လူတိုင်းကျေနပ် ပျော်ရွှင်မှုကို လိုချင်ကြပါသည်။ လူဘဝနေထိုင်မှု ပုံစံကောင်းမွန်မှသာ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ကြောင်း သိရှိကြပါသည်။ သို့ရာတွင် ကျန်းမာရေးလျှိ့ဝှက်ချက်ကို မသိရှိကြပါ။ ထို့ကြောင့် ပျော်ရွှင်သော ဘဝကို ရရှိစေရန် အောက်ပါအတိုင်း လိုက်နာစေချင်ပါသည်။
၁။ ကခုန်ခြင်း
ကခုန်ခြင်းသည် စိတ်ဓာတ်ကျဆင်းမှုကို တိုက်ဖျက်ပေးသော ဦးနှောက်တွင်းရှိ အန်ဒေါဖင် (ENDORPHIN) ဟော်မုန်းများကို ထွက်ရှိစေပါသည်။ တစ်ပတ်တွင် သုံးကြိမ်ခန့် အကသင်တန်းရောက်ပြီး ကခုန်ပါက စိတ်ဓာတ်ကျဆင်းမှုကို ထက်ဝက်ခန့် လျှော့ချနိုင်ပါသည်။ မိမိ၏ အိမ်တွင်လည်း အခန်းထဲ၌ သီချင်းဖွင့့်ပြီး ကခုန်ခြင်း ပြုလုပ်နိုင်ပါသည်။
၂။ ထိတွေ့ခြင်း
လက်ကလေးကို ကိုင်တွယ်ခြင်း၊ ပခုံးကလေးကို ပုတ်ခြင်းကဲ့သို့ ခေတ္တာထိတွေ့ခြင်းများ ပြုလုပ်ပါက ပျော်ရွှင်မှုနှင့် စိတ်ဖြေလျော့မှုကို ဖြစ်စေနိုင်သော အန်ဒိုဖင် (ENDOPHIN) နှင့် အောက်စီတိုစင် (OXYTOXIN) ဟော်မုန်းများကို လှုံဆော်ပေးနိုင်ပါသည်။ စကားပြောဆိုရာတွင် ဖြစ်စေ၊ ဂရုစိုက်ကြောင်း ပြရာတွင် အထိအတွေ့ကလေးများ ပြုလုပ်ပါက ပို၍ ကောင်းပါသည်။
မိသားစုအတွင်းတစ်ဦးနှင့် တစ်ဦးထိတွေ့နိုင်ပါသည်။ ခင်ပွန်းမှ ဇနီး၊ ဇနီးမှခင်ပွန်းထိ တွေ့နိုင်သကဲ့သို့ ကလေးများကိုလည်း လက်ကိုင်ခြင်း၊ ကျောပုတ်ခြင်းနှင့် ခေါင်းပွတ်ပေးခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။ သမီးရည်းစားစုံတွဲများလည်း စကားစမြည်ပြောဆိုရင်း ထိတွေ့မှုပြုလုပ်ပါက ပျော်ရွှင်သော ကျန်းမာရေးကို ပိုင်ဆိုင်နိုင်ပါသည်။
၃။ မိသားစု ဆွေမျိုးစုံညီစွာ တွေ့ဆုံခြင်း
လူအများစုသည် မိမိ၏ မိသားစုသာမက အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်၊ ဘကြီး၊ ဘဒွေး စသည့် ဆွေမျိုးများကို တွေ့ဆုံခြင်းကို အရေးကြီးသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားရပါမည်။ ၎င်းတို့၏ အတွေ့အကြုံ ရင့်ကျက်မှုနှင့် အသိဉာဏ်များကို ရိုသေလေးစားရပါမည်။ မိသားစုနှင့် ဆွေမျိုးများ တွေ့ဆုံပွဲကိုလည်း မကြာခဏ လုပ်ဆောင်ရပါမည်။ သို့မှသာ အချင်းချင်းရင်းရင်းနှီးနှီး ဖြစ်ပေါ်ပြီး ပျော်ရွှင်သောဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။
၄။ နေရောင်ခြည်ခံခြင်း
နေရောင်ခြည်သည် စိတ်ခံစားမှုကို ကောင်းစေနိုင်သော ဦးနှောက်ဓာတုပစ္စည်း ဆီရိုတိုနင် ပမာဏကို များစေနိုင်သည့် ဗီတာမင်ဒီဓာတ်များများ ရရှိစေရန်ပြုလုပ်ပေးပြီး ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါသည်။
ပင်လယ်သမုဒ္ဒရာနှင့် နီးသောနေရာဖြစ်ပါက ကမ်းခြေတွင်နေပူစာလှုံခြင်း ပြုလုပ်၍ နေရောင်ခြည်ကို လုံလောက်စွာ ရရှိနိုင်ပါသည်။ ကမ်းခြေမရှိ သောနေရာ (သို့) နေရောင်ခြည် ကောင်းစွာမရသော နေရာဖြစ်ပါက ဗီတာမင်ဒီပါဝင်သော အားဆေးများကို သောက်နိုင်ပါသည်။ ဗီတာမင်ဒီကို စုပ်ယူမှုအားကောင်းသော ကယ်လ်စီယမ်ဓာတ်နှင့် တွဲပြီးသောက်ပါက ပို၍ကောင်းပါသည်။ ပျော်ရွှင်မှုဘဝကို ရရှိစေရန် အခကြေးငွေ မကုန်သော နေရောင်ခြည်ကို ခံယူရပါမည်။
၅။ အမျှင်ဓာတ်ပါဝင်သော အစားအစာများကို စားသုံးခြင်း
အမျှင်ဓာတ်ကြွယ်ဝသော အစးအစာများကို စားသုံးပါက စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျဆင်းမှုကို ကာကွယ်နိုင်ပါသည်။ ရင်သားကင်ဆာဖြစ်နိုင်ချေကိုလည်း ထက်ဝက်ခန့်လျှော့ချနိုင်ပါသည်။ ထို့ကြောင့် အမျှင်ဓာတ်ပါဝင်သော အစားအစာ (ဥပမာ- မျှစ်၊ ရုံပတီသီး၊ ဒန်ဒလွန်သီး) နှင့် ပဲမျိုးစုံကို စားပေးရန် လိုအပ်ပါသည်။ အသီး အနှံ ဟင်းသီးဟင်းရွက် ကောက်ပဲသီးနှံများကိုလည်း စားနိုုင်ပါသည်။
၆။ အစပ်(ငရုတ်သီး) စားခြင်း
အပူအစပ် စားခြင်းသည် ဦးနှောက်တွင်း ဇီဝဖြစ်ပျက်မှု ပြောင်းလဲစေပြီး ခန္ဓာကိုယ်တွင်း စိတ်ခံစားမှုကို ကောင်းစေသော ဓာတုပစ္စည်းများ ပျံလွင့်စေနိုင်ပါသည်။ ငရုတ်သီးသည် ပါးစပ်ကို ပူလောင်စေပြီး ဦးနှောက်မှ Endo rphin ဟော်မုန်းကို လွှင့်ထုတ်ပေးပါသည်။ သို့ရာတွင် မှိုတက်သော ငရုတ်သီးမှုန့် ဆိုးဆေး ပါဝင်သော ငရုတ်သီးမှုန့်များ အသုံးပြုပါက ကင်ဆာရောဂါများ ဖြစ်နိုင်သည်ကို သတိပြုရပါမည်။
Credit to: ဒေါက်တာကောင်းစံ Health Care Journal (Vol-7, No-10)