(Zawgyi)
“နင္တို႔မိန္းကေလး ေတြဟာေလ သိပ္ကိုေႏွးေကြးတာပဲ။ ျမန္ျမန္တက္ၾကစမ္းပါ။ နင္တို႔ဒီပုံမ်ိဳးနဲ႔ တက္ေနလို႔ကေတာ့ ဘယ္အခ်ိန္ဘုရားေပၚေရာက္မလဲ”
ေက်ာ္ႀကီးတစ္ေယာက္ သူငယ္ခ်င္းျဖစ္သူ မိန္းကေလးတစ္စုကို လွမ္းၿပီးေဆာ္ေအာလိုက္သည္။ အားလုံးက ေက်ာ္ႀကီးကို ဘုရႈိးရႈိး ၾကသည္။ မ်က္ေစာင္းမ်ား ပစ္ထိုးလိုက္ၾကသည္။ ႏႈတ္ကေတာ့ ဘာစကားလုံးမွ မေျပာႏိုင္ေအာင္ကို ေမာပန္းေနၾကၿပီ။ မေျပာႏိုင္မွန္းသိလို႔လည္း ေက်ာ္ႀကီးကား မိန္းကေလးအုပ္စုကို ထပ္ႀကိတ္ေနသည္။
“တကယ္တည္း အျဖစ္လည္းရွိတာမ ဟုတ္ၾကဘူး။ ကိုယ့္ဘာသာ ေအးေအးေဆးေဆး ကားနဲ႔ တက္ပါဆိုတာကို ကားနဲ႔မတက္ခ်င္ဘူး။ လမ္းေလွ်ာက္တက္ခ်င္ရတာနဲ႔။ အခုၾကည့္စမ္းပါဦး။ မနက္မိုးမလင္းခင္ကတည္းက တက္ေနတာ ေနေခါင္းေပၚတည့္တည့္ေရာက္ေနၿပီ။ အခုထိ ဘုရားေပၚမေရာက္ေသးဘူး။ ”
ေႏြေက်ာင္းပိတ္ရက္ကို ေက်ာ္ႀကီးတို႔ သူငယ္ခ်င္းတစ္စု က်ိဳက္ထီး႐ိုးဘုရားဖူးသြားၾကမည္ဟု စီစဥ္ၾကသည္။ စီစဥ္တုန္းက ေယာက်ာ္းေလးမ်ားသာ သြားမည္ျဖစ္ေသာေၾကာင့္ ဘုရားသို႔ လမ္းေလွ်ာက္တက္ၾကမည္ဟု စီစဥ္ထားၾကသည္။ မိန္းကေလးမ်ားပါလိုက္လာၾကေတာ့ ေက်ာ္ႀကီးတို႔အုပ္စု ေခါင္းေျခာက္ၾကသည္။ မိန္းကေလးမ်ားအား လမ္းေလွ်ာက္မတက္ပါႏွင့္။ ကားႏွင့္ တက္ၿပီး ေယာက်္ားေလးမ်ားကို ေစာင့္ေနပါလို႔ေျပာေသာ္လည္း မရ။ သူတို႔လည္း အေဖာ္ေကာင္းတုန္း လမ္းေလွ်ာက္တက္ခ်င္သည္ဟု ဆိုၾကသည္။ ေျပာမရသည့္အဆုံးေခၚခဲ့ရသည္။ မိန္းကေလးမ်ားပါေသာေၾကာင့္ ေက်ာ္ႀကီးတို႔ ေတာင္တက္ခရီးကား ထင္သေလာက္ ခရီးမေပါက္။ အ ရင္ ေယာက်္ားေလးမ်ား တက္လွ်င္ ၄ နာရီေက်ာ္ သာ ၾကာေသာခရီးကား ၆ နာရီေက်ာ္ေနေပမဲ့ ေတာင္ေပၚသို႔မေရာက္ေသး။ ေနမြန္းတည့္ခ်ိန္သို႔ ေရာက္ေနၿပီ။ ေတာင္ေပၚမေရာက္ေသး၍ လူပုစိတ္တို ေက်ာ္ႀကီးတစ္ေယာက္ ဗိုက္ဆာဆာႏွင့္ သူငယ္ခ်င္းမ်ားအား ဖိ ေျပာေနေတာ့သည္။
“မင္း အရင္တက္ႏွင့္ပါလား။ ငါသူတို႔ကို ေစာင့္ၿပီးေခၚခဲ့မယ္။ မင္းတို႔ အရင္ေရာက္ေတာ့ ရင္ျပင္ေတာ္ေပၚမွာ စီစဥ္စရာ ရွိတာ စီစဥ္ရလို႔ရတာေပါ့။ အရင္တက္ႏွင့္ပါ ”
စည္သူ ကား ေက်ာ္ႀကီး ဗိုက္ဆာေနမွန္းသိ၍ ေက်ာ္ႀကီးတို႔ကို အရင္ တက္ရန္ အႀကံေပးလိုက္သည္။ အျပင္ေနပူေနသည့္ၾကားထဲ ေက်ာ္ႀကီးနားပူတာကို မခံႏိုင္ၾက၍ တျခားသူမ်ားကလည္း ေက်ာ္ႀကီးကို အရင္ ဘုရားေပၚတက္သြားေစခ်င္သည္။ သူတို႔ကေတာ့ ေနာက္မွ ေအးေအးေဆးေဆးလိုက္ခဲ့မည္။ ဆႏၵတို႔က မျပည့္ဝ။
“မျဖစ္ေသးပါဘူး။ မိန္ကေလးေတြနဲ႔ ဒီလိုမ်ိဳးႀကီးေတာထဲေတာင္ထဲ ထားခဲ့ဖို႔ကလည္း မျဖစ္ေသး ပါဘူး။”
ေက်ာ္ႀကီးက မိန္းကေလးမ်ားကို ထားခဲ့ၿပီး ေတာင္ေပၚကို တက္သြားဖို႔လည္း စိတ္မကူး။ ဒီလိုဆိုေတာ့လည္း ေက်ာ္ႀကီးတစ္ေယာက္ စိတ္ေကာင္းကေလး ရွိသည္ဟု ၾကည္ျပာတစ္ေယာက္ မွတ္ခ်က္ခ်လိုက္သည္။
” စည္သူနဲ႔ သူတို႔နဲ႔ေနခဲ့လိုက္မယ္။ မင္းတို႔တက္ႏွင့္ပါ”
လွေအာင္က ပါ ဝင္ေျပာသည္။ ေက်ာပူတာထက္ နားပူတာကို မခံႏိုင္တာျဖစ္မည္။
“မျဖစ္ပါဘူး။ လာတုန္းကလည္း အတူတူလာတာ။ ဒီလိုမ်ိဳး သူငယ္ခ်င္းေတြ ခြဲျခားခြဲျခား လုပ္လို႔ဘယ္ျဖစ္မွာလဲ။ ငါ ဗိုက္ဆာလို႔စိတ္တိုေပမဲ့ ဘုရားရင္ျပင္ေတာ္ကေရာက္ေတာ့မွာပါ။ ”
ေက်ာ္ႀကီးကား သူစိတ္တိုသည့္အေၾကာင္းကို ပြင့္ပြင့္လင္းလင္းဝန္ခံသည္။ ပြင့္ရည္က သူ႔ေက်ာပိုးအိတ္ထဲမွ ပါလာေသာ ေပါင္မုန႔္ေလး တစ္လုံးကို ေက်ာ္ႀကီးကို လွမ္းေပးလိုက္သည္။ ေက်ာ္ႀကီးကား လွမ္းယူရင္း
“နားတာလည္းၾကာေနၿပီ အားလုံးဆက္တက္ၾကမည္”ဟု ေဆာ္ေအာလိုက္သည္။
မနက္ခင္းေစာေစာပိုင္းေလာက္ကေတာ့ ေတာေတာင္ေရေျမတို႔၏ သဘာဝကို ခံစားႏိုင္ေသးသည္။ ဓာတ္ပုံေလးေတြ ႐ိုက္လို႔ ေပ်ာ္ၾက႐ႊင္ၾကႏွင့္။ ေနပူလာေတာ့ ဘယ္သူမွ ေတာေတာင္ ေရေျမသဘာဝကို မခံစားႏိုင္။ ေရွ႕သို႔သာ အေလာတႀကီး တက္လာၾကသည္။ ဓာတ္ပုံမ်ားကလည္း မနက္ခင္းေစာေစာက အဝ႐ိုက္ၿပီးသြားၾကၿပီျဖစ္လို႔ ထပ္႐ိုက္ခ်င္ၾကသည္ဟုလည္း ၾကည္ျပာတို႔ ပါးစပ္မဟရဲ။ ေက်ာ္ႀကီးက ဗိုက္ဆာတာႏွင့္ပဲ ၾကည္ျပာတို႔ကို ထပ္ေျပာေနလွ်င္ နားက ထပ္ပူဦးမည္။ ေန႔ခင္း ၁ နာရီေလာက္တြင္ က်ိဳက္ထီး႐ိုးရင္ျပင္ေတာ္ သို႔ ၾကည္ျပာတို႔အုပ္စုေရာက္ရွိလာသည္။ အားလုံးက ေက်ာ္ႀကီးမ်က္ႏွာကိုပဲ ၾကည့္ေနၾကသည္။ ပစၥည္းမ်ား ျမန္ျမန္ ခ်၍ စားေသာက္တန္းသို႔ေျပးၾကသည္။ ထမင္းဆိုင္ေရာက္ေတာ့ နီလာက ေရသန႔္ဗူး ၅ ဗူးခ်ခိုင္းလိုက္သည္။
“လူက ၁၀ ေယာက္ကို ေရသန႔္ဗူး ၃ ဗူးဆိုရင္ေတာ္ေရာေပ့ါနီလာရယ္ ဘာလို႔ ၅ ဗူးမွာရတာလဲ ” ေက်ာ္ႀကီးမွ နီလာကို လွမ္းေမးလိုက္သည္။ ေနရာတကာ သူသိပ္ပါခ်င္တာပဲဟု နီလာတစ္ေယာက္ မွတ္ခ်က္ခ်လိုက္သည္။ ပါးစပ္မွေတာ့ ဖြင့္မေျပာရဲ။
” ဓာတ္ဆားရည္ ေဖ်ာ္မလို႔ေပါ့။ ၂ ေယာက္ ၁ ဗူး ေတာ့ ေသာက္ရမယ္။ ဒီေန႔တစ္မနက္လုံးငါတို႔ေတြ ေခြၽးေတြ အရမ္းထြက္ေနၾကတာ။ ေရဓာတ္ေရာ ဆား ဓာတ္ပါ ခန္းေျခာက္ေနၿပီ။ ဒါေၾကာင့္ ငါတို႔အားလုံး ဓာတ္ဆားရည္ျပန္ေသာက္ရမယ္။ ”
” ငါ ဓာတ္ဆားရည္မႀကိဳက္ဘူးေနာ္။ ငါ့အတြက္ မေဖ်ာ္နဲ႔”
ဇင္မ်ိဳးက လွမ္းေျပာလိုက္သည္။
“ငါလည္း မႀကိဳက္ဘူး ”
ၾကည္ျပာလည္း ဇင္မ်ိဳးစကားကို ေထာက္ခံသည့္သေဘာျဖင့္ဝင္ေျပာသည္။
” ငါလည္းမ ေသာက္ခ်င္ဘူး။ ငါ က သီးစုံဓာတ္ဆားရည္မွ ႀကိဳက္တာ ဒီလိုမ်ိဳး ဓာတ္ဆားရည္ဆိုရင္ လုံး၀ မႀကိဳက္ဘူး”
ေမမြန္ကလည္း ဝင္ေရာက္ေထာက္ခံသည္။
“ေအး ဒီလိုမ်ိဳးအသံေတြ ၾကားရမယ္ဆိုတာ ငါ အေစာႀကီးကတည္း ကႀကိဳ သိလို႔ ဓာတ္ဆားရည္ကို ၅ ဗူးပဲ ေဖ်ာ္ထားတာ။ တစ္ကယ္ဆိုရင္ တစ္ေယာက္ တစ္ဗူးႏႈန္းနဲ႔နင္တို႔ေသာက္ရမွာ။ မနက္ ေတာင္တက္ကတည္းက ငါတို႔ေတြ ေခြၽးေတြ အရမ္းထြက္ေနၾကတာ။ မနက္ခင္းေစာေစာက သိပ္မသိသာေပမဲ့ ေနျမင့္လာတာနဲ႔အမွ် ငါတို႔ေတြ ေခြၽးထြက္တာ မ်ားလာတယ္။ ေခြၽးထြက္မ်ားတဲ့အတြက္ ဒီလိုမ်ိဳး ဓာတ္ဆားရည္ျပန္ေသာက္ရတာ ။ နင္တို႔အခုဆိုရင္ အရမ္းႏုံးေနၾကၿပီ။ ”
“ငါတို႔ တစ္လမ္းလုံး ေရလည္း ေသာက္ၾကတယ္။ အေအးလည္း ေသာက္ေနၾကတာပဲ။ ေရဓာတ္မခန္းေျခာက္ႏိုင္ပါဘူး ” ဇင္မ်ိဳးက နီလာကို အတြန႔္ျပန္တက္သည္။
“နင္တို႔ ခႏၶာကိုယ္ထဲကေန ေခြၽးနဲ႔အတူ ဆားဓာတ္ေတြပါ ဆုံးရႈံးသြားတယ္။ ဆုံးရႈံးသြားတဲ့ ဆားဓာတ္ကို ျပန္ျဖည့္ေပးဖို႔ ဓာတ္ဆားရည္ကို ျပန္ေသာက္ရမယ္။ ဆားဓာတ္နည္းတဲ့အတြက္ နင္တို႔ ေတြ ႏုံးလာမယ္။ ကိုယ္လက္မအီမသာေတြ ျဖစ္လာလိမ့္မယ္။ နင္တို႔နားလည္လား။ အလြန္အကြၽံေခြၽးထြက္ရင္ ေသြးေပါင္ေတာင္ က်ႏိုင္တယ္။ ေသြးေပါင္က်လို႔မူးတာေမာတာေတြျဖစ္ႏိုင္တယ္။ ”
နီလာတစ္ေယာက္ အားလုံးကို စိတ္ရွည္လက္ရွည္ႏွင့္ ရွင္းျပသည္။ အားလုံးကား နီလာေျပာတာကို နားေထာင္ရင္း မ်က္ႏွာမ်ားရႈံမဲ့ေနၾကသည္။ ေက်ာ္ႀကီးက တစ္မ်ိဳး နီလာက တစ္မ်ိဳးဟု ၾကည္ျပာတစ္ေယာက္ ေတြးေနမိသည္။
“နီလာေျပာတာမွန္တယ္ ငါတို႔ေတြ ေခြၽးထြက္တာ အရမ္းမ်ားေနတယ္။ အားလုံးဓာတ္ဆားရည္ေသာက္ရမယ္။ နီလာေျပာသလို ၂ ေယာက္တစ္ဗူး ေတာ့ အနည္းဆုံးကုန္ေအာင္ေသာက္ရမယ္။ ငါကေတာ့ ၁ ဗူးလုံးကုန္ေအာင္ေသာက္မယ္။ ငါကို တစ္ဗူး သီးသန႔္ေပး နီလာ”
ေနာက္ဆုံး ေတာ့ ေက်ာ္ႀကီးက အားလုံးကို နီလာတိုက္ေသာ ဓာတ္ဆားရည္ေသာက္ဖို႔ အမိန႔္ခ်သည္။ မ်က္ေစာင္းမ်ားထိုးရင္း မၾကားတၾကားေျပာရင္း ထမင္းစားဝိုင္းေလးကား စိုေျပေနသည္။
“ေနပူတယ္ အားလုံးထမင္းစားၿပီးရင္ ခဏနားမယ္ ညေန ေနေစာင္းမွ ဘုရားဖူးၾကမယ္ ”
စည္သူေပးေသာ အႀကံဉာဏ္ကို အားလုံးသေဘာတူၾကသည္။
” ေပးထားတဲ့ ဓာတ္ဆားဗူးေတြကိုလည္း ညေနကုန္ေအာင္ေသာက္ၾကေနာ္။ သြန္မပစ္လိုက္နဲ႔ဦး”
နီလာကား စိုးရိမ္မကင္းႏွင့္ အားလုံးကို မွာၾကားသည္။ မည္သူ႔ဆီကမွ အသံထြက္မလာ။
” ေအး . ငါကေတာ့ ကုန္ေအာင္ေသာက္မွာ စိတ္ခ် နီလာ”
တိတ္ဆိတ္ေနေသာ စကားဝိုင္းကို ေက်ာ္ႀကီးတစ္ေယာက္ ၿဖိဳခြင္းလိုက္သည္။
“ေအးပါဟယ္ ေသာက္ပါမယ္။ ”
ၾကည္ျပာလည္း လွမ္းကတိေပးလိုက္သည္။ ပိုက္ဆံရွင္းၿပီးေတာ့ ဓာတ္ဆားရည္ဘူးေလးမ်ားကိုင္ကာ အားလုံး ထမင္းဆိုင္ထဲမွ ထြက္လာခဲ့ၾကသည္။ နက္ျဖန္က်ရင္လည္း ထပ္တိုက္ဖို႔ နီလာ အိတ္ထဲတြင္ ဓာတ္ဆားထုပ္မ်ားက်န္ေနေသးသည္ကို မည္သူမွ မသိ။ နီလာကေတာ့ က်ိတ္ကာၿပဳံးလို႔။ ေစတနာနဲ႔ ပါလို႔ ရင္ထဲတြင္ ေျပာလွ်က္ ။
Author: Dr. ေအးခ်မ္းမိုး
(Unicode)
“နင်တို့မိန်းကလေး တွေဟာလေ သိပ်ကိုနှေးကွေးတာပဲ။ မြန်မြန်တက်ကြစမ်းပါ။ နင်တို့ဒီပုံမျိုးနဲ့ တက်နေလို့ကတော့ ဘယ်အချိန်ဘုရားပေါ်ရောက်မလဲ”
ကျော်ကြီးတစ်ယောက် သူငယ်ချင်းဖြစ်သူ မိန်းကလေးတစ်စုကို လှမ်းပြီးဆော်အောလိုက်သည်။ အားလုံးက ကျော်ကြီးကို ဘုရှိုးရှိုး ကြသည်။ မျက်စောင်းများ ပစ်ထိုးလိုက်ကြသည်။ နှုတ်ကတော့ ဘာစကားလုံးမှ မပြောနိုင်အောင်ကို မောပန်းနေကြပြီ။ မပြောနိုင်မှန်းသိလို့လည်း ကျော်ကြီးကား မိန်းကလေးအုပ်စုကို ထပ်ကြိတ်နေသည်။
“တကယ်တည်း အဖြစ်လည်းရှိတာမ ဟုတ်ကြဘူး။ ကိုယ့်ဘာသာ အေးအေးဆေးဆေး ကားနဲ့ တက်ပါဆိုတာကို ကားနဲ့မတက်ချင်ဘူး။ လမ်းလျှောက်တက်ချင်ရတာနဲ့။ အခုကြည့်စမ်းပါဦး။ မနက်မိုးမလင်းခင်ကတည်းက တက်နေတာ နေခေါင်းပေါ်တည့်တည့်ရောက်နေပြီ။ အခုထိ ဘုရားပေါ်မရောက်သေးဘူး။ ”
နွေကျောင်းပိတ်ရက်ကို ကျော်ကြီးတို့ သူငယ်ချင်းတစ်စု ကျိုက်ထီးရိုးဘုရားဖူးသွားကြမည်ဟု စီစဉ်ကြသည်။ စီစဉ်တုန်းက ယောကျာ်းလေးများသာ သွားမည်ဖြစ်သောကြောင့် ဘုရားသို့ လမ်းလျှောက်တက်ကြမည်ဟု စီစဉ်ထားကြသည်။ မိန်းကလေးများပါလိုက်လာကြတော့ ကျော်ကြီးတို့အုပ်စု ခေါင်းခြောက်ကြသည်။ မိန်းကလေးများအား လမ်းလျှောက်မတက်ပါနှင့်။ ကားနှင့် တက်ပြီး ယောကျ်ားလေးများကို စောင့်နေပါလို့ပြောသော်လည်း မရ။ သူတို့လည်း အဖော်ကောင်းတုန်း လမ်းလျှောက်တက်ချင်သည်ဟု ဆိုကြသည်။ ပြောမရသည့်အဆုံးခေါ်ခဲ့ရသည်။ မိန်းကလေးများပါသောကြောင့် ကျော်ကြီးတို့ တောင်တက်ခရီးကား ထင်သလောက် ခရီးမပေါက်။ အ ရင် ယောကျ်ားလေးများ တက်လျှင် ၄ နာရီကျော် သာ ကြာသောခရီးကား ၆ နာရီကျော်နေပေမဲ့ တောင်ပေါ်သို့မရောက်သေး။ နေမွန်းတည့်ချိန်သို့ ရောက်နေပြီ။ တောင်ပေါ်မရောက်သေး၍ လူပုစိတ်တို ကျော်ကြီးတစ်ယောက် ဗိုက်ဆာဆာနှင့် သူငယ်ချင်းများအား ဖိ ပြောနေတော့သည်။
“မင်း အရင်တက်နှင့်ပါလား။ ငါသူတို့ကို စောင့်ပြီးခေါ်ခဲ့မယ်။ မင်းတို့ အရင်ရောက်တော့ ရင်ပြင်တော်ပေါ်မှာ စီစဉ်စရာ ရှိတာ စီစဉ်ရလို့ရတာပေါ့။ အရင်တက်နှင့်ပါ ”
စည်သူ ကား ကျော်ကြီး ဗိုက်ဆာနေမှန်းသိ၍ ကျော်ကြီးတို့ကို အရင် တက်ရန် အကြံပေးလိုက်သည်။ အပြင်နေပူနေသည့်ကြားထဲ ကျော်ကြီးနားပူတာကို မခံနိုင်ကြ၍ တခြားသူများကလည်း ကျော်ကြီးကို အရင် ဘုရားပေါ်တက်သွားစေချင်သည်။ သူတို့ကတော့ နောက်မှ အေးအေးဆေးဆေးလိုက်ခဲ့မည်။ ဆန္ဒတို့က မပြည့်ဝ။
“မဖြစ်သေးပါဘူး။ မိန်ကလေးတွေနဲ့ ဒီလိုမျိုးကြီးတောထဲတောင်ထဲ ထားခဲ့ဖို့ကလည်း မဖြစ်သေး ပါဘူး။”
ကျော်ကြီးက မိန်းကလေးများကို ထားခဲ့ပြီး တောင်ပေါ်ကို တက်သွားဖို့လည်း စိတ်မကူး။ ဒီလိုဆိုတော့လည်း ကျော်ကြီးတစ်ယောက် စိတ်ကောင်းကလေး ရှိသည်ဟု ကြည်ပြာတစ်ယောက် မှတ်ချက်ချလိုက်သည်။
” စည်သူနဲ့ သူတို့နဲ့နေခဲ့လိုက်မယ်။ မင်းတို့တက်နှင့်ပါ”
လှအောင်က ပါ ဝင်ပြောသည်။ ကျောပူတာထက် နားပူတာကို မခံနိုင်တာဖြစ်မည်။
“မဖြစ်ပါဘူး။ လာတုန်းကလည်း အတူတူလာတာ။ ဒီလိုမျိုး သူငယ်ချင်းတွေ ခွဲခြားခွဲခြား လုပ်လို့ဘယ်ဖြစ်မှာလဲ။ ငါ ဗိုက်ဆာလို့စိတ်တိုပေမဲ့ ဘုရားရင်ပြင်တော်ကရောက်တော့မှာပါ။ ”
ကျော်ကြီးကား သူစိတ်တိုသည့်အကြောင်းကို ပွင့်ပွင့်လင်းလင်းဝန်ခံသည်။ ပွင့်ရည်က သူ့ကျောပိုးအိတ်ထဲမှ ပါလာသော ပေါင်မုန့်လေး တစ်လုံးကို ကျော်ကြီးကို လှမ်းပေးလိုက်သည်။ ကျော်ကြီးကား လှမ်းယူရင်း
“နားတာလည်းကြာနေပြီ အားလုံးဆက်တက်ကြမည်”ဟု ဆော်အောလိုက်သည်။
မနက်ခင်းစောစောပိုင်းလောက်ကတော့ တောတောင်ရေမြေတို့၏ သဘာဝကို ခံစားနိုင်သေးသည်။ ဓာတ်ပုံလေးတွေ ရိုက်လို့ ပျော်ကြရွှင်ကြနှင့်။ နေပူလာတော့ ဘယ်သူမှ တောတောင် ရေမြေသဘာဝကို မခံစားနိုင်။ ရှေ့သို့သာ အလောတကြီး တက်လာကြသည်။ ဓာတ်ပုံများကလည်း မနက်ခင်းစောစောက အဝရိုက်ပြီးသွားကြပြီဖြစ်လို့ ထပ်ရိုက်ချင်ကြသည်ဟုလည်း ကြည်ပြာတို့ ပါးစပ်မဟရဲ။ ကျော်ကြီးက ဗိုက်ဆာတာနှင့်ပဲ ကြည်ပြာတို့ကို ထပ်ပြောနေလျှင် နားက ထပ်ပူဦးမည်။ နေ့ခင်း ၁ နာရီလောက်တွင် ကျိုက်ထီးရိုးရင်ပြင်တော် သို့ ကြည်ပြာတို့အုပ်စုရောက်ရှိလာသည်။ အားလုံးက ကျော်ကြီးမျက်နှာကိုပဲ ကြည့်နေကြသည်။ ပစ္စည်းများ မြန်မြန် ချ၍ စားသောက်တန်းသို့ပြေးကြသည်။ ထမင်းဆိုင်ရောက်တော့ နီလာက ရေသန့်ဗူး ၅ ဗူးချခိုင်းလိုက်သည်။
“လူက ၁၀ ယောက်ကို ရေသန့်ဗူး ၃ ဗူးဆိုရင်တော်ရောပေ့ါနီလာရယ် ဘာလို့ ၅ ဗူးမှာရတာလဲ ” ကျော်ကြီးမှ နီလာကို လှမ်းမေးလိုက်သည်။ နေရာတကာ သူသိပ်ပါချင်တာပဲဟု နီလာတစ်ယောက် မှတ်ချက်ချလိုက်သည်။ ပါးစပ်မှတော့ ဖွင့်မပြောရဲ။
” ဓာတ်ဆားရည် ဖျော်မလို့ပေါ့။ ၂ ယောက် ၁ ဗူး တော့ သောက်ရမယ်။ ဒီနေ့တစ်မနက်လုံးငါတို့တွေ ချွေးတွေ အရမ်းထွက်နေကြတာ။ ရေဓာတ်ရော ဆား ဓာတ်ပါ ခန်းခြောက်နေပြီ။ ဒါကြောင့် ငါတို့အားလုံး ဓာတ်ဆားရည်ပြန်သောက်ရမယ်။ ”
” ငါ ဓာတ်ဆားရည်မကြိုက်ဘူးနော်။ ငါ့အတွက် မဖျော်နဲ့”
ဇင်မျိုးက လှမ်းပြောလိုက်သည်။
“ငါလည်း မကြိုက်ဘူး ”
ကြည်ပြာလည်း ဇင်မျိုးစကားကို ထောက်ခံသည့်သဘောဖြင့်ဝင်ပြောသည်။
” ငါလည်းမ သောက်ချင်ဘူး။ ငါ က သီးစုံဓာတ်ဆားရည်မှ ကြိုက်တာ ဒီလိုမျိုး ဓာတ်ဆားရည်ဆိုရင် လုံး၀ မကြိုက်ဘူး”
မေမွန်ကလည်း ဝင်ရောက်ထောက်ခံသည်။
“အေး ဒီလိုမျိုးအသံတွေ ကြားရမယ်ဆိုတာ ငါ အစောကြီးကတည်း ကကြို သိလို့ ဓာတ်ဆားရည်ကို ၅ ဗူးပဲ ဖျော်ထားတာ။ တစ်ကယ်ဆိုရင် တစ်ယောက် တစ်ဗူးနှုန်းနဲ့နင်တို့သောက်ရမှာ။ မနက် တောင်တက်ကတည်းက ငါတို့တွေ ချွေးတွေ အရမ်းထွက်နေကြတာ။ မနက်ခင်းစောစောက သိပ်မသိသာပေမဲ့ နေမြင့်လာတာနဲ့အမျှ ငါတို့တွေ ချွေးထွက်တာ များလာတယ်။ ချွေးထွက်များတဲ့အတွက် ဒီလိုမျိုး ဓာတ်ဆားရည်ပြန်သောက်ရတာ ။ နင်တို့အခုဆိုရင် အရမ်းနုံးနေကြပြီ။ ”
“ငါတို့ တစ်လမ်းလုံး ရေလည်း သောက်ကြတယ်။ အအေးလည်း သောက်နေကြတာပဲ။ ရေဓာတ်မခန်းခြောက်နိုင်ပါဘူး ” ဇင်မျိုးက နီလာကို အတွန့်ပြန်တက်သည်။
“နင်တို့ ခန္ဓာကိုယ်ထဲကနေ ချွေးနဲ့အတူ ဆားဓာတ်တွေပါ ဆုံးရှုံးသွားတယ်။ ဆုံးရှုံးသွားတဲ့ ဆားဓာတ်ကို ပြန်ဖြည့်ပေးဖို့ ဓာတ်ဆားရည်ကို ပြန်သောက်ရမယ်။ ဆားဓာတ်နည်းတဲ့အတွက် နင်တို့ တွေ နုံးလာမယ်။ ကိုယ်လက်မအီမသာတွေ ဖြစ်လာလိမ့်မယ်။ နင်တို့နားလည်လား။ အလွန်အကျွံချွေးထွက်ရင် သွေးပေါင်တောင် ကျနိုင်တယ်။ သွေးပေါင်ကျလို့မူးတာမောတာတွေဖြစ်နိုင်တယ်။ ”
နီလာတစ်ယောက် အားလုံးကို စိတ်ရှည်လက်ရှည်နှင့် ရှင်းပြသည်။ အားလုံးကား နီလာပြောတာကို နားထောင်ရင်း မျက်နှာများရှုံမဲ့နေကြသည်။ ကျော်ကြီးက တစ်မျိုး နီလာက တစ်မျိုးဟု ကြည်ပြာတစ်ယောက် တွေးနေမိသည်။
“နီလာပြောတာမှန်တယ် ငါတို့တွေ ချွေးထွက်တာ အရမ်းများနေတယ်။ အားလုံးဓာတ်ဆားရည်သောက်ရမယ်။ နီလာပြောသလို ၂ ယောက်တစ်ဗူး တော့ အနည်းဆုံးကုန်အောင်သောက်ရမယ်။ ငါကတော့ ၁ ဗူးလုံးကုန်အောင်သောက်မယ်။ ငါကို တစ်ဗူး သီးသန့်ပေး နီလာ”
နောက်ဆုံး တော့ ကျော်ကြီးက အားလုံးကို နီလာတိုက်သော ဓာတ်ဆားရည်သောက်ဖို့ အမိန့်ချသည်။ မျက်စောင်းများထိုးရင်း မကြားတကြားပြောရင်း ထမင်းစားဝိုင်းလေးကား စိုပြေနေသည်။
“နေပူတယ် အားလုံးထမင်းစားပြီးရင် ခဏနားမယ် ညနေ နေစောင်းမှ ဘုရားဖူးကြမယ် ”
စည်သူပေးသော အကြံဉာဏ်ကို အားလုံးသဘောတူကြသည်။
” ပေးထားတဲ့ ဓာတ်ဆားဗူးတွေကိုလည်း ညနေကုန်အောင်သောက်ကြနော်။ သွန်မပစ်လိုက်နဲ့ဦး”
နီလာကား စိုးရိမ်မကင်းနှင့် အားလုံးကို မှာကြားသည်။ မည်သူ့ဆီကမှ အသံထွက်မလာ။
” အေး . ငါကတော့ ကုန်အောင်သောက်မှာ စိတ်ချ နီလာ”
တိတ်ဆိတ်နေသော စကားဝိုင်းကို ကျော်ကြီးတစ်ယောက် ဖြိုခွင်းလိုက်သည်။
“အေးပါဟယ် သောက်ပါမယ်။ ”
ကြည်ပြာလည်း လှမ်းကတိပေးလိုက်သည်။ ပိုက်ဆံရှင်းပြီးတော့ ဓာတ်ဆားရည်ဘူးလေးများကိုင်ကာ အားလုံး ထမင်းဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။ နက်ဖြန်ကျရင်လည်း ထပ်တိုက်ဖို့ နီလာ အိတ်ထဲတွင် ဓာတ်ဆားထုပ်များကျန်နေသေးသည်ကို မည်သူမှ မသိ။ နီလာကတော့ ကျိတ်ကာပြုံးလို့။ စေတနာနဲ့ ပါလို့ ရင်ထဲတွင် ပြောလျှက် ။
Author: Dr. အေးချမ်းမိုး