကျွန်မသနားမိသည်။ နီနီကိုယ်တိုင်လည်းပြောနေရင်း မျက်ရည်တွေ ဝဲနေသည်ဟုထင်မိသည်။
” ငါက မိသားစု စားဝတ်နေရေးအတွက် ထွက်လာတာမဟုတ်ဘူး။ အိမ်မှာကို မနေချင်တော့လို့ထွက်လာတာ။ ငါရန်ကုန်မှာ အလုပ်လုပ်ရင်း အဝေးသင်တက်မယ်ဆိုပြီး ထွက်လာတာ။ ငါ အိမ်မှာနေရတာမပျော်လို့ကို ထွက်လာတာ သူငယ်ချင်း။ အိမ်မှာဆိုရင် အလတ်ဖြစ်တဲ့ငါက အမြဲ လစ်လပ်နေတာပါ။ ငါ့ကိုဆို ဘယ်သူမှ ဦးစားမပေးဘူး ။ အဖေကလည်း အမကို သိပ်ဦးစားပေးတယ်။ အမကလည်း အကြီးဆုံးဆိုတော့ အငယ်တွေအပေါ်မှာ တစ်ခါတစ်လေ ဆရာသိပ်လုပ်ချင်တယ်။ ရန်ဖြစ်ရင်လည်း အဖေနဲ့အမေက အမဖက်ကပဲ။ ငါ့ဖက်က ဘယ်သူမှ မပါဘူး။ အကိုနဲ့မောင်ကိုတော့ အမေက ဦးစားပေးတယ်။ အမှားတစ်ခုကို အတူတူလုပ်ခဲ့ကြတယ်ဆိုရင်တောင် အမေက ငါ့ကိုပဲ ဆူတယ်။ ငါတို့ဆိုရင် ဒီအရွယ်ကြီးရောက်တဲ့အထိ ရိုက်ခံနေရတုန်းပဲ။ ငါဝမ်းနည်းလွန်းလို့ပါဟာ။ ဒါကြောင့် ငါအိမ်ကနေထွက်လာတာ။ အိမ်ကို ပိုက်ဆံမှန်မှန်ပို့ပေးတယ်။ အဖေက အရက်သောက်တော့ အမေနဲ့ အဖေက အမြဲရန်ဖြစ်ကြတယ်။ ငါ တစ်နေ့တစ်နေ့ အဖေနဲ့ အမေရန်ဖြစ်ရင် ဝမ်းနည်းတယ်ဟာ။ အခုဆိုရင် ငါတစ်ယောက်တည်းရန်ကုန်မှာ ပင်ပန်းတယ်ဆိုပေမဲ့ ငါ နေရတာအဆင်ပြေတယ် သူငယ်ချင်း။ စိတ်ညစ်စရာတွေ အလုပ်ထဲမှာရှိတယ်ဆိုပေမဲ့လည်း ငါ့အိမ်မှာ ငါသိမ်ငယ်ရတာ ဝမ်းနည်းရတာလောက် မဆိုးပါဘူးကွာ”
နီနီပြောတာကိုနားထောင်ရင်း ကျွန်မ နီနီ့ကိ ုသနားသွားသည်။ ကျွန်မတို့အိမ်တွင် အမေနှင့်အဖေက ကျွန်မတို့ေ မာင်နှမတွေရှေ့တွင် စကားများရန်မဖြစ်ကြ။ အဖေရော အမေရောက ကျွန်မတို့ကို ချိုချိုုသာသာနှင့် နားဝင်အောင် ဆုံးမကြသည်။ ကျွန်မတို့မောင်နှမတွေဆိုလျှင် တစ်ခါမှမရိုက်ခံဖူးကြ။ အမေ့အိမ်ကို ပြန်ချင်နေသော ကျွန်မ အိမ်မပြန်ချင်ဘူးလို့ စွတ်ငြင်းနေသော သူငယ်ချင်းအား သနားဂရုဏသက်မိသည်။
“နင့်ကို ပြန်လာခဲ့ပါလို့ မပြောဖူးလား ”
” တစ်ခါမှ ပြန်လာပါလို့မပြောဘူး သူငယ်ချင်း။ ငါအခုအလုပ်ပိတ်ရက်ပြန်သွားလည်း ကြိုမဲ့သူက နည်းနည်းပါ။ ”
” သားသမီးကို မချစ်တဲ့မိဘဆိုတာ မရှိပါဘူး။ မချစ်တတ်တာနဲ့ ချစ်တတ်တာပဲကွာတာပါ” နီနီအား ကျွန်မ တတ်သိသလောက် နားလည်အောင် ရှင်းပြနေရသည်။ နီနီပြောတာတွေကို နားထောင်ရင်းနှင့်ပင် နီနီကို သနားမိသည်။
” နင့်အမေဆိုရင် နင့်ကို ဘယ်လောက်ချစ်လဲ နင်မပြောလဲငါသိတယ်။ နင့်အတွက် တစ်လတစ်ကြိမ် နင်ကြိုက်တဲ့အစားအစာတွေပို့ပေးတယ်။ ဖုန်းဆိုရင်လည်း ခဏခဏ ဆက်တယ်။ နင့်အမေ နင့်ကို သိပ်ချစ်တယ်။ ချောက်ကနေ ရန်ကုန်ထိ ပို့ရတာ ဘယ်လောက်ဝေးလဲ။ ငါဆိုရင် သာယာဝတီ သုံးဆယ်မှာနေတာ ရန်ကုန်နဲ့နီးနီးလေးပါ။ ငါဆီလည်းမ လာကြဘူး။ ငါလည်း မသွားဘူးသူငယ်ချင်း။ သားသမီးတွေထဲမှ အလတ်ဆိုတာ အလယ်မှာနေပြီး လစ်လပ်နေတာလို့ပြောတဲ့စကား သိပ်မှန်တယ် သူငယ်ချင်း။ မိဘတွေ က သားသမီးတွေကို တန်းတူညီတူချစ်တာပါဆိုတာ တခြားမိသားစုတွေမှာတော့ ဟုတ်ချင်ဟုတ်မယ် သူငယ်ချင်း။ မင်းတို့မိသားစုထဲမှာလည်း ဖြစ်ချင်ဖြစ်မယ်။ ငါ့မိသားစုထဲမှာတော့မဟုတ်ဘူး။”
ကျွန်မ နီနီပြောသော စကားများကို နားထောင်ပြီး အဖေနှင့် အမေကို ကျေးဇူးတင်မိသည်။ ယခုအချိန်ထိ သားတွေ သမီးတွေကို စိတ်ဒဏ်ရာတွေ မပေးပဲ ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် စောင့်ရှောက်ခဲ့သော အဖေနှင့် အမေကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိသည်။ မိသားစုတစ်ခုတွင် ချစ်ခြင်းမေတ္တာ ဘယ်လောက် အရေးကြီးသည်ဆိုတာကို ကျွန်မ ခံစားမိလာသည်။ မိဘနှင့် ဝေးမှ မိဘတန်ဖိုးကို ပိုသိလာသော ကျွန်မ အိမ်ပြန်ရမည်ကို စိုးရွံ့ထိတ်လန့်နေသော နီနီ ကို စာနာ နားလည်နိုင်ဖို့ အများကြီး ကြိုးစားရပေဦးမည်။ နီနီလို သားသမီးမျိုးတွေ ဘယ်လောက်များ များနေသလဲလို့ စဉ်းစားရင်း အဖေနှင့် အမေ၏ ကျေးဇူးတရားများကို အပြန်ပြန်အလှန်လှန် တွေးတောနေမိတော့သည်။
Author: Dr.အေးချမ်းမိုး