fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဒူးနာနှင့် ဓာတ်စာ

306
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/04/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဒူးဆစ်ဟာ လူသားတွေအရိုးအဆစ်ထဲမှာ အကြီးဆုံးဖြစ်သလို အရှုပ်ထွေးဆုံးအရိုးအဆက် ဖြစ်တယ်။ ဒူးခေါင်းရိုးနေရာဟာ အားကစားသမား၊ ဘောလုံးသမားများအပါအဝင် ထိခိုက်ဒဏ်ရာရအများဆုံးဖြစ်တယ်။ ဒူး ဒုက္ခပေးရင် မျက်ရည်ကျလောက်အောင်နာကျင်တယ်။ ဒူးနာနေပြီဆိုရင် ခြေထောက်ကထောက်နိုင်စွမ်းနည်း ကာပိုပြီး နာကျင်စရာတွေ ကြုံရနိုင်ပါတယ်။ သွားလာလှုပ်ရှားမှု မလုပ်နိုင်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒူး ခေါင်းတွေကောင်းစေဖို့ဟာ သဘာဝအရည်အသွေးပြည့်၀ စေဖို့အတွက်ပါအရေးပါတယ်။ ဒူးခေါင်းကိုကောင်း စေဖို့အဓိက အရေးပါတဲ့ သုံးချက်ရှိပါတယ်။

ပေါင်ကြွက်သားတွေ အားကောင်းစေခြင်း – ဒူးခေါင်းနေရာ တောင့်တင်းအားကောင်းနေဖို့အတွက် ပေါင်တဝက်ကကြွက်သားတွေ အားကောင်းဖိ့ုလိုပါတယ်။ တင်ပါးဆုံတဝိုက်က ကြွက်သားတွေထက်ပိုအား ကောင်းဖို့လိုပါတယ်။ ပေါင်ကြွက်သားတွေဟာ ဒူးခေါင်းကိုသက်ရောက်လာမယ့် ဖိအားများကိုစုပ်ယူပေးထားတဲ့ အခံတွေဖြစ်တယ်။ ဒူးခေါင်းနောက်ဖက်ကကြွက်သားတွေ၊ ပေါင်အရှေ့ဖက်ကကြွက်သားတွေဟာ ဒူးခေါင်း ကျန်းမာရေးအတွက် ဒေါက်တိုင်တွေဖြစ်ပါတယ်။

တင်ပါးဆုံကြွက်သား၊ ဒူးနောက်ဖက်ကြွက်သား၊ ပေါင်ကြွက်သားတွေဟာခြေထောက်ကို လိုသလိုထိန်း ချုပ်ရွေ့လျားစေနိုင်တဲ့ အင်အားစုတွေဖြစ်ကြောင်း ဗြိတိန်ခန္ဓာဗေဒ ဆရာဝန်ကြီးဒေါက်တာဆမ်မီမာဂိုက ပြော တယ်။ လှေကားအတက်အဆင်းလုပ်ခြင်းက ဒူးကြွက်သား၊ ပေါင်ကြွက်သားနဲ့ တင်ပါးဆုံကြွက်သားတွေကိုတစ် ပြိုင်နက်လေ့ကျင့်ပေးရာ ရောက်ပါတယ်။

လှေကားအတက်အဆင်းလေ့ကျင့်ခန်းဟာ ဒူးခေါင်းကိုဒဏ်ဖြစ်စေနိုင်စွမ်း နည်းပါးတဲ့လေ့ကျင့်ခန်း လည်းဖြစ်သလို၊ သွေးလှည့်ပတ်မှုကိုလည်းကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းဖြစ်တယ်။ လှေကားအတက်အဆင်း လုပ်ခြင်းဟာ မိမိဒူးခေါင်းဘယ်လောက်ကျန်းမာသန်စွမ်းကြောင်း မိမိဖာသာပြန်လည်သုံးသပ်အကဲဖြတ်နိုင်တဲ့ လေ့ကျင့်ခန်းပဲဖြစ်တယ်။

ဒူးခေါင်းနာနေသူ၊ ဒဏ်ရာရနေသူများအတွက် လှေကားအတက်အဆင်းကိုရှောင်ရှားရမယ့် လေ့ကျင့် ခန်းဖြစ်တယ်။ အထူးသဖြင့် ခြေထောက်မသန်သူ၊ ခြေတုထည့်ထားအစွပ်ထည့်ထားသူတွေ လှေကားအတက် အဆင်းရှောင်ဖို့လိုပါတယ်။ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို ကမ္ဘာမြေဆွဲအားနဲ့ဆန့်ကျင်ပြီး ပိုမိုထမ်းထားရသလိုဖြစ် နေလို့ အရွတ်စုပ်ပြဲခြင်း၊ အရိုးဒဏ်ဖြစ်ခြင်းဖြစ်နိုင်တယ်။

ဖိနပ်တွေက ဒူးအတွက်မိတ်ဆွေလည်းဖြစ်၊ ရန်သူလည်းဖြစ်ခြင်း – ဖိနပ်စီးတတ်ရင် ဒူးအတွက်အကျိုး ရှိတယ်။ လမ်းလျှောက်ခြင်းဟာ ဒူးအပေါ်ဖိအား ၂၅ ရာခိုင်နှုန်းလောက် ပိုမိုသက်ရောက်စေကာဒူးကို ပိုပြီးဒဏ် ရာဖြစ်စေတယ်။ ဖိနပ်ဝယ်တဲ့အခါ အောက်ခံပျော့ပျောင်းပြီးခြေနဲ့ အံဝင်ခွင်ကျရှိတဲ့ဖိနပ်မျိုး ရွေးချယ်ရပါမယ်။ ခြေနင်းတဲ့ ဖိနပ်ခုံနေရာဟာ ခပ်ခုံးခုံးဖြစ်နေရင် ပိုမိုအဆင်ပြေတယ်။ ခြေဖဝါးအခွက်နေရာကိုဖိနပ်ခုံးကဝင်ပြီး ခု ထားပေးလို့၊ ခြေဖဝါးတစ်ခုလုံးကို မနာကျင်အောင်ကာကွယ်ပေးသင့်ပါတယ်။

ဒဏ်မဖြစ်စေမယ့် လေ့ကျင့်ခန်းတွေလုပ်ခြင်း – ပြင်းထန်တဲ့လေ့ကျင့်ခန်းများ စနစ်မကျဘဲလုပ်မိလို့ ဒူး ခေါင်း ကြွက်သားတွေပွန်းပဲ့စုတ်ပြတ်ဖူးသူတွေ ဖြစ်ရင်၊ နောင်မှာလေ့ကျင့်ခန်းတွေရှောင်ကြဉ်ဖို့မလိုပါ။ ဒူးခေါင်း အပေါ်သက်ရောက်မှုနည်းပါးတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်ခြင်းဟာ ဒဏ်ရာရဖူးတဲ့ဒူးခေါင်းကို ပြန် လည်ကျန်းမာလာအောင် ကူညီပေးခြင်းဖြစ်တယ်။ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့ဟာ ဒူးအပေါ်ဖိအားသက် ရောက်မှုနည်း ပါးသလို၊ ထိရောက်မှုလည်းရှိတဲ့ လေ့ကျင့်ခန်းပဲဖြစ်တယ်။

ဓာတ်စာ – ဒူးဆစ်ရောင်ရမ်းခြင်းဟာ အခြားကျန်းမာရေးပြဿနာတွေလိုပဲ အက်ဆစ်ထွက်ဖို့လှုံ့ဆော် ပေးတဲ့အစာတွေကိုစားသုံးမှုများလို့ပဲ ဖြစ်တယ်။ ပရိုတိန်းဓာတ်ရရှိစေဖို့ အသားနဲ့နွားမှရတဲ့ နို့ထွက်အစားအစာ တွေစား သုံးခြင်း၊ ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒြိတ်များဖြစ်တဲ့ ပေါင်မုန့်ဖြူနဲ့အသင့်အမြန်စားနိုင်တဲ့ စနပ် (Snap) များဖြစ် တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊ ဘာဘီကျူနဲ့ အာလူးချောင်းကြော်တို့ဟာ ပြည့်ဝဆီ (ဝက်ဆီ၊ ဆီအုန်း၊ ပြန် ကြော်ဆီနဲ့ စီမံထားလို့ သွေးအတွင်းကိုလက်စထရောများခြင်း၊ အဝလွန်ခြင်းအပြင် အက်ဆစ်ဓာတ် ထွက် စေဖို့ လှုံ့ဆော်တဲ့အစားအစာတွေဖြစ်ပါတယ်။)
လူး၊ ဆပ်၊ နှံစားပြောင်း၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ ကောက်နှံများဟာ အယ်ကာ လိုင်း (သို့) အက်ဆစ်ဓာတ်ပြယ်စေတဲ့ အစားအစာတွေဖြစ်တယ်။ ဒူးဆစ်နာခြင်း၊ အရိုးအဆစ်နာခြင်းဟာ ထိ ခိုက်ဒဏ်ရာရခြင်းနဲ့ ဝမ်းနှုတ်ဆေးအလွန်ကျွံ သုံးစွဲခြင်းနဲ့ဆက်စပ်မှုရှိပါတယ်။ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ အာလူး၊ ငရုတ်ကောင်းစတဲ့ ဟင်းသီးဟင်းရွက်တွေစားခြင်း၊ အထူးသဖြင့်ခရမ်းချဥသီးစားသုံးသူတွေမှာ ပိုမိုဖြစ်စေပါ တယ်။ ခန္ဓာကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းကလည်း ဒူးနာခြင်း၊ အရိုးအဆစ်ရောင်ခြင်းရဲ့ အကြောင်း ရင်းတစ်ခုလို့ မှတ်ယူနိုင်ပါတယ်။

ရှောင်ကြဉ်ရမယ့်အစာများ – (၁) ဆိုဒါ (သို့) ဂတ်စ်ပါတဲ့အအေးတွေက ဓာတ်စာစားခြင်းအတွက်ဆိုး ကျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ယင်းမှာပါဝင်တဲ့ဆေးသကြားက ကိုယ်ခန္ဓာထိခိုက်စေရုံသာမက ဘယ်လိုအာ ဟာရမှမပေးပါဘူး။ ဆိုဒါသောက်ခြင်းက ကယ်လိုရီမြင့်တက်စေပြီး သွားပျက်စီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဆီးချို၊ သွေးချိုနဲ့အရိုးကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ရေဆာရင်ရေပဲ သောက်သင့်ပါတယ်။
(၂) သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးအတွက်ကောင်းနိုင်တယ်ဆိုပြီး ဓာတ်စာစားနေစဉ်မ သောက်သင့်ဘူး။ သစ်သီးတွေမှာဖိုင်ဘာ (အမျှင်) ဓာတ်ပါတာမှန်ပေမယ့်ယင်းတို့ကို ဖျော်ရည်လုပ်သောက်တဲ့ အခါအမျှင်ဓာတ်ကိုဖယ်လိုက်သလို ဖြစ်သွားတယ်။ ဖိုင်ဘာဓာတ်က သကြားစုပ်ယူမှုပမာဏကို ထိန်းညှိပေး တယ်။ အမျှင်ဓာတ်မပါရင် သကြားကိုခန္ဓာကိုယ်က အထိန်းအကွပ်မရှိစုပ်ယူလိုက်နိုင်တာကြောင့် စားနေတဲ့ ဓာတ်စာက အချည်းအနှီးဖြစ်သွားပါလိမ့်မယ်။
(၃) ဆီကြော်အစားအစာတွေ – အသင့်အမြန်စား အစာ (snap) ဖြစ်တဲ့ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာတို့ ကကျန်းမာရေးဆိုးစေတဲ့အပြင် ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်းဖြစ်စေပါတယ်။
(၄) ကိုယ်အလေးချိန်လျော့ချပြီး ပိုမိုကျန်းမာသန်စွမ်းလိုရင် တစ်နေ့ကိုဝိုင်တစ်ခွက်သောက်တာ ပြင်ရပါ မယ်။ အရက်၊ ဘီယာသောက်ခြင်းဟာ ကယ်လိုရီတက်စေတာကြောင့် အလေးချိန်လျော့ချမယ့်ရည်မှန်းချက်ကို ပျက်စီးစေတယ်။
(၅) ထောပတ်က အရိုးသန်မာဖို့ကယ်စီယမ်ဓာတ်ကို များများထောက်ပံ့ပေးနိုင်ပေမယ့် ပြည့်ဝဆီပါဝင် တဲ့ဆိုးကျိုးက ခန္ဓာကိုယ်အဆီပိုထွက်စေတယ်။ မလိုင်ဖယ်ထားတဲ့ထောပတ်စားသင့်ပါတယ်။
(၆) ပြုပြင်ထားတဲ့အသား (အသားပြား၊ ကြက်ဥချောင်း၊ ဝက်အူချောင်း) တို့ကအူမကြီးကင်ဆာဖြစ်ပွား နိုင်ပါတယ်။
(၇) ရေခဲမုန့်များမှ သကြားနဲ့ကယ်လိုရီအပြည့်ပါလို့ မစားသင့်ပါဘူး။ သစ်သီးခြောက်များများစားသင့် တယ်။
အသုံးပြုဆေးဝါး – (၁) အရိုးအဆစ်ရောင်ရမ်းခြင်းအတွက် ဖြည့်စွက်အာဟာရ ဂလူးကိုစမင်း (Glucosumine) ကိုတွင်တွင်ကျယ်ကျယ်သုံးလာတယ်။ Glucosumine 500 mgl တစ်နေ့သုံးကြိမ်၊ သုံးလခန့် သောက်ပေးသင့်တယ်။
(၂) MSM ခေါ်အော်ဂဲနစ်ဆာလ်ဖာကလည်း ခန္ဓာကိုယ်နာကျင်မှုကို သက်သာစေနိုင်ပါတယ်။
(၃) နိုင်ယာစင် (Niacinamide-B3) ဗီတာမင်အုပ်စုဝင်ကို ၅၀၀ မီလီဂရမ်တစ်နေ့သုံးကြိမ်မှ လေးကြိမ် တိုက်ကျွေးပေးရင်နာကျင်မှု သက်သာစေပါတယ်။
(၄) ငါးကြီးဆီ၊ အိုမီဂါ(၃) Liveroil နေ့စဉ်သုံးစွဲခြင်းက အရိုးအဆစ်နာခြင်းသက်သာစေပါတယ်။
(၅) သဘာဝဗီတာမင်အီး ၄၀၀ မှ ၅၀၀ အိုင်ယူသုံးစွဲခြင်းက အရိုးအဆစ်နာခြင်းသက်သာစေတယ်။
(၆) ဗီတာမင်စီကိုဖြည့်စွက်မှီဝဲခြင်းက အရိုးအဆစ်အတွင်းရှိချောဆီဓာတ်ပျစ်စေတယ်။
(၇) ချင်းမှာ ရောင်းရမ်းမှုသက်သာစေတယ်။
(၈) ဟိုမီယိုပက်သီနည်းက အရိုးအဆစ်ခိုင်ခံ့ခြင်းသက်သာစေပါတယ်။

Author: ဒေါက်တာလွင်သန့် (Vol-8 / No-11) Healthcare Journal

Previous Post

ကလေးငယ်နှင့် ရုပ်ရှင်

Next Post

လိင်အင်္ဂါ တစ်ဝိုက် ရေယုံပေါက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
610

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိင်အင်္ဂါ တစ်ဝိုက် ရေယုံပေါက်ခြင်း

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၄) အမျိုးသမီးများ သားကြောဖြတ်ခြင်း

ကျန်းမာရေးနဲ့အလှအပအတွက် အသုံးဝင်တဲ့ရှောက်သီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.