fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အသက်ရှည်လိုလျှင်

25
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/04/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

 

(Unicode)

ကူးစက်ခံရသူများသည် ယခင်အချိန်တုန်းဆီက သေဒဏ်ကျခံရပြီး လူတစ်ယောက်ကဲ့သို့ဖြစ်လေရာ ရောဂါဖိစီးမှုနှင့်စိတ်ကျခြင်းများကြောင့် အနှေးနှင့်အမြန်သေဆုံးခဲ့ရခြင်းဖြစ်ပါသည်။ ကုသစရာဆေးဝါးမရှိသေး ခြင်းကြောင့်လည်း စိတ်ဓာတ်ကျဆင်းမှုပိုမိုမြန်စွာဖြင့် ရောဂါတိုးစေပါတော့သည်။ ယနေ့အချိန်တွင်မူ ကုသစရာ ဆေးဝါးများပေါ်လာပြီး နောက်ပိုင်းအသက်ရှည်စွာ နေနိုင်ရန်အခွင့်အလမ်းများရရှိခဲ့ပါသည်။ သို့သော် HIV လောကနှင့် HIV ကင်းဝေးနေသူများအဖို့မူ ကူးစက်ခံရပါက ခြေမကိုင်မိလက်မကိုင်မိဖြင့် မည်သို့စတင်ကုသရ မည်ကိုလည်း မသိသေးသည့်အပြင် ART ဆေးဝါးများဖြင့်ထိန်းချုပ်ကုသလို့ ရကြောင်းကိုလည်း မသိရှိကြသေးပါ။ ထို့အတွက်ကြောင့် ဟိုစမ်းစမ်းဒီစမ်းစမ်း ကုသရင်းဖြင့်ရောဂါပိုမိုဆိုးရွားမှုဒဏ်ကို ခံစားရပါတော့သည်။ ထို့အတွက်ကြောင့် HIV နှင့်ပတ်သက်သောသတင်းအချက်အလက်များကို ဦးစွာရှာဖွေလေ့လာသင့်ကြောင်း ပြောဆို ပါတယ်။ အချို့သည်လည်း မိမိကိုယ်တိုင်ပင်သွားလာနိုင်ခြင်း မပြုနိုင်တော့ဘဲတစ်ပါးသူ၏ အကူအညီကိုရယူ ကာဆေးကုသခံနေရသူမျိုးလည်း ရှိလာပါသည်။ ထိုအထဲတွင်မှ အခွင့်အရေးယူဝင်ရောက်လာသော ရောဂါများ၏ ဖိစီးမှုဒဏ်ကြောင့် အိပ်ရာထဲလဲသွားသူများလည်း ရှိနေပါသည်။ ထိုအခါတွင် မိသားစုဝင်များဟာ ပြုစုပေးချင် ကြသော်လည်း နည်းလမ်းများနားမလည်သဖြင့် ဗျာများရပါတော့သည်။ ထိုအခါလူနာကိုယ်တိုင်မှ ပိုမိုအားလျော့ လာပြီးစိတ်ဖိစီးမှုများ ခံစားရပါတော့သည်။

အိပ်ရာထဲတွင်လဲနေသည့် လူနာတစ်ဦးအတွက် စိတ်သွားတိုင်းလူမှမလိုက်နိုင်သောကြောင့် အလိုလို နေရင်းဒေါသထွက်ခြင်း၊ အကြောင်းအရာမျိုးစုံနှင့် ပြဿနာများကိုတွေးတောလျက် တွေဝေကြောက်ရွှံ့လာခြင်း များ၊ စိတ်ကျဝေဒနာများ၊ မိသားစုဝင်များ၏ပစ်ပယ်ခံလာရခြင်းများကြောင့် ရောဂါဆိုးရွားလာမှုပိုမိုမြင့်တက်လာ စေပါသည်။ ထိုအခါ မိသားစုဝင်များနှင့် မိတ်ဆွေများမှအားပေးစကားများ ပြောကြားပေးခြင်း၊ လူနာဖြစ်လိုသည် များကိုစနစ်ကျစွာ ကူညီပေးခြင်းဖြင့် စိတ်ဓာတ်မြင့်တက်မှုများဖန်တီးပြုလုပ်ပေးသင့်ပါသည။် လူနာကိုယ်တိုင်မှ လည်းဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးများသောက်ခြင်း၊ အစာအာဟာရများစားသောက်ပေးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများကို အသိစိတ်တစ်ခုထားကာပြုလုပ်သင့်ပါသည်။ အဓိကအချက်မှာ ယနေ့ခေတ်တွင် HIV ကိုကုသနိုင်သောဆေးဝါးများ ပေါ်ပေါက်နေပြီဖြစ်သောကြောင့် မိမိ၏ကျန်းမာရေးမကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာရမည်ဟု သံဓိဌာန်ချထားသင့်ပါသည်။ စိတ်ပျက်အားနည်းမှုကို မိမိ၏အသိစိတ်မှလုံး၀ ထုတ်ပယ်ထားရပါမည်။ မှန်ကန်သောဆေးဝါးကုသမှု လမ်းကြောင်းပေါ်ရောက်နေသည့်လူနာသည် စိတ်ဓာတ် အင်အားပံ့ပိုးပေးမှုကောင်းမွန်ပါက မကြာမီပုံမှန်ဘဝကို ပြန်လည်ရောက်နိုင်ပြီးစိတ်ကျသွားလျှင် ရောဂါပိုမိုဖိစီး ခြင်းခံရမည်ကိုအသိတစ်ခု ထားသင့်ပါသည်။ တတ်နိုင်လျှင်မိမိထက်ဦးစွာ HIV ပိုးကူးစက်ခံရပြီး ကျန်းမာရေး ကောင်းမွန်နေသောဘဝတူများကို ရှာဖွေပြီးအမြင်ဖလှယ်ခြင်းများ ပြုလုပ်ပါကအမြန်ဆုံးကျန်းမာရေး အခြေအ နေပြန်ကောင်းလာမည်ကိုလည်း သိထားသင့်ပါသည်။

အထူးသဖြင့် Peer Counselor ဟုခေါ်သည့်ဘဝတူ ဆွေးနွေးပေးသူများနှင့် တိုင်ပင်ဆွေးနွေးပါကပိုမို သင့်တော်ပါသည်။ သူတို့ထံမှ ရင်ဆိုင်တွေ့ကြုံဖြတ်သန်းခဲ့သည့် မိမိ၏ရောဂါအစစ်အမှန်ကို ဖွင့်ပြောပြလို့ ကောင်းမလား၊ မိမိဝေဒနာကိုပိုမို ပြင်းထန်လာစေတတ်ပါသည်။ မိမိကျန်းမာရေးချို့တဲ့နေစဉ်ကာလအတွင်း မိမိ ၏စိတ်ခွန်အားလျော့ကျစေမည့် မည်သည့်အကြောင်းအရာကိစ္စကိုမျှ စိတ်ပူပင်သောကရောက်မှု မထားသင့်သ လိုပိုမိုကျန်းမာရေးကောင်းမွန်လာပါက အကောင်းဆုံးပြန်လည်ပုံဖော်နိုင်မည်ဟုသာ ခံယူထားသင့်ပါသည်။ ကျန်းမာရေးအတော်အသင့် ပြန်လည်ကောင်းမွန်လာပါက မိမိတစ်ဦးတည်းမနေဘဲ ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေစွာဖြင့်ပြန်လည် ဆက်ဆံသင့်သလို မိမိကိုယ်တိုင်မှ ပတ်ဝန်းကျင်ကိုပြန်လည်မခွဲခြားဘဲ နေထိုင်သွား သင့်ပါသည်။ တစ်ခါတစ်ရံ မိမိတွင်ရောဂါတစ်စုံတစ်ရာ ပြန်ဖြစ်လာခဲ့လျှင်သော်၎င်း၊ ဆေးဝါးနှင့်ဓာတ်မတည့်မှု ဖြစ်လာလျှင်၎င်း၊ ရောဂါမကြီးသေးပါဟု မိမိဆန္ဒဖြင့်မဆုံးဖြတ်သင့်ဘဲ ကုသပေးသူဆရာဝန်ထံ အမြန်ဆုံးသွား ရောက်ပြသပြီး ကုသမှုခံယူသင့်ပါသည်။ CD4 ခေါ်ခုခံအားစနစ်ကိုတိုင်းတာပြီး ကုသမှုခံယူရသည်ဆိုသော် လည်း တစ်ခါတစ်ရံ ထို CD4 ပြန်လည်ကျဆင်းသွားခြင်းအပေါ်တွင် စိတ်ပူပန်စွာလွန်ကဲစွာ မဖြတ်သင့်ဘဲနေ ထိုင်စားသောက်မှုပုံစံကောင်းများကို အရင်ဆုံးပြန်လည်ပြုပြင်ကာ နေထိုင်သွားရမည်သာဖြစ်သည်။ အချို့သူ များသည် CVD အနည်းငယ်ပြန်လည်ကျဆင်းသည်နှင့် အလွန်အမင်းစိတ်ပူတတ်လေ့ရှိပြီး အဓိကမှာအခြား သောကျန်းမာရေးထပ်မဖြစ်စေရန်နှင့် မိမိကျန်းမာရေးပုံမှန်ဖြစ်နေလျှင် စိုးရိမ်စရာမလိုကြောင်းကိုလည်းသိထား သင့်ပါသည်။

HIV ပိုးရှိသူတို့အထူးသတိပြုသင့်သည်မှာ သန့်ရှင်သောရေကိုသာသောက်သုံးခြင်းနှင့် အစားအ သောက်များကိုကျက်အောင်ချက်ပြုတ်ပြီး စားသင့်သည်မျာကိုသတိပြုရပါမည်။ ယင်နားစာများလက်လုပ်ချဉ် များကိုအထူးရှောင်ကြဉ်သင့်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်လာပါက တစ်ပါးသူများထက်ပိုမိုအထိနာတတ်ကြောင်း ကိုသိရှိထားပြီးဆင်ခြင်နေထိုင် စားသောက်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းကြောင့် မိမိ၏ ခုခံအားတို့လျှင်မြန်စွာကျဆင်းတတ်ပြီး နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင်ပါသည်။ နေထိုင်စားသောက်မှုပုံစံ များသည်အခြားသော HIV မရှိသည့်သူများထက် ပိုမိုဂရုစိုက်နေထိုင်သင့်ပါသည်။ အပူလွန်ကဲသောနေရာများ သွားခြင်း၊ ရေစိုအဝတ်များဖြင့်ဖြစ်သလိုနေထိုင်ခြင်း၊ ဖုန်မှုန့်ထူသောနေရာများသို့ မသွားမိစေရန်ရှောင်ရှားခြင်း၊ အရက်နဲ့မူးယစ်ဆေးကိုရှောင်ခြင်း၊ နေ့စဉ်ရက်ဆက်ညဖက်အိပ်ရေးပျက်ခံခြင်းတို့ မပြုလုပ်မိစေရန်အထူးသတိ ထားဆင်ခြင်ရမည်ဖြစ်ပါသည်။ ART ဆေးကိုပုံမှန် မပျက်မကွက်သောက်သည်ဆိုသော်လည်း မိမိအတွက်လို အပ်သည့်အစာအာဟာရများကို စားသောက်ရမည်ကိုလည်း သိထားရပါမည်။ ဆောင်ရန်ရှောင်ရန်နည်းလမ်း များကိုစနစ်တကျ လိုက်နာကြလျှင်ဖြင့် HIV ပိုးရှိနေတတ်သော်လည်း ဖိုးသက်ရှည်များအဖြစ်ရပ်တည်နိုင်ပါ ကြောင်းရေးသားအသိပေးလိုက်ရပါတော့သည်။

Author: လှိုင် (PEER) Vol-8 / No-12 Healthcare Journal

(Zawgyi)

ကူးစက္ခံရသူမ်ားသည္ ယခင္အခ်ိန္တုန္းဆီက ေသဒဏ္က်ခံရၿပီး လူတစ္ေယာက္ကဲ့သို႔ျဖစ္ေလရာ ေရာဂါဖိစီးမႈႏွင့္စိတ္က်ျခင္းမ်ားေၾကာင့္ အေႏွးႏွင့္အျမန္ေသဆုံးခဲ့ရျခင္းျဖစ္ပါသည္။ ကုသစရာေဆးဝါးမရွိေသး ျခင္းေၾကာင့္လည္း စိတ္ဓာတ္က်ဆင္းမႈပိုမိုျမန္စြာျဖင့္ ေရာဂါတိုးေစပါေတာ့သည္။ ယေန႔အခ်ိန္တြင္မူ ကုသစရာ ေဆးဝါးမ်ားေပၚလာၿပီး ေနာက္ပိုင္းအသက္ရွည္စြာ ေနႏိုင္ရန္အခြင့္အလမ္းမ်ားရရွိခဲ့ပါသည္။ သို႔ေသာ္ HIV ေလာကႏွင့္ HIV ကင္းေဝးေနသူမ်ားအဖို႔မူ ကူးစက္ခံရပါက ေျခမကိုင္မိလက္မကိုင္မိျဖင့္ မည္သို႔စတင္ကုသရ မည္ကိုလည္း မသိေသးသည့္အျပင္ ART ေဆးဝါးမ်ားျဖင့္ထိန္းခ်ဳပ္ကုသလို႔ ရေၾကာင္းကိုလည္း မသိရွိၾကေသးပါ။ ထို႔အတြက္ေၾကာင့္ ဟိုစမ္းစမ္းဒီစမ္းစမ္း ကုသရင္းျဖင့္ေရာဂါပိုမိုဆိုး႐ြားမႈဒဏ္ကို ခံစားရပါေတာ့သည္။ ထို႔အတြက္ေၾကာင့္ HIV ႏွင့္ပတ္သက္ေသာသတင္းအခ်က္အလက္မ်ားကို ဦးစြာရွာေဖြေလ့လာသင့္ေၾကာင္း ေျပာဆို ပါတယ္။ အခ်ိဳ႕သည္လည္း မိမိကိုယ္တိုင္ပင္သြားလာႏိုင္ျခင္း မျပဳႏိုင္ေတာ့ဘဲတစ္ပါးသူ၏ အကူအညီကိုရယူ ကာေဆးကုသခံေနရသူမ်ိဳးလည္း ရွိလာပါသည္။ ထိုအထဲတြင္မွ အခြင့္အေရးယူဝင္ေရာက္လာေသာ ေရာဂါမ်ား၏ ဖိစီးမႈဒဏ္ေၾကာင့္ အိပ္ရာထဲလဲသြားသူမ်ားလည္း ရွိေနပါသည္။ ထိုအခါတြင္ မိသားစုဝင္မ်ားဟာ ျပဳစုေပးခ်င္ ၾကေသာ္လည္း နည္းလမ္းမ်ားနားမလည္သျဖင့္ ဗ်ာမ်ားရပါေတာ့သည္။ ထိုအခါလူနာကိုယ္တိုင္မွ ပိုမိုအားေလ်ာ့ လာၿပီးစိတ္ဖိစီးမႈမ်ား ခံစားရပါေတာ့သည္။

အိပ္ရာထဲတြင္လဲေနသည့္ လူနာတစ္ဦးအတြက္ စိတ္သြားတိုင္းလူမွမလိုက္ႏိုင္ေသာေၾကာင့္ အလိုလို ေနရင္းေဒါသထြက္ျခင္း၊ အေၾကာင္းအရာမ်ိဳးစုံႏွင့္ ျပႆနာမ်ားကိုေတြးေတာလ်က္ ေတြေဝေၾကာက္႐ႊံ႕လာျခင္း မ်ား၊ စိတ္က်ေဝဒနာမ်ား၊ မိသားစုဝင္မ်ား၏ပစ္ပယ္ခံလာရျခင္းမ်ားေၾကာင့္ ေရာဂါဆိုး႐ြားလာမႈပိုမိုျမင့္တက္လာ ေစပါသည္။ ထိုအခါ မိသားစုဝင္မ်ားႏွင့္ မိတ္ေဆြမ်ားမွအားေပးစကားမ်ား ေျပာၾကားေပးျခင္း၊ လူနာျဖစ္လိုသည္ မ်ားကိုစနစ္က်စြာ ကူညီေပးျခင္းျဖင့္ စိတ္ဓာတ္ျမင့္တက္မႈမ်ားဖန္တီးျပဳလုပ္ေပးသင့္ပါသည။္ လူနာကိုယ္တိုင္မွ လည္းဆရာဝန္ၫႊန္ၾကားသည့္အတိုင္း ေဆးဝါးမ်ားေသာက္ျခင္း၊ အစာအာဟာရမ်ားစားေသာက္ေပးျခင္းႏွင့္ ကိုယ္လက္လႈပ္ရွားမႈမ်ားကို အသိစိတ္တစ္ခုထားကာျပဳလုပ္သင့္ပါသည္။ အဓိကအခ်က္မွာ ယေန႔ေခတ္တြင္ HIV ကိုကုသႏိုင္ေသာေဆးဝါးမ်ား ေပၚေပါက္ေနၿပီျဖစ္ေသာေၾကာင့္ မိမိ၏က်န္းမာေရးမၾကာမီ အခ်ိန္အတြင္း ျပန္လည္ေကာင္းမြန္လာရမည္ဟု သံဓိဌာန္ခ်ထားသင့္ပါသည္။ စိတ္ပ်က္အားနည္းမႈကို မိမိ၏အသိစိတ္မွလုံး၀ ထုတ္ပယ္ထားရပါမည္။ မွန္ကန္ေသာေဆးဝါးကုသမႈ လမ္းေၾကာင္းေပၚေရာက္ေနသည့္လူနာသည္ စိတ္ဓာတ္ အင္အားပံ့ပိုးေပးမႈေကာင္းမြန္ပါက မၾကာမီပုံမွန္ဘဝကို ျပန္လည္ေရာက္ႏိုင္ၿပီးစိတ္က်သြားလွ်င္ ေရာဂါပိုမိုဖိစီး ျခင္းခံရမည္ကိုအသိတစ္ခု ထားသင့္ပါသည္။ တတ္ႏိုင္လွ်င္မိမိထက္ဦးစြာ HIV ပိုးကူးစက္ခံရၿပီး က်န္းမာေရး ေကာင္းမြန္ေနေသာဘဝတူမ်ားကို ရွာေဖြၿပီးအျမင္ဖလွယ္ျခင္းမ်ား ျပဳလုပ္ပါကအျမန္ဆုံးက်န္းမာေရး အေျခအ ေနျပန္ေကာင္းလာမည္ကိုလည္း သိထားသင့္ပါသည္။

အထူးသျဖင့္ Peer Counselor ဟုေခၚသည့္ဘဝတူ ေဆြးေႏြးေပးသူမ်ားႏွင့္ တိုင္ပင္ေဆြးေႏြးပါကပိုမို သင့္ေတာ္ပါသည္။ သူတို႔ထံမွ ရင္ဆိုင္ေတြ႕ႀကဳံျဖတ္သန္းခဲ့သည့္ မိမိ၏ေရာဂါအစစ္အမွန္ကို ဖြင့္ေျပာျပလို႔ ေကာင္းမလား၊ မိမိေဝဒနာကိုပိုမို ျပင္းထန္လာေစတတ္ပါသည္။ မိမိက်န္းမာေရးခ်ိဳ႕တဲ့ေနစဥ္ကာလအတြင္း မိမိ ၏စိတ္ခြန္အားေလ်ာ့က်ေစမည့္ မည္သည့္အေၾကာင္းအရာကိစၥကိုမွ် စိတ္ပူပင္ေသာကေရာက္မႈ မထားသင့္သ လိုပိုမိုက်န္းမာေရးေကာင္းမြန္လာပါက အေကာင္းဆုံးျပန္လည္ပုံေဖာ္ႏိုင္မည္ဟုသာ ခံယူထားသင့္ပါသည္။ က်န္းမာေရးအေတာ္အသင့္ ျပန္လည္ေကာင္းမြန္လာပါက မိမိတစ္ဦးတည္းမေနဘဲ ပတ္ဝန္းက်င္ႏွင့္လိုက္ေလ်ာ ညီေထြစြာျဖင့္ျပန္လည္ ဆက္ဆံသင့္သလို မိမိကိုယ္တိုင္မွ ပတ္ဝန္းက်င္ကိုျပန္လည္မခြဲျခားဘဲ ေနထိုင္သြား သင့္ပါသည္။ တစ္ခါတစ္ရံ မိမိတြင္ေရာဂါတစ္စုံတစ္ရာ ျပန္ျဖစ္လာခဲ့လွ်င္ေသာ္၎၊ ေဆးဝါးႏွင့္ဓာတ္မတည့္မႈ ျဖစ္လာလွ်င္၎၊ ေရာဂါမႀကီးေသးပါဟု မိမိဆႏၵျဖင့္မဆုံးျဖတ္သင့္ဘဲ ကုသေပးသူဆရာဝန္ထံ အျမန္ဆုံးသြား ေရာက္ျပသၿပီး ကုသမႈခံယူသင့္ပါသည္။ CD4 ေခၚခုခံအားစနစ္ကိုတိုင္းတာၿပီး ကုသမႈခံယူရသည္ဆိုေသာ္ လည္း တစ္ခါတစ္ရံ ထို CD4 ျပန္လည္က်ဆင္းသြားျခင္းအေပၚတြင္ စိတ္ပူပန္စြာလြန္ကဲစြာ မျဖတ္သင့္ဘဲေန ထိုင္စားေသာက္မႈပုံစံေကာင္းမ်ားကို အရင္ဆုံးျပန္လည္ျပဳျပင္ကာ ေနထိုင္သြားရမည္သာျဖစ္သည္။ အခ်ိဳ႕သူ မ်ားသည္ CVD အနည္းငယ္ျပန္လည္က်ဆင္းသည္ႏွင့္ အလြန္အမင္းစိတ္ပူတတ္ေလ့ရွိၿပီး အဓိကမွာအျခား ေသာက်န္းမာေရးထပ္မျဖစ္ေစရန္ႏွင့္ မိမိက်န္းမာေရးပုံမွန္ျဖစ္ေနလွ်င္ စိုးရိမ္စရာမလိုေၾကာင္းကိုလည္းသိထား သင့္ပါသည္။

HIV ပိုးရွိသူတို႔အထူးသတိျပဳသင့္သည္မွာ သန႔္ရွင္ေသာေရကိုသာေသာက္သုံးျခင္းႏွင့္ အစားအ ေသာက္မ်ားကိုက်က္ေအာင္ခ်က္ျပဳတ္ၿပီး စားသင့္သည္မ်ာကိုသတိျပဳရပါမည္။ ယင္နားစာမ်ားလက္လုပ္ခ်ဥ္ မ်ားကိုအထူးေရွာင္ၾကဥ္သင့္ၿပီး ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္လာပါက တစ္ပါးသူမ်ားထက္ပိုမိုအထိနာတတ္ေၾကာင္း ကိုသိရွိထားၿပီးဆင္ျခင္ေနထိုင္ စားေသာက္ျခင္းပင္ျဖစ္ပါသည္။ ထိုသို႔ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ျခင္းေၾကာင့္ မိမိ၏ ခုခံအားတို႔လွ်င္ျမန္စြာက်ဆင္းတတ္ၿပီး ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံစားရႏိုင္ပါသည္။ ေနထိုင္စားေသာက္မႈပုံစံ မ်ားသည္အျခားေသာ HIV မရွိသည့္သူမ်ားထက္ ပိုမိုဂ႐ုစိုက္ေနထိုင္သင့္ပါသည္။ အပူလြန္ကဲေသာေနရာမ်ား သြားျခင္း၊ ေရစိုအဝတ္မ်ားျဖင့္ျဖစ္သလိုေနထိုင္ျခင္း၊ ဖုန္မႈန႔္ထူေသာေနရာမ်ားသို႔ မသြားမိေစရန္ေရွာင္ရွားျခင္း၊ အရက္နဲ႔မူးယစ္ေဆးကိုေရွာင္ျခင္း၊ ေန႔စဥ္ရက္ဆက္ညဖက္အိပ္ေရးပ်က္ခံျခင္းတို႔ မျပဳလုပ္မိေစရန္အထူးသတိ ထားဆင္ျခင္ရမည္ျဖစ္ပါသည္။ ART ေဆးကိုပုံမွန္ မပ်က္မကြက္ေသာက္သည္ဆိုေသာ္လည္း မိမိအတြက္လို အပ္သည့္အစာအာဟာရမ်ားကို စားေသာက္ရမည္ကိုလည္း သိထားရပါမည္။ ေဆာင္ရန္ေရွာင္ရန္နည္းလမ္း မ်ားကိုစနစ္တက် လိုက္နာၾကလွ်င္ျဖင့္ HIV ပိုးရွိေနတတ္ေသာ္လည္း ဖိုးသက္ရွည္မ်ားအျဖစ္ရပ္တည္ႏိုင္ပါ ေၾကာင္းေရးသားအသိေပးလိုက္ရပါေတာ့သည္။

Author: လႈိင္ (PEER) Vol-8 / No-12 Healthcare Journal

Previous Post

စက်ရုံအလုပ်ရုံများဘေးအန္တရာယ်ကင်းဝေးရေး

Next Post

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအခင်းအကျင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအခင်းအကျင်း

ဓာတ်ဆားရည်

နွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.