fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ရေကြီးရေလျှံဖြစ်နေလျှင်

32
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/09/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ေရႀကီးေရလွ်ံျဖစ္ေနလွ်င္

ယခုႏွစ္ မိုးတြင္းကာလတြင္ ေရႀကီးေရလ်ံမႈမ်ား ေနရာအနံ႔အျပားတြင္ ေတြ႕ျမင္ေနရသည္မွာ စိတ္မခ်မ္းသာစရာေကာင္းလွသည္။ အိုးအိမ္မ်ား ပ်က္စီးရႈံးဆုံးတာ၊ လယ္ေျမမ်ား ပ်က္စီးတာ၊ ကြၽဲႏြား မ်ား ေသေၾကပ်က္စီးတာေတြကလည္း စိတ္မေကာင္းစရာ။
အခုလိုမ်ိဳး ေရႀကီးေရလွ်ံတဲ့ ေဒသေတြမွာ ဝမ္းပ်က္ေရာဂါဟာ အျဖစ္အမ်ားဆုံးျဖစ္သည္။ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေသာက္ေရသုံးေရကန္ေတြထဲ ေရေတြဝင္ေရာက္ၿပီး မသန႔္ရွင္း ေတာ့ေပ။ အိမ္သာမ်ားကိုလည္း ေရဖုံးလႊမ္းမႈမ်ား ျဖစ္ပြားလာသည္။ အိမ္သာတက္ခ်င္ရင္ေတာင္ တက္စရာ ေနရာမရွိၾကေသာေၾကာင့္ ေရထဲတြင္ပဲ အေလးေရာအေပါ့ေရာ စြန႔္ပစ္ရေသာေၾကာင့္ ေရညစ္ညမ္းမႈဟာ ပိုဆိုး႐ြားလာသည္။

ေသာက္သုံးေရရွားပါးလာတာနဲ႔အမွ် ေရဖုံးလႊမ္းခံထားရတဲ့ ေသာက္ေရကန္ေတြထဲက ေရေတြကိုပဲ အသုံးျပဳၾကရသည္။ ဒီလိုအခ်ိန္မွာဂ႐ုစိုက္ဖို႔ အေကာင္းဆုံးက ေရကိုႀကိဳခ်က္ၿပီးမွသာ ေသာက္သုံးျခင္းျဖစ္သည္။ ႀကိဳခ်က္ဖို႔ အေျခအေနမေပးရင္ ေရသန႔္ေဆးျပား ခပ္ၿပီးမွသာ ေသာက္သုံးသင့္သည္။ မီးမရွိေသာအရပ္ေဒသတြင္ မီးေမႊးၿပီး ေရေႏြးႀကိဳရမည္ဆိုတာ ေျပာေတာ့သာ လြယ္ကူသည္။ လက္ေတြ႕တြင္ မလြယ္ကူေပ။ တစ္အိမ္လုံးေရျမႇဳပ္ေနေသာအခ်ိန္တြင္ ဘယ္ေနရာတြင္ မီးေမႊးမလဲ။ ထင္းကေရာ ဘယ္ေနရာကေနရမလဲ။

အရာအားလုံးသည္ မိုးေရႏွင့္ ထိေတြ႕ၿပီးေနၿပီ။ ေရႀကီးလွ်င္ ဘယ္သူကမွ ထင္းေတြကို အျမင့္တြင္ တင္ထားမည္မဟုတ္ေပ။ အဖိုးတန္စၥည္းမ်ား ျဖစ္ေသာတီဗီ၊ ကက္ဆတ္မ်ားသာ အျမင့္တြင္ တင္ထားမည္သာျဖစ္သည္။ ေသာက္သုံးမည့္ ေရကို အထက္ပါ နည္းလမ္းမ်ားျဖစ္တဲ့ ႀကိဳခ်က္ျခင္း၊ ဒါမွမဟုတ္ ေရသန႔္ေဆးျပားခပ္ျခင္း ဒါေတြကို ျပဳလုပ္မွသာ ေရမွတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြကို ကာကြယ္ၿပီးသား ျဖစ္သြားပါမယ္။ ဒါမွ မဟုတ္ သန႔္ရွင္းေသာ ေရအိုးမ်ားႏွင့္ မိုးေရမ်ားကို ခံယူ၍ ေသာက္သုံးလို႔ရပါတယ္။

ေရကိစၥ ဂ႐ုမစိုက္ရင္ ေနာက္ဆက္တြဲျဖစ္တတ္တာေတြက အူေရာင္ငန္းဖ်ားေရာဂါ၊ အသည္း ေရာင္အသားဝါေရာဂါ၊ ဝမ္းပ်က္ေရာဂါေတြ ျဖစ္ပြားတတ္ပါသည္။ ဒါ့အျပင္ ျခင္ေၾကာင့္ျဖစ္ပြားတတ္တဲ့ ငွက္ဖ်ားေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါတို႔လည္း ျဖစ္ပြားတတ္သည္။မိုး႐ြာသြန္းမႈေၾကာင့္ ျခင္ေပါက္ဖြားမႈဟာ အဆမတန္ မ်ားျပားလာေသာေၾကာင့္ ျဖစ္ပါတယ္။ ေသာက္ေရသာမကပဲ မသန႔္ရွင္းေသာ ေရတြင္းေရကန္မ်ားမွ ေရမ်ားကို ခ်ိဳးမိရင္လည္း အေရျပားယားယံတာေတြ ၊ ဓာတ္ မတည့္တာေတြလည္း ျဖစ္ပြားတတ္ပါတယ္။ ျဖစ္နိင္ရင္ ေရသန႔္ေဆးျပားခပ္ထားတဲ့ ေရႏွင့္သာ ေရခ်ိဳးတာ အေကာင္းဆုံးပါ။ မိုးေရလည္း ခ်ိဳးလို႔ရပါသည္။

ေရႀကီးေရလ်ံျဖစ္ေနတဲ့အခ်ိန္ေတြမွာ ပြန္းတာပဲ့တာအစရွိသျဖင့္ ဒဏ္ရာရခဲ့လွ်င္ ျဖစ္ႏိုင္လွ်င္ အျမန္ဆုံး ေမးခိုင္ေရာဂါကာကြယ္ေဆး ထိုးသင့္ပါတယ္။ စုတ္ၿပဲဒဏ္ရာရွိလွ်င္ ထိုဒဏ္ရာကို ေဆးေသခ်ာထည့္ၿပီး ပတ္တီးစီးထားသင့္သည္။ အဆိုပါ စုတ္ၿပဲဒဏ္ရာႏွင့္ ေရထဲကို ေလွ်ာက္သြားေနရင္ leptospira ဆိုတဲ့ ဘတ္တီးရီးယားက ဒဏ္ရာကတစ္ဆင့္ ေသြးထဲကို ေရာက္သြားႏိုင္ပါတယ္။ လူနာဟာ တုပ္ေကြးမိသလိုမ်ိဳး ဖ်ားနာမယ္။ ကိုယ္လက္မအီမသာႏွင့္ ႂကြက္သားေတြနာမယ္။ ေခါင္းကိုက္ၿပီး မ်က္လုံးေတြ နီရဲလာတတ္ပါတယ္။ ဒီထက္ပိုဆိုးရင္ေတာ့ အသည္းေရာင္ၿပီးအသားဝါမယ္။ ဦးေႏွာက္အေျမႇးပါးေရာင္တာေတြ၊ ေက်ာက္ကပ္ ပ်က္ဆီးတာေတြ ျဖစ္တတ္ၿပီး ကုသမႈမခံယူရင္ အသက္ေသဆုံးသည္အထိ ျဖစ္ႏိုင္ပါတယ္။ မိုးေရေတြထဲမွာ အေနၾကာလာရင္ ကေလးသူငယ္မ်ားႏွင့္ သက္ႀကီး႐ြယ္အိုမ်ားမွာ ဖ်ားနာတာေတြလည္း ျဖစ္ပြားႏိုင္ ပါတယ္။ ထိုအခါမ်ိဳးတြင္ မိုးေရထဲ လုံးဝမထြက္ ပဲ ေႏြးေႏြးေထြးေထြးေနထိုင္သင့္ပါသည္။ အဖ်ားက် ေဆးမ်ားကိုလည္း မပ်က္မကြက္ ေသာက္သုံးသင့္ပါသည္။

ေရႀကီးတဲ့ေနရာေတြမွာ ေရေတြနဲ႔အတူ ေမ်ာေနတတ္တဲ့ ေႁမြအႏၲရာယ္ကလည္း ေၾကာက္စရာ ေကာင္းပါတယ္။ ညဖက္ေတြမွာ အျပင္ထြက္ရင္ဓာတ္မီးတိုင္ႏွင့္ မီးတုတ္မ်ားကို ယူေဆာင္သြား သင့္သည္။ လယ္ရွည္ဖိနပ္ကို စီးထားတာကလည္း အေကာင္းဆုံးကာကြယ္နည္းျဖစ္ပါတယ္။ ေႁမြေတြ ဟာ ကုတင္ေတြ၊ ဗီဒိုေတြႏွင့္ ထိုင္ခုံေတြရဲ႕ေအာက္မွာ ဝင္ေခြေနတတ္ပါတယ္။ ေရႀကီးလို႔ လူေတြ စြန႔္ခြာသြားတဲ့ အိမ္ေတြမွာေႁမြေတြဟာခိုေအာင္းေနတတ္လို႔ ေရျပန္က်လို႔ အိ္မ္ေတြထဲကို ျပန္ဝင္တဲ့ အခါ အထူးဂ႐ုစိုက္ရပါမယ္။

ေရက်သြားတဲ့အခါ တိရစာၦန္အထူးသျဖင့္ ႂကြက္ေတြေသေနတာမ်ိဳး ရွိခဲ့ရင္လည္း တိရစာၦန္ အေသေတြကို လက္အိတ္ဝတ္ၿပီးမွသာ ကိုင္ေဆာင္သင့္ပါတယ္။ ၿပီးရင္ ေျမႀကီးကို (၃)ေပ အနက္ေလာက္တူးၿပီး ျမႇဳပ္ႏွံရပါမယ္။အမႈိက္ပုံတြင္သြားေရာက္စြန႔္ပစ္တာမ်ိဳး လုံး၀ မလုပ္ေဆာင္ သင့္ပါ။မိမိအိမ္ကို ျပန္လာတဲ့အခါ အိမ္နံရံေတြမွာ မႈိေတြ တက္ေနတတ္ပါတယ္။ အဲဒီမႈိေတြေၾကာင့္ ရင္က်ပ္ေရာဂါရွိသူမ်ားႏွင့္ အဆုတ္မေကာင္းတဲ့သူေတြမွာဆိုရင္ ရင္က်ပ္တာေတြ ျဖစ္တတ္သလို၊ ဓာတ္မတည့္တဲ့သူေတြမွာလည္း အေရျပားယားယံတာေတြ ျဖစ္ပြားတတ္ပါတယ္။
သဘာဝေဘးအႏၲရာယ္မ်ားကိုေတာ့ ကာကြယ္တားဆီးလို႔မရေပ။ သို႔ေသာ္ သဘာဝေဘး အႏၲရာယ္ေၾကာင့္ျဖစ္ေသာ ေနာက္ဆက္တြဲက်န္းမာေရးျပႆနာမ်ားကိုေတာ့ က်န္းမာေရးအသိအျမင္ ရွိလွ်င္ ျဖစ္ပြားႏႈန္းနည္းသြားေအာင္ ကာကြယ္လို႔ရေပသည္။

Author – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

ယခုနှစ် မိုးတွင်းကာလတွင် ရေကြီးရေလျံမှုများ နေရာအနံ့အပြားတွင် တွေ့မြင်နေရသည်မှာ စိတ်မချမ်းသာစရာကောင်းလှသည်။ အိုးအိမ်များ ပျက်စီးရှုံးဆုံးတာ၊ လယ်မြေများ ပျက်စီးတာ၊ ကျွဲနွား များ သေကြေပျက်စီးတာတွေကလည်း စိတ်မကောင်းစရာ။
အခုလိုမျိုး ရေကြီးရေလျှံတဲ့ ဒေသတွေမှာ ဝမ်းပျက်ရောဂါဟာ အဖြစ်အများဆုံးဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သောက်ရေသုံးရေကန်တွေထဲ ရေတွေဝင်ရောက်ပြီး မသန့်ရှင်း တော့ပေ။ အိမ်သာများကိုလည်း ရေဖုံးလွှမ်းမှုများ ဖြစ်ပွားလာသည်။ အိမ်သာတက်ချင်ရင်တောင် တက်စရာ နေရာမရှိကြသောကြောင့် ရေထဲတွင်ပဲ အလေးရောအပေါ့ရော စွန့်ပစ်ရသောကြောင့် ရေညစ်ညမ်းမှုဟာ ပိုဆိုးရွားလာသည်။

သောက်သုံးရေရှားပါးလာတာနဲ့အမျှ ရေဖုံးလွှမ်းခံထားရတဲ့ သောက်ရေကန်တွေထဲက ရေတွေကိုပဲ အသုံးပြုကြရသည်။ ဒီလိုအချိန်မှာဂရုစိုက်ဖို့ အကောင်းဆုံးက ရေကိုကြိုချက်ပြီးမှသာ သောက်သုံးခြင်းဖြစ်သည်။ ကြိုချက်ဖို့ အခြေအနေမပေးရင် ရေသန့်ဆေးပြား ခပ်ပြီးမှသာ သောက်သုံးသင့်သည်။ မီးမရှိသောအရပ်ဒေသတွင် မီးမွှေးပြီး ရေနွေးကြိုရမည်ဆိုတာ ပြောတော့သာ လွယ်ကူသည်။ လက်တွေ့တွင် မလွယ်ကူပေ။ တစ်အိမ်လုံးရေမြှုပ်နေသောအချိန်တွင် ဘယ်နေရာတွင် မီးမွှေးမလဲ။ ထင်းကရော ဘယ်နေရာကနေရမလဲ။

အရာအားလုံးသည် မိုးရေနှင့် ထိတွေ့ပြီးနေပြီ။ ရေကြီးလျှင် ဘယ်သူကမှ ထင်းတွေကို အမြင့်တွင် တင်ထားမည်မဟုတ်ပေ။ အဖိုးတန်စ္စည်းများ ဖြစ်သောတီဗီ၊ ကက်ဆတ်များသာ အမြင့်တွင် တင်ထားမည်သာဖြစ်သည်။ သောက်သုံးမည့် ရေကို အထက်ပါ နည်းလမ်းများဖြစ်တဲ့ ကြိုချက်ခြင်း၊ ဒါမှမဟုတ် ရေသန့်ဆေးပြားခပ်ခြင်း ဒါတွေကို ပြုလုပ်မှသာ ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါမယ်။ ဒါမှ မဟုတ် သန့်ရှင်းသော ရေအိုးများနှင့် မိုးရေများကို ခံယူ၍ သောက်သုံးလို့ရပါတယ်။

ရေကိစ္စ ဂရုမစိုက်ရင် နောက်ဆက်တွဲဖြစ်တတ်တာတွေက အူရောင်ငန်းဖျားရောဂါ၊ အသည်း ရောင်အသားဝါရောဂါ၊ ဝမ်းပျက်ရောဂါတွေ ဖြစ်ပွားတတ်ပါသည်။ ဒါ့အပြင် ခြင်ကြောင့်ဖြစ်ပွားတတ်တဲ့ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတို့လည်း ဖြစ်ပွားတတ်သည်။မိုးရွာသွန်းမှုကြောင့် ခြင်ပေါက်ဖွားမှုဟာ အဆမတန် များပြားလာသောကြောင့် ဖြစ်ပါတယ်။ သောက်ရေသာမကပဲ မသန့်ရှင်းသော ရေတွင်းရေကန်များမှ ရေများကို ချိုးမိရင်လည်း အရေပြားယားယံတာတွေ ၊ ဓာတ် မတည့်တာတွေလည်း ဖြစ်ပွားတတ်ပါတယ်။ ဖြစ်နိင်ရင် ရေသန့်ဆေးပြားခပ်ထားတဲ့ ရေနှင့်သာ ရေချိုးတာ အကောင်းဆုံးပါ။ မိုးရေလည်း ချိုးလို့ရပါသည်။

ရေကြီးရေလျံဖြစ်နေတဲ့အချိန်တွေမှာ ပွန်းတာပဲ့တာအစရှိသဖြင့် ဒဏ်ရာရခဲ့လျှင် ဖြစ်နိုင်လျှင် အမြန်ဆုံး မေးခိုင်ရောဂါကာကွယ်ဆေး ထိုးသင့်ပါတယ်။ စုတ်ပြဲဒဏ်ရာရှိလျှင် ထိုဒဏ်ရာကို ဆေးသေချာထည့်ပြီး ပတ်တီးစီးထားသင့်သည်။ အဆိုပါ စုတ်ပြဲဒဏ်ရာနှင့် ရေထဲကို လျှောက်သွားနေရင် leptospira ဆိုတဲ့ ဘတ်တီးရီးယားက ဒဏ်ရာကတစ်ဆင့် သွေးထဲကို ရောက်သွားနိုင်ပါတယ်။ လူနာဟာ တုပ်ကွေးမိသလိုမျိုး ဖျားနာမယ်။ ကိုယ်လက်မအီမသာနှင့် ကြွက်သားတွေနာမယ်။ ခေါင်းကိုက်ပြီး မျက်လုံးတွေ နီရဲလာတတ်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ အသည်းရောင်ပြီးအသားဝါမယ်။ ဦးနှောက်အမြှေးပါးရောင်တာတွေ၊ ကျောက်ကပ် ပျက်ဆီးတာတွေ ဖြစ်တတ်ပြီး ကုသမှုမခံယူရင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ မိုးရေတွေထဲမှာ အနေကြာလာရင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ဖျားနာတာတွေလည်း ဖြစ်ပွားနိုင် ပါတယ်။ ထိုအခါမျိုးတွင် မိုးရေထဲ လုံးဝမထွက် ပဲ နွေးနွေးထွေးထွေးနေထိုင်သင့်ပါသည်။ အဖျားကျ ဆေးများကိုလည်း မပျက်မကွက် သောက်သုံးသင့်ပါသည်။

ရေကြီးတဲ့နေရာတွေမှာ ရေတွေနဲ့အတူ မျောနေတတ်တဲ့ မြွေအန္တရာယ်ကလည်း ကြောက်စရာ ကောင်းပါတယ်။ ညဖက်တွေမှာ အပြင်ထွက်ရင်ဓာတ်မီးတိုင်နှင့် မီးတုတ်များကို ယူဆောင်သွား သင့်သည်။ လယ်ရှည်ဖိနပ်ကို စီးထားတာကလည်း အကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ မြွေတွေ ဟာ ကုတင်တွေ၊ ဗီဒိုတွေနှင့် ထိုင်ခုံတွေရဲ့အောက်မှာ ဝင်ခွေနေတတ်ပါတယ်။ ရေကြီးလို့ လူတွေ စွန့်ခွာသွားတဲ့ အိမ်တွေမှာမြွေတွေဟာခိုအောင်းနေတတ်လို့ ရေပြန်ကျလို့ အိမ်တွေထဲကို ပြန်ဝင်တဲ့ အခါ အထူးဂရုစိုက်ရပါမယ်။

ရေကျသွားတဲ့အခါ တိရစ္ဆာန်အထူးသဖြင့် ကြွက်တွေသေနေတာမျိုး ရှိခဲ့ရင်လည်း တိရစ္ဆာန် အသေတွေကို လက်အိတ်ဝတ်ပြီးမှသာ ကိုင်ဆောင်သင့်ပါတယ်။ ပြီးရင် မြေကြီးကို (၃)ပေ အနက်လောက်တူးပြီး မြှုပ်နှံရပါမယ်။အမှိုက်ပုံတွင်သွားရောက်စွန့်ပစ်တာမျိုး လုံး၀ မလုပ်ဆောင် သင့်ပါ။မိမိအိမ်ကို ပြန်လာတဲ့အခါ အိမ်နံရံတွေမှာ မှိုတွေ တက်နေတတ်ပါတယ်။ အဲဒီမှိုတွေကြောင့် ရင်ကျပ်ရောဂါရှိသူများနှင့် အဆုတ်မကောင်းတဲ့သူတွေမှာဆိုရင် ရင်ကျပ်တာတွေ ဖြစ်တတ်သလို၊ ဓာတ်မတည့်တဲ့သူတွေမှာလည်း အရေပြားယားယံတာတွေ ဖြစ်ပွားတတ်ပါတယ်။
သဘာဝဘေးအန္တရာယ်များကိုတော့ ကာကွယ်တားဆီးလို့မရပေ။ သို့သော် သဘာဝဘေး အန္တရာယ်ကြောင့်ဖြစ်သော နောက်ဆက်တွဲကျန်းမာရေးပြဿနာများကိုတော့ ကျန်းမာရေးအသိအမြင် ရှိလျှင် ဖြစ်ပွားနှုန်းနည်းသွားအောင် ကာကွယ်လို့ရပေသည်။

Author – ဒေါက်တာအေးချမ်းမိုး

 

Previous Post

လှပကျန်းမာ တိုတိုထွာထွာ

Next Post

ASO တက်တာ လေးဘက်နာလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
598

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ASO တက်တာ လေးဘက်နာလား

သွေးအားနည်းခြင်းနှင့် ဆံပင်ကျွတ်ခြင်း( Anaemia and Hair Loss)

Woman with a pink breast cancer awareness ribbon

ရင်သားကင်ဆာအကြောင်း သိကောင်းစရာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.