ဗီတာမင်စီ သည် ကျန်းမာရေးအတွက်
မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်ခုဖြစ်ပြီးချို့တဲ့မှု မဖြစ်စေရန် ပုံမှန်စားသုံးသင့်ပါတယ်။
အချဉ်ဓာတ် ပါသောအသီးများ၊ ခရမ်းချဉ်သီး၊ အာလူး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ အစရှိတဲ့
သဘာဝ အသီးများတွင် ပါဝင်ပါတယ်။
ဗီတာမင်စီချို့တဲ့ခြင်းအကြောင်းအရင်းများမှာ
အာဟာရမျှတစွာ မစားသုံးခြင်း၊
ချက်ပြုတ်နည်းမှာယွင်းခြင်း၊
အရက်သောက်ခြင်း၊
ဆေးလိပ်သောက်ခြင်း၊
ခံတွင်းပျက်၍ အစာမဝင်ခြင်း၊
ပြင်းထန်သော စိတ်ရောဂါ ခံစားနေရခြင်း၊
ကျောက်ကပ်ဆေးခြင်း အစရှိသည်တို့
ပါဝင်ပါတယ်။
_____________________________________
ဗီတာမင်စီချို့တဲ့ခြင်း ရောဂါလက္ခဏာများသည် ရက်ပေါင်းများစွာမှ လနဲ့ ချီ၍ကြာနိုင်ပါတယ်။
အောက်ပါ အချက်တို့သည် ဗီတာမင်စီ ချို့တဲ့ခြင်း ကြောင့်ဖြစ်ပေါ်လာနိုင်သော
ရောဂါလက္ခဏာများ ဖြစ်ပါတယ်။
၁။ လက်မောင်း၊ ပေါင် နဲ့ တင်ပါး တွင် ကြမ်းပြီး ဗြုတ်ထနေသော ဝက်ခြံလို
အဖုသေးသေးလေးတွေ ဖြစ်စေပါတယ်။
၂။ အမွှေးအမျှင်များမွဲခြောက်ခြောက် နဲ့ ကောက်ကောက်ကွေးကွေး တွေတွေ့ရတတ်ပါတယ်။
များသောအားဖြင့် ကျွတ်သွားခြင်းကြောင့် သတိမထားမိဘဲ ဖြစ်တတ်ပါတယ်။
၃။ မွှေးညင်းပေါက်များ နီနေခြင်းကို ဖြစ်စေနိုင်ပါတယ်။
၄။ လက်သည်းမှာ အနီရောင်အစင်းလိုင်း သို့မဟုတ် အနီရောင်အကွေးသဏ္ဌာန် တွေ့မြင်ရတတ်ပါတယ်။
၅။ အသားအရေ ခြောက်သွေ့ပြီး ညိုညစ် လာစေ နိုင်ပါတယ်။
၆။ သွေးကြောလေးတွေ ပျက်စီးလွယ်တဲ့အတွက် ကြောင့် ထိခိုက်မိရင် ညိုမဲစွဲလွယ် တတ်ပါတယ်။
ရ။ အနာမြန်မြန်မကျက်ခြင်း၊ အနာကျက်ဖို့ ခက်ခဲခြင်းများ နဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိပါတယ်။
၈။ အရိုး၊ အဆစ်အမြစ် တွေ ရောင်ရမ်းနာကျင် ကိုက်ခဲခြင်းများ ဖြစ်စေနိုင်ပါတယ်။
၉။ အရိုးများ ကျိုးလွယ်ခြင်း၊ ကြွပ်ဆတ်ခြင်း နဲ့လည်း ဆက်စပ်နေပါတယ်။
၁၀။ သွားနဲ့ သွားဖုံး သွေးယိုခြင်း၊ ရေစီးကမ်းပြိုခြင်းများလည်း ဖြစ်စေပါတယ်။
၁၁။ ခုခံအား မကောင်းခြင်း၊ ဖျားနာလွယ်ခြင်း၊ နာတာရှည်နေမကောင်းဖြစ်ခြင်းများလည်း ဖြစ်စေနိုင်ပါတယ်။
၁၂။ သံဓာတ်ချို့တဲ့သော သွေးအားနည်းခြင်းဖြစ်စေဖို့ အလားအလာများပါတယ်။
၁၃။ ပင်ပန်းနွယ်နယ်ခြင်း၊ စိတ်မကြည်ခြင်းများသည် ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့်လည်း
ဖြစ်နိုင်ပါတယ်။
၁၄။ ကိုယ်အလေးချိန်တက်ခြင်း တစ်နည်း ဗိုက်မှာအဆီစုဖို့ ပိုမိုလွယ်ကူစေပါတယ်။
၁၅။ အမြင်အာရုံဝေဝါးခြင်း၊ ပျောက်ဆုံးခြင်းများနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။
၁၆။ ခန္ဓာကိုယ်တွင် နာတာရှည်ရောင်ရမ်းခြင်း နဲ့ ဖိစီးမှုဒဏ်များကြောင့် ထိခိုက်မှုများလည်း
ဖြစ်ပေါ်စေပါတယ်။
__________________________________
ဘယ်လိုကုသကြမလဲ?
ဗီတာမင်စီ ဖြည့်စွက်ဆေးများကို စားဆေးအနေနဲ့ လည်းကောင်း ထိုးဆေးအနေနဲ့ လည်းကောင်း
ပြန်လည် ဖြည့်တင်းလို့ရပါတယ်။
အကြံပြုထားသော ပမာဏမှာ
၂ ရက်မှ ၃ ရက်အကြား တစ်နေ့လျှင် ၁ ဂရမ်မှ ၂ ဂရမ်
နောက်လာမည့် ရ ရက်အတွင်း တစ်နေ့လျှင် 500 မီလီဂရမ်
၁ မှ ၃ လ အထိ တစ်နေ့လျှင် 100 မီလီဂရမ် တို့ပဲဖြစ်ပါတယ်။
ဗီတာမင်စီ ပြန်လည်ဖြည့်တင်းပြီး ၂၄ နာရီအတွင်း ပင်ပန်းနွမ်းနယ်ခြင်း၊
စိတ်ပင်ပန်းခြင်း၊ နာကျင်ခြင်းများ သက်သာလာပြီး ၁ ပတ်မှ ၂ ပတ်အတွင်း ညိုမဲစွဲခြင်း၊ သွေးထွက်
သွေးယိုခြင်း၊ အားနည်းခြင်းများ ပြန်လည် ကောင်းမွန်လာပြီး နလန်ထူလာနိုင်ပါလိမ့်မယ်။
____________________________________
မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
ဗီတာမင်စီ ပါဝင်တဲ့ အစားအစာတွေ ပုံမှန်စားသုံးခြင်း၊ လိုအပ်မယ်လို့ယူဆပါက ဖြည့်စွက်စာအနေနဲ့
ဆေးသောက်ခြင်းဖြင့် ဗီတာမင်စီ မချို့တဲ့အောင် ကာကွယ်လို့ရပါတယ်ခင်ဗျာ။
အားလုံးကျန်းမာချမ်းသာကြပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။