(Zawgyi)
ငုဝါပန္းတို႔လည္း ပြင့္ေနၿပီ။ မန္က်ည္း ႐ြက္ႏုသစ္တို႔လည္း ထြက္ေပၚေနၿပီ။ တမာနံ႔တို႔ကလည္း ထုံသင္းေနသည္။ သဘာဝအလွတို႔ႏွင့္ ျပည့္စုံလွပေနေသာ ေႏြေန႔လည္ခင္းကား အိုက္စပ္စပ္ႏွင့္ ပူေလာင္လွသည္။ မန္က်ည္းရိပ္ကေလး ရွိေနလို႔သာ ခံသာေနေတာ့သည္။ အိမ္အေပၚ ျပတင္းေပါက္မွ ေန၍ လမ္းဖက္သို႔လွမ္းေမွ်ာ္ၾကည့္လိုက္လွ်င္ လမ္းတေလွ်ာက္ အစီအရီ ပြင့္ေနေသာ ငုဝါပန္းမ်ားကို ေတြ႕ျမင္ရမည္။ ေႏြ၏ အလွကား ငုပန္းမ်ားေၾကာင့္ ပို၍ အသက္ဝင္လွပေနသည္။
ေဒၚခင္မမတစ္ေယာက္ ေႏြအလွကို ေငးၾကည့္ေနတုန္း ဖုန္းဝင္လာ၍ ေကာက္ကိုင္လိုက္သည္။
တစ္ဖက္မွ ေမာင္ မ်ိဳး အသံထြက္လာသည္။
“မမလား ကြၽန္ေတာ္ ေမာင္မ်ိဳးပါ။ အကိုႀကီး မူးတယ္ဆိုလို႔ ေဆး႐ုံတင္ထားရတယ္။ အဲဒါ မမ ေဆး႐ုံကို လိုက္ခဲ့ပါဦး ”
ေဒၚခင္မမတစ္ေယာက္ ဘုရားတမိသည္။ ဦးေစာလွေအာင္ကိုလည္း စိုးရိမ္သြားသည္။
” စိုးရိမ္ရလား ဘာျဖစ္တယ္လို႔ေျပာလဲ ေမာင္မ်ိဳး”
သိခ်င္ေစာႏွင့္ ေဒၚခင္မမတစ္ေယာက္ အလ်င္စလို ျဖတ္ေမးလိုက္သည္။
“အခုေလာေလာဆယ္ေတာ့ အကိုႀကီး မွိန္းေနပါတယ္။ ဘာအေၾကာင္းေၾကာင့္ မူးတယ္ဆိုတာေတာ့ ဆရာဝန္ေတြ စစ္ေဆးၾကည့္ေနတယ္ ”
ေဒၚခင္မမတစ္ေယာက္ ဖုန္းကို ခ်ကာ ကမန္းကတန္းႏွင့္ ေဆး႐ုံသို႔ အေျပးႏွင္ခဲ့သည္။ အျပင္ ေလထု၏ အပူခ်ိန္ကလည္း ျမင့္ေနသည္။ ေဒၚခင္မမရင္ထဲတြင္ လည္း အပူမီး ေတာက္ေလာင္ေနသည္။ အျပင္ အပူခ်ိန္ထက္ ေဒၚခင္မမရင္ထဲက အပူက ပို ပူေနသည္။
“ေမာင္ေဇာ္ရယ္ ကားကို ျမန္ျမန္ေမာင္းစမ္းပါ ”
စိတ္ေလာေနေသာေၾကာင့္ driver ကို ေလာေနမိသည္။
ေဆး႐ုံေရာက္ေတာ့ ကိုကို႔ ႐ုံးက လူမ်ားလည္း ေရာက္ေနၾကသည္။ အားလုံးက ေဒၚခင္မိမိကို ေနရာဖယ္ေပးလိုက္သည္။ ဦးေစာလွေအာင္ကား အိပ္ယာေပၚတြင္ အိပ္ေပ်ာ္ေနသည္ဟု ထင္မွတ္ရသည္။ မ်က္စိေလး ၂ လုံးကို ပိတ္ထားသည္။ ေသြးေၾကာမွ တစ္ဆင့္ ပုလင္းတစ္ပုလင္းသြင္းေနသည္။ Glucose ပုလင္းလားဘာလားေတာ့ ေဒၚခင္မမတစ္ေယာက္ မသိ။
“ဆရာဝန္ေတြက ဘာေျပာလဲ ”
ေဒၚခင္မိမိတစ္ေယာက္ ေဘးမွာရပ္ေနေသာ ေမာင္ျဖစ္သူကို ေလသံတိုးတိုးႏွင့္ေမးလိုက္သည္။
“မနက္က အေကာင္းပဲ မမ။ ႐ုံးမွာ ကြၽန္ေတာ္တို႔ အလုပ္လုပ္ေနၾကတယ္။ ေန႔လည္ ၃ နာရီခြဲေလာက္က်ေတာ့ ကြၽန္ေတာ္နဲ႔အကို အလုပ္ကိစၥနဲ႔အျပင္သြားမယ္ဆိုၿပီး႐ုံးခန္းထဲက ထြက္လာတယ္။ မမသိတဲ့အတိုင္း ဒီႏွစ္ေႏြရာသီက သိပ္ပူတာပဲ။ ”
“ေအးေလ ငါသိတယ္ေလ အဲဒါဘာျဖစ္လဲ ။ မင္းမလဲ ေျပာေနလိုက္တာ လိုရင္းမေရာက္ေတာ့ဘူး ” ေဒၚခင္မမ တစ္ေယာက္ ေမာင္ျဖစ္သူကို စိတ္မရွည္သျဖင့္ ေဟာက္လိုက္သည္။
“အို အမကလည္း စိတ္ရွည္ရွည္ထားစမ္းပါ။ ႐ုံးခန္းထဲမွာက air con ေတြဖြင့္ထားတာဆိုေတာ့ ေအးစက္ေနတာပဲ။ အျပင္ကေတာ့ အရမ္းကို ပူေနတယ္။ ဒါကိုေျပာတာပါ။ ကားကိုလည္း ေနပူထဲမွာ ရပ္ထားမိတယ္။ အလ်င္လည္းလိုေနတာဆိုေတာ့ ႐ုံးခန္းထဲက ထြက္ထြက္ခ်င္းခ်င္း တစ္ေနကုန္ေနပူထဲမွာ ရပ္ထားတဲ့ ကားထဲကို ခပ္ျမန္ျမန္ပဲ ဝင္ထိုင္လိုက္တယ္။ ကားထဲမွာ ေတာ္ေတာ္ပူေနတာ။ အလ်င္လိုေနေတာ့ ကြၽန္ေတာ္လည္း ကားေမာင္းမယ္လုပ္တာေပါ့။ အဲဒီမွာ အကိုက ငါမူးတယ္မူးတယ္လို႔ေျပာတယ္။ ေနာက္ေတာ့ ငါ အာေခါင္ေတြေျခာက္လာတယ္။ ငါဖ်ားခ်င္သလိုလိုျဖစ္လာတယ္လို႔ေျပာတယ္။ ၿပီးေတာ့ ငါ အပူရွပ္ၿပီထင္တယ္လို႔ေျပာတယ္။ ေဆးခန္းတစ္ခုခုကို ေမာင္းကြာလို႔ေျပာတယ္။ ဒါနဲ႔ကြၽန္ေတာ္လည္း ေဆး႐ုံတန္းေမာင္းလာလိုက္တာ”
“အရမ္းေအးစက္ေနတဲ့အခန္းထဲကေန အရမ္းပူေနတဲ့ ကားထဲကို ဝင္လိုက္တဲ့ အတြက္ျဖစ္တာလို႔ေျပာတယ္။ Heat Stroke ရတယ္လို႔ေျပာတယ္။ ကံေကာင္းလို႔မေသတာလို႔လည္း ေျပာတယ္။ အခန႔္မသင့္ရင္ ခ်က္ခ်င္း အသက္ထြက္ႏိုင္တယ္တဲ့ ”
ေဒၚခင္မမတစ္ေယာက္ ဘုရားတမိလိုက္သည္။ ကံေကာင္းလို႔ ေဆး႐ုံ အခ်ိန္မွီေရာက္လာျခင္း ျဖစ္သည္။
“ဆရာဝန္ေတြက ကြၽန္ေတာ္ကို မွာပါတယ္။ ေနာက္ဆိုရင္ ေနပူထဲမွာ ကားရပ္ထားခဲ့ရင္ ကားမွန္ေတြကို နည္းနည္းဆီ ဟထားခဲ့ရမယ္တဲ့။ ဒါမွ အျပင္ကေလေတြ ဝင္ႏိုင္ၿပီး ကားထဲမွာ အပူလြန္ကဲတာေတြျဖစ္မေနေတာ့မွာ။ ေနာက္တစ္ခ်က္က ေနပူထဲမွာ ရပ္ထားတဲ့ ကားေတြထဲကိုလည္း ခ်က္ခ်င္းႀကီးဝင္မထိုင္ရဘူး။ ကားတံခါး ဖြင့္ၿပီးရင္ ကားထဲကို လူအရင္မဝင္ေသးပဲ ကားမွန္ေတြ အကုန္လုံးကို အရင္ခ်ရမယ္။ ကားထဲမွာရွိေနတဲ့ ေလပူေတြ အျပင္ကို ထြက္သြားၿပီဆိုမွ ကားထဲကို ဝင္ထိုင္ရမယ္တဲ့။ ဆရာဝန္က ကြၽန္ေတာ့္ကို မွာၾကားထားတယ္ ”
“နင္ေသေသခ်ာခ်ာ မွတ္ထား။ နင္က ငါ့ေယာက်္ားနားမွာ တစ္ေနကုန္ေနရတဲ့သူ ”
“ေႏြရာသီ ပူအိုက္တဲ့ရာသီမွာ ဒီလိုမ်ိဳးျဖစ္လို႔ ေဆး႐ုံေရာက္လာတဲ့သူေတြလည္း အမ်ားႀကီးတဲ့။ တစ္ခ်ိဳ႕ဆိုရင္ အသက္ေတာင္ မမီဘူးတဲ့။ ကေလးငယ္ေတြနဲ႔ အသက္ႀကီးတဲ့သူေတြဆိုရင္ ပိုဆိုးတယ္တဲ့။ အကိုႀကီးလိုမ်ိဳး ကားထဲမွာ အပူခ်ိန္လြန္ကဲလို႔ ျဖစ္တဲ့ case ေတြလည္းအခုတစ္ေလာ ပိုမ်ားလာတယ္တဲ့။ ”
ေမာင္မ်ိဳးတစ္ေယာက္ သူသိသည္မ်ားကို အမျဖစ္သူအား ျပန္ရွင္းျပေနသည္။
“အခုေတာ့ အကိုႀကီး အေျခအေနက စိတ္ခ်ရပါတယ္တဲ့။ ”
ေဒၚခင္မမတစ္ေယာက္ ဦးေစာလွေအာင္ကို လွမ္းၾကည့္လိုက္ေတာ့ အိပ္ေနသည္။
ေမာင္မ်ိဳး ကို ဦးေစာလွေအာင္နားတြင္ ထားခဲ့ကာ ဆရာဝန္မ်ားရွိရာသို႔ထြက္လာလိုက္သည္။ ဦးေစာလွေအာင္ အေျခအေနကို ဆရာဝန္မ်ားအား ေနာက္တစ္ႀကိမ္ ထပ္ေမးလိုက္ဦးမည္။
Author: Dr. ေအးခ်မ္းမိုး
(Unicode)
ငုဝါပန်းတို့လည်း ပွင့်နေပြီ။ မန်ကျည်း ရွက်နုသစ်တို့လည်း ထွက်ပေါ်နေပြီ။ တမာနံ့တို့ကလည်း ထုံသင်းနေသည်။ သဘာဝအလှတို့နှင့် ပြည့်စုံလှပနေသော နွေနေ့လည်ခင်းကား အိုက်စပ်စပ်နှင့် ပူလောင်လှသည်။ မန်ကျည်းရိပ်ကလေး ရှိနေလို့သာ ခံသာနေတော့သည်။ အိမ်အပေါ် ပြတင်းပေါက်မှ နေ၍ လမ်းဖက်သို့လှမ်းမျှော်ကြည့်လိုက်လျှင် လမ်းတလျှောက် အစီအရီ ပွင့်နေသော ငုဝါပန်းများကို တွေ့မြင်ရမည်။ နွေ၏ အလှကား ငုပန်းများကြောင့် ပို၍ အသက်ဝင်လှပနေသည်။
ဒေါ်ခင်မမတစ်ယောက် နွေအလှကို ငေးကြည့်နေတုန်း ဖုန်းဝင်လာ၍ ကောက်ကိုင်လိုက်သည်။
တစ်ဖက်မှ မောင် မျိုး အသံထွက်လာသည်။
“မမလား ကျွန်တော် မောင်မျိုးပါ။ အကိုကြီး မူးတယ်ဆိုလို့ ဆေးရုံတင်ထားရတယ်။ အဲဒါ မမ ဆေးရုံကို လိုက်ခဲ့ပါဦး ”
ဒေါ်ခင်မမတစ်ယောက် ဘုရားတမိသည်။ ဦးစောလှအောင်ကိုလည်း စိုးရိမ်သွားသည်။
” စိုးရိမ်ရလား ဘာဖြစ်တယ်လို့ပြောလဲ မောင်မျိုး”
သိချင်စောနှင့် ဒေါ်ခင်မမတစ်ယောက် အလျင်စလို ဖြတ်မေးလိုက်သည်။
“အခုလောလောဆယ်တော့ အကိုကြီး မှိန်းနေပါတယ်။ ဘာအကြောင်းကြောင့် မူးတယ်ဆိုတာတော့ ဆရာဝန်တွေ စစ်ဆေးကြည့်နေတယ် ”
ဒေါ်ခင်မမတစ်ယောက် ဖုန်းကို ချကာ ကမန်းကတန်းနှင့် ဆေးရုံသို့ အပြေးနှင်ခဲ့သည်။ အပြင် လေထု၏ အပူချိန်ကလည်း မြင့်နေသည်။ ဒေါ်ခင်မမရင်ထဲတွင် လည်း အပူမီး တောက်လောင်နေသည်။ အပြင် အပူချိန်ထက် ဒေါ်ခင်မမရင်ထဲက အပူက ပို ပူနေသည်။
“မောင်ဇော်ရယ် ကားကို မြန်မြန်မောင်းစမ်းပါ ”
စိတ်လောနေသောကြောင့် driver ကို လောနေမိသည်။
ဆေးရုံရောက်တော့ ကိုကို့ ရုံးက လူများလည်း ရောက်နေကြသည်။ အားလုံးက ဒေါ်ခင်မိမိကို နေရာဖယ်ပေးလိုက်သည်။ ဦးစောလှအောင်ကား အိပ်ယာပေါ်တွင် အိပ်ပျော်နေသည်ဟု ထင်မှတ်ရသည်။ မျက်စိလေး ၂ လုံးကို ပိတ်ထားသည်။ သွေးကြောမှ တစ်ဆင့် ပုလင်းတစ်ပုလင်းသွင်းနေသည်။ Glucose ပုလင်းလားဘာလားတော့ ဒေါ်ခင်မမတစ်ယောက် မသိ။
“ဆရာဝန်တွေက ဘာပြောလဲ ”
ဒေါ်ခင်မိမိတစ်ယောက် ဘေးမှာရပ်နေသော မောင်ဖြစ်သူကို လေသံတိုးတိုးနှင့်မေးလိုက်သည်။
“မနက်က အကောင်းပဲ မမ။ ရုံးမှာ ကျွန်တော်တို့ အလုပ်လုပ်နေကြတယ်။ နေ့လည် ၃ နာရီခွဲလောက်ကျတော့ ကျွန်တော်နဲ့အကို အလုပ်ကိစ္စနဲ့အပြင်သွားမယ်ဆိုပြီးရုံးခန်းထဲက ထွက်လာတယ်။ မမသိတဲ့အတိုင်း ဒီနှစ်နွေရာသီက သိပ်ပူတာပဲ။ ”
“အေးလေ ငါသိတယ်လေ အဲဒါဘာဖြစ်လဲ ။ မင်းမလဲ ပြောနေလိုက်တာ လိုရင်းမရောက်တော့ဘူး ” ဒေါ်ခင်မမ တစ်ယောက် မောင်ဖြစ်သူကို စိတ်မရှည်သဖြင့် ဟောက်လိုက်သည်။
“အို အမကလည်း စိတ်ရှည်ရှည်ထားစမ်းပါ။ ရုံးခန်းထဲမှာက air con တွေဖွင့်ထားတာဆိုတော့ အေးစက်နေတာပဲ။ အပြင်ကတော့ အရမ်းကို ပူနေတယ်။ ဒါကိုပြောတာပါ။ ကားကိုလည်း နေပူထဲမှာ ရပ်ထားမိတယ်။ အလျင်လည်းလိုနေတာဆိုတော့ ရုံးခန်းထဲက ထွက်ထွက်ချင်းချင်း တစ်နေကုန်နေပူထဲမှာ ရပ်ထားတဲ့ ကားထဲကို ခပ်မြန်မြန်ပဲ ဝင်ထိုင်လိုက်တယ်။ ကားထဲမှာ တော်တော်ပူနေတာ။ အလျင်လိုနေတော့ ကျွန်တော်လည်း ကားမောင်းမယ်လုပ်တာပေါ့။ အဲဒီမှာ အကိုက ငါမူးတယ်မူးတယ်လို့ပြောတယ်။ နောက်တော့ ငါ အာခေါင်တွေခြောက်လာတယ်။ ငါဖျားချင်သလိုလိုဖြစ်လာတယ်လို့ပြောတယ်။ ပြီးတော့ ငါ အပူရှပ်ပြီထင်တယ်လို့ပြောတယ်။ ဆေးခန်းတစ်ခုခုကို မောင်းကွာလို့ပြောတယ်။ ဒါနဲ့ကျွန်တော်လည်း ဆေးရုံတန်းမောင်းလာလိုက်တာ”
“အရမ်းအေးစက်နေတဲ့အခန်းထဲကနေ အရမ်းပူနေတဲ့ ကားထဲကို ဝင်လိုက်တဲ့ အတွက်ဖြစ်တာလို့ပြောတယ်။ Heat Stroke ရတယ်လို့ပြောတယ်။ ကံကောင်းလို့မသေတာလို့လည်း ပြောတယ်။ အခန့်မသင့်ရင် ချက်ချင်း အသက်ထွက်နိုင်တယ်တဲ့ ”
ဒေါ်ခင်မမတစ်ယောက် ဘုရားတမိလိုက်သည်။ ကံကောင်းလို့ ဆေးရုံ အချိန်မှီရောက်လာခြင်း ဖြစ်သည်။
“ဆရာဝန်တွေက ကျွန်တော်ကို မှာပါတယ်။ နောက်ဆိုရင် နေပူထဲမှာ ကားရပ်ထားခဲ့ရင် ကားမှန်တွေကို နည်းနည်းဆီ ဟထားခဲ့ရမယ်တဲ့။ ဒါမှ အပြင်ကလေတွေ ဝင်နိုင်ပြီး ကားထဲမှာ အပူလွန်ကဲတာတွေဖြစ်မနေတော့မှာ။ နောက်တစ်ချက်က နေပူထဲမှာ ရပ်ထားတဲ့ ကားတွေထဲကိုလည်း ချက်ချင်းကြီးဝင်မထိုင်ရဘူး။ ကားတံခါး ဖွင့်ပြီးရင် ကားထဲကို လူအရင်မဝင်သေးပဲ ကားမှန်တွေ အကုန်လုံးကို အရင်ချရမယ်။ ကားထဲမှာရှိနေတဲ့ လေပူတွေ အပြင်ကို ထွက်သွားပြီဆိုမှ ကားထဲကို ဝင်ထိုင်ရမယ်တဲ့။ ဆရာဝန်က ကျွန်တော့်ကို မှာကြားထားတယ် ”
“နင်သေသေချာချာ မှတ်ထား။ နင်က ငါ့ယောကျ်ားနားမှာ တစ်နေကုန်နေရတဲ့သူ ”
“နွေရာသီ ပူအိုက်တဲ့ရာသီမှာ ဒီလိုမျိုးဖြစ်လို့ ဆေးရုံရောက်လာတဲ့သူတွေလည်း အများကြီးတဲ့။ တစ်ချို့ဆိုရင် အသက်တောင် မမီဘူးတဲ့။ ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့သူတွေဆိုရင် ပိုဆိုးတယ်တဲ့။ အကိုကြီးလိုမျိုး ကားထဲမှာ အပူချိန်လွန်ကဲလို့ ဖြစ်တဲ့ case တွေလည်းအခုတစ်လော ပိုများလာတယ်တဲ့။ ”
မောင်မျိုးတစ်ယောက် သူသိသည်များကို အမဖြစ်သူအား ပြန်ရှင်းပြနေသည်။
“အခုတော့ အကိုကြီး အခြေအနေက စိတ်ချရပါတယ်တဲ့။ ”
ဒေါ်ခင်မမတစ်ယောက် ဦးစောလှအောင်ကို လှမ်းကြည့်လိုက်တော့ အိပ်နေသည်။
မောင်မျိုး ကို ဦးစောလှအောင်နားတွင် ထားခဲ့ကာ ဆရာဝန်များရှိရာသို့ထွက်လာလိုက်သည်။ ဦးစောလှအောင် အခြေအနေကို ဆရာဝန်များအား နောက်တစ်ကြိမ် ထပ်မေးလိုက်ဦးမည်။
Author: Dr. အေးချမ်းမိုး