fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သံဓာတ်ပြည့်ဝပြီးသွေးအားကောင်းစေရန်

261
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/04/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

သံဓာတ္ခ်ိဳ႕တဲ့ျခင္းသည္ ေသြးအားနည္းရသည့္ အေၾကာင္းအရင္းအမ်ိဳးမ်ိဳးအနက္ အဓိကျဖစ္ပါသည္။ သံဓာတ္ခ်ိဳ႕တဲ့လွ်င္ ေသြးအားနည္းၿပီးကေလးမ်ားအားအင္ကုန္ခမ္း၍ ခ်ည့္နဲ႔ကာပညာကိုေကာင္းစြာ သင္ၾကား ႏိုင္မည္မဟုတ္ပါ။ အမ်ိဳးသမီးမ်ားတြင္ေမာပန္းရင္တုန္ၿပီး အိမ္မႈကိစၥမ်ားကိုေကာင္းစြာမျပဳလုပ္ႏိုင္ပါ။ ထို႔အတူ လူႀကီးမ်ားသည္လည္း အလုပ္ေကာင္းစြာမျပဳလုပ္ႏိုင္ဘဲ ေရာဂါထူေျပာမည္ျဖစ္ပါသည္။ ေသြးအားနည္းျခင္းျပင္း ထန္လာပါက အသက္အႏၲရာယ္ပင္ႀကဳံေတြ႕ႏိုင္ပါသည္။ ထို႔ေၾကာင့္သံဓာတ္ျပည့္ဝၿပီး ေသြးအားေကာင္းေစရန္ အာဟာရျပည့္ဝေသာအစားအစာမ်ားကို စားေသာက္ရပါမည္။

သံဓာတ္
သံဓာတ္သည္အေရးႀကီးေသာသတၳဳအာဟာရဓာတ္တစ္မ်ိဳးျဖစ္ပါသည္။ သံဓာတ္ခ်ိဳ႕တဲ့လွ်င္ေသြးအား နည္းေရာဂါခံစားရမည္။
ေသြးအားေကာင္းျခင္း
ေသြးသည္ ေဟမိုဂလိုဘင္ဓာတ္ေပါင္း အျပည့္အဝရွိျခင္းေၾကာင့္ နီရဲေနၿပီးခႏၶာကိုယ္အတြင္းထိေရာက္ စြာသယ္ပိုးေပးႏိုင္သည့္ အေျခအေနကိုေသြးအားေကာင္းသည္ဟု ေခၚဆိုပါသည္။

ေသြးအားနည္းေရာဂါလကၡဏာ
လူႀကီး၊ လူငယ္ က်ား၊ မ မေ႐ြးေသြးအားနည္းပါးျခင္းေၾကာင့္ ေမာပန္းျခင္း၊ ရင္တုန္ျခင္း၊ အားအင္ကုန္ ခမ္းျခင္း၊ ႏႈတ္ခမ္း၊ လွ်ာ၊ မ်က္ခြံႏွင့္ အေရျပားတြင္ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနျခင္းမ်ား ခံစားရတတ္ပါသည္။ ေသြးအား နည္းျခင္းကိုေသခ်ာစြာ မကုသဘဲထားပါကႏွလုံးထိခိုက္ၿပီး အသက္အႏၲရာယ္ႀကဳံေတြ႕ႏိုင္ပါသည္။

ကိုယ္ဝန္ေဆာင္မိခင္မ်ား ေသြးအားနည္းျခင္း
ကိုယ္ဝန္ေဆာင္မိခင္မ်ားေသြးအားနည္းပါက အားအင္ခ်ိနဲ႔ျခင္း၊ က်န္းမာေရးခ်ိဳ႕တဲ့ျခင္းႏွင့္ ေပါင္မျပည့္ ေသာကေလးမ်ားေမြးဖြားတတ္ျခင္းမ်ား ျဖစ္တတ္ပါသည္။ ထို႔အျပင္ ကိုယ္ဝန္ေဆာင္ေနစဥ္ မီးဖြားစဥ္ႏွင့္မီးဖြား ၿပီးကာလမ်ား၌ ေသြးအားနည္းပါက အသက္အႏၲရာယ္ႀကဳံေတြ႕ႏိုင္ပါသည္။
ထို႔ေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္ေသြးအားမနည္းေစရန္ သံဓာတ္၊ အာဟာရႂကြယ္ဝေသာအစားမ်ားကို စားရပါမည္။ သံဓာတ္ႏွင့္ေဖာ္လစ္အက္ဆစ္မ်ားပါဝင္သည့္ ေဆးျပားမ်ားကိုေန႔စဥ္မွန္မွန္မွီဝဲစားသုံးရန္ လိုအပ္ပါ သည္။

ကေလးငယ္မ်ားေသြးအားနည္းျခင္း
ကေလးငယ္မ်ား ေသြးအားနည္းပါကအားအင္ခ်ိနဲ႔ျခင္း၊ က်န္းမာေရးခ်ိဳ႕တဲ့ျခင္းေၾကာင့္ မၾကာခဏဖ်ား နာျခင္းႏွင့္ ခႏၶာကိုယ္ပုံမွန္မႀကီးထြားႏိုင္ျခင္းမ်ား ျဖစ္ေပၚတတ္ပါသည္။ ထို႔အျပင္ ေက်ာင္းသင္ခန္းစာမ်ားအား အာ႐ုံစူးစိုက္ႏိုင္ျခင္းမရွိေသာေၾကာင့္ ပညာေရးေႏွာင့္ေႏွးတတ္ပါသည္။ နိမ့္က်တတ္ပါသည္။
ထို႔ေၾကာင့္ ကေလးမ်ားေသြးအားနည္းျခင္းမျဖစ္ေစရန္ သံဓာတ္အာဟာရႂကြယ္ဝေသာအစားမ်ားကို ေကြၽးရပါမည္။ ႏွစ္စဥ္သန္ခ်ေဆးမွန္မွန္တိုက္ေကြၽးရပါမည္။

လူႀကီးမ်ားတြင္ ေသြးအားနည္းျခင္း
လူႀကီးမ်ားတြင္ေသြးအားနည္းပါက အားအင္ခ်ိနဲ႔ျခင္း၊ က်န္းမာေရးခ်ိဳ႕တဲ့ျခင္းမ်ားျဖစ္ကာ အင္တိုက္ အားတိုက္အလုပ္မလုပ္ႏိုင္ျခင္းေၾကာင့္ ဝင္ေငြနည္းၿပီး စီးပြားေရးထိခိုက္တတ္ပါသည္။

သံဓာတ္ႂကြယ္ဝေသာအစားအစာမ်ား စားသုံးျခင္း
သံဓာတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္ ေသြးအားနည္းေရာဂါျဖစ္တတ္လို႔ သံဓာတ္ႂကြယ္ဝေသာအစားအစာမ်ားကို စားသုံးေပးရပါမည္။ အသားငါး၊ အသည္းႏွင့္ဘဲေသြး (ေသြးခဲ) စသည့္တိရစာၦန္မွလြယ္ကူစြာ စုပ္ယူႏိုင္ေသာ ေၾကာင့္တတ္ႏိုင္သမွ်စားေပးရပါမည္။
ပဲအမ်ိဳးမ်ိဳးႏွင့္ အစိမ္းေရာင္အ႐ြက္မ်ား (ဥပမာ – ဟင္းႏုနယ္႐ြက္၊ မုန႔္ညင္း႐ြက္၊ ကန္စြန္း႐ြက္၊ ကင္းပုံ ႐ြက္ႏွင့္ခ်ဥ္ေပါင္႐ြက္၌ ပါဝင္ေသာသံဓာတ္ကို အစာလမ္းေၾကာင္းမွအလြယ္တကူ မစုပ္ယူႏိုင္ေသာေၾကာင့္ေရာ ေႏွာခ်က္ျခင္းျပဳလုပ္ၿပီး စားေပးရပါမည္။ ပဲဟင္းခ်က္ေသာအခါတြင္ အမဲသား၊ ဆိတ္သားစသည့္အသားတစ္မ်ိဳး မ်ိဳး (သို႔) ငါး၊ ငါးေျခာက္အနည္းငယ္မွ်ျဖစ္ေစ ေရာေႏွာ၍ခ်က္ျပဳတ္စားေသာက္ရပါမည္။
ဟင္း႐ြက္မ်ားေၾကာ္သည့္အခါတြင္လည္း အသား၊ ငါး၊ ဥတစ္မ်ိဳးမ်ိဳးကိုအနည္းငယ္ျဖစ္ေစ၊ ေရာေႏွာ၍ ေၾကာ္ခ်က္စားေသာက္ရပါမည္။ အသား၊ ငါးမွသံဓာတ္ကို ရရွိ႐ုံသာမကအ႐ြက္မ်ားမွ သံဓာတ္ကိုစုပ္ယူႏိုင္စြမ္း လည္းပို၍ေကာင္းလာပါမည္။ အခ်ဥ္ဓာတ္သည္ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ ပဲအမ်ိဳးမ်ိဳးမွသံဓာတ္ကိုလြယ္ကူစြာ စုပ္ယူႏိုင္ေအာင္ကူညီေပးပါမည္။ ဟင္းသီးဟင္း႐ြက္မ်ားကို ခ်ဥ္ရည္ဟင္းခ်က္စားရပါမည္။ အခ်ဥ္တည္၍လည္း စားသုံးႏိုင္ပါသည္။

ပဲကိုအပင္ေဖာက္၍စားသုံးႏိုင္ပါသည္။ ပဲတီခ်ဥ္ျပဳလုပ္၍ စားသုံးျခင္းျဖင့္သံဓာတ္စုပ္ယူမႈပိုေကာင္းပါ သည္။ ပဲသီး၊ ျမင္းခြာ႐ြက္စသည္တို႔ကိုသုပ္၍ စားသည့္အခါတြင္လည္းသံပုရာရည္ညႇစ္၍ စားေပးရပါမည္။ ထ မင္းစားၿပီးေနာက္ မာလကာသီးႏွင့္အခ်ဥ္ဓာတ္ႂကြယ္ဝေသာ အသီးတစ္မ်ိဳးမ်ိဳးကိုစားသုံးေပးရပါမည္။ ထမင္း စားၿပီးႏွစ္နာရီခန႔္ၾကာမွသာ လက္ဖက္ရည္အခ်ိဳရည္ေသာက္ျခင္း၊ ေရေႏြးၾကမ္းဖန္ဖန္ေသာက္ျခင္းႏွင့္ လက္ ဖက္သုပ္စားျခင္းတို႔ျပဳလုပ္ေပးရပါမည္။
အႀကံျပဳခ်က္

သံဓာတ္အာဟာရခ်ိဳ႕တဲ့ျခင္းေၾကာင့္ ေသြးအားနည္းတတ္ပါသည္။ ေမာပန္းရင္တုန္တတ္ပါသည္။ အား အင္ကုန္ခမ္းၿပီးခ်ိနဲ႔လာပါမည္။ အသားအေရ၊ လွ်ာ၊ ႏႈတ္ခမ္းႏွင့္မ်က္ခြံမ်ား ျဖဴဖတ္ျဖဴေရာ္ျဖစ္လာတတ္ပါသည္။ ကိုယ္ဝန္ေဆာင္မိခင္မ်ားတြင္ ေပါင္မျပည့္၊ လမေစ့ေသာကေလးမ်ားေမြးဖြားႏိုင္ပါသည္။ ေသြးအားနည္းျခင္းကို ထိေရာက္စြာမကုသဘဲထားပါက အသက္အႏၲရာယ္ထိခိုက္တတ္ပါသည္။ ထို႔ေၾကာင့္ သံဓာတ္အာဟာရႂကြယ္၀ ေသာအစားအစာမ်ားႏွင့္ ေဆးမ်ားကိုသုံးစြဲသင့္ေၾကာင္း အႀကံျပဳအပ္ပါသည္။

Author: ေဒါက္တာျမင့္သန္းထြန္း (ျပည္သူ႔က်န္းမာေရး) Vol-8 / No-9 Healthcare Journal

(Unicode)

သံဓာတ်ချို့တဲ့ခြင်းသည် သွေးအားနည်းရသည့် အကြောင်းအရင်းအမျိုးမျိုးအနက် အဓိကဖြစ်ပါသည်။ သံဓာတ်ချို့တဲ့လျှင် သွေးအားနည်းပြီးကလေးများအားအင်ကုန်ခမ်း၍ ချည့်နဲ့ကာပညာကိုကောင်းစွာ သင်ကြား နိုင်မည်မဟုတ်ပါ။ အမျိုးသမီးများတွင်မောပန်းရင်တုန်ပြီး အိမ်မှုကိစ္စများကိုကောင်းစွာမပြုလုပ်နိုင်ပါ။ ထို့အတူ လူကြီးများသည်လည်း အလုပ်ကောင်းစွာမပြုလုပ်နိုင်ဘဲ ရောဂါထူပြောမည်ဖြစ်ပါသည်။ သွေးအားနည်းခြင်းပြင်း ထန်လာပါက အသက်အန္တရာယ်ပင်ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့်သံဓာတ်ပြည့်ဝပြီး သွေးအားကောင်းစေရန် အာဟာရပြည့်ဝသောအစားအစာများကို စားသောက်ရပါမည်။

သံဓာတ်
သံဓာတ်သည်အရေးကြီးသောသတ္ထုအာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။ သံဓာတ်ချို့တဲ့လျှင်သွေးအား နည်းရောဂါခံစားရမည်။
သွေးအားကောင်းခြင်း
သွေးသည် ဟေမိုဂလိုဘင်ဓာတ်ပေါင်း အပြည့်အဝရှိခြင်းကြောင့် နီရဲနေပြီးခန္ဓာကိုယ်အတွင်းထိရောက် စွာသယ်ပိုးပေးနိုင်သည့် အခြေအနေကိုသွေးအားကောင်းသည်ဟု ခေါ်ဆိုပါသည်။

သွေးအားနည်းရောဂါလက္ခဏာ
လူကြီး၊ လူငယ် ကျား၊ မ မရွေးသွေးအားနည်းပါးခြင်းကြောင့် မောပန်းခြင်း၊ ရင်တုန်ခြင်း၊ အားအင်ကုန် ခမ်းခြင်း၊ နှုတ်ခမ်း၊ လျှာ၊ မျက်ခွံနှင့် အရေပြားတွင်ဖြူဖတ်ဖြူရော်ဖြစ်နေခြင်းများ ခံစားရတတ်ပါသည်။ သွေးအား နည်းခြင်းကိုသေချာစွာ မကုသဘဲထားပါကနှလုံးထိခိုက်ပြီး အသက်အန္တရာယ်ကြုံတွေ့နိုင်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းခြင်း
ကိုယ်ဝန်ဆောင်မိခင်များသွေးအားနည်းပါက အားအင်ချိနဲ့ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းနှင့် ပေါင်မပြည့် သောကလေးများမွေးဖွားတတ်ခြင်းများ ဖြစ်တတ်ပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်နေစဉ် မီးဖွားစဉ်နှင့်မီးဖွား ပြီးကာလများ၌ သွေးအားနည်းပါက အသက်အန္တရာယ်ကြုံတွေ့နိုင်ပါသည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်သွေးအားမနည်းစေရန် သံဓာတ်၊ အာဟာရကြွယ်ဝသောအစားများကို စားရပါမည်။ သံဓာတ်နှင့်ဖော်လစ်အက်ဆစ်များပါဝင်သည့် ဆေးပြားများကိုနေ့စဉ်မှန်မှန်မှီဝဲစားသုံးရန် လိုအပ်ပါ သည်။

ကလေးငယ်များသွေးအားနည်းခြင်း
ကလေးငယ်များ သွေးအားနည်းပါကအားအင်ချိနဲ့ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းကြောင့် မကြာခဏဖျား နာခြင်းနှင့် ခန္ဓာကိုယ်ပုံမှန်မကြီးထွားနိုင်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ထို့အပြင် ကျောင်းသင်ခန်းစာများအား အာရုံစူးစိုက်နိုင်ခြင်းမရှိသောကြောင့် ပညာရေးနှောင့်နှေးတတ်ပါသည်။ နိမ့်ကျတတ်ပါသည်။
ထို့ကြောင့် ကလေးများသွေးအားနည်းခြင်းမဖြစ်စေရန် သံဓာတ်အာဟာရကြွယ်ဝသောအစားများကို ကျွေးရပါမည်။ နှစ်စဉ်သန်ချဆေးမှန်မှန်တိုက်ကျွေးရပါမည်။

လူကြီးများတွင် သွေးအားနည်းခြင်း
လူကြီးများတွင်သွေးအားနည်းပါက အားအင်ချိနဲ့ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများဖြစ်ကာ အင်တိုက် အားတိုက်အလုပ်မလုပ်နိုင်ခြင်းကြောင့် ဝင်ငွေနည်းပြီး စီးပွားရေးထိခိုက်တတ်ပါသည်။

သံဓာတ်ကြွယ်ဝသောအစားအစာများ စားသုံးခြင်း
သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်တတ်လို့ သံဓာတ်ကြွယ်ဝသောအစားအစာများကို စားသုံးပေးရပါမည်။ အသားငါး၊ အသည်းနှင့်ဘဲသွေး (သွေးခဲ) စသည့်တိရစ္ဆာန်မှလွယ်ကူစွာ စုပ်ယူနိုင်သော ကြောင့်တတ်နိုင်သမျှစားပေးရပါမည်။
ပဲအမျိုးမျိုးနှင့် အစိမ်းရောင်အရွက်များ (ဥပမာ – ဟင်းနုနယ်ရွက်၊ မုန့်ညင်းရွက်၊ ကန်စွန်းရွက်၊ ကင်းပုံ ရွက်နှင့်ချဉ်ပေါင်ရွက်၌ ပါဝင်သောသံဓာတ်ကို အစာလမ်းကြောင်းမှအလွယ်တကူ မစုပ်ယူနိုင်သောကြောင့်ရော နှောချက်ခြင်းပြုလုပ်ပြီး စားပေးရပါမည်။ ပဲဟင်းချက်သောအခါတွင် အမဲသား၊ ဆိတ်သားစသည့်အသားတစ်မျိုး မျိုး (သို့) ငါး၊ ငါးခြောက်အနည်းငယ်မျှဖြစ်စေ ရောနှော၍ချက်ပြုတ်စားသောက်ရပါမည်။
ဟင်းရွက်များကြော်သည့်အခါတွင်လည်း အသား၊ ငါး၊ ဥတစ်မျိုးမျိုးကိုအနည်းငယ်ဖြစ်စေ၊ ရောနှော၍ ကြော်ချက်စားသောက်ရပါမည်။ အသား၊ ငါးမှသံဓာတ်ကို ရရှိရုံသာမကအရွက်များမှ သံဓာတ်ကိုစုပ်ယူနိုင်စွမ်း လည်းပို၍ကောင်းလာပါမည်။ အချဉ်ဓာတ်သည် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးမှသံဓာတ်ကိုလွယ်ကူစွာ စုပ်ယူနိုင်အောင်ကူညီပေးပါမည်။ ဟင်းသီးဟင်းရွက်များကို ချဉ်ရည်ဟင်းချက်စားရပါမည်။ အချဉ်တည်၍လည်း စားသုံးနိုင်ပါသည်။

ပဲကိုအပင်ဖောက်၍စားသုံးနိုင်ပါသည်။ ပဲတီချဉ်ပြုလုပ်၍ စားသုံးခြင်းဖြင့်သံဓာတ်စုပ်ယူမှုပိုကောင်းပါ သည်။ ပဲသီး၊ မြင်းခွာရွက်စသည်တို့ကိုသုပ်၍ စားသည့်အခါတွင်လည်းသံပုရာရည်ညှစ်၍ စားပေးရပါမည်။ ထ မင်းစားပြီးနောက် မာလကာသီးနှင့်အချဉ်ဓာတ်ကြွယ်ဝသော အသီးတစ်မျိုးမျိုးကိုစားသုံးပေးရပါမည်။ ထမင်း စားပြီးနှစ်နာရီခန့်ကြာမှသာ လက်ဖက်ရည်အချိုရည်သောက်ခြင်း၊ ရေနွေးကြမ်းဖန်ဖန်သောက်ခြင်းနှင့် လက် ဖက်သုပ်စားခြင်းတို့ပြုလုပ်ပေးရပါမည်။
အကြံပြုချက်

သံဓာတ်အာဟာရချို့တဲ့ခြင်းကြောင့် သွေးအားနည်းတတ်ပါသည်။ မောပန်းရင်တုန်တတ်ပါသည်။ အား အင်ကုန်ခမ်းပြီးချိနဲ့လာပါမည်။ အသားအရေ၊ လျှာ၊ နှုတ်ခမ်းနှင့်မျက်ခွံများ ဖြူဖတ်ဖြူရော်ဖြစ်လာတတ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ပေါင်မပြည့်၊ လမစေ့သောကလေးများမွေးဖွားနိုင်ပါသည်။ သွေးအားနည်းခြင်းကို ထိရောက်စွာမကုသဘဲထားပါက အသက်အန္တရာယ်ထိခိုက်တတ်ပါသည်။ ထို့ကြောင့် သံဓာတ်အာဟာရကြွယ်၀ သောအစားအစာများနှင့် ဆေးများကိုသုံးစွဲသင့်ကြောင်း အကြံပြုအပ်ပါသည်။

Author: ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) Vol-8 / No-9 Healthcare Journal

Previous Post

ရေကိုအကျိုးရှိအောင်သောက်နည်း

Next Post

SLE တို့မည်သည်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
604

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

SLE တို့မည်သည်

ဆီးချို

ကင်ဆာဖြစ်စေသော အစားအစာများကိုရှောင်ကြဉ်ကြ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.