ယနေ့ခေတ်တွင် လူတော်တော်များများသည် ကျန်းမာရေးဗဟုသုတပြည့်ဝလာကြပြီး ကာကွယ်ဆေး များထိုးလာကြသည်။ ထိုအထဲတွင် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးလည်းပါသည်။ နိုင်ငံခြားကို အလုပ်သွားလုပ်ဖို့ပဲဖြစ်ဖြစ်၊ ကျောင်းတက်နေရင်းပဲဖြစ်ဖြစ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကိုထိုး လာကြသည်။
ဘီပိုးကာကွယ်ဆေး ထိုးနေကြပေမယ့် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သေချာမသိကြဘဲ ရှိနေ တတ်ကြပါသည်။ ဘီပိုးကာကွယ်ဆေးသည် အသည်းရောင်အသားဝါ ဘီပိုးကိုသာ ကာကွယ်နိုင်တာပါ။ တခြားအသည်း ရောင်အသားဝါရောဂါများကို မကာကွယ်နိုင်ပါ။ ကာကွယ်ဆေးမထိုးခင်မှာ ဘီပိုးရှိ၊ မရှိအရင် စစ်ကြည့်ရန်လိုပါ တယ်။ ဘီပိုးရှိပြီးသားသူအတွက် ကာကွယ်ဆေးထိုးပါက မည်သည့်အကျိုးမှ မရှိပါ။ အသည်းရောင် ဘီပိုးကာကွယ်ဆေးကို လူတိုင်းထိုးသင့်ပါသည်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်း များ၊ IV drug users များ၊ Commercial sex workers များလည်းထိုးသင့်ပါသည်။ ဘီပိုးကာကွယ်ဆေးက ကလေးနဲ့လူကြီးထိုးရတဲ့ ပမာဏ၊ အချိန်ဆမတူတတ်ပါ။ မွေးစကလေးများတွင် မွေးပြီးပြီးချင်းတစ်ခါ၊ နှစ်လကြာတစ်ခါ၊ လေးလကြာတစ်ခါ စုစုပေါင်း ၃ခါ ထိုးရပါတယ်။ အသည်းရောင်အသား ဝါ ဘီပိုးရှိတဲ့ မိခင်ကမွေးတဲ့ ကလေးတိုင်းကတော့ Anti Hepatitis B immunoglobulin ကိုပါ မွေးကာစမှ ၇ ရက်အတွင်း ချက်ချင်းထိုးပေးဖို့ လိုပါတယ်။ မွေးစမှ အကြောင်းအမျိုးမျိုးကြောင့် မထိုးဖြစ်ခဲ့ရင်လည်း သိတဲ့အချိန်မှာ စထိုးလို့ရပါတယ်။ ထိုးရတဲ့ပုံစံ တော့ကွာနိုင်ပါတယ်။ တချို့တွေမှာ စထိုးတာတစ်ခါ၊ စထိုးချိန်မှ တစ်လကြာနဲ့ ခြောက်လကြာမှ ထိုးရတတ်ပါ တယ်။ လူကြီးတွေမှာလည်း ဘီပိုးကာကွယ်ဆေးကို စထိုးချိန်တစ်ခါ၊ စထိုးချိန်မှ တစ်လကြာ၊ ခြောက်လကြာမှ ထိုးရပါတယ်။ ဒါကပုံမှန်ထိုးနေကြပါ။ တချို့အခါမှာတော့ ဆေးထိုးချိန်သည် စထိုးတစ်ခါ၊ စထိုးချိန်မှ တစ်လ ကြာ၊ နှစ်လကြာ၊ တစ်နှစ်ကြာထိုးတာလည်း ရှိတတ်ပါတယ်။ ကိုယ်ခံအားသိပ်မကောင်းတဲ့သူတွေမှာ ထိုးလေ့ ရှိပါတယ်။ ဘယ်လိုပုံစံပဲထိုးထိုးပါ၊ ကာကွယ်ဆေးအလုံးရေ ပိုများလို့ ရောဂါကာကွယ်နိုင်စွမ်း ပိုများတယ်၊ ပိုမြန် တယ်မရှိပါ။ အလုံးရေနည်းလို့လည်း မကာကွယ်နိုင်တာ မဟုတ်ပါ။ အမှတ်မမှားစေချင်လို့ပါ။ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး သုံးကြိမ်ထိုးပြီးတိုင်း ရောဂါကာကွယ်နိုင်ပြီဟု မဆိုလိုပါ။ ဆေးသုံးကြိမ်ထိုးပြီးတဲ့အခါ ရောဂါကာကွယ်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးကြည့်ရပါတယ်။ Hepatitis B အတွက် Antibody ရောဂါကာကွယ်နိုင်စွမ်းကို စစ်ရတာပါ။ စစ်တဲ့အခါ Antibody ရှိ၊ မရှိတင်မကဘဲ ဘယ်လောက်အ ရေအတွက်ရှိလဲ ဆိုတာပါသိအောင် စစ်ဖို့လိုပါတယ်။ အရေအတွက်ပေါ်မူတည်ပြီး ဆေးဆက်ထိုးပုံကွာပါတယ်။ တချို့ကဆေးကို အစကပြန်ထိုးဖို့လိုပါတယ်။ တချို့ကဆေးတစ်လုံး ထပ်ထိုပြီး ပြန်စစ်ရတယ်။ တချို့ ကတစ်နှစ်အကြာ ပြန်စစ်ရတယ်။ တချို့ကလေးနှစ်အကြာမှ ပြန်စစ်ရတယ်။ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး တစ်ခါမှမထိုးဖူးသူပဲဖြစ်ဖြစ်၊ ဆေးထိုးပြီး Antibody အရမ်းနည်းတာပဲဖြစ်ဖြစ် ဘီပိုးရှိသူ၏ ခန္ဓာကိုယ်မှ ထွက်သောအရည်များနှင့် ထိတွေ့ထားမိပါက ဘီပိုးကာကွယ် ဆေးနဲ့အတူ တစ်ချိန်တည်းမှာ Anti Hepatitis B immunoglobulin ပါထိုရန်လိုပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးတဲ့အခါ ဆေးထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီး ထိုးပါ။ ဖျားတာ၊ နေမကောင်းတာ အကြောင်းအမျိုးမျိုးကြောင့် မထိုးဖြစ်ခဲ့ရင်၊ ရက်ကျော်ခဲ့ရင် ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့လိုပါတယ်။
Author – Dr. CST