ထိုင်နေခြင်းသည် အန္တရာယ်ရှိသောအပြုအမူတစ်ခုဟုထင်မှတ်ထားလိမ့်မည် မဟုတ်ပေ။ အနေအထား မှန်ကန်စွာမထိုင်တတ်လျှင် ကျောရိုးရှိ ကြားခံပြား (Spinal Discs) အားဖိအားသက်ရောက် စေပြီး ယိုယွင်း ပျက်စီးမှု ဖြစ်စေသည်။ ယင်းမှ တစ်ဆင့်နာကျင်မှု ဝေဒနာ ခံစားလာရတတ်ပါသည်။
လူတစ်ယောက်သည် အသက်အရွယ်မည်မျှပင်ဖြစ်စေကာမူမိနစ် ၃၀ နှင့်အထက် ကြာရှည်အောင်ထိုင် နေပါကကျောရိုးဆစ်များပူးကပ်လာပြီးအာရုံကြောများအပေါ် ဖိထားခံရမှုကြောင့် အရည်ခမ်းခြောက်မှုနှင့် အဆစ်ရောင်ရမ်းမှု တို့လည်း ဖြစ်လာနိုင်သည်။ ကျောရိုးအားအဆစ်ရောင်ရမ်းမှုတို့လည်း ဖြစ်လာနိုင်သည်။ ကျောရိုးအားထိခိုက်မှု မရှိစေရန် ထိုင်လျက်အနေအထားဖြင့် မိနစ် ၃၀ ထက်ပိုပြီးမနေပါနှင့်။
ထိုင်လျှင်လည်း အကောင်းဆုံးထိုင်ခုံကိုရွေးချယ်အသုံးပြုပါ။ အထူးသဖြင့် ခါးဆစ်ရိုးများအား အထောက်အကူ ပြုစေနိုင်ရန်ဖြစ်ပါသည်။
အချို့သောအလုပ်များကို ထိုင်လျက်အနေအထား၌ ဆောင်ရွက်ခြင်းမပြုဘဲ မတ်တပ်ရပ်လျက် ဆောင်ရွက်နိုင်ပါက ဆောင်ရွက်သင့်သည်။ ဥပမာ – တယ်လီဖုန်းစကားပြောခြင်း၊ စာဖတ်ခြင်း။
ထိုင်သောအခါ ခြေကိုကြမ်းပြင်၌ ချထားသင့်၏။ ခန္ဓာကိုယ်၏ အလေးတချို့သည် ကျောရိုးအား ဖိအား သက်ရောက်စေမည်ဖြစ်၏။
တစ်ခါတစ်ရံ တည့်မတ်စွာ လဲလျောင်းပါ။ ကျောရိုအပေါ် ဖိအားသက်ရောက်မှုမရှိစေဘဲ အနားပေးသည့် သဘောဖြစ်သည်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ယောဂကျင့်စဉ်များဆောင်ရွက်ခြင်းတို့တွင် ခန္ဓာကိုယ်အနေအထား မှန်ကန်ပါစေ။
ခါးကုန်းလျက်နေထိုင်ခြင်းမျိုးရှောင်ကြဉ်ပါ။ ယင်းအနေအထားမှာကျောရိုးရှိ ကြားခံပြားများကို ပျက်ယွင်းမှု ပိုကဲစေပါသည်။
နွမ်းနယ်မှုဖြစ်စေသော အနေအထားမှ ရှောင်ကြဉ်ပါ။ မအီမသာဖြစ်စေသောအနေအထားမဖြစ်ပါစေနှင့်။
မကြာခဏ မတ်တပ်ရပ်ပေးပါ၊ လမ်းလျှောက်ပေးပါ။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)