ခွန်အားဖြည့်အချိူရည်များဟာ အချိန်တိုအတွင်း တက်ကြွ လန်းဆန်းစေခြင်း၊ အားအင်ပြည့်ဝစေခြင်း စတဲ့ အချက်တွေကြောင့် သောက်သုံးသူများပြားပါတယ်
ခွန်အားဖြည့် အချိူရည်တွေဟာ နေ့စဉ်သောက်သုံးလို့ သင့်တော်ရဲ့လား? ကလေး လူကြီး အရွယ်မရွေးသောက်သုံးသင့်လား?
ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား?
စတဲ့ အချက်တွေကို ဖတ်ကြည့်ရအောင်
✍️ခွန်အားဖြည့် အချိူရည်များနှင့် ကဖိန်းဓာတ်
ကဖိန်းဟာ ခွန်အားဖြည့်အချိူရည်တွေမှာ အများအပြားထည့်သွင်းထားပါတယ်
ကဖိန်းဓာတ်သောက်သုံးမှုများလျှင် နှလုံးခုန်မမှန်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာချေဖျက်ရာတွင် အနှောင့်ယှက်ပေးခြင်းများဖြစ်ပေါ်စေပါတယ်
ကဖိန်း ၄၀၀ မီလီဂရမ်နှင့်အထက်ပါဝင်လျှင် ကျန်းမာရေးအတွက်အန္တရာယ်ရှိစေပါတယ်
✍️ကလေးငယ်များနှင့် ခွန်အားဖြည့်အချိူရည်
ကျောင်းနေအရွယ် ကလေးတွေ၊ ဆယ်ကျော်သက်တွေဟာ ခွန်အားဖြည့်အချိူရည်များ အလွန်အကျွံ မသောက်သုံးသင့်ပါ
အဝလွန်ရောဂါ၊ နှလုံးနှင့်သွေးတိုးရောဂါ၊ ဆီးချိူရောဂါ၊အာရုံကြောရောဂါများ အရွယ်မတိုင်ခင် ဖြစ်ပွါးတတ်ပါတယ်
✍️ ခွန်အားဖြည့်အချိူရည်များတွင် ပါဝင်သောဓာတ်များ
ခွန်အားဖြည့်အချိူရည်များတွင် သကြားနှင့် အချိူဓာတ်ပါဝင်မှုလည်း များပြားပါတယ်
အချိူဓာတ်ဟာ ဦးနှောက်ဆဲလ်များကို စွမ်းအင်ဖြည့်ပေးပင်မယ့် အလွန်ကျွံစားသုံးလျှင် ဆီးချိူရောဂါ၊ နှလုံးနှင့်သွေးတိုးရောဂါများဖြစ်ပွါးစေပါတယ်
ခွန်အားဖြည့်အချိူရည်အချိူ့မှာ အယ်ကိုဟောဓာတ်လည်းပါဝင်တာတွေ့ရပါတယ်
အချိူရည်နှင့် ရောစပ်ထားသည့်အတွက် အရက်ထက်ပိုပြီး အသောက်များမိတတ်ပါတယ်
အယ်ကိုဟောဓာတ်များပြားစွာသောက်သုံးမိလျှင် ဦးနောက်နှင့်အာရုံကြောရောဂါများ၊စိတ်ရောဂါ၊ နှလုံးနှင့်သွေးကြောရောဂါများဖြစ်ပွါးစေတတ်ပါတယ်
✍️ ခွန်အားဖြည့်အချိူရည်တွေကိုနေ့စဉ်သောက်သုံးသင့်ပါသလား?
ကျန်းမာတဲ့ သူတွေမှာ အများဆုံး တစ်နေ့ တစ်ဘူးသာသောက်သုံးသင့်ပါတယ်
✍️ ခွန်အားဖြည့်အချိူရည်အစား ဘာတွေသောက်သုံးစားသုံးသင့်လဲ
၁)ရေသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက်အကောင်းဆုံးပါ
ခွန်အားဖြည့်အချိူရည်များအစား ရေကိုပိုမို သောက်သုံးပေးပါ
၂)အသားဓာတ်နှင့်ကစီဓာတ်ပိုမိုစားသုံးပေးပါ
အသားဓာတ်နှင့် ကစီဓာတ်များဟာ စွမ်းအင်ကို အဓိကပေးစွမ်းနိုင်လို့ ပိုမိုစားသုံးသင့်ပါတယ်
၃)ဗီတာမင်နှင့်အားဆေးများ သောက်သုံးနိုင်ပါတယ်
၄)ကျန်းမာစွာ တက်ကြွစွာနေထိုင်ပါ
အားကစားလုပ်ခြင်း၊ လှုပ်လှုပ်ရှားရှားနေခြင်းဖြင့်လည်း လန်းဆန်းစေပြီး စွမ်းအင်များရရှိစေပါတယ်
တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ခွန်အားဖြည့်အချိူရည်များကို ချင့်ချိန်သောက်သုံးသင့်ပါတယ်