(Zawgyi)
ညအခ်ိန္ေခြၽးထြက္ျခင္းကို ေဆးပညာအရ Sleep Hyperhidrosis ဟုေခၚၾကပါသည္။ ညအခ်ိန္တြင္ ေခြၽးထြက္ျခင္းေၾကာင့္ အိပ္ရာခင္းမ်ား၊ ညဝတ္အက်ၤ ီမ်ားေခြၽးစိုစြတ္သြားျခင္းကို ေတြ႕ရၿပီးအိပ္စက္ေသာေနရာ ပတ္ဝန္းက်င္အပူခ်ိန္ႏွင့္ အသက္ဆိုင္ေၾကာင္းဆိုၾကပါသည္။
ညအခ်ိန္ေခြၽးထြက္ျခင္းသည္ လူဦးေရ၏သုံးရာခိုင္ႏႈန္းခန႔္တြင္ ေတြ႕ရတတ္ၿပီးျပင္းထန္ေသာ ေရာဂါတစ္ခု၏ေရွ႕ေျပးလကၡဏာတစ္ခုလည္း ျဖစ္ႏိုင္ပါသည္။ အမ်ားအားျဖင့္အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ႏိုင္ေသာ အရာမဟုတ္ေသာ္လည္း ျဖစ္ေစသည့္အေၾကာင္းအရင္းကို ကုသဖို႔အတြက္ကြၽမ္းက်င္ေသာ ဆရာဝန္တစ္ဦးဦး ႏွင့္ျပသရန္လိုအပ္ပါသည္။
ေခြၽးထြက္ျခင္းသည္ ခႏၶာကိုယ္ကိုသဘာဝအတိုင္း ေအးျမေစေသာစနစ္တစ္ခုျဖစ္ၿပီး အလြန္အမင္းပူျခင္းကိုကာကြယ္ေပးေသာ အရာတစ္ခုလည္းျဖစ္ သည္။ ဦးေႏွာက္တြင္ရွိေသာ Hypothalamus သည္ခႏၶာကိုယ္ ၏အပူခ်ိန္ကိုထိန္းညႇိေပးၿပီး ေခြၽးဂလင္းေပါင္းႏွစ္သန္းေက်ာ္ကို အသုံးခ်ၿပီးခႏၶာကိုယ္ကို ေအးျမေစေအာင္ အကူ အညီေပးပါသည္။
ရာသီဥတုအလြန္အမင္းပူခ်ိန္ အားကစားတစ္ခုခုျပဳလုပ္ခ်ိန္တြင္ ခႏၶာကိုယ္အတြင္းအပူခ်ိန္ျမင့္တက္ လာၿပီး Hypothalamus ကေခြၽးဂလင္းမ်ားမွတစ္ဆင့္ ေခြၽးထြက္ေအာင္ျပဳုလုပ္ၿပီး ပုံမွန္ခႏၶာကိုယ္အပူခ်ိန္ျပန္ျဖစ္ ေစရန္လုပ္ေဆာင္ေပးႏိုင္သည္။ ထိုေခြၽးမ်ားသည္အေရျပားမွတစ္ဆင့္ အေငြ႕ျပန္ၿပီး အပူစြမ္းအင္ကိုစြန႔္ထုတ္ကာ ခႏၶာကိုေအးျမေစပါသည္။
Hypothalamus သည္ရာသီဥတုအပူခ်ိန္၊ အားကစားျပဳလုပ္ခ်ိန္တြင္သာ ေခြၽးထက္ေစျခင္းျဖင့္ခႏၶာ ကိုယ္ကိုေအးျမေအာင္ ျပဳလုပ္ႏိုင္ျခင္းမဟုတ္ပါ။ အျခားအေျခအေနမ်ားတြင္လည္း ေခြၽးထြက္ေစႏိုင္ၿပီးအထူးသ ျဖင့္ညအခ်ိန္တြင္ ေခြၽးထြက္ႏိုင္ေသာအေၾကာင္းရင္းမ်ားရွိပါသည္။
ညအခ်ိန္ေခြၽးထြက္ျခင္းျဖစ္ႏိုင္ေသာ အေၾကာင္းအရင္းမ်ား –
(၁) ကူးစက္ေရာဂါမ်ားအထူးသျဖင့္ တီဘီသည္ညအခ်ိန္ ေခြၽးထြက္ျခင္းကိုအမ်ားဆုံး ေတြ႕ရတတ္ေသာေရာဂါ တစ္ခုျဖစ္ပါသည္။ HIV၊ တုပ္ေကြးေရာဂါႏွင့္ အျခားအပူခ်ိန္တက္ၿပီးဖ်ားေစႏိုင္ေသာ ေရာဂါမ်ားေၾကာင့္လည္း ျဖစ္ႏိုင္သည္။
(၂) ေဟာ္မုန္းမညီမွ်ျခင္းေၾကာင့္ျဖစ္ႏိုင္ၿပီး အပ်ိဳေဖာ္ဝင္ျခင္း၊ ေသြးဆုံးျခင္း၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါ၊ သိုင္း႐ြိဳက္ေရာ ဂါႏွင့္ကိုယ္ဝန္ေဆာင္သည္မ်ားတြင္လည္း ေတြ႕ရတတ္သည္။
(၃) စိတ္ပူပန္ျခင္းေရာဂါမ်ား
(၄) အဝလြန္ျခင္း
(၅) ေဆးဝါးမ်ားတလြဲအသုံးျပဳျခင္း
(၆) ကင္ဆာေရာဂါမ်ား
(၇) ႏွလုံးေရာဂါမ်ား
(၈) ပါကင္ဆန္ေရာဂါ
(၉) ေဆးမ်ား၏ ေဘးထြက္ဆိုးက်ိဳးမ်ား (စိတ္က်ေဆး၊ ေဟာ္မုန္းေဆး၊ ဆီးခ်ိဳေသြးခ်ိဳေဆး၊အကိုက္အခဲေပ်ာက္ေဆး၊ စတီး႐ြိဳက္ေဆး) ေၾကာင့္ျဖစ္ႏိုင္ပါသည္။
ညအခ်ိန္ေခြၽးထြက္ျခင္းကို ကုသရာတြင္ျဖစ္ေစေသာ အေၾကာင္းအရင္းကိုပထမဦးစြာရွာေဖြကုသဖို႔လို အပ္ပါသည္။ ေဟာ္မုန္းမညီမွ်ျခင္းကို ပုံမွန္ျဖစ္ေအာင္ကုသေပးျခင္း၊ ေဆးဝါးမ်ားထိန္းညႇိေပးျခင္းအစရွိသည္တို႔ ကိုျပဳလုပ္ရပါမည္။ အကယ္လို႔ျဖစ္ေစေသာအဓိကအေၾကာင္းအရင္းကို မေတြ႕ရွိပါကေခြၽးထြက္ ျခင္းကို သက္သာ ေစမည့္နည္းလမ္းမ်ားျဖင့္ ကာကြယ္ကုသႏိုင္ပါသည္။
ေခြၽးထြက္ျခင္းကိုသက္သာေစမည့္နည္းလမ္းမ်ားမွာ –
(၁) ေအးျမေသာေနရာတြင္အိပ္စက္ေပးျခင္း အလင္းေရာင္၊ ေလဝင္ေလထြက္ေကာင္းမြန္ၿပီး ခ်ည္သားညဝတ္ အက်ၤ ီႏွင့္အိပ္ရာခင္းမ်ားကိုအသုံးျပဳရပါမည္။
(၂) ေခြၽးတိတ္ေဆးကိုအသုံးျပဳႏိုင္ပါသည္။ (ေခြၽးထြက္မ်ားေသာေနရာမ်ား ခ်ိဳင္းၾကား၊ ေပါင္ၾကား၊ ရင္ဘတ္၊ ေက်ာကုန္းမ်ားကိုေဆးျဖန္းေပးႏိုင္ပါသည္။)
(၃) အက်ၤ ီထူထူဝတ္ျခင္းကိုေရွာင္ရွားရပါမည္။
(၄) အရက္၊ ကဖင္းဓာတ္ပါေသာအရာမ်ား၊ အပူအစပ္အစားအစာမ်ားႏွင့္ မအိပ္ခင္ႏွစ္နာရီအလိုတြင္ အစားအ စာစားျခင္းေရွာင္ၾကဥ္ရမည္။
(၅) ေျမထဲပင္လယ္အစားအေသာက္မ်ားကို စားသုံးသင့္သည္။
(၆) အဲကြန္းတပ္ဆင္ထားေသာ၊ ပန္ကာတပ္ဆင္ထားေသာအခန္းတြင္း အိပ္စက္သင့္သည္။
(၇) မအိပ္ခင္ အသက္ရႈေလ့က်င့္ခန္းျပဳလုပ္သင့္သည္။
(၈) ေန႔စဥ္က်န္းမာေရးေလ့က်င့္ခန္းမ်ား ျပဳလုပ္ေပးသင့္ပါသည္။
(၉) ပုံမွန္ကိုယ္ခႏၶာအေလးခ်ိန္ထိန္းသိမ္းသင့္ပါသည္။
(၁၀) ေရမ်ားမ်ားေသာက္ေပးသင့္ပါသည္။
(၁၁) လိုအပ္လွ်င္တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္တစ္ဦးဦး၏ ၫႊန္ၾကားခ်က္ျဖင့္ Anticholinergic agents ေဆးဝါးမ်ားကိုေသာက္သုံးေပးႏိုင္ပါသည္။
Author: ေဒါက္တာျဖဴစင္ (Vol-8 / No-9) Healthcare Journal
(Unicode)
ညအချိန်ချွေးထွက်ခြင်းကို ဆေးပညာအရ Sleep Hyperhidrosis ဟုခေါ်ကြပါသည်။ ညအချိန်တွင် ချွေးထွက်ခြင်းကြောင့် အိပ်ရာခင်းများ၊ ညဝတ်အင်္ကျ ီများချွေးစိုစွတ်သွားခြင်းကို တွေ့ရပြီးအိပ်စက်သောနေရာ ပတ်ဝန်းကျင်အပူချိန်နှင့် အသက်ဆိုင်ကြောင်းဆိုကြပါသည်။
ညအချိန်ချွေးထွက်ခြင်းသည် လူဦးရေ၏သုံးရာခိုင်နှုန်းခန့်တွင် တွေ့ရတတ်ပြီးပြင်းထန်သော ရောဂါတစ်ခု၏ရှေ့ပြေးလက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါသည်။ အများအားဖြင့်အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော အရာမဟုတ်သော်လည်း ဖြစ်စေသည့်အကြောင်းအရင်းကို ကုသဖို့အတွက်ကျွမ်းကျင်သော ဆရာဝန်တစ်ဦးဦး နှင့်ပြသရန်လိုအပ်ပါသည်။
ချွေးထွက်ခြင်းသည် ခန္ဓာကိုယ်ကိုသဘာဝအတိုင်း အေးမြစေသောစနစ်တစ်ခုဖြစ်ပြီး အလွန်အမင်းပူခြင်းကိုကာကွယ်ပေးသော အရာတစ်ခုလည်းဖြစ် သည်။ ဦးနှောက်တွင်ရှိသော Hypothalamus သည်ခန္ဓာကိုယ် ၏အပူချိန်ကိုထိန်းညှိပေးပြီး ချွေးဂလင်းပေါင်းနှစ်သန်းကျော်ကို အသုံးချပြီးခန္ဓာကိုယ်ကို အေးမြစေအောင် အကူ အညီပေးပါသည်။
ရာသီဥတုအလွန်အမင်းပူချိန် အားကစားတစ်ခုခုပြုလုပ်ချိန်တွင် ခန္ဓာကိုယ်အတွင်းအပူချိန်မြင့်တက် လာပြီး Hypothalamus ကချွေးဂလင်းများမှတစ်ဆင့် ချွေးထွက်အောင်ပြုုလုပ်ပြီး ပုံမှန်ခန္ဓာကိုယ်အပူချိန်ပြန်ဖြစ် စေရန်လုပ်ဆောင်ပေးနိုင်သည်။ ထိုချွေးများသည်အရေပြားမှတစ်ဆင့် အငွေ့ပြန်ပြီး အပူစွမ်းအင်ကိုစွန့်ထုတ်ကာ ခန္ဓာကိုအေးမြစေပါသည်။
Hypothalamus သည်ရာသီဥတုအပူချိန်၊ အားကစားပြုလုပ်ချိန်တွင်သာ ချွေးထက်စေခြင်းဖြင့်ခန္ဓာ ကိုယ်ကိုအေးမြအောင် ပြုလုပ်နိုင်ခြင်းမဟုတ်ပါ။ အခြားအခြေအနေများတွင်လည်း ချွေးထွက်စေနိုင်ပြီးအထူးသ ဖြင့်ညအချိန်တွင် ချွေးထွက်နိုင်သောအကြောင်းရင်းများရှိပါသည်။
ညအချိန်ချွေးထွက်ခြင်းဖြစ်နိုင်သော အကြောင်းအရင်းများ –
(၁) ကူးစက်ရောဂါများအထူးသဖြင့် တီဘီသည်ညအချိန် ချွေးထွက်ခြင်းကိုအများဆုံး တွေ့ရတတ်သောရောဂါ တစ်ခုဖြစ်ပါသည်။ HIV၊ တုပ်ကွေးရောဂါနှင့် အခြားအပူချိန်တက်ပြီးဖျားစေနိုင်သော ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။
(၂) ဟော်မုန်းမညီမျှခြင်းကြောင့်ဖြစ်နိုင်ပြီး အပျိုဖော်ဝင်ခြင်း၊ သွေးဆုံးခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ရော ဂါနှင့်ကိုယ်ဝန်ဆောင်သည်များတွင်လည်း တွေ့ရတတ်သည်။
(၃) စိတ်ပူပန်ခြင်းရောဂါများ
(၄) အဝလွန်ခြင်း
(၅) ဆေးဝါးများတလွဲအသုံးပြုခြင်း
(၆) ကင်ဆာရောဂါများ
(၇) နှလုံးရောဂါများ
(၈) ပါကင်ဆန်ရောဂါ
(၉) ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ (စိတ်ကျဆေး၊ ဟော်မုန်းဆေး၊ ဆီးချိုသွေးချိုဆေး၊အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက်ဆေး) ကြောင့်ဖြစ်နိုင်ပါသည်။
ညအချိန်ချွေးထွက်ခြင်းကို ကုသရာတွင်ဖြစ်စေသော အကြောင်းအရင်းကိုပထမဦးစွာရှာဖွေကုသဖို့လို အပ်ပါသည်။ ဟော်မုန်းမညီမျှခြင်းကို ပုံမှန်ဖြစ်အောင်ကုသပေးခြင်း၊ ဆေးဝါးများထိန်းညှိပေးခြင်းအစရှိသည်တို့ ကိုပြုလုပ်ရပါမည်။ အကယ်လို့ဖြစ်စေသောအဓိကအကြောင်းအရင်းကို မတွေ့ရှိပါကချွေးထွက် ခြင်းကို သက်သာ စေမည့်နည်းလမ်းများဖြင့် ကာကွယ်ကုသနိုင်ပါသည်။
ချွေးထွက်ခြင်းကိုသက်သာစေမည့်နည်းလမ်းများမှာ –
(၁) အေးမြသောနေရာတွင်အိပ်စက်ပေးခြင်း အလင်းရောင်၊ လေဝင်လေထွက်ကောင်းမွန်ပြီး ချည်သားညဝတ် အင်္ကျ ီနှင့်အိပ်ရာခင်းများကိုအသုံးပြုရပါမည်။
(၂) ချွေးတိတ်ဆေးကိုအသုံးပြုနိုင်ပါသည်။ (ချွေးထွက်များသောနေရာများ ချိုင်းကြား၊ ပေါင်ကြား၊ ရင်ဘတ်၊ ကျောကုန်းများကိုဆေးဖြန်းပေးနိုင်ပါသည်။)
(၃) အင်္ကျ ီထူထူဝတ်ခြင်းကိုရှောင်ရှားရပါမည်။
(၄) အရက်၊ ကဖင်းဓာတ်ပါသောအရာများ၊ အပူအစပ်အစားအစာများနှင့် မအိပ်ခင်နှစ်နာရီအလိုတွင် အစားအ စာစားခြင်းရှောင်ကြဉ်ရမည်။
(၅) မြေထဲပင်လယ်အစားအသောက်များကို စားသုံးသင့်သည်။
(၆) အဲကွန်းတပ်ဆင်ထားသော၊ ပန်ကာတပ်ဆင်ထားသောအခန်းတွင်း အိပ်စက်သင့်သည်။
(၇) မအိပ်ခင် အသက်ရှုလေ့ကျင့်ခန်းပြုလုပ်သင့်သည်။
(၈) နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ပေးသင့်ပါသည်။
(၉) ပုံမှန်ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းသင့်ပါသည်။
(၁၀) ရေများများသောက်ပေးသင့်ပါသည်။
(၁၁) လိုအပ်လျှင်တတ်ကျွမ်းနားလည်သော ဆရာဝန်တစ်ဦးဦး၏ ညွှန်ကြားချက်ဖြင့် Anticholinergic agents ဆေးဝါးများကိုသောက်သုံးပေးနိုင်ပါသည်။
Author: ဒေါက်တာဖြူစင် (Vol-8 / No-9) Healthcare Journal