fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ထိခိုက်ရှနာဒဏ်ရာများကို အကောင်းဆုံးဘယ်လိုကုသမလဲ

234
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/09/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

ထိခိုက်ရှနာဒဏ်ရာတစ်ခုကို ရရှိလာပြီဆိုလျှင် အရေးအကြီးဆုံးက ရောဂါပိုးမွှားများမဝင်ရောက်စေရန်နှင့် ဒဏ်ရာအမာရွတ်များ မကျန်ရှိရေးတို့ဖြစ်ပါတယ်။ အဲဒီအတွက် အောက်ဖော်ပြပါ အချက်များကို ပြုလုပ်ရန် အရေးကြီးပါတယ်။

 

(၁)  လက်ကို ဆေးပါ

ပထမဆုံးလုပ်ရမဲ့ အလုပ်က လက်ကို ရေ၊ ဆပ်ပြာနဲ့ သေချာစွာ​ ဆေးကြောဖို့ဖြစ်ပါတယ်။ အဲဒါမှသာလျှင် ဒဏ်ရာကို ကိုင်တွယ်နေစဉ် လက်တွင်တွယ်ကပ်နေသော ဘက်တီးရီးယားပိုးများ ဒဏ်ရာထဲကို မဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ ရေနှင့် ဆပ်ပြာကို အသုံးပြုပြီး လက်ဆေးရန်မဖြစ်နိုင်သော အခြေအနေဖြစ်နေပါက လက်သန့်ဆေးရည်များကို အသုံးပြုနိုင်ပါတယ်။

 

(၂) သွေးတိတ်အောင် လုပ်ပါ။

ဒဏ်ရာအပေါ်ကို ပိုးသတ်ထားသော ဂွမ်းစ သို့မဟုတ် သန့်ရှင်းသောအဝတ်ဖြင့် မိနစ်အနည်းငယ်ခန့် ဖိထားပြီးသွေးတိတ်အောင် ပြုလုပ်ပါ။

 

(၃) ဒဏ်ရာကို သန့်ရှင်းပါ။

သွေးတိတ်သွားသည်နှင့် တစ်ပြိုင်နက် ဒဏ်ရာကို ရေအေး သို့မဟုတ် အနာကိုသန့်ရှင်းရေးပြုလုပ်သော စေလိုင်းအရည် (saline) ဖြင့် လောင်းချဆေးကြောနိုင်ပါတယ်။ ဒဏ်ရာနေရာတစ်ဝိုက်ကို ဆပ်ပြာနှင့် ရေစိုအဝတ်ဖြင့် သန့်စင်ဆေးကြောပါ။ ထိုသို့ဆေးကြောရာတွင် ဒဏ်ရာထဲသို့ ဆပ်ပြာရည်မဝင်အောင် ဂရုစိုက်ပါ။

 

(၄) ဒဏ်ရာအတွင်း အညစ်အကြေး၊ အမှိုက်သရိုက်များ ဝင်ရောက်နေပါက ဖယ်ရှားပါ။

ဇာဂနာကဲ့သို ညှပ်မျိုးကို အရက်ပျံ သို့မဟုတ် ပိုးသတ်ဆေးရည်ဖြင့် ရှေးဦးစွာ ပိုးသတ်ပြီး အနာအတွင်း ဝင်ရောက်နေသော အမှိုက်သရိုက်များ၊ ဖန်ကွဲစများ စသည့်အညစ်အကြေးများကို ဖယ်ရှားပါ။

 

(၅) ပိုးသတ်ဆေးရည် အသုံးပြုပြီး ပိုးသတ်ပါ

ဒဏ်ရာကို အညစ်အကြေးများ၊ အမှိုက်သရိုက်များဖယ်ရှားပြီးပေမဲ့လည်း ဒဏ်ရာအတွင်းမှာ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ ကျန်ရှိနေနိုင်ပါသေးတယ်။ ၎င်းတို့ကို သန့်စင်ဖယ်ရှားဖို့အတွက် အရက်ပြန် သို့မဟုတ် အနာသန့်စင်ဆေးရည်တွေကို အသုံးပြုနိုင်ပါတယ်။

ပတ်တီးစည်းရန်လိုအပ်ပါသလား?

ထိခိုက်ရှနာဒဏ်ရာတိုင်းကို ပတ်တီးစည်းရန် မလိုအပ်ပါ။ အချို့ဒဏ်ရာများဟာ မဖုံးအုပ်ဘဲ ထားပေးလျှင် ခြောက်သွေ့ပြီး အနာကျက်ခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။  သို့သော် ဒဏ်ရာဟာ ညစ်ပတ်တဲ့အရာတွေနဲ့ ထိတွေ့နေရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း သို့မဟုတ် အဝတ်အစားနဲ့ ပွတ်တိုက်ထိတွေ့နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွင် တည်ရှိနေပါက ပတ်တီးစည်းထားခြင်းဖြင့် ကာကွယ်ထားသင့်ပါတယ်။ ပတ်တီးကို နေ့စဉ်နေ့တိုင်း သို့မဟုတ် စိုစွတ်လာတိုင်း သို့မဟုတ် ညစ်ပတ်လာတိုင်း လဲပေးသင့်ပါတယ်။

 

ပတ်တီးကို ဘယ်လောက်ကြာအောင် စည်းထားသင့်သလဲ?

အနာဖေးတက်လာလို့ အနာက ခြောက်သွေ့စပြုလာပြီဆိုလျှင် ပတ်တီးစည်းရန် မလိုအပ်တော့ပါဘူး။

 

ဘယ်လို ထိခိုက်ရှနာဒဏ်ရာမှာ ဆရာဝန်ကို ပြဖို့ လိုအပ်သလဲ?

  • ဒဏ်ရာကနက်တယ်၊ အရွယ်အစားလည်း ကြီးတယ်၊ အနားသတ်တွေကလည်း မညီမညာဖြစ်နေလို့ ချုပ်ဖို့ လိုအပ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ မေးခိုင်ကာကွယ်ဆေးလည်း ထိုးရမှာ ဖြစ်ပါတယ်။
  • တစ်ကယ်လို့ ဒဏ်ရာက ညစ်ပတ်နေတဲ့အရာ သို့မဟုတ် သံချေးတက်နေတဲ့ အရာ၀တ္ထုတစ်ခုခုကြောင့် ရခဲ့တာဆိုလျှင် မဖြစ်မနေ မေးခိုင်ကာကွယ်ဆေးထိုးဖို့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
  • တကယ်လို့ ဒဏ်ရာက အခြားလူတစ်ဦးရဲ့ အကိုက်ခံရခြင်းကြောင့် သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အကိုက်ခံရခြင်းကြောင့် ရခဲ့တာဆိုလျှင်လည်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။
  • ဒဏ်ရာကို ဖိထားပေမဲ့လည်း သွေးမတိတ်ခဲ့လျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
  • ဒဏ်ရာထဲကိုရောက်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားလို့ မရခဲ့လျှင်လည်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။
  • ဒဏ်ရာတစ်ဝိုက်က အရေပြားတွေက နီရဲ ရောင်ရမ်းဖောင်းကားလာမယ်ရင်လည်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။
  • ဒဏ်ရာထဲမှာ ပြည်တည်နေပြီဆိုရင်လည်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။

 

အထက်ပါနည်းလမ်းများဖြင့် ထိခိုက်ရှနာ ဒဏ်ရာများကို ကုသပေးနိုင်ပါတယ်။

 

ဒေါက်တာမိုး (ဆေး ၁)

Previous Post

သားသားမီးမီးတွေမှာ ကယ်ဆီယမ်ဓါတ်ချို့တဲ့နေရင် ……..

Next Post

သားသားမီးမီးတို့အတွက် အရေးကြီးသော LcFOS ကြွယ်၀သော အစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
846
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးတို့အတွက် အရေးကြီးသော LcFOS ကြွယ်၀သော အစားအစာများ

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအပေါ် ဗီတာမင် ဒီ ရဲ့ ကောင်းကျိုးများ

အရေပြားခြောက်သွေ့ခြင်း ပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.