(Zawgyi)
ဇီဝကတို႔တေတြ ခုေခတ္မွာေတာ့ ေရအိုးနဲ႔ ေရေသာက္တဲ့သူကေတာ့ အေတာ္ရွားသြားပါၿပီ ။အလြယ္တကူ ေရသန႔္ဘူးႀကီး ၊ဘူးလတ္ ၊ဘူးေသးေတြ ပဲ
ဝယ္ေသာက္ၾကတာ အေတာ္မ်ားပါတယ္ ။အေအးဘူးေတြဆိုလည္းဆိုင္ႀကီး ဆိုင္ေသးေတြမွာ အသင့္ ။ေရငတ္ေျပ အဆင္သင့္ ဝယ္ေသာက္႐ုံေပါ့ ။
ဒါေပမယ့္ ေရဘူး ၊အေအးဘူးေတြမွာ ပါတဲ့ သက္တမ္းကုန္ရက္နဲ႔က်န္းမာေရး ဆက္စပ္ပုံကိုေတာ့ လူတိုင္း အေသးစိတ္သိမယ္မထင္တဲ့ အတြက္ဒီေဆာင္းပါးေလး ေရးျဖစ္တာပါ ။ဘာေၾကာင့္ ေရဘူးေတြမွာ သက္တမ္းကုန္ရက္ထည့္ထားသလဲ ဆိုရင္ သက္ဆိုင္ရာ ႏိုင္ငံက အစိုးရေတြရဲ႕ ေပၚလစီမူေၾကာင့္ပါ ။
ဘာေၾကာင့္လဲဆိုရင္ ေရကို စားေသာက္ကုန္ အျဖစ္ယူဆတဲ့အတြက္ သက္တမ္းဆိုတာကို ေရဘူးေတြမွာ ထည့္သြင္း႐ိုက္ႏွိပ္ထားရျခင္း ျဖစ္ပါတယ္ ။အဓိကကေတာ့ ပလတ္စတစ္ဘူး သက္တမ္းကုန္ရက္ပါ ။ဘူးထဲက ေရတို႔ ၊အေအးတို႔ ပုပ္သိုးသြားျခင္းမဟုတ္ပါ ။ဒါေပမယ့္ ေလ့လာထားခ်က္မ်ားအရသက္တမ္းကုန္သြားေသာ ပလတ္စတစ္ဘူးမ်ားသည္ ၾကာလာတာနဲ႔အမွ် ဓာတုပစၥည္းမ်ားကို ေရထဲထုတ္လႊတ္တတ္ပါတယ္ ။ထြက္လာတဲ့ ဓာတုပစၥည္းမ်ား သည္ဦးေႏွာက္နဲ႔အာ႐ုံေၾကာ ၊ေက်ာက္ကပ္ ၊ခုခံအားဓာတ္နဲ႔ ကင္ဆာအခ်ိဳ႕ကို ျဖစ္ပြားေစတယ္လို႔ ေတြ႕ရွိရပါတယ္ ။ေရဘူးအျဖစ္သုံးတဲ့ ပလတ္စတစ္ PET (petroleum Derived polyethylene terethelate သည္ ေဘးျဖစ္ေစမႈ အနည္းဆုံးလို႔ သုေတသနပညာရွင္မ်ားက ဆိုၾကပါတယ္ ။ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ သက္တမ္းကုန္ ေရဘူးမ်ားေသာက္ျခင္း ၊အိမ္မွာ သက္တမ္းကုန္ ေရဘူးမ်ားကို ေရထည့္ အေအးခံ ေသာက္ျခင္းမ်ား ေရွာင္ရွားသင့္ပါတယ္ ။ေရဖန္ဘူး ေလးေတြနဲ႔ အစားထိုးၿပီး အသုံးျပဳေစခ်င္ပါတယ္ ။
Author: ေခတ္သစ္ ဇီဝက
(Unicode)
ဇီဝကတို့တတွေ ခုခေတ်မှာတော့ ရေအိုးနဲ့ ရေသောက်တဲ့သူကတော့ အတော်ရှားသွားပါပြီ ။အလွယ်တကူ ရေသန့်ဘူးကြီး ၊ဘူးလတ် ၊ဘူးသေးတွေ ပဲ
ဝယ်သောက်ကြတာ အတော်များပါတယ် ။အအေးဘူးတွေဆိုလည်းဆိုင်ကြီး ဆိုင်သေးတွေမှာ အသင့် ။ရေငတ်ပြေ အဆင်သင့် ဝယ်သောက်ရုံပေါ့ ။
ဒါပေမယ့် ရေဘူး ၊အအေးဘူးတွေမှာ ပါတဲ့ သက်တမ်းကုန်ရက်နဲ့ကျန်းမာရေး ဆက်စပ်ပုံကိုတော့ လူတိုင်း အသေးစိတ်သိမယ်မထင်တဲ့ အတွက်ဒီဆောင်းပါးလေး ရေးဖြစ်တာပါ ။ဘာကြောင့် ရေဘူးတွေမှာ သက်တမ်းကုန်ရက်ထည့်ထားသလဲ ဆိုရင် သက်ဆိုင်ရာ နိုင်ငံက အစိုးရတွေရဲ့ ပေါ်လစီမူကြောင့်ပါ ။
ဘာကြောင့်လဲဆိုရင် ရေကို စားသောက်ကုန် အဖြစ်ယူဆတဲ့အတွက် သက်တမ်းဆိုတာကို ရေဘူးတွေမှာ ထည့်သွင်းရိုက်နှိပ်ထားရခြင်း ဖြစ်ပါတယ် ။အဓိကကတော့ ပလတ်စတစ်ဘူး သက်တမ်းကုန်ရက်ပါ ။ဘူးထဲက ရေတို့ ၊အအေးတို့ ပုပ်သိုးသွားခြင်းမဟုတ်ပါ ။ဒါပေမယ့် လေ့လာထားချက်များအရသက်တမ်းကုန်သွားသော ပလတ်စတစ်ဘူးများသည် ကြာလာတာနဲ့အမျှ ဓာတုပစ္စည်းများကို ရေထဲထုတ်လွှတ်တတ်ပါတယ် ။ထွက်လာတဲ့ ဓာတုပစ္စည်းများ သည်ဦးနှောက်နဲ့အာရုံကြော ၊ကျောက်ကပ် ၊ခုခံအားဓာတ်နဲ့ ကင်ဆာအချို့ကို ဖြစ်ပွားစေတယ်လို့ တွေ့ရှိရပါတယ် ။ရေဘူးအဖြစ်သုံးတဲ့ ပလတ်စတစ် PET (petroleum Derived polyethylene terethelate သည် ဘေးဖြစ်စေမှု အနည်းဆုံးလို့ သုတေသနပညာရှင်များက ဆိုကြပါတယ် ။ဒါကြောင့် ဖြစ်နိုင်ရင် သက်တမ်းကုန် ရေဘူးများသောက်ခြင်း ၊အိမ်မှာ သက်တမ်းကုန် ရေဘူးများကို ရေထည့် အအေးခံ သောက်ခြင်းများ ရှောင်ရှားသင့်ပါတယ် ။ရေဖန်ဘူး လေးတွေနဲ့ အစားထိုးပြီး အသုံးပြုစေချင်ပါတယ် ။
Author: ခေတ်သစ် ဇီဝက