လိင်တံမတောင့်တင်းသူများအတွက် သဘာဝကုထုံးအမျိုးသားတွေ လိင်တံမတောင့်တင်းလို့ သဘာဝ၊ တိုင်းရင်းဆေးကုထုံးတွေရှိကြပါတယ်။ အမျိုးသားတွေအနေ နဲ့ဖြစ်နိုင်ချေရှိတဲ့ သဘာဝတိုင်းရင်းဆေးကုထုံးတွေ နားလည်ဖို့လိုအပ်ပြီး တိကျတဲ့သဘာဝကုထုံးတွေ ဖြစ်လာ တတ်ပါတယ်။ အမျိုးသားတွေလိင်တံ မတောင့်တင်းခြင်းဟာ လိင်ဆက်ဆံမှုမဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါ တယ်။ ယင်းအခြေအနေဟာ ပျောက်ကင်းအောင်ကုသဖို့ခက်ပြီး ရှက်ကြောက်ခြင်းနဲ့လိင်ဆက်ဆံရာမှာ မလုံခြုံ၊ မပြည့်ဝ၊ မပြီးစီးခြင်းဖြစ်ရပါတယ်။ လိင်တံမတောင့်တင်းတဲ့ ယောက်ျားများအတွက်ဆေးအညွှန်များ၊ ကုသချက် များ၊ ကုထုံးများမြောက်များစွာနဲ့ ရေရှည်ပြဿနာကာကွယ်နိုင်ဖို့ နည်းလမ်းတွေရှိကြပါတယ်။
သဘာဝကုထုံး – သဘာဝသစ်ပင်၊ သစ်ဥများ၊ တိုင်းရင်းဆေးဝါးများမှရရှိတဲ့ ကုထုံးဖြစ်တယ်။ အယ်အာဂျီနီးဂျင် ဂိုဟာလိင်တံရဲ့ သွေးစီးဆင်းမှုမြင့်မားစေပြီး လိင်တံတောင့်တင်းလာစေတယ်။
ဂျင်ဆင်း – ကိုရီးယားဂျင်ဆင်းက လိင်တံမာကျောစေပြီး မလိုလားတဲ့ဘေးထွက်ဆိုးကျိုးကအိပ်မပျော်ခြင်းဖြစ် စေတယ်။
ယိုဟင်ဘင် – အာဖရိက ယိုဟင်ဘင်သစ်ခေါက်ကရရှိပြီး လိင်တံတောင့်တင်းစေတယ်။ စိတ်ဖိစီးသူများ သွေး တိုးသူများမသောက်သုံးသင့်ပါ။
ဆိတ်ဝှေးစေ့ – ဆိတ်ဝှေးစေ့က လိင်ဆက်ဆံမှုကို ပျော်ရွှင်ဖွယ်ဖြစ်စေတယ်။ နှလုံးထိခိုက်မှုရှိလို့ သတိနဲ့သုံးစွဲစေ ချင်တယ်။
သဘာဝနေထိုင်မှု – နေတိုင်းနေ့စဉ် နာရီဝက်မှတစ်နာရီ အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီး စီး၊ ရေကူး) မှန်မှန်လုပ်ပေးရင် လိင်တံတောင့်တင်းလာနိုင်တယ်။
အစားအသောက်စားခြင်း – ဟင်းခတ်အမွှေးအကြိုင်ထုံလွှမ်းထားတဲ့ စားကောင်းသောက်ဖွယ်ရာများစားရမယ်။
စိတ်ဖိစီးမှုလျှော့ချရမယ် – စိတ်ဖိစီးမှုလျှော့ချပြီး အိပ်ရာထဲအလုပ်တွေခေါ်မသွားသင့်ဘူး။ သက်တောင့်သက် သာလဲှလျောင်းဖို့လိုသလို အိပ်ခန်းကျယ်ကျယ် မိသားစုဆူညံသံတွေနည်းနိုင်သမျှ နည်းရမယ်။
လိင်ဆက်ဆံခြင်းမလုပ်ရ – ကိုယ့်မှာလိင်ဆက်ဆံဖို့ အခက်အခဲရှိနေတာ လက်တွဲဖော်ကိုလည်းအသိပေးပြီး နှစ် ကိုယ်တူသဘောကျတဲ့ဆက်ဆံနည်းမျိုး လှုံ့ဆော်မှုနည်းပေါင်းစုံမရှက်တမ်း ကျင့်သုံးသင့်ပါတယ်။
Vo-8 / No-12 Healthcare Journal