ကျွန်တော်တို့နိုင်ငံ စက်ရုံ၊ အလုပ်ရုံများကိုမြို့ကြီးများတွင်သာမက တောလက်ကျေးရွာများတွင်ပါ တည်ဆောက်လာ ကြပါသည်။ စက်မှုလုပ်ငန်းများတိုးတက်လာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများလည်းတိုး တက်များပြားလာပါသည်။ လူဦးရေတိုးတက်လာခြင်းကြောင့် စား၊ ဝတ်၊ နေရေးအတွက် အစားအသောက်များ အဝတ်အစားများနဲ့ နေထိုင်စရာ ပစ္စည်းများထုတ်လုပ်ဖို့ စက်ရုံတွေ၊ အလုပ်ရုံတွေများစွာ တိုးချဲ့တည်ဆောက်ရ ပါမယ်။ ဒါပေမယ့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းဝေးရေးကို ဦးစားပေးဆောင်ရွက်ဖို့လိုအပ်ပါတယ်။ လုပ်ငန်း ခွင်ကျန်းမာရေးအကြောင်းကိုလည်း ကောင်းစွာသိရှိဖို့ လည်းအရေးကြီးပါတယ်။
မေး – စက်ရုံ၊ အလုပ်ရုံမှာရှိတဲ့အဆောက်အဦး အခြေအနေကောင်းမွန်အောင် ဘယ်လိုလုပ်ရမှာလဲဆရာ။
ဖြေ – စက်ရုံမှာရှိတဲ့ အဆောက်အဦးတွေကိုလုပ်ငန်းသဘာဝနဲ့ ကိုက်ညီအောင်တည်ဆောက်ဖို့လိုပါတယ်။ ခိုင် ခန့်မှုရှိသလို၊ သပ် ရပ်မှုလည်းရှိရပါမယ်။ လုံလောက်တဲ့အကျယ်အဝန်းလည်း ရှိရပါမယ်။ အလင်းရောင်လုံ လောက်စွာရရှိရန်နှင့် လေဝင်လေ ထွက်ကောင်းမွန်စွာ ရရှိရန်လည်းစီစဉ်ဆောင်ရွက်ထားရပါမယ်။ ဒါ့အပြင်လျှပ် စစ်အန္တရာယ်မဖြစ်စေရန်လည်း စနစ်တကျစီစဉ် ထားရပါမယ်။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး ဓာတုအဆိပ်ကင်းတဲ့မဲ့ သန့်ရှင်းကြည်လင်တဲ့ သောက်သုံးရေကိုလည်းလုံလောက်စွာ ရအောင်စီစဉ်ထားရပါမယ်။ အဆောက်အဦးရဲ့ ကြမ်းခင်းတွေ၊ နံရံတွေကိုလည်း လုပ်ငန်းသဘောနဲ့ကိုက်ညီပြီး သန့်ရှင်းရေး ပြုလုပ်ဖို့ လွယ်ကူအောင်ပြုလုပ် ထားရပါမယ်။ အမိုး၊ အကာ၊ အခင်း၊ မျက်နှာကျက်တွေကိုလည်း လုပ်ငန်းနဲ့ဆီလျော်တဲ့အမြင့်၊ အကျယ်အဝန်းရှိ ပြီးခိုင်ခံ့ရပါမယ်။ သန့်ရှင်းရေးလည်းဆောင်ရွက်ထားရပါမယ်။ အဆောက်အဦးထဲမှာ ဘေးအန္တရယ်သတိပေးစာ တမ်းများရေးသားချိတ်ဆွဲထားရပါမယ်။ စက်ရုံ၊ အလုပ်ရုံမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းများအားတာဝန်ရှိသူ အဆင့်ဆင့်မှ အလုပ်နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်များကိုရေးသားပြီး မြင်သာတဲ့နေရာများမှာ ချိတ်ဆွဲကပ်ထားရပါမယ်။ နားလည်လွယ်တဲ့စ ကားလုံးများ အသုံးပြုပြီးရှင်းလင်းမှာကြား၊ လမ်းညွှန်မှုပေးဆောင်ရွက်ထားရပါမယ်။ ဝန်ထမ်းများလုပ်ဆောင်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့နည်းလမ်းများကို သေချာစွာသိရှိအောင်စာတွေ့၊ လက်တွေ့သင်ပြထားရပါမယ်။ လုပ်ငန်းလုပ် ဆောင်ချက်တိုင်းမှာ သတိတရားလက်ကိုင်ထားပြီး မပေါ့ဆဘဲပြု လုပ်မှသာအန္တရာယ်ကင်းနိုင်ကြောင်း အမြဲတမ်း ညွှန်ကြားထားရပါမယ်။ စက်ရုံ၊ အလုပ်ရုံကိုနှစ်စဉ်နှစ်တိုင်းဆေး သုတ်၊ ထုံးသုတ်ခြင်းများဆောင်ရွက်ထားရပါမယ်။ ဝန်းထမ်းများ စက်ရုံ၊ အလုပ်ရုံအတွင်းအရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါကလွယ်ကူလျှင်မြန်စွာ သွားလာနိုင်စေရန်အရေးပေါ် ထွက်ပေါက်ထားရှိရပါမယ်။
မေး – စက်ရုံ၊ အလုပ်ရုံပတ်ဝန်းကျင်မှာ ဘယ်လိုသန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ ပြုလုပ်ထားရမှာလဲဆရာ။
ဖြေ – စက်ရုံတွေ၊ အလုပ်ရုံတွေဟာ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ ဆီလျော်မှုရှိရပါမယ်။ စက်ရုံအလုပ်ရုံများ မှထွက်ရှိတဲ့ ရေဆိုး၊ ရေညစ်များ၊ စွန့်ပစ်ဖို့စနစ်တကျစီစဉ်ဆောင်ရွက်ထားရပါမယ်။ အမှိုက်ပုံးများလုံလောက်စွာ ထားရှိပြီးစနစ် တကျစွန့်ပစ်ရပါမယ်။ စက်ရုံ၊ အလုပ်ရုံများမှဘေးထွက်စွန့်ပစ်ပစ္စည်းများ၊ အမှုန်နဲ့အနံ့များ ပတ်ဝန်းကျင်သို့ မပျံ့နှံ့စေရန်စ နစ်တကျထိန်းသိမ်းထားရပါမယ်။ ဒါ့အပြင် စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိလာတဲ့ ဆူညံ မှုကြောင့်ပတ်ဝန်းကျင်ကို အနှောက်အ ယှက်မဖြစ်စေရန် ကာကွယ်ထားရပါမယ်။ လုပ်ငန်းခွင်မှထွက်ပေါ်လာတဲ့ တုန်ခါမှုကြောင့် ပတ်ဝန်းကျင်ကိုအနှောက်အ ယှက်ထိခိုက်မှု အန္တရာယ်ပေးခြင်းမရှိစေရန် ပြုလုပ်ထားရပါမယ်။ စက်ရုံ၊ အလုပ်ရုံများအတွင်းမှာလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အိမ်သာလုံလောက်စွာထားရှိရပါမယ်။ အလုပ်ရုံ ဝန်းကျင်မှာသန့်ရှင်းရေးဆောင်ရွက်ထားရပါမယ်။ ဝင်းခြံ၊ အတားအဆီးများ ကိုလုံခြုံစွာ ပြုလုပ်ထားရပါမယ်။
မေး – အလုပ်သမားတွေရဲ့ကျန်းမာရေးကိုလည်း စစ်ဆေးပေးဖို့လိုသလားဆရာ။
ဖြေ – အလုပ်သမားရဲ့ကျန်းမာရေးအတွက် အလုပ်ချိန်သတ်မှတ်ပေးထားဖို့ လိုအပ်ပါတယ်။ သတ်မှတ်အလုပ် ချိန်အတိုင်းလည်း လိုက်နာဆောင်ရွက်ရပါမယ်။ ဝန်ထမ်းများကိုလူမှုဖူလုံရေး ဝင်ခိုင်းထားရပါမယ်။ ခံစားခွင့်ရှိ အောင်လည်းပြုလုပ်ပေးထားရပါ မယ်။ ဝန်ထမ်းများကလည်း အန္တရာယ်ရှိတဲ့ပစ္စည်းများကို ကိုင်တွယ်သုံးစွဲရာမှာ လက်အိတ်၊ နှာခေါင်းစည်း၊ ဦးထုပ်၊ ဝတ်စုံ၊ ရင်ကာ၊ မျက်မှန်၊ နားကြပ်၊ ခြေနင်းစတဲ့တစ်ကိုယ်ရည်အကာအ ကွယ်ပစ္စည်းများကို သုံးစွဲရပါမယ်။ စက်ရုံ၊ အလုပ်ရုံများမှာ လုပ်ငန်းသဘာဝနဲ့မကိုက်ညီတဲ့ လုပ်ငန်းမျးကိုအ သက်ငယ်တဲ့ဝန်ထမ်းများကို မခိုင်းရပါ။ ဝန်ထမ်းများနားနေဖို့၊ ထမင်းစားဖို့၊ ကိုယ်လက်သန့်စင်ဖို့နဲ့ အဝတ်လဲရန် နေရာစီစဉ်ထားရပါမယ်။ လုပ်ငန်းခွင်မှအန္တရာယ်ပေးနိုင်မှုကို အလုပ်သမားများကိုနားလည် အောင် ရှင်းပြထားရ ပါမယ်။ ဝန်ထမ်းများရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ သွားများကိုခြောက်လတစ်ကြိမ် စစ်ဆေးပေး ရပါ မယ်။ အထွေထွေစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးရပါမယ်။ စက်ရုံ၊ အလုပ်ရုံအတွင်းမှာ ဆေးခန်းထားရှိရပါ မယ်။ တတ်ကျွမ်းနားလည်သောဆရာဝန်များကို ခန့်အပ်ထားရပါမယ်။ လိုအပ်ပါက ဆေးရုံကြီးများကိုလွှဲပေးရပါ မယ်။
မေး – လုပ်ငန်းသုံးပစ္စည်းကိရိယာများကို ဘယ်လိုစစ်ဆေးရသလဲဆရာ။
ဖြေ – စက်ရုံ၊ အလုပ်ရုံအတွင်းမှာ အသုံးပြုတဲ့လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများကို ဘေးအန္တရာယ်ကင်း အောင်စနစ်တကျ တပ်ဆင်ထားရပါမယ်။ လုပ်ငန်းသုံးပစ္စည်းများဘေးအန္တရာယ်ဖြစ်စေနိုင်မှုကို အမိုး၊ အကာ များြ့ဖင့်ကာကွယ် ထိန်းသိမ်း ပေးထားရပါမယ်။ လုပ်ငန်းသုံးပစ္စည်းများ သန့်ရှင်းရေးဆောင်ရွက်ရန်အတွက် လွယ် ကူအောင်တပ်ဆင်အသုံးပြုရပါမယ်။ ဘေးအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့၊ ဓာတုဗေဒပစ္စည်းများ၊ ဆေးဝါးပစ္စည်း များကိုအန္တရာယ်ကင်းအောင် ထိန်းသိမ်းထားရှိရပါ မယ်။ အလေးအပင်မရာမှာ လှည်း၊ ဝန်ချီစက်နဲ့ထရောလီတို့ ဖြင့်သက်သာလွယ်ကူစေဖို့ စီစဉ်ထားရပါမယ်။ လုပ်ငန်းနဲ့မသက် ဆိုင်သောပစ္စည်းများထားသိုခြင်း မပြုရပါ။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှု ပစ္စည်းများထားရှိရပါမယ်။ အရေးပေါ် ရှေးဦးသူနာပြု ဆေးသတ္တာထားရှိရပါ မယ်။
မေး – စက်ရုံ၊ အလုပ်ရုံအတွင်းရှိပစ္စည်းသိုလှောင်ထားရှိမှုကို ဘယ်လိုစစ်ဆေးရသလဲဆရာ။
ဖြေ – စက်ရုံ၊ အလုပ်ရုံအတွင်းရှိကုန်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းသိုလှောင်ထားရပါမယ်။ အန္တရာယ်ရှိ တဲ့ပစ္စည်းများကို တံဆိပ်ကပ်ထားပြီး သီးခြားသိုလှောင်ထားရပါမယ်။ ကြွက်ခိုအောင်းပေါက်ပွားမှုကို ကာကွယ် ထားရပါမယ်။ ကြွက်နှိမ်နှင်းရေး များဆောင်ရွက်ထားရပါမယ်။ လူနေခန်းနဲ့ပစ္စည်းထားခန်းကို သီးခြားခွဲထားရပါ မယ်။
မေး – စက်ရုံ၊ အလုပ်ရုံများဘေးအန္တရာယ်ကင်းဝေးရေးအတွက် အကြံပြုပြောကြားပေးပါဆရာ။
ဖြေ – စက်ရုံ၊ အလုပ်ရုံများ၏လုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ်ကင်းဝေးစေရန်အလုပ်လုပ်တိုင်း ပေါ့ပေါ့ဆဆမပြုသင့်ပါ။ အထူး ဂရုစိုက်စွာဆောင်ရွက်ရပါမည်။ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းနဲ့ ဆောင်ရန်၊ ရှောင်ရန်အ ချက်များကိုအပြည့်အဝလိုက် နာရပါမည်။ ကျန်းမာရေးအသိ၊ ကျန်းမာရေးအမြင်ရှိရပါမည်။ လုပ်ငန်းများကိုစာ တွေ့၊ လက်တွေ့ပိုင်နိုင်စွာ ကျွမ်းကျင်စွာဆောင် ရွက်သင့်ပါသည်။ လူတစ်ဦးတစ်ယောက်ချင်းအလိုက် အကာအ ကွယ်ပစ္စည်းများကိုအသုံးပြုဝတ်ဆင်သင့်ကြောင်း အကြံပြုပြော ကြားလိုပါတယ်။
Author: ဒေါက်တာကောင်းစံ (Vol-8 / No-9) Healthcare Journal